ေဒၚေအာင္ဆန္းစုၾကည္ ေအာင္ျမင္မႈရတဲ့အထိ ၿဗိတိန္ ဆက္ေထာက္ခံမည္

ၿဗိတိန္သံအမတ္ႀကီး Mr. Dan Chugg ကို ၂၀၂၀၊ ဇန္နဝါရီ ၃၀ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ၿဗိတိန္သံအမတ္ႀကီး Mr. Dan Chugg က ၿဗိတိန္အစိုးရသစ္ အေျပာင္းအလဲရွိေပမယ့္လည္း ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ ၿဗိတိန္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒက အေျပာင္းအလဲမရွိဘဲ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေအာင္ျမင္မႈရတဲ့အထိ ဆက္လက္ေထာက္ခံအားေပးသြားဖို႔ရွိတယ္လို႔ RFA နဲ႔ သီးသန႔္အင္တာဗ်ဴးမွာ ေျပာဆိုလိုက္ပါတယ္။

ဒီေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ၿဗိတိန္အစိုးရဟာ Brexit လို႔ေခၚတဲ့ ဥေရာပသမဂၢ EU ကေန တရားဝင္ႏုတ္ထြက္လိုက္ပါၿပီ။ ၿဗိတိန္ႏိုင္ငံဟာ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံ ၂၇ ႏိုင္ငံနဲ႔ ၄၇ ႏွစ္ၾကာ လက္တြဲခဲ့ၿပီးေတာ့ ဒီကေန႔မွာ အဆုံးသတ္လိုက္တာပါ။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က Brexit ထြက္ခြာမႈကို "ႏွစ္သစ္တစ္ခုရဲ႕ နံနက္ခင္း ေရာင္ျခည္ဦး" လို႔ တင္စားခဲ့ပါတယ္။

ဒီလိုအေျပာင္းအလဲေတြရွိေပမယ့္ ၿဗိတိန္နဲ႔ ျမန္မာၾကား ထူးျခားတဲ့ေျပာင္းလဲမႈမရွိဘူးလို႔ သံအမတ္ႀကီး Dan Chugg က ေျပာျပပါတယ္။ အထူးသျဖင့္ လက္ရွိ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဟာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အတြင္းေရးမႉးရာထူးနဲ႔ ျမန္မာႏိုင္ငံကို ႏွစ္ႀကိမ္တိုင္တိုင္ လာေရာက္ခဲ့ဖူးသူျဖစ္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသူျဖစ္တယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

“အစိုးရသစ္တက္လာေပမယ့္ ၿဗိတိန္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံအေပၚထားတဲ့ ႏိုင္ငံျခားေရးမူဝါဒက ေျပာင္းလဲမသြားပါဘူး။ က်ေနာ္တို႔က ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံတစ္ခုအျဖစ္ ေအာင္ျမင္တာကို လိုလားပါတယ္။ က်ေနာ္တို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္ၿပီးေတာ့ ေထာက္ပံ့ေပးခ်င္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ဆက္တိုက္ ေထာက္ပံ့ေပးခဲ့သလိုမ်ိဳးေပါ့။ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေအာင္ျမင္တဲ့အထိ က်ေနာ္တို႔လုပ္ေပးႏိုင္တဲ့ အတိုင္းအတာထိ လုပ္ေပးသြားမွာပါ။” သံအမတ္ႀကီး Dan Chugg ေျပာျပသြားတာပါ။

ၿဗိတိန္ဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရး၊ စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး၊ က်န္းမာေရး အစရွိတဲ့ က႑ေတြမွာ ဆက္တိုက္ကူညီေနတာေတြရွိၿပီးေတာ့ ဂ်ပန္ႏိုင္ငံၿပီးရင္ ဒုတိယေျမာက္ အႀကီးဆုံး အလႉရွင္ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈကို ျမႇင့္တင္ဖို႔အတြက္လည္း သံအမတ္ႀကီး Dan Chugg ကိုယ္တိုင္ ဦးစီးၿပီးေတာ့ ကမကထ လုပ္ေနတဲ့အစီအစဥ္ေတြလည္း ရွိတယ္လို႔ေျပာပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီ ပထမအပတ္ထဲမွာပဲ လန္ဒန္က စီးပြားေရးသမားေတြ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ၿပီးေတာ့ ကုန္သြယ္မႈကိစၥေတြကို ေလ့လာဖို႔ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

စီးပြားေရးကိစၥအတြက္ ေျခလွမ္းေတြျပင္ေနေပမယ့္ တစ္ဘက္မွာ ၿဗိတိန္ဟာ ႐ိုဟင္ဂ်ာ လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာစင္ျမင့္ေပၚမွာ မားမားမတ္မတ္ေရွ႕ထြက္ ရပ္တည္တဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။ အဲဒီအခ်က္က ျမန္မာလူထုရပ္တည္တဲ့အျမင္နဲ႔ ကြဲလြဲမႈေတာ့ရွိပါတယ္။ ႏိုင္ငံတကာတရာ႐ုံး ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္စီရင္ခ်က္ ေလးရပ္ကိုလည္း ၿဗိတိန္အစိုးရက ေထာက္ခံေၾကာင္း တရားဝင္ေၾကညာထားပါတယ္။

ICJ အေရးနဲ႔ပတ္သက္ၿပီးေတာ့ NLD အစိုးရက အေရးတယူ သြားေရာက္ ရင္ဆိုင္ေျဖရွင္းၿပီးေတာ့၊ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တာကို NLD အစိုးရက တရား႐ုံးေရွ႕ေမွာက္ဝန္ခံတာကိုလည္း သတိျပဳမိတယ္လို႔ Dan Chugg က ေျပာပါတယ္။ အဲဒီလို ဝန္ခံတာက အေရးႀကီးတဲ့ ကနဦး ေျခလွမ္းျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

“ႏွစ္ေတြအၾကာႀကီး ၾကာျမင့္ႏိုင္တဲ့ အမႈကို ရင္ဆိုင္ေနတဲ့ကာလမွပဲ ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္စီရင္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ အင္မတန္အေရးႀကီးပါတယ္။” လို႔ Dan Chugg က မွတ္ခ်က္ျပဳပါတယ္။

တပ္မေတာ္ဘက္ကလည္း စစ္ရာဇဝတ္က်ဴးလြန္တဲ့သူေတြကို စစ္တရား႐ုံးမွာ ေဆာင္႐ြက္ေနတာရွိပါတယ္။ ၂၀၂၀ အေစာပိုင္းမွာပဲ ဘူးသီးေတာင္မွာ ၾကားနာေနတဲ့ ဂူတာျပင္အမႈကို အၿပီးသတ္စီရင္မယ္လို႔ တပ္မေတာ္ဘက္ကဆိုပါတယ္။ ဒါေပမဲ့ တရား႐ုံးခ်ိန္း ငါးႀကိမ္ ၿပီးသြားတဲ့အထိ ဘယ္သူက တရားခံ၊ ပတ္သက္သူအေရအတြက္၊ ထြက္ဆိုခ်က္ေတြကိုလည္း မသိရေသးပါဘူး။

စစ္ဘက္ဆိုင္ရာ တရား႐ုံးစီရင္မႈေတြက ႐ိုဟင္ဂ်ာေတြအတြက္ တရားမွ်တမႈကို ေဆာင္ယူေပးႏိုင္မယ္လို႔ ထင္ပါသလားလို႔ ေမးတဲ့အခါ...

“စစ္ရာဇဝတ္ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးၿပီးေတာ့ တရား႐ုံးမွာ အေရးယူတာမ်ိဳးကို တပ္မေတာ္က လုပ္ေပးရမွာပါ။ အဲဒီလိုလုပ္တဲ့အခါမွာလည္း ယုံၾကည္ကိုးစားရေလာက္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း ေျပာထားတဲ့အခ်က္က ဘာလဲဆိုတာ လူေတြ ျမင္ေတြ႕ႏိုင္မွာပါ”

တကယ္လို႔ ပြင့္လင္းျမင္သာမႈ အားေကာင္းၿပီး လူထုယုံၾကည္ကိုးစားမႈရမယ္ဆိုရင္ ICJ မွာ ျမန္မာရင္ဆိုင္ေနရတဲ့အမႈအေပၚ သက္ေရာက္မႈတခ်ိဳ႕ ရွိႏိုင္တယ္လို႔ သံအမတ္ႀကီးက သုံးသပ္ျပပါတယ္။ ၂၀၁၇ တပ္မေတာ္ရွင္းလင္းေရးစစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္း ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ရၿပီး၊ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တဲ့အတြက္ ႏိုင္ငံတကာတရား႐ုံး ICJ၊ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC နဲ႔ အာဂ်င္တီးနားႏိုင္ငံ ဖက္ဒရယ္တရား႐ုံးမွာ ႏိုင္ငံ့အႀကီးအကဲေတြ တရားစြဲဆိုခံထားရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုရတဲ့အထိ ဗြိတိန် ဆက်ထောက်ခံမည်

ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg ကို ၂၀၂၀၊ ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - နေမျိုးထွန်း/ RFA

ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က ဗြိတိန်အစိုးရသစ် အပြောင်းအလဲရှိပေမယ့်လည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အပြောင်းအလဲမရှိဘဲ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုရတဲ့အထိ ဆက်လက်ထောက်ခံအားပေးသွားဖို့ရှိတယ်လို့ RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဗြိတိန်အစိုးရဟာ Brexit လို့ခေါ်တဲ့ ဥရောပသမဂ္ဂ EU ကနေ တရားဝင်နုတ်ထွက်လိုက်ပါပြီ။ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံနဲ့ ၄၇ နှစ်ကြာ လက်တွဲခဲ့ပြီးတော့ ဒီကနေ့မှာ အဆုံးသတ်လိုက်တာပါ။ ဗြိတိန်ဝန်ကြီးချုပ်က Brexit ထွက်ခွာမှုကို "နှစ်သစ်တစ်ခုရဲ့ နံနက်ခင်း ရောင်ခြည်ဦး" လို့ တင်စားခဲ့ပါတယ်။

ဒီလိုအပြောင်းအလဲတွေရှိပေမယ့် ဗြိတိန်နဲ့ မြန်မာကြား ထူးခြားတဲ့ပြောင်းလဲမှုမရှိဘူးလို့ သံအမတ်ကြီး Dan Chugg က ပြောပြပါတယ်။ အထူးသဖြင့် လက်ရှိ ဗြိတိန်ဝန်ကြီးချုပ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးရာထူးနဲ့ မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသူဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

“အစိုးရသစ်တက်လာပေမယ့် ဗြိတိန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒက ပြောင်းလဲမသွားပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် အောင်မြင်တာကို လိုလားပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးတော့ ထောက်ပံ့ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ဆက်တိုက် ထောက်ပံ့ပေးခဲ့သလိုမျိုးပေါ့။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်တဲ့အထိ ကျနော်တို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာထိ လုပ်ပေးသွားမှာပါ။” သံအမတ်ကြီး Dan Chugg ပြောပြသွားတာပါ။

ဗြိတိန်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး အစရှိတဲ့ ကဏ္ဍတွေမှာ ဆက်တိုက်ကူညီနေတာတွေရှိပြီးတော့ ဂျပန်နိုင်ငံပြီးရင် ဒုတိယမြောက် အကြီးဆုံး အလှူရှင်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုကို မြှင့်တင်ဖို့အတွက်လည်း သံအမတ်ကြီး Dan Chugg ကိုယ်တိုင် ဦးစီးပြီးတော့ ကမကထ လုပ်နေတဲ့အစီအစဉ်တွေလည်း ရှိတယ်လို့ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီ ပထမအပတ်ထဲမှာပဲ လန်ဒန်က စီးပွားရေးသမားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီးတော့ ကုန်သွယ်မှုကိစ္စတွေကို လေ့လာဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

စီးပွားရေးကိစ္စအတွက် ခြေလှမ်းတွေပြင်နေပေမယ့် တစ်ဘက်မှာ ဗြိတိန်ဟာ ရိုဟင်ဂျာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ မားမားမတ်မတ်ရှေ့ထွက် ရပ်တည်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီအချက်က မြန်မာလူထုရပ်တည်တဲ့အမြင်နဲ့ ကွဲလွဲမှုတော့ရှိပါတယ်။ နိုင်ငံတကာတရာရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက် လေးရပ်ကိုလည်း ဗြိတိန်အစိုးရက ထောက်ခံကြောင်း တရားဝင်ကြေညာထားပါတယ်။

ICJ အရေးနဲ့ပတ်သက်ပြီးတော့ NLD အစိုးရက အရေးတယူ သွားရောက် ရင်ဆိုင်ဖြေရှင်းပြီးတော့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကို NLD အစိုးရက တရားရုံးရှေ့မှောက်ဝန်ခံတာကိုလည်း သတိပြုမိတယ်လို့ Dan Chugg က ပြောပါတယ်။ အဲဒီလို ဝန်ခံတာက အရေးကြီးတဲ့ ကနဦး ခြေလှမ်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“နှစ်တွေအကြာကြီး ကြာမြင့်နိုင်တဲ့ အမှုကို ရင်ဆိုင်နေတဲ့ကာလမှပဲ ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ အင်မတန်အရေးကြီးပါတယ်။” လို့ Dan Chugg က မှတ်ချက်ပြုပါတယ်။

တပ်မတော်ဘက်ကလည်း စစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေကို စစ်တရားရုံးမှာ ဆောင်ရွက်နေတာရှိပါတယ်။ ၂၀၂၀ အစောပိုင်းမှာပဲ ဘူးသီးတောင်မှာ ကြားနာနေတဲ့ ဂူတာပြင်အမှုကို အပြီးသတ်စီရင်မယ်လို့ တပ်မတော်ဘက်ကဆိုပါတယ်။ ဒါပေမဲ့ တရားရုံးချိန်း ငါးကြိမ် ပြီးသွားတဲ့အထိ ဘယ်သူက တရားခံ၊ ပတ်သက်သူအရေအတွက်၊ ထွက်ဆိုချက်တွေကိုလည်း မသိရသေးပါဘူး။

စစ်ဘက်ဆိုင်ရာ တရားရုံးစီရင်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ဆောင်ယူပေးနိုင်မယ်လို့ ထင်ပါသလားလို့ မေးတဲ့အခါ...

“စစ်ရာဇဝတ်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီးတော့ တရားရုံးမှာ အရေးယူတာမျိုးကို တပ်မတော်က လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်တဲ့အခါမှာလည်း ယုံကြည်ကိုးစားရလောက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပြောထားတဲ့အချက်က ဘာလဲဆိုတာ လူတွေ မြင်တွေ့နိုင်မှာပါ”

တကယ်လို့ ပွင့်လင်းမြင်သာမှု အားကောင်းပြီး လူထုယုံကြည်ကိုးစားမှုရမယ်ဆိုရင် ICJ မှာ မြန်မာရင်ဆိုင်နေရတဲ့အမှုအပေါ် သက်ရောက်မှုတချို့ ရှိနိုင်တယ်လို့ သံအမတ်ကြီးက သုံးသပ်ပြပါတယ်။ ၂၀၁၇ တပ်မတော်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် နိုင်ငံတကာတရားရုံး ICJ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးမှာ နိုင်ငံ့အကြီးအကဲတွေ တရားစွဲဆိုခံထားရပါတယ်။

RFA Burmese
https://www.rfa.org
ေဒၚေအာင္ဆန္းစုၾကည္ ေအာင္ျမင္မႈရတဲ့အထိ ၿဗိတိန္ ဆက္ေထာက္ခံမည္ ေဒၚေအာင္ဆန္းစုၾကည္ ေအာင္ျမင္မႈရတဲ့အထိ ၿဗိတိန္ ဆက္ေထာက္ခံမည္ Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.