
(Zawgyi)⤵⤵⤵
ဖေဖော်ဝါရီ ၁၈၊၂၀၂၀





Panglong(Burmese)
-----------
(Unicode)⤵⤵⤵
တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များထပ်မံသိမ်းဆည်းရမိ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၈၊၂၀၂၀

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ပုံလို့လမ်း နှင့် အုန်းခြံလမ်းတောင့် တွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် စိုင်းရှဲန်ဝန်း ထံတွင် ကက်တမင်း အလေးချိန် ၉၀၀ ဂရမ်(ဒေသ ပေါက်ဈေး ၉၀သိန်း) နှင့် သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး စိုင်းရှဲန်ဝန်း နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းတွင် အမေရိကန် နိုင်ငံလုပ် M-16 သေနတ် ၁လက်၊ ကျည်အိမ် ၈ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 99 Luger ကျည် ၁၀၀ တောင့်တို့အားထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ကက်တလင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး စိုင်းရှဲန်ဝန်း ကိ တာချီလိတ်မြို့ မရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များထပ်မံသိမ်းဆည်းရမိ တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များထပ်မံသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.