ကန္ ကာကြယ္စရိတ္ တံတိုင္းေဆာက္ရာမွာ သံုးမယ္႔ကိစၥ မေက်နပ္သူမ်ားျပား


(Zawgyi/Unicode)

သမၼတ Donald Trump အစုိးရက စစ္အသုံးစရိတ္အျဖစ္ အတည္ျပဳေပးထားတဲ့ ဘတ္ဂ်က္ထဲက ေဒၚလာ ၃.၈ ဘီလီယံကုိ သူကတိျပဳထားတဲ့ မကၠဆီကုိ-အေမရိကန္နယ္စပ္မွာ တံတုိင္းေဆာက္ဖုိ႔အတြက္ လႊဲေျပာင္း သုံးစြဲဖုိ႔ စီစဥ္ေနတာေၾကာင့္ ဒီမုိကရက္ေတြတင္သာ မကဘဲ စစ္တပ္အင္အားေတာင့္တင္းေရးကုိ လုိလားတဲ့ ရီပတ္ဘလီကန္ေတြအၾကားမွာပါ အမ်က္ေဒါသ ထြက္ေစခဲ့ပါတယ္။

အေမရိကန္ကမ္းေျခေစာင့္တပ္အတြက္ ေလယာဥ္၀ယ္ဖုိ႔နဲ႔ သေဘၤာတည္ေဆာက္ဖုိ႔အပါအ၀င္ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး လုပ္ငန္းေတြမွာ သုံးစြဲဖုိ႔ လ်ာထားတဲ့ ဘတ္ဂ်က္ထဲက ၾကာသပေတးေန႔မွာ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က နယ္စပ္တံတုိင္းတည္ေဆာက္ေရးမွာ သုံးစြဲဖုိ႔ လြဲေျပာင္းလုိက္တာ ျဖစ္ပါတယ္။

Reprogramming - အစီအစဥ္ ေျပာင္းလဲလုပ္ေဆာင္ျခင္းလုိ႔ အမည္ေပးထားတဲ့ ဒီ လုပ္ေဆာင္မႈေၾကာင့္ Texas ျပည္နယ္က ရီပတ္ဘလီကန္ လႊတ္ေတာ္အမတ္လည္းျဖစ္၊ ေအာက္လႊတ္ေတာ္ လက္နက္ကုိင္တပ္ဖြဲ႔မ်ားဆုိင္ရာ ေကာ္မီတီရဲ႕ ထိပ္တန္း အဖြဲ႔၀င္တဦးလည္းျဖစ္တဲ့ Mack Thornberry က ျပင္းထန္စြာ ေ၀ဖန္ ေျပာၾကားလုိက္ပါတယ္။ ဒီမုိကရက္ေတြကလည္း အလားတူ ျပင္းထန္စြာ ေ၀ဖန္ ေျပာဆုိခဲ့ပါတယ္။ ဒါေပမယ့္ မႏွစ္ကလည္း သမၼတ Trump အခုလုိ ဘတ္ဂ်က္ေတြ လြဲေျပာင္း သုံးစြဲခဲ့တုန္းက ေနာက္ဆက္တြဲ အက်ဳိးဆက္ ခံစားရျခင္း မရွိခဲ့ပါဘူး။

ကာကြယ္ေရးအသုံးစရိတ္ကုိ ဘယ္လုိသုံးစြဲရမယ္ဆုိတာနဲ႔ ပတ္သက္လုိ႔ ေအာက္လႊတ္ေတာ္က ျပဌာန္းရမယ္ဆုိတာ ဖြဲ႔စည္းပုံ အေျခခံဥပေဒမွာ ျပဌာန္းထားၿပီးျဖစ္ေၾကာင္း၊ အခု လုပ္ေဆာင္တဲ့ အစီအစဥ္ ေျပာင္းလုပ္ေဆာင္ျခင္းဟာ ဖြဲ႔စည္းပုံမွာ ျပဌာန္းထားတဲ့ လႊတ္ေတာ္ရဲ႕ လုပ္ပုိင္ခြင့္နဲ႔ လုံး၀ ဆန္႔က်င္ေနေၾကာင္း ေအာက္လႊတ္ေတာ္အမတ္ Mack Thornberry က ေျပာပါတယ္။

..............

ကန် ကာကွယ်စရိတ် တံတိုင်းဆောက်ရာမှာ သုံးမယ့်ကိစ္စ မကျေနပ်သူများပြား

(Unicode)

သမ္မတ Donald Trump အစိုးရက စစ်အသုံးစရိတ်အဖြစ် အတည်ပြုပေးထားတဲ့ ဘတ်ဂျက်ထဲက ဒေါ်လာ ၃.၈ ဘီလီယံကို သူကတိပြုထားတဲ့ မက္ကဆီကို-အမေရိကန်နယ်စပ်မှာ တံတိုင်းဆောက်ဖို့အတွက် လွှဲပြောင်း သုံးစွဲဖို့ စီစဉ်နေတာကြောင့် ဒီမိုကရက်တွေတင်သာ မကဘဲ စစ်တပ်အင်အားတောင့်တင်းရေးကို လိုလားတဲ့ ရီပတ်ဘလီကန်တွေအကြားမှာပါ အမျက်ဒေါသ ထွက်စေခဲ့ပါတယ်။

အမေရိကန်ကမ်းခြေစောင့်တပ်အတွက် လေယာဉ်ဝယ်ဖို့နဲ့ သင်္ဘောတည်ဆောက်ဖို့အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ သုံးစွဲဖို့ လျာထားတဲ့ ဘတ်ဂျက်ထဲက ကြာသပတေးနေ့မှာ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က နယ်စပ်တံတိုင်းတည်ဆောက်ရေးမှာ သုံးစွဲဖို့ လွဲပြောင်းလိုက်တာ ဖြစ်ပါတယ်။

Reprogramming - အစီအစဉ် ပြောင်းလဲလုပ်ဆောင်ခြင်းလို့ အမည်ပေးထားတဲ့ ဒီ လုပ်ဆောင်မှုကြောင့် Texas ပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မီတီရဲ့ ထိပ်တန်း အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ Mack Thornberry က ပြင်းထန်စွာ ဝေဖန် ပြောကြားလိုက်ပါတယ်။ ဒီမိုကရက်တွေကလည်း အလားတူ ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မနှစ်ကလည်း သမ္မတ Trump အခုလို ဘတ်ဂျက်တွေ လွဲပြောင်း သုံးစွဲခဲ့တုန်းက နောက်ဆက်တွဲ အကျိုးဆက် ခံစားရခြင်း မရှိခဲ့ပါဘူး။

ကာကွယ်ရေးအသုံးစရိတ်ကို ဘယ်လိုသုံးစွဲရမယ်ဆိုတာနဲ့ ပတ်သက်လို့ အောက်လွှတ်တော်က ပြဌာန်းရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားပြီးဖြစ်ကြောင်း၊ အခု လုပ်ဆောင်တဲ့ အစီအစဉ် ပြောင်းလုပ်ဆောင်ခြင်းဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လုံး၀ ဆန့်ကျင်နေကြောင်း အောက်လွှတ်တော်အမတ် Mack Thornberry က ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကန္ ကာကြယ္စရိတ္ တံတိုင္းေဆာက္ရာမွာ သံုးမယ္႔ကိစၥ မေက်နပ္သူမ်ားျပား ကန္ ကာကြယ္စရိတ္ တံတိုင္းေဆာက္ရာမွာ သံုးမယ္႔ကိစၥ မေက်နပ္သူမ်ားျပား Reviewed by THITHTOOLWIN on 03:09 Rating: 5
Powered by Blogger.