ရခိုင္ေျမာက္ပိုင္းလူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ သုံးႀကိမ္ေျမာက္ စစ္တရား႐ုံးတင္မည္

(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ပိုင္းက ေမာင္ႏုနဲ႔ ခြၽတ္ျပင္ ႐ိုဟင္ဂ်ာ႐ြာသားေတြအေပၚ တပ္မေတာ္သားေတြ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြကို စစ္တရား႐ုံးတင္ၿပီး အေရးယူမယ္လို႔ တပ္မေတာ္က ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔ မေန႔တုန္းက ထုတ္ျပန္ပါတယ္။

ဒါဟာ တပ္က သုံးႀကိမ္ေျမာက္ ထုတ္ျပန္တာပါ။ စစ္တရား႐ုံးတင္ၿပီး တပ္မေတာ္သားတခ်ိဳ႕ကို အေရးယူခဲ့တာ ၂၀၁၉ တုန္းက အင္းဒင္႐ြာျဖစ္ၿပီး၊ လက္ရွိၾကားနာေနတဲ့ ဂူတာျပင္အမႈလည္း ရွိပါတယ္။ တပ္က အခုထုတ္ျပန္တဲ့ကိစၥဟာ FFM ရီပို႔နဲ႔ တျခား လြတ္လပ္တဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ အစီရင္ခံစာမွာ ပါၿပီးသားအခ်က္ေတြ ျဖစ္တယ္လို႔ Amnesty International အဖြဲ႕က Laura Haigh က ေျပာပါတယ္။

“တကယ္ေတာ့ က်မတို႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာအဖြဲ႕ (AI)၊ ကုလကသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ (FFM) အစရွိတဲ့ အစီရင္ခံစာေတြထဲမွာ ေဖာ္ျပထားတဲ့ ရာဇဝတ္မႈေတြကို ဝန္ခံလိုက္တဲ့ သေဘာပါပဲ။ တပ္မေတာ္နဲ႔ အစိုးရဘက္က အႀကိမ္ႀကိမ္ ျငင္းဆိုထားတဲ့ အေၾကာင္းအရာေတြလည္း ျဖစ္တယ္။ ဒါေၾကာင့္ က်မတို႔ ေမးခ်င္တာက ဘာလို႔အခုခ်ိန္က်ေတာ့မွ ဝန္ခံရတာလဲ။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီလိုျဖစ္စဥ္ေတြကို စစ္ေဆးတာဟာ ႏိုင္ငံတကာရဲ႕ စြပ္စြဲခ်က္ေတြဆိုတာထက္ တပ္မေတာ္က တာဝန္ယူမႈ တာဝန္ခံမႈအတြက္ လုပ္ေဆာင္တာသာ ျဖစ္တယ္လို႔ ေျပာပါတယ္။

တပ္မေတာ္ရဲ႕ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို သုံးႏွစ္လုံး အစိုးရက ဆက္တိုက္ျငင္းဆိုလာတာက အဲဒီကာလတုန္းက အခ်က္အလက္မရေသးလို႔ ျငင္းခဲ့တာလို႔ NLD ပါတီ ေျပာခြင့္ရ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာပါတယ္။

ေနာက္က်ၿပီးေတာ့မွ ဝန္ခံရတဲ့အေၾကာင္းက အစိုးရဟာ အစိုးရျဖစ္ေပမယ့္ အခ်က္အလက္ အျပည့္အဝမရတာလို႔ ေဒါက္တာ မ်ိဳးၫြန႔္က ကာကြယ္ေျပာဆိုပါတယ္။

၂၀၁၇ ၾသဂုတ္လတုန္းက တပ္မေတာ္သားေတြ ႐ြာထဲဝင္လာၿပီး အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈက်ဴးလြန္တာ အျဖစ္မွန္ပဲလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ႐ိုဟင္ဂ်ာ ႐ြာသားတစ္ဦးက ေျပာပါတယ္။

“တပ္မေတာ္က ႐ြာကိုဝိုင္းၿပီးေတာ့ ကေလးေတြ၊ အမ်ိဳးသမီးေတြ၊ သက္ႀကီး႐ြယ္အိုေတြပါ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ၾကပါတယ္။”

တပ္မေတာ္က လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို စနစ္တက် က်ဴးလြန္ေနတာဟာ လူ႔အသိုင္းအဝိုင္းတစ္ခုတည္းတင္မဟုတ္ဘဲ၊ တျခားတိုင္းရင္းသားေဒသေတြမွာလည္း က်ဴးလြန္ေနတာျဖစ္လို႔ ကိုယ့္တရားကိုယ္စီရင္တဲ့ စနစ္က တရားမွ်တမႈ ရွိႏိုင္မွာမဟုတ္ဘူးလို႔လည္း Laura Haigh က ေျပာပါတယ္။

“တပ္မေတာ္ရဲ႕ တရားစီရင္ေရးစနစ္နဲ႔ တရားမွ်တမႈ ေဆာင္ယူေပးမယ္ဆိုတဲ့အခ်က္ကို  ဘယ္လိုယုံၾကည္ရမလဲဆိုတာက ေမးခြန္းထုတ္စရာပါ။ အထူးသျဖင့္ ရာဇဝတ္မႈေတြနဲ႔ပတ္သတ္ၿပီး တာဝန္ရွိတဲ့သူေတြက တပ္ရဲ႕အဖြဲ႕စည္းမႈအရ ထိပ္ပိုင္းေခါင္းေဆာင္ေတြ ျဖစ္ပါတယ္။ က်မတို႔ေျပာေနတာက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ေျပာေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ တပ္မေတာ္ရဲ႕ တရားစီရင္ေရးက ထိပ္ပိုင္းတာဝန္ရွိသူ တစ္ဦးတစ္ေယာက္ခ်င္းစီကို စြဲဆိုႏိုင္မွာမဟုတ္သလို၊ တရားမွ်တမႈလည္း ေဆာင္ယူေပးႏိုင္မွာမဟုတ္ဘူးဆိုတဲ့အခ်က္က အေတာ္ေလးကို ရွင္းေနပါတယ္။ ထိပ္တန္းအရာရွိေတြ တရားစြဲခံရတာမ်ိဳးလည္း က်မတို႔ မေတြ႕ရေသးပါဘူး။”

NLD ပါတီနဲ႔အစိုးရကလည္း ရခိုင္မွာျဖစ္ခဲ့တဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို ေနာက္က်ၿပီးမွ ဝန္ခံတဲ့ကိစၥကို ေနာင္တရ၊ မရ ေမးတဲ့အခါ ေဒါက္တာ မ်ိဳးၫြန႔္က ယတိေျဖဆိုျခင္းေတာ့မရွိပါဘူး။

ရခိုင္ေျမာက္ပိုင္းစစ္ဆင္ေရးအတြင္း ႐ိုဟင္ဂ်ာ အမ်ားအျပား အသတ္ခံရတဲ့႐ြာေတြထဲမွာ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ၿမိဳ႕နယ္ေတြက တူလာတိုလီ ေခၚ မင္းႀကီး႐ြာ၊ ကိုးတန္ေကာက္၊ ေက်ာက္ပန္းတူ၊ ျမင္းလြတ္၊ အလယ္သန္ေက်ာ္႐ြာတို႔လည္း ပါဝင္ပါတယ္။

ရခိုင္ေျမာက္ပိုင္း စစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ခုနစ္သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ရၿပီး အနည္းဆုံး လူတစ္ေသာင္းခန႔္ သတ္ျဖတ္ခံရတယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ခန႔္မွန္းထားၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းလူ့အခွင့်ရေးချိုးဖောက်မှု သုံးကြိမ်မြောက် စစ်တရားရုံးတင်မည်

ရခိုင်မြောက်ပိုင်းက မောင်နုနဲ့ ချွတ်ပြင် ရိုဟင်ဂျာရွာသားတွေအပေါ် တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်တရားရုံးတင်ပြီး အရေးယူမယ်လို့ တပ်မတော်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနေ့တုန်းက ထုတ်ပြန်ပါတယ်။

ဒါဟာ တပ်က သုံးကြိမ်မြောက် ထုတ်ပြန်တာပါ။ စစ်တရားရုံးတင်ပြီး တပ်မတော်သားတချို့ကို အရေးယူခဲ့တာ ၂၀၁၉ တုန်းက အင်းဒင်ရွာဖြစ်ပြီး၊ လက်ရှိကြားနာနေတဲ့ ဂူတာပြင်အမှုလည်း ရှိပါတယ်။ တပ်က အခုထုတ်ပြန်တဲ့ကိစ္စဟာ FFM ရီပို့နဲ့ တခြား လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ပါပြီးသားအချက်တွေ ဖြစ်တယ်လို့ Amnesty International အဖွဲ့က Laura Haigh က ပြောပါတယ်။

“တကယ်တော့ ကျမတို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI)၊ ကုလကသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစရှိတဲ့ အစီရင်ခံစာတွေထဲမှာ ဖော်ပြထားတဲ့ ရာဇဝတ်မှုတွေကို ဝန်ခံလိုက်တဲ့ သဘောပါပဲ။ တပ်မတော်နဲ့ အစိုးရဘက်က အကြိမ်ကြိမ် ငြင်းဆိုထားတဲ့ အကြောင်းအရာတွေလည်း ဖြစ်တယ်။ ဒါကြောင့် ကျမတို့ မေးချင်တာက ဘာလို့အခုချိန်ကျတော့မှ ဝန်ခံရတာလဲ။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီလိုဖြစ်စဉ်တွေကို စစ်ဆေးတာဟာ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေဆိုတာထက် တပ်မတော်က တာဝန်ယူမှု တာဝန်ခံမှုအတွက် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို သုံးနှစ်လုံး အစိုးရက ဆက်တိုက်ငြင်းဆိုလာတာက အဲဒီကာလတုန်းက အချက်အလက်မရသေးလို့ ငြင်းခဲ့တာလို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

နောက်ကျပြီးတော့မှ ဝန်ခံရတဲ့အကြောင်းက အစိုးရဟာ အစိုးရဖြစ်ပေမယ့် အချက်အလက် အပြည့်အဝမရတာလို့ ဒေါက်တာ မျိုးညွန့်က ကာကွယ်ပြောဆိုပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက တပ်မတော်သားတွေ ရွာထဲဝင်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်တာ အဖြစ်မှန်ပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ ရွာသားတစ်ဦးက ပြောပါတယ်။

“တပ်မတော်က ရွာကိုဝိုင်းပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါတယ်။”

တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာဟာ လူ့အသိုင်းအဝိုင်းတစ်ခုတည်းတင်မဟုတ်ဘဲ၊ တခြားတိုင်းရင်းသားဒေသတွေမှာလည်း ကျူးလွန်နေတာဖြစ်လို့ ကိုယ့်တရားကိုယ်စီရင်တဲ့ စနစ်က တရားမျှတမှု ရှိနိုင်မှာမဟုတ်ဘူးလို့လည်း Laura Haigh က ပြောပါတယ်။

“တပ်မတော်ရဲ့ တရားစီရင်ရေးစနစ်နဲ့ တရားမျှတမှု ဆောင်ယူပေးမယ်ဆိုတဲ့အချက်ကို  ဘယ်လိုယုံကြည်ရမလဲဆိုတာက မေးခွန်းထုတ်စရာပါ။ အထူးသဖြင့် ရာဇဝတ်မှုတွေနဲ့ပတ်သတ်ပြီး တာဝန်ရှိတဲ့သူတွေက တပ်ရဲ့အဖွဲ့စည်းမှုအရ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကျမတို့ပြောနေတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောနေတာဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ တရားစီရင်ရေးက ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးတစ်ယောက်ချင်းစီကို စွဲဆိုနိုင်မှာမဟုတ်သလို၊ တရားမျှတမှုလည်း ဆောင်ယူပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်က အတော်လေးကို ရှင်းနေပါတယ်။ ထိပ်တန်းအရာရှိတွေ တရားစွဲခံရတာမျိုးလည်း ကျမတို့ မတွေ့ရသေးပါဘူး။”

NLD ပါတီနဲ့အစိုးရကလည်း ရခိုင်မှာဖြစ်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို နောက်ကျပြီးမှ ဝန်ခံတဲ့ကိစ္စကို နောင်တရ၊ မရ မေးတဲ့အခါ ဒေါက်တာ မျိုးညွန့်က ယတိဖြေဆိုခြင်းတော့မရှိပါဘူး။

ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ အများအပြား အသတ်ခံရတဲ့ရွာတွေထဲမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက တူလာတိုလီ ခေါ် မင်းကြီးရွာ၊ ကိုးတန်ကောက်၊ ကျောက်ပန်းတူ၊ မြင်းလွတ်၊ အလယ်သန်ကျော်ရွာတို့လည်း ပါဝင်ပါတယ်။

ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး အနည်းဆုံး လူတစ်သောင်းခန့် သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္းလူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ သုံးႀကိမ္ေျမာက္ စစ္တရား႐ုံးတင္မည္ ရခိုင္ေျမာက္ပိုင္းလူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ သုံးႀကိမ္ေျမာက္ စစ္တရား႐ုံးတင္မည္ Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.