ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ျမန္မာဖရဲတင္ပုိ႔မႈထိခုိက္

ျမန္မာ ဖရဲစိုက္ခင္း

(Zawgyi / Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ အသြားအလာေတြကုိ ကန္႔သတ္လာရာက ကုန္သြယ္မႈ ေတြကုိပါ ထိခုိက္လာေနတဲ့ အထဲမွာ ျမန္မာႏုိင္ငံလည္းပါ၀င္ပါတယ္။ အထူးသျဖင့္ အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံကုိ ဖရဲသီးလုိ စားေသာက္ကုန္ေတြ တင္ပုိ႔ေနၾကတဲ့ စုိက္ပ်ဳိးေရး လုပ္ငန္းရွင္ေတြ အထိနာေနၾကတာပါ။ ဒီအေၾကာင္း Reuters သတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိဥာဏ္၀င္းေအာင္က တင္ျပေပးမွာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပုိး စတင္ျဖစ္ပြားၿပီး အလွ်င္ျမန္ပ်ံ႕ႏွံ႔မႈေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏုိင္ငံေတြကလာတဲ့ သြင္းကုန္ လမ္းေၾကာင္းေတြ ထိခိုက္ေနပါတယ္။ အဲဒီကူးစက္ေရာဂါေၾကာင့္ပဲ နယ္စပ္ကတဆင့္ တ႐ုတ္ႏိုင္ငံထဲ တင္ပို႔ေနတဲ့ ဖရဲသီးေတြ အဝယ္မလိုက္ ေတာ့တဲ့အတြက္ သူ႔ရဲ႕ ပုိ႔ကုန္ေတြကို ရပ္နားထားရတယ္လို႔ ပဲခူးတိုင္း မေဒါက္ၿမဳိ့နယ္က ဖရဲစုိက္ေတာင္သူ ကိုႏိုင္လင္းထက္က ေျပာပါတယ္။

“ ဒီ(ကို႐ုိနာဗိုင္းရပ္စ္) ျပႆနာျဖစ္ၿပီဆုိတဲ့သတင္း ၾကားလိုက္ကတည္းက မူဆယ္ကဝယ္ေနတဲ့ က်ေနာ္တို႔ရဲ႕ အဆက္အသြယ္ေတြ၊ ကုန္သည္ ပြဲစားေတြက ဒီျပႆနာျဖစ္လာၿပီးေနာက္ ဝယ္လက္ေတြ ေလ်ာ့သြားၿပီ မလာၾကနဲ႔ဦး၊ အဲဒီေတာ့ က်ေနာ္တုိ႔ ဒီဘက္က တင္ပို႔တဲ့ သူေတြကလည္း … ဟုိ က်ေနာ္တို႔ တင္ပို႔တယ္ဆိုတာက မူဆယ္မွာရွိတဲ့ ပြဲ႐ုံေတြကတဆင့္ သြားရတာကိုး။ ပြဲ႐ုံေတြကလည္း ဒီျပႆနာ ရွိေနတယ္၊ တက္မလာၾကနဲ႔ ေစ်းလည္းအေတာ္ေလးက်သြားၿပီ ဝယ္သူမရွိ ေရာင္းသူမရွိ အေနအထား ျဖစ္ေနတယ္ဆိုေတာ့ ဘယ္သူမွ မတက္ရဲ ၾကေတာ့ဘူးေပါ့ေနာ္။ အဲလိုအေျခအေနမ်ဳိးမွာ တခ်ဳိ႕စြန္႔စားၿပီး တက္သြားၾကတဲ့လူေတြ တကယ့္အေရာင္းအဝယ္က်ေတာ့ ေကာင္းတဲ့အေျခအေန မျမင္ရေတာ့ ဘယ္သူမွ မူဆယ္ကို မတက္ရဲေတာ့ဘူးေပါ့ ”

ပဲခူးတိုင္းထဲက ထြက္သမွ်ဖရဲသီးအမ်ားစုဟာ တ႐ုတ္ႏိုင္ငံကိုတင္ပို႔ေနၿပီး အခုလိုအခက္အခဲေတြ မႀကဳံရခင္ ကိုႏိုင္လင္းထက္ရဲ႕ယာခင္းထဲမွာ အလုပ္သမား ရာဂဏန္းနဲ႔လည္ပတ္ေနရာက အခုအခါမွာေတာ့ ဆယ္ဂဏန္းအထိ ေလွ်ာ့ခ် လိုက္ရတယ္လို႔ ကိုႏိုင္လင္းထက္ကေျပာပါတယ္။

“ က်ေနာ္ လုပ္ငန္းစတင္လည္ပတ္ခ်ိန္ ဒီက ဧက ၂၀၀မွာ အလုပ္သမား ၃၀၀ နဲ႔လည္ပတ္တယ္ေပါ့ေနာ္။ အခုကေတာ့ ခူးဖို႔ကလည္း ၁၀% ေလာက္ပဲ က်န္ေတာ့တယ္၊ လက္ရွိေရာဂါ ျပႆနာျဖစ္လာၿပီးေတာ့ အေျခအေနက ဘာမွန္းမသိေတာ့တဲ့အခ်ိန္မွာ အလုပ္သမားေတြ ျပန္လႊတ္လုိက္ၿပီးေတာ့ လက္ရွိဆိုရင္ က်ေနာ့္မွာ အလုပ္သမားအေယာက္ ၃၀ ေလာက္နဲ႔ ေခါင္းေဆာင္ပိုင္းနဲ႔ဆိုရင္ အားလုံးေပါင္း ၄၀ ေလာက္နဲ႔ လည္ပတ္ေနပါတယ္။”

လူဦးေရထူထပ္ၿပီး ႏိုင္ငံတကာက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈေၾကာင့္ စက္႐ုံေတြေပါတဲ့ တ႐ုတ္ျပည္မွာ စားသုံးသူအင္အားမ်ားသလို၊ အစား အေသာက္ကအစ ေလာင္စာဆီနဲ႔ ကုန္ၾကမ္းပစၥည္းေတြအဆုံး ဝယ္လိုအား ႀကီးမားပါတယ္။

ဒီႏွစ္ တ႐ုတ္ႏွစ္သစ္ကူးကာလဟာ ကုိ႐ုိနာဗိုင္းရပ္စ္ပ်ံ႕ႏွ႔ံလာခ်ိန္နဲ႔ တိုုက္ဆိုင္ေနတာမို႔ တ႐ုတ္ျပည္ထဲ အသြားအလာ အေရာင္းအဝယ္ေတြ ကန္႔သတ္ခံထားရခ်ိန္မွာ တ႐ုတ္နယ္စပ္ကဝင္လာမယ့္ ေရာင္းကုန္ေတြလည္း ပိတ္မိကုန္ပါတယ္။ ဒါေၾကာင့္ ဖရဲသီးေတြကို မခူးေတာ့ပဲ ယာခင္းထဲမွာ ပစ္ထားလိုက္ရတယ္လို႔ ကိုႏိုင္လင္းထက္ကဆိုပါတယ္။

“ က်ေနာ္တို႔က ဒါေတြကို အမွန္ဆိုရင္ တ႐ုတ္ႏွစ္သစ္ကူးၿပီးရင္ ခူးရမွာ၊ ပုံမွန္ခူးဖို႔ရက္ထက္ ၁၀ ရက္ေလာက္ေစာသြားတယ္ေလ။ အဲဒီေတာ့ အခင္းကို က်ေနာ္တုိ႔ ပစ္ထားလိုက္တဲ့အေနထား ျဖစ္သြားတာေပါ့ေလ။ ”
ျမန္မာ့ ဖရဲသီး
ဒီရက္ပိုင္းေတြအတြင္း တ႐ုတ္ျမန္မာ နယ္စပ္ဂိတ္မွာ သြင္းကုန္လမ္းေၾကာင္း ျပန္ပြင့္မယ္ဆိုေပမယ့္ ေစ်းကြက္ဟာ မေရမရာ အေျခအေနမွာ ရွိေနဆဲပဲလို႔ ကိုႏိုင္လင္းထက္က သုံးသပ္ပါတယ္။

“ ေလာေလာဆယ္ေတာ့ ဒီလ ၉ရက္ေန႔ ၁၀ ရက္ေန႔ကို ဖြင့္ၿပီေျပာေပမဲ့ က်ေနာ့္အျမင္ကေတာ့ သူတို႔ဘယ္ေလာက္ ဖြင့္မွာလဲ၊ ဖြင့္ခဲ့ရင္ေကာ ဘယ္လုိ အတုိင္းအတာေတြနဲ႔ အေရာင္းအဝယ္ လုပ္လုိ႔ရမွာလဲ၊ ေစ်းႏႈန္းကေရာ အရင္လို ျပန္ျဖစ္ႏိုင္ပါ့မလား။ ေနာက္တခုက အခုခ်ိန္မွာ လုပ္ငန္းက လုံးလုံးရပ္သြားတဲ့အေနအထားဆိုေတာ့ မခူးပဲနဲ႔ ေစာင့္ေနတဲ့ ေတာင္သူေတြ ဘယ္ေလာက္ေတာင္ ၿပဳံၿပီးတက္သြားဦးမလဲ၊ မူဆယ္မွာ ပစၥည္းေတြပုံၿပီး ဘယ္ေလာက္ေရာက္မလဲ၊ အဲဒီေမးခြန္းေတြကိုေတာ့ ဘယ္သူမွ တိတိက်က် မေျဖႏိုင္ဘူး။ ဒီအေျခေနမွာပဲ ေရာင္းလိုအား ဝယ္လိုအား မမွ်မတနဲ႔ ပစၥည္းေတြဝင္သြားမလား၊ အမွည့္လြန္တဲ့ အသီးေတြ တက္သြားမလား အဲလိုအေျခအေနေပၚ ျဖစ္လာမယ့္ ေစ်းကြက္အေနအထားကေတာ့ အလြန္စုိးရိမ္စရာ ေကာင္းတယ္။ အေကာင္းဘက္ကို ေမွ်ာ္လင့္ခ်င္ေပမဲ့ အဆုိးေတြ အမ်ားႀကီး ႀကဳံေတြ႔ႏိုင္တယ္ေပါ့ေနာ္။ ”

ပုံမွန္အားျဖင့္ ဖရဲသီးေတြတင္ေဆာင္ထားတဲ့ ရာဂဏန္းရွိတဲ့ ထရပ္ကားေတြ တ႐ုတ္ႏိုင္ငံထဲ ေန႔စဥ္ဝင္ေရာက္ေနတယ္လို႔ မူဆယ္ၿမဳိ့ခံေတြက ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္္မာရဲ႕ အႀကီးမားဆုံးကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး မူဆယ္ကုန္သြယ္ဂိတ္က အဓိကက်ပါတယ္။ အစိုးရရဲ႕ စာရင္းေတြအရ တ႐ုတ္ျမန္မာကုန္သြယ္ပမာဏ ႏွစ္စဥ္ ေဒၚလာ (၁)ဘီလ်ံဖိုးေလာက္ရွိတယ္လို႔ဆုိပါတယ္။ ျမန္မာဘက္က ဆန္၊ ပဲ အပါဝင္ လၻက္ေျခာက္ သီးႏွံနဲ႔ တိရာစၦန္ထြက္ကုန္ေတြ တင္ပို႔ေနတာပါ။

တ႐ုတ္ျမန္္မာနယ္စပ္က ဖြင့္ထားဆဲျဖစ္ေပမဲ့ ဝယ္လုိအားနည္းတာေၾကာင့္ ၿပီးခဲ့တဲ့ရက္ေတြကိုၾကည့္ရင္ သစ္သီးတင္ထားတဲ့ ထရပ္ကားေတြ တေန႔ကိုမွ ႏွစ္ဆယ္အစိတ္ေလာက္သာ တ႐ုတ္ႏိုင္ငံထဲ ဝင္ေနပါတယ္။ ျမန္မာ သီးႏွံကုန္သည္ေတြကေတာ့ သူတို႔သစ္သီးကားေတြကို ျပည္တြင္းထဲျပန္လွည့္ၿပီး အျခားၿမိဳ့ေတြမွာ လိုက္ေရာင္းဖို႔စဥ္းစားေနေပမယ့္ ျပည္တြင္းမွာက ဝယ္လိုအားနည္းေနတာပါ။ လာမယ့္သီတင္းပတ္ ေတြထဲ ေနာက္တႀကိမ္ အသီးဆြတ္ခူးဖို႔အခ်ိန္ ေရာက္လာေတာ့မွာမို႔ အဝယ္မလိုက္ရင္ ဖရဲသီးေတြ ပုတ္ၿပီးအရႈံးနဲ႔ ရင္ဆုိင္ရမွာကိုလည္း ေတာင္သူေတြ စုိးရိမ္ေနၾကပါတယ္။

- - - - - - - - - - - - -
Unicode

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ နိုင်ငံတော်တော်များများမှာ အသွားအလာတွေကို ကန့်သတ်လာရာက ကုန်သွယ်မှု တွေကိုပါ ထိခိုက်လာနေတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို ဖရဲသီးလို စားသောက်ကုန်တွေ တင်ပို့နေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ အထိနာနေကြတာပါ။ ဒီအကြောင်း Reuters သတင်းဆောင်းပါးကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားပြီး အလျှင်မြန်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကလာတဲ့ သွင်းကုန် လမ်းကြောင်းတွေ ထိခိုက်နေပါတယ်။ အဲဒီကူးစက်ရောဂါကြောင့်ပဲ နယ်စပ်ကတဆင့် တရုတ်နိုင်ငံထဲ တင်ပို့နေတဲ့ ဖရဲသီးတွေ အဝယ်မလိုက် တော့တဲ့အတွက် သူ့ရဲ့ ပို့ကုန်တွေကို ရပ်နားထားရတယ်လို့ ပဲခူးတိုင်း မဒေါက်မြို့နယ်က ဖရဲစိုက်တောင်သူ ကိုနိုင်လင်းထက်က ပြောပါတယ်။

“ ဒီ(ကိုရိုနာဗိုင်းရပ်စ်) ပြဿနာဖြစ်ပြီဆိုတဲ့သတင်း ကြားလိုက်ကတည်းက မူဆယ်ကဝယ်နေတဲ့ ကျနော်တို့ရဲ့ အဆက်အသွယ်တွေ၊ ကုန်သည် ပွဲစားတွေက ဒီပြဿနာဖြစ်လာပြီးနောက် ဝယ်လက်တွေ လျော့သွားပြီ မလာကြနဲ့ဦး၊ အဲဒီတော့ ကျနော်တို့ ဒီဘက်က တင်ပို့တဲ့ သူတွေကလည်း … ဟို ကျနော်တို့ တင်ပို့တယ်ဆိုတာက မူဆယ်မှာရှိတဲ့ ပွဲရုံတွေကတဆင့် သွားရတာကိုး။ ပွဲရုံတွေကလည်း ဒီပြဿနာ ရှိနေတယ်၊ တက်မလာကြနဲ့ ဈေးလည်းအတော်လေးကျသွားပြီ ဝယ်သူမရှိ ရောင်းသူမရှိ အနေအထား ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ မတက်ရဲ ကြတော့ဘူးပေါ့နော်။ အဲလိုအခြေအနေမျိုးမှာ တချို့စွန့်စားပြီး တက်သွားကြတဲ့လူတွေ တကယ့်အရောင်းအဝယ်ကျတော့ ကောင်းတဲ့အခြေအနေ မမြင်ရတော့ ဘယ်သူမှ မူဆယ်ကို မတက်ရဲတော့ဘူးပေါ့ ”

ပဲခူးတိုင်းထဲက ထွက်သမျှဖရဲသီးအများစုဟာ တရုတ်နိုင်ငံကိုတင်ပို့နေပြီး အခုလိုအခက်အခဲတွေ မကြုံရခင် ကိုနိုင်လင်းထက်ရဲ့ယာခင်းထဲမှာ အလုပ်သမား ရာဂဏန်းနဲ့လည်ပတ်နေရာက အခုအခါမှာတော့ ဆယ်ဂဏန်းအထိ လျှော့ချ လိုက်ရတယ်လို့ ကိုနိုင်လင်းထက်ကပြောပါတယ်။

“ ကျနော် လုပ်ငန်းစတင်လည်ပတ်ချိန် ဒီက ဧက ၂၀၀မှာ အလုပ်သမား ၃၀၀ နဲ့လည်ပတ်တယ်ပေါ့နော်။ အခုကတော့ ခူးဖို့ကလည်း ၁၀% လောက်ပဲ ကျန်တော့တယ်၊ လက်ရှိရောဂါ ပြဿနာဖြစ်လာပြီးတော့ အခြေအနေက ဘာမှန်းမသိတော့တဲ့အချိန်မှာ အလုပ်သမားတွေ ပြန်လွှတ်လိုက်ပြီးတော့ လက်ရှိဆိုရင် ကျနော့်မှာ အလုပ်သမားအယောက် ၃၀ လောက်နဲ့ ခေါင်းဆောင်ပိုင်းနဲ့ဆိုရင် အားလုံးပေါင်း ၄၀ လောက်နဲ့ လည်ပတ်နေပါတယ်။”

လူဦးရေထူထပ်ပြီး နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံမှုကြောင့် စက်ရုံတွေပေါတဲ့ တရုတ်ပြည်မှာ စားသုံးသူအင်အားများသလို၊ အစား အသောက်ကအစ လောင်စာဆီနဲ့ ကုန်ကြမ်းပစ္စည်းတွေအဆုံး ဝယ်လိုအား ကြီးမားပါတယ်။

ဒီနှစ် တရုတ်နှစ်သစ်ကူးကာလဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာချိန်နဲ့ တိုက်ဆိုင်နေတာမို့ တရုတ်ပြည်ထဲ အသွားအလာ အရောင်းအဝယ်တွေ ကန့်သတ်ခံထားရချိန်မှာ တရုတ်နယ်စပ်ကဝင်လာမယ့် ရောင်းကုန်တွေလည်း ပိတ်မိကုန်ပါတယ်။ ဒါကြောင့် ဖရဲသီးတွေကို မခူးတော့ပဲ ယာခင်းထဲမှာ ပစ်ထားလိုက်ရတယ်လို့ ကိုနိုင်လင်းထက်ကဆိုပါတယ်။

“ ကျနော်တို့က ဒါတွေကို အမှန်ဆိုရင် တရုတ်နှစ်သစ်ကူးပြီးရင် ခူးရမှာ၊ ပုံမှန်ခူးဖို့ရက်ထက် ၁၀ ရက်လောက်စောသွားတယ်လေ။ အဲဒီတော့ အခင်းကို ကျနော်တို့ ပစ်ထားလိုက်တဲ့အနေထား ဖြစ်သွားတာပေါ့လေ။ ”

ဒီရက်ပိုင်းတွေအတွင်း တရုတ်မြန်မာ နယ်စပ်ဂိတ်မှာ သွင်းကုန်လမ်းကြောင်း ပြန်ပွင့်မယ်ဆိုပေမယ့် ဈေးကွက်ဟာ မရေမရာ အခြေအနေမှာ ရှိနေဆဲပဲလို့ ကိုနိုင်လင်းထက်က သုံးသပ်ပါတယ်။

“ လောလောဆယ်တော့ ဒီလ ၉ရက်နေ့ ၁၀ ရက်နေ့ကို ဖွင့်ပြီပြောပေမဲ့ ကျနော့်အမြင်ကတော့ သူတို့ဘယ်လောက် ဖွင့်မှာလဲ၊ ဖွင့်ခဲ့ရင်ကော ဘယ်လို အတိုင်းအတာတွေနဲ့ အရောင်းအဝယ် လုပ်လို့ရမှာလဲ၊ ဈေးနှုန်းကရော အရင်လို ပြန်ဖြစ်နိုင်ပါ့မလား။ နောက်တခုက အခုချိန်မှာ လုပ်ငန်းက လုံးလုံးရပ်သွားတဲ့အနေအထားဆိုတော့ မခူးပဲနဲ့ စောင့်နေတဲ့ တောင်သူတွေ ဘယ်လောက်တောင် ပြုံပြီးတက်သွားဦးမလဲ၊ မူဆယ်မှာ ပစ္စည်းတွေပုံပြီး ဘယ်လောက်ရောက်မလဲ၊ အဲဒီမေးခွန်းတွေကိုတော့ ဘယ်သူမှ တိတိကျကျ မဖြေနိုင်ဘူး။ ဒီအခြေနေမှာပဲ ရောင်းလိုအား ဝယ်လိုအား မမျှမတနဲ့ ပစ္စည်းတွေဝင်သွားမလား၊ အမှည့်လွန်တဲ့ အသီးတွေ တက်သွားမလား အဲလိုအခြေအနေပေါ် ဖြစ်လာမယ့် ဈေးကွက်အနေအထားကတော့ အလွန်စိုးရိမ်စရာ ကောင်းတယ်။ အကောင်းဘက်ကို မျှော်လင့်ချင်ပေမဲ့ အဆိုးတွေ အများကြီး ကြုံတွေ့နိုင်တယ်ပေါ့နော်။ ”

ပုံမှန်အားဖြင့် ဖရဲသီးတွေတင်ဆောင်ထားတဲ့ ရာဂဏန်းရှိတဲ့ ထရပ်ကားတွေ တရုတ်နိုင်ငံထဲ နေ့စဉ်ဝင်ရောက်နေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မူဆယ်ကုန်သွယ်ဂိတ်က အဓိကကျပါတယ်။ အစိုးရရဲ့ စာရင်းတွေအရ တရုတ်မြန်မာကုန်သွယ်ပမာဏ နှစ်စဉ် ဒေါ်လာ (၁)ဘီလျံဖိုးလောက်ရှိတယ်လို့ဆိုပါတယ်။ မြန်မာဘက်က ဆန်၊ ပဲ အပါဝင် လ္ဘက်ခြောက် သီးနှံနဲ့ တိရာစ္ဆန်ထွက်ကုန်တွေ တင်ပို့နေတာပါ။

တရုတ်မြန်မာနယ်စပ်က ဖွင့်ထားဆဲဖြစ်ပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ပြီးခဲ့တဲ့ရက်တွေကိုကြည့်ရင် သစ်သီးတင်ထားတဲ့ ထရပ်ကားတွေ တနေ့ကိုမှ နှစ်ဆယ်အစိတ်လောက်သာ တရုတ်နိုင်ငံထဲ ဝင်နေပါတယ်။ မြန်မာ သီးနှံကုန်သည်တွေကတော့ သူတို့သစ်သီးကားတွေကို ပြည်တွင်းထဲပြန်လှည့်ပြီး အခြားမြို့တွေမှာ လိုက်ရောင်းဖို့စဉ်းစားနေပေမယ့် ပြည်တွင်းမှာက ဝယ်လိုအားနည်းနေတာပါ။ လာမယ့်သီတင်းပတ် တွေထဲ နောက်တကြိမ် အသီးဆွတ်ခူးဖို့အချိန် ရောက်လာတော့မှာမို့ အဝယ်မလိုက်ရင် ဖရဲသီးတွေ ပုတ်ပြီးအရှုံးနဲ့ ရင်ဆိုင်ရမှာကိုလည်း တောင်သူတွေ စိုးရိမ်နေကြပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ျမန္မာဖရဲတင္ပုိ႔မႈထိခုိက္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ျမန္မာဖရဲတင္ပုိ႔မႈထိခုိက္ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.