ကို႐ိုနာေၾကာင့္ ေနရပ္ျပန္ခ်င္တဲ့ ျမန္မာလုပ္သားေတြ အခက္ႀကဳံေန

(Zawgyi)⤵⤵⤵
ကိုဗစ္ႏိုင္တီးန္လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံမွာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို ျဖတ္ထားတာေၾကာင့္ တ႐ုတ္ျပည္မွာ တရားမဝင္ေရာက္ရွိေနတဲ့ ျမန္မာအလုပ္သမားေတြဟာ ေနရပ္ ျပန္လိုေပမယ့္  အခက္အခဲေတြရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံအတြင္း ကိုဗစ္ႏိုင္းတီးန္ဗိုင္းရပ္စ္ပိုးျပန႔္ႏွံ႔မႈေၾကာင့္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားကို တ႐ုတ္ အာဏာပိုင္ေတြက ပိတ္ဆို႔ထားပါတယ္။ ဒီလိုပိတ္ဆို႔မႈေတြေၾကာင့္ အဲၿမိဳ႕ႀကီးေတြအတြင္းတရားမဝင္ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြ ျမန္မာႏိုင္ငံျပန္ဖို႔ အခက္ႀကဳံေနရတာကို ကူညီေျဖရွင္းေပးဖို႔ တ႐ုတ္ျပည္မွာရွိတဲ့ျမန္မာသံ႐ုံးေတြ ျမန္မာေကာင္စစ္ဝန္႐ုံးေတြက ဖုန္းနံပါတ္ေတြ ထုတ္ျပန္ထားပါတယ္။

တကယ္ေတာ့ တရားမဝင္ ျမန္မာအလုပ္သမားေတြကို ျမန္မာသံ႐ုံးက တိုက္႐ိုက္လာၿပီးေခၚေဆာင္ခြင့္မရွိပါဘူး။

သူတို႔ကိုေခၚႏိုင္ဖို႔ တ႐ုတ္ရဲကို သံ႐ုံးကအကူညီေတာင္းရပါတယ္။ သံ႐ုံးရဲ႕ေတာင္းခံခ်က္ေၾကာင့္ ရဲက လာေခၚမယ့္အျဖစ္ကို ျမန္မာအလုပ္သမားေတြက မလိုလားၾကပါဘူး။

ဘာေၾကာင့္လည္းဆိုေတာ့ ျမန္မာႏိုင္ငံမေရာက္ဘဲ အဖမ္းခံမွာစိုးရိမ္ေနၾကတာပါ။

ရဲဖမ္းမွာကိုေၾကာက္လို႔ သံ႐ုံးကို အကူညီမေတာင္းရဲဘူးလို႔ စစ္ေတြၿမိဳ႕ကေန ကြမ္တုန္ျပည္နယ္ကို သြားေရာက္လုပ္ကိုင္ေနတဲ့ ကိုေမာင္ျမင့္က ေျပာပါတယ္။

“သံ႐ုံးကိုဖုန္းဆက္ေတာ့ We Chat အေကာင့္ေတြ ဘာေတြေတာင္းတယ္ က်ေနာ္တို႔လည္းမလုပ္တတ္ဘူး၊ ျပန္မယ္ဆိုလိုရွိရင္ ဗိုင္းရပ္စ္စစ္ခိုင္းတယ္ ေရာဂါမရွိရင္လည္း မျပန္ခိုင္းဘူး လူစုလူေဝးမလုပ္ခိုင္ဘူး၊ က်ေနာ္တို႔က အဲမွာ အၾကာႀကီးဖမ္းထားမွာေၾကာက္ေနတာ၊ ေထာင္တစ္လ ႏွစ္လခ်တယ္လို႔ၾကားလို႔ ေၾကာက္ေနၾကတာ၊ အဲေၾကာင့္မဆက္သြယ္ရဲဘူး”

ဒီလို ဖုန္းနံပါတ္ေတြထုတ္ျပန္ေပမယ့္ အလုပ္သမားရွိတဲ့ေနရာေတာင္းတာ၊ အေထာက္အထား ေတာင္းတာေတြ ရွိတာေၾကာင့္ ျမန္မာအလုပ္သမားေတြအေနနဲ႔ တ႐ုတ္ရဲေတြက ေခၚယူတာကို ေထာင္ခ်လိုက္မွာကို စိုးရိမ္ေနၾကပါတယ္။

တ႐ုတ္ရဲေတြက လာေခၚတာဟာ ဖမ္းဆီးဖို႔မဟုတ္ဘဲ အခ်က္အလက္သိခ်င္လို႔ေမးျမန္းမွာျဖစ္တာေၾကာင့္ ေၾကာက္စရာမလိုဘူးလို႔ တ႐ုတ္ႏိုင္ငံေဘက်င္းၿမိဳ႕ ျမန္မာသံ႐ုံး ဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းကေျပာပါတယ္။

“ပါလာတဲ့ အေထာက္အထားေတြမွန္သမွ် ပို႔ေပးပါဆိုၿပီး ကြၽန္ေတာ္တို႔ဆီက စာေတြထုတ္တာေပါ့။ ျမန္မာႏိုင္ငံမွာ ေျပာေနသလိုဟာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဖမ္းၿပီး ေထာင္ခ်မွာေတြ အဲလိုမ်ိဳးေတြ မရွိပါဘူး။ ပုံမွန္အခ်ိန္မွာတည္းက သူတို႔က ၁၄ ရက္ သို႔မဟုတ္ တစ္လ အဲဒီပတ္ဝန္းက်င္မွာ ထိန္းသိမ္းထားတာ ကြၽန္ေတာ္တို႔ဆီက စီေရာဖိုင္ဆိုတဲ့ စာအုပ္ကို တ႐ုတ္ရဲဌာနကို ေပးလာတဲ့ အခါၾကရင္ ျမန္မာႏိုင္ငံသားေတြကို ျပန္ပို႔ေပးတယ္။”

သံ႐ုံးဘက္က ရွင္းျပတဲ့အခ်က္အလက္ေတြဟာ တရားမဝင္ ျမန္မာအလုပ္သမားေတြရဲ႕ လုံၿခဳံေရးအတြက္ စိတ္ခ်ေလာက္တဲ့အထိ ျပည့္စုံမႈမရွိေသးလို႔ အလုပ္သမားေတြဘက္က စိုးရိမ္ေနတဲ့အေၾကာင္း စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ကေန တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့သူတစ္ဦးကေျပာပါတယ္။

“ျဖစ္ေစခ်င္တာကေတာ့ ႏွစ္ရက္သုံးရက္အတြင္း ျမန္မာျပည္ကိုျပန္ပို႔ေပးမယ္ဆို အဖမ္းခံခ်င္တာေပါ့ဗ်ာ၊ သံ႐ုံးကေျပာတာကေတာ့ သူတို႔ကထိန္းသိမ္းမယ္ေပါ့ေလ၊ တစ္လ ႏွစ္လ သုံးလေပါ့ေလ၊ ဒီလိုႀကီး လအရွည္ႀကီးထိန္းသိမ္းမယ္ဆိုတာက မျဖစ္ႏိုင္ဘူးေလ၊ ၁၅ရက္ထိ က်ေနာ္တို႔လက္ခံတယ္”

တ႐ုတ္ႏိုင္ငံေရာက္ တရားမဝင္ ျမန္မာအလုပ္သမားေတြဟာ ကိုဗစ္ႏိုင္းတီန္းဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးၿပီးေနာက္ပိုင္း တရားမဝင္ ျမန္မာအလုပ္သမားေတြကို တ႐ုတ္အလုပ္ရွင္ေတြက အလုပ္မဆင္းခိုင္းေတာ့ပါဘူး။

တည္းခိုးခန္းေတြမွာငွားေနဖို႔ အခက္အခဲေတြလည္းရွိေနတာေၾကာင့္ တခ်ိဳ႕ တရားမဝင္ျမန္မာအလုပ္သမား ေတြဟာ ေတာထဲမွာသြားေနရတာေတြလည္း ရွိေနပါတယ္။

တစ္ၿမိဳ႕ကေန တစ္ၿမိဳ႕သြားလာဖို႔ လမ္းေတြပိတ္ဆို႔ထားတာေၾကာင္ သူတို႔ကိုကူညီမယ့္ ျမန္မာလူမႈေရးအဖြဲ႕ေတြ အတြက္လည္း အခက္ႀကဳံေနတယ္လို႔ ျမန္မာအလုပ္သမားအေရး ကူညီေပးေနတဲ့ တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕အေျခစိုက္ မိုးမခေဖာင္ေဒးရွင္းနာယက ေဒၚမိုးမခက ေျပာပါတယ္။

“ကြၽန္မတို႔ လမ္းေၾကာင္းေတြ ဖြင့္လို႔ရွိရင္ ကြၽန္မတို႔အေနနဲ႔ ကားစီစဥ္ေပးလို႔ရတယ္၊ ေခၚေပးလို႔ရတယ္၊ ေခၚထုတ္ေပးလို႔ရတယ္။ အခုေတာ့ ကားလမ္းေတြကလည္း တ႐ုတ္ဘက္ကလည္း အကုန္လုံး ပိတ္ဆို႔ထားၿပီးၿပီ အဲဒီအခါမွာ အရမ္းခက္ခဲတာေပါ့။ ခက္ခဲတဲ့အခါ ကယ္ခ်င္တယ္၊ ကူညီခ်င္တယ္။ အဲဒါ ကူညီလို႔မွမရတာ အဲဒါဆို ကြၽန္မတို႔က သံ႐ုံးကေန ခ်ိတ္ေပးမွ အဆင္ေျပေတာ့မွာေလ။”

တ႐ုတ္ႏိုင္ငံအတြင္း တရားမဝင္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမားဦးေရ ေသာင္းနဲ႔ခ်ီရွိတယ္လို႔ အလုပ္သမားကူညီေရးအဖြဲ႕တခ်ိဳ႕က ခန႔္မွန္းပါတယ္။ ဒီအဖြဲ႕အစည္းေတြကို ျမန္မာျပည္ျပန္ဖို႔ အကူညီေတာင္းေနတဲ့ အလုပ္သမားေတြလည္း ေန႔စဥ္ရာနဲ႔ခ်ီရွိပါတယ္။

ျမန္မာျပည္ျပန္ႏိုင္ေရး  RFAကို ဆက္သြယ္အကူညီေတာင္းေနတဲ့ သူေတြလည္း အမ်ားအျပားရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် နေရပ်ပြန်ချင်တဲ့ မြန်မာလုပ်သားတွေ အခက်ကြုံနေ

ကိုဗစ်နိုင်တီးန်လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်ထားတာကြောင့် တရုတ်ပြည်မှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ နေရပ် ပြန်လိုပေမယ့်  အခက်အခဲတွေရှိနေပါတယ်။

တရုတ်နိုင်ငံအတွင်း ကိုဗစ်နိုင်းတီးန်ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကြောင့် မြို့ကြီးတော်တော်များများကို တရုတ် အာဏာပိုင်တွေက ပိတ်ဆို့ထားပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကြောင့် အဲမြို့ကြီးတွေအတွင်းတရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံပြန်ဖို့ အခက်ကြုံနေရတာကို ကူညီဖြေရှင်းပေးဖို့ တရုတ်ပြည်မှာရှိတဲ့မြန်မာသံရုံးတွေ မြန်မာကောင်စစ်ဝန်ရုံးတွေက ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။

တကယ်တော့ တရားမဝင် မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးက တိုက်ရိုက်လာပြီးခေါ်ဆောင်ခွင့်မရှိပါဘူး။

သူတို့ကိုခေါ်နိုင်ဖို့ တရုတ်ရဲကို သံရုံးကအကူညီတောင်းရပါတယ်။ သံရုံးရဲ့တောင်းခံချက်ကြောင့် ရဲက လာခေါ်မယ့်အဖြစ်ကို မြန်မာအလုပ်သမားတွေက မလိုလားကြပါဘူး။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမရောက်ဘဲ အဖမ်းခံမှာစိုးရိမ်နေကြတာပါ။

ရဲဖမ်းမှာကိုကြောက်လို့ သံရုံးကို အကူညီမတောင်းရဲဘူးလို့ စစ်တွေမြို့ကနေ ကွမ်တုန်ပြည်နယ်ကို သွားရောက်လုပ်ကိုင်နေတဲ့ ကိုမောင်မြင့်က ပြောပါတယ်။

“သံရုံးကိုဖုန်းဆက်တော့ We Chat အကောင့်တွေ ဘာတွေတောင်းတယ် ကျနော်တို့လည်းမလုပ်တတ်ဘူး၊ ပြန်မယ်ဆိုလိုရှိရင် ဗိုင်းရပ်စ်စစ်ခိုင်းတယ် ရောဂါမရှိရင်လည်း မပြန်ခိုင်းဘူး လူစုလူဝေးမလုပ်ခိုင်ဘူး၊ ကျနော်တို့က အဲမှာ အကြာကြီးဖမ်းထားမှာကြောက်နေတာ၊ ထောင်တစ်လ နှစ်လချတယ်လို့ကြားလို့ ကြောက်နေကြတာ၊ အဲကြောင့်မဆက်သွယ်ရဲဘူး”

ဒီလို ဖုန်းနံပါတ်တွေထုတ်ပြန်ပေမယ့် အလုပ်သမားရှိတဲ့နေရာတောင်းတာ၊ အထောက်အထား တောင်းတာတွေ ရှိတာကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ တရုတ်ရဲတွေက ခေါ်ယူတာကို ထောင်ချလိုက်မှာကို စိုးရိမ်နေကြပါတယ်။

တရုတ်ရဲတွေက လာခေါ်တာဟာ ဖမ်းဆီးဖို့မဟုတ်ဘဲ အချက်အလက်သိချင်လို့မေးမြန်းမှာဖြစ်တာကြောင့် ကြောက်စရာမလိုဘူးလို့ တရုတ်နိုင်ငံဘေကျင်းမြို့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းကပြောပါတယ်။

“ပါလာတဲ့ အထောက်အထားတွေမှန်သမျှ ပို့ပေးပါဆိုပြီး ကျွန်တော်တို့ဆီက စာတွေထုတ်တာပေါ့။ မြန်မာနိုင်ငံမှာ ပြောနေသလိုဟာမျိုးတော့ မဟုတ်ပါဘူး။ ဖမ်းပြီး ထောင်ချမှာတွေ အဲလိုမျိုးတွေ မရှိပါဘူး။ ပုံမှန်အချိန်မှာတည်းက သူတို့က ၁၄ ရက် သို့မဟုတ် တစ်လ အဲဒီပတ်ဝန်းကျင်မှာ ထိန်းသိမ်းထားတာ ကျွန်တော်တို့ဆီက စီရောဖိုင်ဆိုတဲ့ စာအုပ်ကို တရုတ်ရဲဌာနကို ပေးလာတဲ့ အခါကြရင် မြန်မာနိုင်ငံသားတွေကို ပြန်ပို့ပေးတယ်။”

သံရုံးဘက်က ရှင်းပြတဲ့အချက်အလက်တွေဟာ တရားမဝင် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် စိတ်ချလောက်တဲ့အထိ ပြည့်စုံမှုမရှိသေးလို့ အလုပ်သမားတွေဘက်က စိုးရိမ်နေတဲ့အကြောင်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကနေ တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးကပြောပါတယ်။

“ဖြစ်စေချင်တာကတော့ နှစ်ရက်သုံးရက်အတွင်း မြန်မာပြည်ကိုပြန်ပို့ပေးမယ်ဆို အဖမ်းခံချင်တာပေါ့ဗျာ၊ သံရုံးကပြောတာကတော့ သူတို့ကထိန်းသိမ်းမယ်ပေါ့လေ၊ တစ်လ နှစ်လ သုံးလပေါ့လေ၊ ဒီလိုကြီး လအရှည်ကြီးထိန်းသိမ်းမယ်ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ၁၅ရက်ထိ ကျနော်တို့လက်ခံတယ်”

တရုတ်နိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားတွေဟာ ကိုဗစ်နိုင်းတီန်းဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နှစ်သစ်ကူးပြီးနောက်ပိုင်း တရားမဝင် မြန်မာအလုပ်သမားတွေကို တရုတ်အလုပ်ရှင်တွေက အလုပ်မဆင်းခိုင်းတော့ပါဘူး။

တည်းခိုးခန်းတွေမှာငှားနေဖို့ အခက်အခဲတွေလည်းရှိနေတာကြောင့် တချို့ တရားမဝင်မြန်မာအလုပ်သမား တွေဟာ တောထဲမှာသွားနေရတာတွေလည်း ရှိနေပါတယ်။

တစ်မြို့ကနေ တစ်မြို့သွားလာဖို့ လမ်းတွေပိတ်ဆို့ထားတာကြောင် သူတို့ကိုကူညီမယ့် မြန်မာလူမှုရေးအဖွဲ့တွေ အတွက်လည်း အခက်ကြုံနေတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ တရုတ်နိုင်ငံရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းနာယက ဒေါ်မိုးမခက ပြောပါတယ်။

“ကျွန်မတို့ လမ်းကြောင်းတွေ ဖွင့်လို့ရှိရင် ကျွန်မတို့အနေနဲ့ ကားစီစဉ်ပေးလို့ရတယ်၊ ခေါ်ပေးလို့ရတယ်၊ ခေါ်ထုတ်ပေးလို့ရတယ်။ အခုတော့ ကားလမ်းတွေကလည်း တရုတ်ဘက်ကလည်း အကုန်လုံး ပိတ်ဆို့ထားပြီးပြီ အဲဒီအခါမှာ အရမ်းခက်ခဲတာပေါ့။ ခက်ခဲတဲ့အခါ ကယ်ချင်တယ်၊ ကူညီချင်တယ်။ အဲဒါ ကူညီလို့မှမရတာ အဲဒါဆို ကျွန်မတို့က သံရုံးကနေ ချိတ်ပေးမှ အဆင်ပြေတော့မှာလေ။”

တရုတ်နိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားဦးရေ သောင်းနဲ့ချီရှိတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့တချို့က ခန့်မှန်းပါတယ်။ ဒီအဖွဲ့အစည်းတွေကို မြန်မာပြည်ပြန်ဖို့ အကူညီတောင်းနေတဲ့ အလုပ်သမားတွေလည်း နေ့စဉ်ရာနဲ့ချီရှိပါတယ်။

မြန်မာပြည်ပြန်နိုင်ရေး  RFAကို ဆက်သွယ်အကူညီတောင်းနေတဲ့ သူတွေလည်း အများအပြားရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာေၾကာင့္ ေနရပ္ျပန္ခ်င္တဲ့ ျမန္မာလုပ္သားေတြ အခက္ႀကဳံေန ကို႐ိုနာေၾကာင့္ ေနရပ္ျပန္ခ်င္တဲ့ ျမန္မာလုပ္သားေတြ အခက္ႀကဳံေန Reviewed by THITHTOOLWIN on 03:01 Rating: 5
Powered by Blogger.