မင္းျပား၊ ဘူးသီးေတာင္နဲ႔ ေက်ာက္ေတာ္မွာ တိုက္ပဲြျဖစ္ပြား


(Zawgyi/Unicode)

ရခိုင္ျပည္နယ္ မင္းျပား၊ ဘူးသီးေတာင္နဲ ႕ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြ ထဲမွာ မေန႕က ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ ကိုင္ AAအဖြဲ႕ တို႕ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ တခ်ိန္ထဲ မွာပဲ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ ဘက္မွာ ေတာ့ AA ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႔က ရဲ၀န္ထမ္းေတြရဲ႕လစာေငြေတြ ကို သိမ္းယူခဲ့တာပါ။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ အတြင္း ေနာက္ဆံုး အေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္းသတင္း ေထာက္ နိုင္ကြန္းအိန္က ေန ဆက္သြယ္ေမးျမန္း သတင္းေပးပို႕ထားပါတယ္။

မေန႕ကတရက္ထဲ ရခိုင္ျပည္နယ္ၿမိဳ႕နယ္(၃)ၿမိဳ႕နယ္မွာတိုက္ပြဲ(၆)ၾကိမ္ျဖစ္ပြားခဲ့တယ္လို႕ ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခ ကေျပာပါတယ္။

“ေဖေဖၚ၀ါရိီလ(၅)ရက္ေန႕မွာ မင္းျပားၿမိဳ႕နယ္၊ ဖားေပ်ာ္ရြာနဲ႕ မင္းရြာအၾကားမွာ အင္မား(၁၁၀)ေက်ာ္ေလာက္ရွိတဲ့ ရန္ သူ႕စစ္ေၾကာင္းကို ကြ်န္ေတာ္တို႕ဖက္ကေနျပီးေတာ့ မနက္(၁၀)နာရီနဲ႕(၂၆)မိနစ္မွာ ျဖတ္ေတာက္တိုက္ခိုက္ ခဲ့တာ ရွိတယ္။ ေနာက္ၿပီးလို႕ရွိရင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ခေပၚရြာအနီးမွာလဲဘဲ ေန႕လယ္(၂)နာရီ(၆)မိနစ္မွာ တၾကိမ္ တိုက္ပြဲျဖစ္တာရွိတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ သွ်စ္ရွားေတာင္ရြာအနီးေတာင္ကုန္းမွာတႀကိမ္ ေနာက္ဒီ သွ်စ္ရွား ေတာင္တ၀ိုက္မွာဘဲ တျခားေနရာ(၃)ခုမွာ တိုက္ပြဲ(၃)ၾကိမ္ျဖစ္တာရွိတယ္။ ဆိုေတာ့ အကုန္လုံးမေန႕က ဒီ ေဖေဖၚ ၀ါရိလ(၅)ရက္တေန႕တာမွာ တိုက္ပြဲစုစုေပါင္း (၆)ႀကိမ္ျဖစ္တာရွိတယ္။ ထိခိုက္မွဳအေျခအေနအေသးစိတ္ ကေတာ့ မသိရေသးဘူးဗ်။”

မင္းျပားၿမိဳ႕နယ္အတြင္းတိုက္ပြဲရပ္တန္႕ေနတာ(၂)ပတ္ေက်ာ္ရာကေန မေန႕ကတိုက္ပြဲ စတင္ျဖစ္ပြါးလာတာပါ။ မေန႕က ဘူးသီးေတာင္ၿမိဳ႕နယ္ သွ်စ္ရွားေတာင္တိုက္ပြဲမွာ ဆင္ေသျပင္မူဆလင္ေက်းရြာဘက္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႕ ရြာသားတဦးဒဏ္ရာျပင္းထန္ရရွိခဲ့တယ္လို႕ ဆင္ေသျပင္ရြာသားတဦးကေျပာပါတယ္။

ဆင္ေသျပင္ရြာသား အာမာန္အူလာ(၃၀)ႏွစ္ဟာ ဒဏ္ရာျပင္းထန္လို႕ စစ္ေတြေဆးရံုဒါမွမဟုတ္ ဘဂၤလားေဒ့ရ္နိုင္ငံ ေဆးရံုဘက္ကို ပို႕ေဆာင္ကုသ ရမဲ့အေျခအေနေရာက္ေနတယ္ လို႕အဆိုပါ ရြာသားကေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မင္းျပားနဲ႕ဘူးသီးေတာင္ ၿမိဳ႕ နယ္ဖက္ တိုက္ပြဲအေျခအေနကိုမသိရေသးဘူးေျပာဆိုသလို မေန႕ကေက်ာက္ေတာ္ၿမိဳ႕နယ္ မီး၀ရြာဘက္မွာတိုက္ ပြဲျဖစ္ပြားေၾကာင္းေျပာဆိုပါတယ္။

“ကြ်န္ေတာ္ေတာ့ အဲတာမသိသးဘူးဗ်ာ။ မေန႕ကေတာ့ကြ်န္ေတာ္တို႕ဆီမွာသိထားတာ မီး၀ရြာရဲ႕အေရွ႕ေျမာက္ ဖက္မွာေတာ့ ထိေတြ႕မွဳတခုရွိပါတယ္ဗ်။ မေန႕ကေန႕လယ္ပိုင္းေလာက္ မွာျဖစ္တာျဖစ္ပါတယ္ဗ်။”

ေက်ာက္ေတာ္ၿမိဳ႕နယ္မီး၀ရြာဘက္မွာ မေန႕ကေန ဒီကေန႕အထိ ပစ္ခတ္တိုက္ခိုက္သံ ၾကားေနရတယ္လို႕ မီး၀ရြာ သားကိုေက်ာ္လွကေျပာပါတယ္။

“ ေသနတ္ေပါက္သံေတာ့ၾကားတယ္ခင္ဗ်။ တိုက္ပြဲေပါက္တယ္လို႕ေတာ့ေျပာတယ္။ (၂၁၉)ကေနလက္နက္ႀကီးနဲ႕ ပစ္တယ္။ အခုဒီကလည္း လက္နက္အႀကီးအေသး အသံေတြကအကုန္လုံးစုံေနတာဘဲ။ အခုျဖစ္ေနတာကမီး၀ရဲ႕ အေရွ႕ ဖက္ကမ္း မီးေခ်ာင္းတံတား ရဲ႕အနီးမွာ စခန္းရွိတယ္။ အဲဒီစခန္းအနားမွာျဖစ္တာ။”

ခ်င္းျပည္နယ္မွာ ေတာ့ မေန႔က ပလက္၀ၿမိဳ႕နယ္ဖက္မွာ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕နဲ႕ ပညာေရး၀န္ထမ္းေတြရဲ႕ ၀န္ထမ္းလစာ ထုတ္ေငြေတြကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ကေန သိမ္းဆီးခဲ့တဲ့ျဖစ္စဥ္ျဖစ္ပြားခဲ့တယ္လို႕ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ကေျပာပါတယ္။

AA အဖြဲ့ ေျပာခြင့္ရ ခိုင္သုခကေတာ့ မေန႕က မနက္ဘက္ ပလက္၀ၿမိဳ႕နယ္ က်ိီးေလရြာ အနားမွာ စက္ေလွတခ်ိဳ႕ကို AA ဖက္က စစ္ေဆးခဲ့ေၾကာင္းနဲ႔ အဲဒီမွာ ေတြ႔ရွိခဲ့တဲ့ ရဲတပ္ဖြဲ႕ ပိုင္ေငြေတြကို သိမ္းဆီး လိုက္ျပီး ပညာေရး၀န္ထမ္း လစာေငြေတြ ကိုေတာ့ျပန္ေပးလိုက္တယ္လို႕ အခုလိုေျပာ ပါတယ္။

“၄၃၄၉၀၀၀ အဲတာ ရဲတပ္ဖြဲ႕ပိုင္တဲ့ပိုက္ဆံ။ အဲဒီအျပင္ေနာက္ထပ္ေနၿပီးေတာ့ သိန္း (၂၀) ေပါ့ေနာ္။ အဲတာ ဆရာ ဆရာမေတြရဲ႕လစာလို႕ေျပာတယ္။ အဲဒီသိန္း(၂၀) ကိုေတာ့ ကြ်န္ေတာ္တို႕ ျပန္ေပး လိုက္ၿပီး။ အခုကြ်န္ေတာ္တို႕ သိမ္းဆီးလိုက္တာက ေလးဆယ့္သုံးသိန္း ေလးေသာင္းကိုးေထာင္ဘဲ။”

ပလက္၀ၿမိဳ႕နယ္ ပညာေရးမွဴး ဆလိုင္းေအာင္မင္းကေတာ့ ပညာေရး၀န္ထမ္း လစာေငြေတြ ုျပန္လည္ ရရွိခဲ့ၿပီးလို႕ ေျပာပါတယ္။

“ဒီေန႕ေန႕လယ္(၂)နာရီမွာအားလုံးျပန္ရပါၿပီခင္ဗ်။ ကြ်န္ေတာ္တို႕ပညာေရးဌာနကေတာ့ သိန္း(၂၀)ပါသြားတယ္ ခင္ဗ်။ အဲဒီသိန္း(၂၀)ျပန္ရပါၿပီးခင္ဗ်။ ျပန္ေပးတယ္ လို႕ေျပာပါတယ္ ခင္ဗ်။”

ပလက္ဝ ဘက္မွာ တိုက္ပြဲ ျဖစ္ပြားတယ္လုိ႔ ေျပာဆိုသံ မၾကားရေပမယ့္ ရခိုင္ျပည္နယ္ ရေသ့ေတာင္နဲ႕ ဘူးသီး ေတာင္ၿမိဳ႕နယ္ဖက္မွာ ျမန္မာစစ္တပ္နဲ႕AA အဖြဲ႕တို႕ ေဖေဖၚ၀ါရီ(၄) ရက္ေန႕မွာလဲ တိုက္ပြဲျပင္းျပင္း ထန္ထန္ျဖစ္ ပြါး ခဲ့ပါတယ္။ ရေသ့ေတာင္ျပိန္းေတာ ကုလားေခ်ာင္း တိုက္ပြဲျဖစ္စဥ္အတြင္း အရပ္သားေတာ္ေတာ္မ်ားမ်ား ရြာထဲပိတ္မိ ေနဆဲ အေျခအေနေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႕ လူမွဳအဖြဲ႕အစည္းေတြ ကေန သြားေရာက္ ကယ္ထုတ္ ေနရ ပါတယ္။

ရခိုင္ျပည္နယ္ တႏွစ္ေက်ာ္အၾကာ တိုက္ပြဲစဥ္အတြင္း စစ္ေဘးတိမ္းေရွာင္ေနရတဲ့ဦးေရ (၁၀၆၀၀၀)ေက်ာ္ ရွိလာ ေနျပီးလို႕လဲ ရခိုင္လူမွဳ အဖြဲ႕အစည္းေတြက စာရင္းထုတ္ျပန္ ထားပါတယ္။

....................

မင်းပြား ဘူးသီးတောင်နဲ့ ကျောက်တော်မှာ တိုက်ပွဲဖြစ်ပွား

(Unicode)

ရခိုင်ပြည်နယ် မင်းပြား၊ ဘူးသီးတောင်နဲ့ကျောက်တော်မြို့နယ်တွေ ထဲမှာ မနေ့က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက် ကိုင် AAအဖွဲ့ တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ တချိန်ထဲ မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်မှာ တော့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့က ရဲဝန်ထမ်းတွေရဲ့လစာငွေတွေ ကို သိမ်းယူခဲ့တာပါ။

ရခိုင်နဲ့ ချင်းပြည်နယ် အတွင်း နောက်ဆုံး အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်က နေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

မနေ့ကတရက်ထဲ ရခိုင်ပြည်နယ်မြို့နယ်(၃)မြို့နယ်မှာတိုက်ပွဲ(၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။

“ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှာ မင်းပြားမြို့နယ်၊ ဖားပျော်ရွာနဲ့ မင်းရွာအကြားမှာ အင်မား(၁၁၀)ကျော်လောက်ရှိတဲ့ ရန် သူ့စစ်ကြောင်းကို ကျွန်တော်တို့ဖက်ကနေပြီးတော့ မနက်(၁၀)နာရီနဲ့(၂၆)မိနစ်မှာ ဖြတ်တောက်တိုက်ခိုက် ခဲ့တာ ရှိတယ်။ နောက်ပြီးလို့ရှိရင် ကျောက်တော်မြို့နယ် ခပေါ်ရွာအနီးမှာလဲဘဲ နေ့လယ်(၂)နာရီ(၆)မိနစ်မှာ တကြိမ် တိုက်ပွဲဖြစ်တာရှိတယ်။ ဘူးသီးတောင်မြို့နယ် သျှစ်ရှားတောင်ရွာအနီးတောင်ကုန်းမှာတကြိမ် နောက်ဒီ သျှစ်ရှား တောင်တဝိုက်မှာဘဲ တခြားနေရာ(၃)ခုမှာ တိုက်ပွဲ(၃)ကြိမ်ဖြစ်တာရှိတယ်။ ဆိုတော့ အကုန်လုံးမနေ့က ဒီ ဖေဖေါ် ဝါရိလ(၅)ရက်တနေ့တာမှာ တိုက်ပွဲစုစုပေါင်း (၆)ကြိမ်ဖြစ်တာရှိတယ်။ ထိခိုက်မှုအခြေအနေအသေးစိတ် ကတော့ မသိရသေးဘူးဗျ။”

မင်းပြားမြို့နယ်အတွင်းတိုက်ပွဲရပ်တန့်နေတာ(၂)ပတ်ကျော်ရာကနေ မနေ့ကတိုက်ပွဲ စတင်ဖြစ်ပွါးလာတာပါ။ မနေ့က ဘူးသီးတောင်မြို့နယ် သျှစ်ရှားတောင်တိုက်ပွဲမှာ ဆင်သေပြင်မူဆလင်ကျေးရွာဘက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဆင်သေပြင်ရွာသားတဦးကပြောပါတယ်။

ဆင်သေပြင်ရွာသား အာမာန်အူလာ(၃၀)နှစ်ဟာ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံဒါမှမဟုတ် ဘင်္ဂလားဒေ့ရ်နိုင်ငံ ဆေးရုံဘက်ကို ပို့ဆောင်ကုသ ရမဲ့အခြေအနေရောက်နေတယ် လို့အဆိုပါ ရွာသားကပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မင်းပြားနဲ့ဘူးသီးတောင် မြို့ နယ်ဖက် တိုက်ပွဲအခြေအနေကိုမသိရသေးဘူးပြောဆိုသလို မနေ့ကကျောက်တော်မြို့နယ် မီးဝရွာဘက်မှာတိုက် ပွဲဖြစ်ပွားကြောင်းပြောဆိုပါတယ်။

“ကျွန်တော်တော့ အဲတာမသိသးဘူးဗျာ။ မနေ့ကတော့ကျွန်တော်တို့ဆီမှာသိထားတာ မီးဝရွာရဲ့အရှေ့မြောက် ဖက်မှာတော့ ထိတွေ့မှုတခုရှိပါတယ်ဗျ။ မနေ့ကနေ့လယ်ပိုင်းလောက် မှာဖြစ်တာဖြစ်ပါတယ်ဗျ။”

ကျောက်တော်မြို့နယ်မီးဝရွာဘက်မှာ မနေ့ကနေ ဒီကနေ့အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရတယ်လို့ မီးဝရွာ သားကိုကျော်လှကပြောပါတယ်။

“ သေနတ်ပေါက်သံတော့ကြားတယ်ခင်ဗျ။ တိုက်ပွဲပေါက်တယ်လို့တော့ပြောတယ်။ (၂၁၉)ကနေလက်နက်ကြီးနဲ့ ပစ်တယ်။ အခုဒီကလည်း လက်နက်အကြီးအသေး အသံတွေကအကုန်လုံးစုံနေတာဘဲ။ အခုဖြစ်နေတာကမီးဝရဲ့ အရှေ့ ဖက်ကမ်း မီးချောင်းတံတား ရဲ့အနီးမှာ စခန်းရှိတယ်။ အဲဒီစခန်းအနားမှာဖြစ်တာ။”

ချင်းပြည်နယ်မှာ တော့ မနေ့က ပလက်ဝမြို့နယ်ဖက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပညာရေးဝန်ထမ်းတွေရဲ့ ဝန်ထမ်းလစာ ထုတ်ငွေတွေကို ရခိုင်လက်နက်ကိုင် AAအဖွဲ့ကနေ သိမ်းဆီးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ကပြောပါတယ်။

AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က မနက်ဘက် ပလက်ဝမြို့နယ် ကျီးလေရွာ အနားမှာ စက်လှေတချို့ကို AA ဖက်က စစ်ဆေးခဲ့ကြောင်းနဲ့ အဲဒီမှာ တွေ့ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ ပိုင်ငွေတွေကို သိမ်းဆီး လိုက်ပြီး ပညာရေးဝန်ထမ်း လစာငွေတွေ ကိုတော့ပြန်ပေးလိုက်တယ်လို့ အခုလိုပြော ပါတယ်။

“၄၃၄၉၀၀၀ အဲတာ ရဲတပ်ဖွဲ့ပိုင်တဲ့ပိုက်ဆံ။ အဲဒီအပြင်နောက်ထပ်နေပြီးတော့ သိန်း (၂၀) ပေါ့နော်။ အဲတာ ဆရာ ဆရာမတွေရဲ့လစာလို့ပြောတယ်။ အဲဒီသိန်း(၂၀) ကိုတော့ ကျွန်တော်တို့ ပြန်ပေး လိုက်ပြီး။ အခုကျွန်တော်တို့ သိမ်းဆီးလိုက်တာက လေးဆယ့်သုံးသိန်း လေးသောင်းကိုးထောင်ဘဲ။”

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကတော့ ပညာရေးဝန်ထမ်း လစာငွေတွေ ုပြန်လည် ရရှိခဲ့ပြီးလို့ ပြောပါတယ်။

“ဒီနေ့နေ့လယ်(၂)နာရီမှာအားလုံးပြန်ရပါပြီခင်ဗျ။ ကျွန်တော်တို့ပညာရေးဌာနကတော့ သိန်း(၂၀)ပါသွားတယ် ခင်ဗျ။ အဲဒီသိန်း(၂၀)ပြန်ရပါပြီးခင်ဗျ။ ပြန်ပေးတယ် လို့ပြောပါတယ် ခင်ဗျ။”

ပလက်ဝ ဘက်မှာ တိုက်ပွဲ ဖြစ်ပွားတယ်လို့ ပြောဆိုသံ မကြားရပေမယ့် ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီး တောင်မြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့AA အဖွဲ့တို့ ဖေဖေါ်ဝါရီ(၄) ရက်နေ့မှာလဲ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ် ပွါး ခဲ့ပါတယ်။ ရသေ့တောင်ပြိန်းတော ကုလားချောင်း တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားတော်တော်များများ ရွာထဲပိတ်မိ နေဆဲ အခြေအနေကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ ကနေ သွားရောက် ကယ်ထုတ် နေရ ပါတယ်။

ရခိုင်ပြည်နယ် တနှစ်ကျော်အကြာ တိုက်ပွဲစဉ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ဦးရေ (၁၀၆၀၀၀)ကျော် ရှိလာ နေပြီးလို့လဲ ရခိုင်လူမှု အဖွဲ့အစည်းတွေက စာရင်းထုတ်ပြန် ထားပါတယ်။

ႏုိင္ကြန္းအိန္/ VOA (Burmese)
https://burmese.voanews.com
မင္းျပား၊ ဘူးသီးေတာင္နဲ႔ ေက်ာက္ေတာ္မွာ တိုက္ပဲြျဖစ္ပြား မင္းျပား၊ ဘူးသီးေတာင္နဲ႔ ေက်ာက္ေတာ္မွာ တိုက္ပဲြျဖစ္ပြား Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.