တ႐ုတ္မွာ ထိန္းသိမ္းခံ ျမန္မာသေဘၤာသား ၆၀ေက်ာ္အမႈ သံ႐ံုး အကူအညီေပး

တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံရံုး (သတင္းဓာတ္ပံု-Myanmar Embassy - ျမန္မာသံ႐ုံး ေပက်င္း))

(Zawgyi/Unicode)

တရုတ္အက်ဥ္းစခန္း ၁၈ ခုမွာ အထိန္းသိမ္းခံေနရတဲ့ ျမန္မာသေဘၤာသား ၆၃ ေယာက္ရဲ့ အမႈေတြအတြက္ အျမန္စီရင္ ေဆာင္ရြက္ေပးႏိုင္ေအာင္ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ဆက္သြယ္ေဆာင္ရြက္ ေပးေနတယ္လို႔ ေပက်င္းျမန္မာသံ႐ုံးက ေျပာပါတယ္။ ေမွာင္ခိုပစၥည္းသယ္ေဆာင္တဲ့ သေဘၤာေတြနဲ႔အတူ တ႐ုတ္ျပည္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာသေဘၤာသားေတြနဲ႔ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

တ႐ုတ္အာဏာပိုင္ေတြက ေပက်င္းျမန္မာသံ႐ုံးကို ေပးပို႔လာတဲ့ ေမွာင္ခိုသေဘၤာေပၚက ဖမ္းဆီးရမိတဲ့ ျမန္မာသေဘၤာသား အေရအတြက္ဟာ ၆၃ ေယာက္ရွိလာၿပီ ျဖစ္ပါတယ္။ သူတို႔ကို တ႐ုတ္အာဏာပိုင္ေတြက အက်ဥ္းစခန္း ၁၈ ခုမွာ ထိန္းသိမ္းထားတာပါ။ တ႐ုတ္ျပည္ အက်ဥ္းစခန္းတခ်ိဳ႕မွာ အက်ဥ္းသား ရာနဲ႔ ခ်ီၿပီး Covid 19 ေရာဂါပိုး အကူးစက္ခံေနရေပမဲ့ ျမန္မာသေဘၤာသားေတြကို ထိန္းသိမ္းထားတဲ့ အက်ဥ္းစခန္းေတြကေတာ့ အကူးစက္ခံရတာ မရွိေသးဘူးလို႔ ေပက်င္းကၿမိဳ႕ ျမန္မာသံ႐ုံးက ဒီေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာသေဘၤာသားေတြဟာ အမႈ ၂၁ ခုေလာက္ ရင္ဆိုင္ေနရၿပီး ဒါကိုအျမန္ဆုံး စီစဥ္ေပးႏိုင္ေရး အတြက္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို အကူညီေတာင္းဖုိ႔ ျပင္ဆင္ေနေၾကာင္း ေပက်င္းျမန္မာသံ႐ုံးက သံမွဴးႀကီးက VOA ကို ေျပာပါတယ္။

“ေရာဂါေတြ ျဖစ္ေနတဲ့အတြက္ ျမန္ျမန္ ဒီအမႈေတြ စီရင္ ဆုံးျဖတ္ေပးဖို႔ ေလ်ာ့ေပါ့ေပးဖို႔ ကိစၥေတြ ဒါေတြနဲ႔ ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို အမႈတခုခ်င္းအလိုက္ကို စာေတြေပးပို႔ေနတာေတြ ေဆာင္႐ြက္ေနပါတယ္ခင္ဗ်။ စိတ္ပူလို႔မိသားစုဝင္ေတြ ဆက္သြယ္တာေတြရွိပါတယ္။ အေၾကာင္းျပန္ၾကားတဲ့ စာကေလးေတြလည္း ပို႔ေပးပါတယ္။ အဆင္ေျပရင္လည္း ဖုန္းဆက္ၿပီးေတာ့ အဲလိုေလးေတြ လုပ္ေနပါတယ္။”

တ႐ုတ္ႏိုင္ငံ ဟူေပ၊ ရွန္းတုန္း၊ က်က္က်န္း ျပည္နယ္က အက်ဥ္းစခန္း ၅ ခုမွာ ကို႐ိုနာဗိုင္းရပ္စ္ Covid 19 ကူးစက္ခံရသူ ၅၀၀ ေက်ာ္ရွိေနေပမဲ့ ျမန္မာသေဘၤာသားေတြကို ထိန္းသိမ္းထားတဲ့ အက်ဥ္းစခန္းေတြကိုေတာ့ ကူးစက္မႈ မရွိေသးဘူးလို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာသေဘၤာသားေတြ အမႈရင္ဆိုင္ဖို႔ ေရွ႕ေနရဖို႔အပါအဝင္ အမႈေလွ်ာ့ေပါ့ေအာင္ တ႐ုတ္အစိုးရနဲ႔ ညႇိႏႈိင္းတာေတြ လုပ္သြားဖို႔လည္း တ႐ုတ္ ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက စီစဥ္ေနေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံ ပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ကလည္း ျမန္မာသေဘၤာသားေတြ ျပန္လြတ္ေျမာက္ေရး အတြက္ မနက္ျဖန္ ေဖေဖာ္ဝါရီ ၂၆ ရက္မနက္ပိုင္းမွာ မိသားစုဝင္ေတြနဲ႔ ဆက္ၿပီး တိုင္ပင္ေဆြးေႏြးဖို႔ ရွိတယ္လို႔လည္း အဖြ႔ဲခ်ဳပ္ ဒုဥကၠ႒ ဦးတင္ဝင္းႏိုင္က ေျပာပါတယ္။

“မနက္ျဖန္က်ရင္ အေသးစိတ္ေပါ့ဗ်ာ ေထာင္ထဲမွာေရာက္ေနတဲ့ သူေတြကို ဘယ္လို action ယူမယ္၊ ဘယ္လိုျဖစ္တယ္။ ဒီဗိုင္းရပ္စ္ကိစၥေတြဘာေတြ detail ေဆြးေႏြးမယ္ေလ မနက္ျဖန္က်ရင္။”

ေပက်င္းမွာရွိတဲ့ ျမန္မာသံ႐ုံးကေန ျမန္မာသဘၤာသားေတြ ဖမ္းဆီးခံရတဲ့အေျခအေနကို ေဖေဖာ္ဝါရီ ၁၇ ရက္နဲ႔ ၂၀ ရက္မွာလည္း ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး အခု ေဖေဖာ္ဝါရီ ၂၅ ရက္မွာ တတိယအႀကိမ္ေျမာက္ ထုတ္ျပန္တာျဖစ္ပါတယ္။ အေစာပိုင္း ထုတ္ျပန္ခ်က္ေတြမွာ ဖမ္းဆီးခံရတဲ့ ျမန္မာသေဘၤာသားက အေယာက္ ၃၀ ရွိေၾကာင္း ေဖၚျပရာကေန အခု ၆၃ ေယာက္ ရွိေၾကာင္း ေဖၚျပလာတာ ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ကလည္း အခုလို ျမန္မာသေဘၤာသားေတြကို တ႐ုတ္ေမွာင္ခို သေဘၤာေတြေပၚကို ေစလႊတ္ခဲ့တဲ့ ျပည္တြင္း သေဘၤာသား ဝန္ေဆာင္မႈ ကုမၸဏီ ၁၄ ခုကို လုပ္ငန္းလိုင္စင္ေတြ ပိတ္သိမ္းၿပီး အေရးယူခဲ့တာပါ။


[Unicode Version]

တရုတ်မှာ ထိန်းသိမ်းခံ မြန်မာသင်္ဘောသား ၆၀ကျော်အမှု သံရုံး အကူအညီပေး

တရုတ်အကျဉ်းစခန်း ၁၈ ခုမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာသင်္ဘောသား ၆၃ ယောက်ရဲ့ အမှုတွေအတွက် အမြန်စီရင် ဆောင်ရွက်ပေးနိုင်အောင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက် ပေးနေတယ်လို့ ပေကျင်းမြန်မာသံရုံးက ပြောပါတယ်။ မှောင်ခိုပစ္စည်းသယ်ဆောင်တဲ့ သင်္ဘောတွေနဲ့အတူ တရုတ်ပြည်မှာ ဖမ်းဆီးခံရတဲ့ မြန်မာသင်္ဘောသားတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

တရုတ်အာဏာပိုင်တွေက ပေကျင်းမြန်မာသံရုံးကို ပေးပို့လာတဲ့ မှောင်ခိုသင်္ဘောပေါ်က ဖမ်းဆီးရမိတဲ့ မြန်မာသင်္ဘောသား အရေအတွက်ဟာ ၆၃ ယောက်ရှိလာပြီ ဖြစ်ပါတယ်။ သူတို့ကို တရုတ်အာဏာပိုင်တွေက အကျဉ်းစခန်း ၁၈ ခုမှာ ထိန်းသိမ်းထားတာပါ။ တရုတ်ပြည် အကျဉ်းစခန်းတချို့မှာ အကျဉ်းသား ရာနဲ့ ချီပြီး Covid 19 ရောဂါပိုး အကူးစက်ခံနေရ ပေမယ့် မြန်မာသင်္ဘောသား တွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းတွေကတော့ အကူးစက်ခံရတာ မရှိသေးဘူးလို့ ပေကျင်းကမြို့ မြန်မာသံရုံးက ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာသင်္ဘောသားတွေဟာ အမှု ၂၁ ခုလောက် ရင်ဆိုင်နေရပြီး ဒါကိုအမြန်ဆုံး စီစဉ်ပေးနိုင်ရေး အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကူညီတောင်းဖို့ ပြင်ဆင်နေကြောင်း ပေကျင်းမြန်မာသံရုံးက သံမှုးကြီးက VOA ကို ပြောပါတယ်။

“ရောဂါတွေ ဖြစ်နေတဲ့အတွက် မြန်မြန် ဒီအမှုတွေ စီရင် ဆုံးဖြတ်ပေးဖို့ လျော့ပေါ့ပေးဖို့ ကိစ္စတွေ ဒါတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကို အမှုတခုချင်းအလိုက်ကို စာတွေပေးပို့နေတာတွေ ဆောင်ရွက်နေပါတယ်ခင်ဗျ။ စိတ်ပူလို့မိသားစုဝင်တွေ ဆက်သွယ်တာတွေရှိပါတယ်။ အကြောင်းပြန်ကြားတဲ့ စာကလေးတွေလည်း ပို့ပေးပါတယ်။ အဆင်ပြေရင်လည်း ဖုန်းဆက်ပြီးတော့ အဲလိုလေးတွေ လုပ်နေပါတယ်။”

တရုတ်နိုင်ငံ ဟူပေ၊ ရှန်းတုန်း၊ ကျက်ကျန်း ပြည်နယ်က အကျဉ်းစခန်း ၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ကူးစက်ခံရသူ ၅၀၀ ကျော်ရှိနေပေမဲ့ မြန်မာသင်္ဘောသားတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းတွေကိုတော့ ကူးစက်မှု မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာသင်္ဘောသားတွေ အမှုရင်ဆိုင်ဖို့ ရှေ့နေရဖို့အပါအဝင် အမှုလျှော့ပေါ့အောင် တရုတ်အစိုးရနဲ့ ညှိနှိုင်းတာတွေ လုပ်သွားဖို့လည်း တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်နေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ကလည်း မြန်မာသင်္ဘောသားတွေ ပြန်လွတ်မြောက်ရေး အတွက် မနက်ဖြန် ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းမှာ မိသားစုဝင်တွေနဲ့ ဆက်ပြီး တိုင်ပင်ဆွေးနွေးဖို့ရှိ တယ်လို့လည်း အဖွ့ဲချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်က ပြောပါတယ်။

“မနက်ဖြန်ကျရင် အသေးစိတ်ပေါ့ဗျာ ထောင်ထဲမှာရောက်နေတဲ့ သူတွေကို ဘယ်လို action ယူမယ်၊ ဘယ်လိုဖြစ်တယ်။ ဒီဗိုင်းရပ်စ်ကိစ္စတွေဘာတွေ detail ဆွေးနွေးမယ်လေ မနက်ဖြန်ကျရင်။”

ပေကျင်းမှာရှိတဲ့ မြန်မာသံရုံးကနေ မြန်မာသင်္ဘာသားတွေ ဖမ်းဆီးခံရတဲ့အခြေအနေကို ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၂၀ ရက်မှာလည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခု ဖေဖော်ဝါရီ ၂၅ ရက်မှာ တတိယအကြိမ်မြောက် ထုတ်ပြန်တာဖြစ်ပါတယ်။ အစောပိုင်း ထုတ်ပြန်ချက်တွေမှာ ဖမ်းဆီးခံရတဲ့ မြန်မာသင်္ဘောသားက အယောက် ၃၀ ရှိကြောင်း ဖေါ်ပြရာကနေ အခု ၆၃ ယောက် ရှိကြောင်း ဖေါ်ပြလာတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကလည်း အခုလို မြန်မာသင်္ဘောသားတွေကို တရုတ်မှောင်ခို သင်္ဘောတွေပေါ်ကို စေလွှတ်ခဲ့တဲ့ ပြည်တွင်း သင်္ဘောသား ဝန်ဆောင်မှု ကုမ္ပဏီ ၁၄ ခုကို လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းပြီး အရေးယူခဲ့တာပါ။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္မွာ ထိန္းသိမ္းခံ ျမန္မာသေဘၤာသား ၆၀ေက်ာ္အမႈ သံ႐ံုး အကူအညီေပး တ႐ုတ္မွာ ထိန္းသိမ္းခံ ျမန္မာသေဘၤာသား ၆၀ေက်ာ္အမႈ သံ႐ံုး အကူအညီေပး Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.