ျပည္ေထာင္စုဝန္္ႀကီး ေဒါက္တာဝင္းျမတ္ေအး လိုက္ပါလာသည့္ ရဟတ္ယာဥ္ ပစ္ခတ္ခံရ

တပ္မေတာ္ရဟတ္ယာဥ္တစီး (မွတ္တမ္းဓါတ္ပံု -၂၀၁၉ ဇန္န၀ါရီလ ၈ ရက္ေန႔)

(Zawgyi/Unicode)

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔အဖြဲ႔ လိုက္ပါလာတဲ့ ရဟတ္ယာဥ္ဟာ ရခုိင္ေျမာက္ပိုင္းမွာ ဒီကေန႔ ေသနတ္နဲ႔ ပစ္ခတ္ခံရပါတယ္။

ဒါေပမယ့္ ဝန္ႀကီးအပါအဝင္ ရဟတ္ယာဥ္ေပၚ လိုက္ပါလာသူ တဦးတေယာက္မွ ထိခိုက္ဒဏ္ရာရတာမရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို အတည္ျပဳေျပာဆိုပါတယ္။

“ဒီေန႔မနက္ ေဒါက္တာ၀င္းျမတ္ေအး ဘူးသီးေတာင္ခရီးစဥ္အတြင္းမွာ မနက္ ၁၀ နာရီ ၄၅ ေလာက္မွာ အပစ္ခံရတာျဖစ္ပါတယ္။ စစ္ေတြကေန ဘူးသီးေတာင္ကို အသြားျဖစ္တယ္။ ထိခိုက္ဒဏ္ရာရရွိတာေတာ့မရွိဘူး ရဟတ္ယာဥ္ကေတာ့ ၀မ္းဗိုက္ပိုင္းကို ၂ ခ်က္ထိသြားတယ္။ ဘူးသီးေတာင္ကို ေအာင္ျမင္စြာ ဆင္းႏိုင္ခဲ့ပါတယ္ ၿပီးေတာ့ သူ႔ခရီးစဥ္အတိုင္း ဆက္လုပ္ပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ဘူးသီးေတာင္ကေန ျပန္ထြက္ၿပီးေတာ့ စစ္ေတြကို ဒီေန႔ညေန ၃ နာရီမွာ ေရာက္ပါတယ္ အႏၱရာယ္ကင္းရွင္းပါတယ္။ ဘူးသီးေတာင္ ၊ ေမာင္ေတာဘက္ကိုသြားတာ တပ္ရဟတ္ယာဥ္သြားတာပဲ မ်ားပါတယ္။ ေနာက္ထပ္ေျပာရရင္ အဲဒီမွာလည္း ပစ္ခတ္ေနတာပဲ ဘူးသီးေတာင္၊ ေမာင္ေတာတို႔ ရေသ့ေတာင္တို႔ သြားေနၾက တပ္ရဟတ္ယာဥ္ကိုေတာ့ ေအာက္ကေန ရခိုင္ရြာေတြထဲမွာရွိတဲ့ သူတို႔ အမာခံေတြကေနၿပီးေတာ့ ရဟတ္ယာဥ္ကို လွမ္းပစ္ေနၾကပါတယ္။”

ဒီသတင္းအေသးစိတ္ကို ဆက္လက္ တင္ျပေပးသြားပါမယ္။

.................

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါလာသည့် ရဟတ်ယာဉ် ပစ်ခတ်ခံရ

(Unicode)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။

ဒါပေမယ့် ဝန်ကြီးအပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

“ဒီနေ့မနက် ဒေါက်တာဝင်းမြတ်အေး ဘူးသီးတောင်ခရီးစဉ်အတွင်းမှာ မနက် ၁၀ နာရီ ၄၅ လောက်မှာ အပစ်ခံရတာဖြစ်ပါတယ်။ စစ်တွေကနေ ဘူးသီးတောင်ကို အသွားဖြစ်တယ်။ ထိခိုက်ဒဏ်ရာရရှိတာတော့မရှိဘူး ရဟတ်ယာဉ်ကတော့ ဝမ်းဗိုက်ပိုင်းကို ၂ ချက်ထိသွားတယ်။ ဘူးသီးတောင်ကို အောင်မြင်စွာ ဆင်းနိုင်ခဲ့ပါတယ် ပြီးတော့ သူ့ခရီးစဉ်အတိုင်း ဆက်လုပ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဘူးသီးတောင်ကနေ ပြန်ထွက်ပြီးတော့ စစ်တွေကို ဒီနေ့ညနေ ၃ နာရီမှာ ရောက်ပါတယ် အန္တရာယ်ကင်းရှင်းပါတယ်။ ဘူးသီးတောင် ၊ မောင်တောဘက်ကိုသွားတာ တပ်ရဟတ်ယာဉ်သွားတာပဲ များပါတယ်။ နောက်ထပ်ပြောရရင် အဲဒီမှာလည်း ပစ်ခတ်နေတာပဲ ဘူးသီးတောင်၊ မောင်တောတို့ ရသေ့တောင်တို့ သွားနေကြ တပ်ရဟတ်ယာဉ်ကိုတော့ အောက်ကနေ ရခိုင်ရွာတွေထဲမှာရှိတဲ့ သူတို့ အမာခံတွေကနေပြီးတော့ ရဟတ်ယာဉ်ကို လှမ်းပစ်နေကြပါတယ်။”

ဒီသတင်းအသေးစိတ်ကို ဆက်လက် တင်ပြပေးသွားပါမယ်။
VOA (Burmese)
https://burmese.voanews.com
ျပည္ေထာင္စုဝန္္ႀကီး ေဒါက္တာဝင္းျမတ္ေအး လိုက္ပါလာသည့္ ရဟတ္ယာဥ္ ပစ္ခတ္ခံရ ျပည္ေထာင္စုဝန္္ႀကီး ေဒါက္တာဝင္းျမတ္ေအး လိုက္ပါလာသည့္ ရဟတ္ယာဥ္ ပစ္ခတ္ခံရ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.