ပုဂံဘုရားမွာ ႐ုပ္သံ႐ိုက္ကူးၿပီး ညစ္ညမ္းဝဘ္ဆိုဒ္မွာတင္ခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲကို စုံစမ္းေန

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမမွာ ဘုရားေစတီေပါင္း ၃ေထာင္ေက်ာ္ရွိ
(Zawgyi)⤵⤵⤵
ျမန္မာ့ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမျဖစ္တဲ့ ပုဂံဇုန္အတြင္းမွာ ႐ိုက္ကူးထားတဲ့ ႏိုင္ငံျခားသားစုံတြဲရဲ႕ ညစ္ညမ္း႐ုပ္သံမွတ္တမ္းတစ္ခု အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနတာနဲ႔ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ စုံစမ္း မႈေတြျပဳလုပ္ေနတယ္လို႔ ေရွးေဟာင္း သုေတသနဌာန၊ ပုဂံဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္ ကဘီဘီစီကို ေျပာပါတယ္။

ပုဂံဘုရားေတြထဲက ဘုရားအမွတ္ ၁၅၅၄ ေရွ႕မွာ႐ိုက္ကူးထားတဲ့ အဆိုပါ႐ုပ္သံဖိုင္ဟာ ညစ္ညမ္းဝဘ္ဆိုဒ္ တစ္ခုမွာလည္း တင္ထားတယ္လို႔သိရၿပီး လူမႈကြန္ရက္သုံးစြဲသူေတြ ျမန္မာေတြၾကားမွာလည္း ျမန္မာ့ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမမွာ ႐ိုက္ကူးထားတာျဖစ္လို႔ ေဝဖန္ေျပာဆိုမႈေတြရွိေနပါတယ္။

'' အဲဒါက ဘယ္တုံးကလုပ္တာလဲ ဘယ္သူလဲဆိုတာ အတိအက်သိဖို႔လိုပါတယ္။ ခ်က္ျခင္းကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ဒါက အီတလီကလို႔လည္းေျပာတယ္။ လြန္ခဲ့တဲ့ ႏွစ္လေလာက္ကလို႔လည္း ေျပာၾကတယ္။ ျပန္ၿပီးေတာ့ ေလ့လာေနတုံးပဲ ရက္တိုအတြင္းသိဖို႔ေတာ့မျဖစ္ႏိုင္ေသးဘူး'' လို႔ ပုဂံဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္က ေျပာျပပါတယ္။

ဒီညစ္ညမ္း႐ုပ္သံဟာ လတ္တေလာ႐ိုက္ကူးထားတာမျဖစ္ႏိုင္ဘူးဆိုတဲ့အခ်က္ကို ပုဂံေဒသခံ ဦးခင္ေမာင္ႏုကလည္းသုံးသပ္ေျပာဆိုပါတယ္။

'' ဒီဥစၥာက ဒီဓာတ္ပုံကိုၾကည့္လိုက္ေတ့ လတ္တေလာျဖစ္တာေတာ့မဟုတ္ဘူး။အနားမွာ ေျပာင္းခင္းေတြ ရွိေနတယ္။ ခန႔္မွန္းေခ် ၁၁ လပိုင္း ၁၂ပိုင္းဝန္းက်င္မွာပဲရွိလိမ့္မယ္။ အခုက ေျပာင္းခင္းေတြက မရွိေတာ့ ဘူး။ ရိတ္ၿပီးေနၿပီ။ ပုဂံက ဘုရားေပါင္း ၃ေထာင္ေက်ာ္ေလာက္ရွိေနတာဆိုေတာ့ ေဒသခံေတြကလည္း ဘုရားေပါင္းအားလုံးကို ေရာက္ဖို႔ခဲယဥ္းတယ္။''လို႔ ဦးခင္ေမာင္ႏုက ေျပာျပပါတယ္.

ဒါေပမယ့္လည္း အခုလို ဘာသာတရားရဲ႕အထြတ္အျမတ္ထားရာ ဘုရားအနီးမွာ ႐ိုက္ကူးခဲ့တာျဖစ္တဲ့ အတြက္ ဒါဟာ စက္ဆုပ္႐ြံရွာစရာလုပ္ရပ္ျဖစ္ၿပီး ေဒသခံအမ်ားစုၾကားမွာလည္း ေဒါသထြက္ စိတ္ေကာင္း ျဖစ္ေနၾကရတယ္လို႔ သူကေျပာပါတယ္။

ပုဂံေဒသဟာ ျမန္မာ့ေရွးေဟာင္းနယ္ေျမအျဖစ္သာမက ကမာၻ႔ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ ထိန္းသိမ္းသတ္မွတ္ထားရာေနရာလည္းျဖစ္တာေၾကာင့္ အေရးယူေဆာင္႐ြက္မႈေတာ့လုပ္ဖို႔လိုတယ္လို႔ ဦးခင္ေမာင္ႏုကေျပာပါတယ္။
ညစ္ညမ္း႐ုပ္သံကို ပုဂံဘုရားအမွတ္ကိုပါ ျမင္သာေအာင္ထည့္သြင္း႐ိုက္ကူးထားခဲ့
' ' အေရးယူဖို႔ဆိုတာကေတာ့ ႏိုင္ငံျခားသားပဲျဖစ္ျဖစ္ ႏိုင္ငံသားပဲျဖစ္ျဖစ္ ဘယ္သူဆိုတာသိရင္ အေရးယူလိုက္လို႔ရတယ္။ အခုက ဟိုတယ္တည္းခိုခန္းေတြကိုလိုက္ၿပီးေတာ့ စုံစမ္းေနပါတယ္။ ဘယ္သူေတြဆိုတာ သိရဖို႔ကို အရင္လိုက္စုံစမ္းေနပါတယ္။ မသိတဲ့အခါၾကေတာ့ဘယ္လိုအေရးယူမလဲ'' လို႔ အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္ေနတဲ့အေျခအေနကို ေရွးေဟာင္းသုေတသနဌာန၊ ပုဂံဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္ကရွင္းျပပါတယ္။

ဘယ္သူဘယ္ဝါဆိုတာမသိေသးေပမယ့္လည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး အေရးယူမႈတစ္ခုကေတာ့ လုပ္ကို လုပ္ဖို႔လိုတယ္လို႔ ပုဂံေဒသခံ ဦးခင္ေမာင္ႏုကသူ႔ရဲ႕အျမင္ကိုေျပာပါတယ္။

'' ဒီတိုင္းထားလို႔ေတာ့မျဖစ္ဘူးလို႔ ျမင္တယ္။ ဒီႏိုင္ငံသားက ဘယ္ႏိုင္ငံကလဲ သိၿပီဆိုရင္ သက္ဆိုင္ရာ သံ႐ုံးကတဆင့္ ဆက္သြယ္ၿပီး ဒီဗီဒီယိုကို လိုင္းေပၚကျဖဳတ္ခ်ဖို႔ရယ္။ ဘာပဲျဖစ္ျဖစ္ အက္ရွင္တစ္ခု ယူဖို႔လို တယ္။ ႐ြံစရာလည္းေကာင္းတယ္။ ႏိုင္ငံတကာကိုလည္း ပ်ံ႕ သြားတယ္ဆိုေတာ့ ဘယ္လိုရည္႐ြယ္ခ်က္ နဲ႔လုပ္သြားလဲေပါ့။ ေဒသခံေတြကေတာ့ ေဒါသထြက္႐ုံပဲ။အဓိကက အာဏာပိုင္ေတြအပိုင္းက အက္ရွင္ယူ ဖို႔လိုတယ္''လို႔ သူ႔ရဲ႕အျမင္ကိုေျပာျပပါတယ္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမဟာ ဘုရားေစတီေပါင္း ၃ေထာင္ေက်ာ္ရွိၿပီး ေက်း႐ြာေပါင္း ၄၂ ႐ြာေက်ာ္ ေရာယွက္ေနထိုင္တဲ့ေနရာျဖစ္တဲ့အတြက္ ဘုရားတစ္ဆူခ်င္းစီကို ေစာင့္ၾကည့္တာမ်ိဳး၊ အေစာင့္ခ်တာ စီစီတီဗြီ(ေစာင့္ၾကည့္ကင္မရာ) တပ္ဆင္တာမ်ိဳးေတြကို မလုပ္ႏိုင္တဲ့အေနအထားျဖစ္တယ္လို႔လည္း ဦးေအာင္ေအာင္ေက်ာ္ကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပုဂံဘုရားမှာ ရုပ်သံရိုက်ကူးပြီး ညစ်ညမ်းဝဘ်ဆိုဒ်မှာတင်ခဲ့တဲ့ နိုင်ငံခြားသားစုံတွဲကို စုံစမ်းနေ


Image caption ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘုရားစေတီပေါင်း ၃ထောင်ကျော်ရှိ

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဇုန်အတွင်းမှာ ရိုက်ကူးထားတဲ့ နိုင်ငံခြားသားစုံတွဲရဲ့ ညစ်ညမ်းရုပ်သံမှတ်တမ်းတစ်ခု အွန်လိုင်းမှာပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ စုံစမ်း မှုတွေပြုလုပ်နေတယ်လို့ ရှေးဟောင်း သုတေသနဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ကဘီဘီစီကို ပြောပါတယ်။

ပုဂံဘုရားတွေထဲက ဘုရားအမှတ် ၁၅၅၄ ရှေ့မှာရိုက်ကူးထားတဲ့ အဆိုပါရုပ်သံဖိုင်ဟာ ညစ်ညမ်းဝဘ်ဆိုဒ် တစ်ခုမှာလည်း တင်ထားတယ်လို့သိရပြီး လူမှုကွန်ရက်သုံးစွဲသူတွေ မြန်မာတွေကြားမှာလည်း မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရိုက်ကူးထားတာဖြစ်လို့ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

'' အဲဒါက ဘယ်တုံးကလုပ်တာလဲ ဘယ်သူလဲဆိုတာ အတိအကျသိဖို့လိုပါတယ်။ ချက်ခြင်းကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါက အီတလီကလို့လည်းပြောတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလို့လည်း ပြောကြတယ်။ ပြန်ပြီးတော့ လေ့လာနေတုံးပဲ ရက်တိုအတွင်းသိဖို့တော့မဖြစ်နိုင်သေးဘူး'' လို့ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပြပါတယ်။

ဒီညစ်ညမ်းရုပ်သံဟာ လတ်တလောရိုက်ကူးထားတာမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ပုဂံဒေသခံ ဦးခင်မောင်နုကလည်းသုံးသပ်ပြောဆိုပါတယ်။

'' ဒီဥစ္စာက ဒီဓာတ်ပုံကိုကြည့်လိုက်တေ့ လတ်တလောဖြစ်တာတော့မဟုတ်ဘူး။အနားမှာ ပြောင်းခင်းတွေ ရှိနေတယ်။ ခန့်မှန်းချေ ၁၁ လပိုင်း ၁၂ပိုင်းဝန်းကျင်မှာပဲရှိလိမ့်မယ်။ အခုက ပြောင်းခင်းတွေက မရှိတော့ ဘူး။ ရိတ်ပြီးနေပြီ။ ပုဂံက ဘုရားပေါင်း ၃ထောင်ကျော်လောက်ရှိနေတာဆိုတော့ ဒေသခံတွေကလည်း ဘုရားပေါင်းအားလုံးကို ရောက်ဖို့ခဲယဉ်းတယ်။''လို့ ဦးခင်မောင်နုက ပြောပြပါတယ်.

ဒါပေမယ့်လည်း အခုလို ဘာသာတရားရဲ့အထွတ်အမြတ်ထားရာ ဘုရားအနီးမှာ ရိုက်ကူးခဲ့တာဖြစ်တဲ့ အတွက် ဒါဟာ စက်ဆုပ်ရွံရှာစရာလုပ်ရပ်ဖြစ်ပြီး ဒေသခံအများစုကြားမှာလည်း ဒေါသထွက် စိတ်ကောင်း ဖြစ်နေကြရတယ်လို့ သူကပြောပါတယ်။

ပုဂံဒေသဟာ မြန်မာ့ရှေးဟောင်းနယ်မြေအဖြစ်သာမက ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသတ်မှတ်ထားရာနေရာလည်းဖြစ်တာကြောင့် အရေးယူဆောင်ရွက်မှုတော့လုပ်ဖို့လိုတယ်လို့ ဦးခင်မောင်နုကပြောပါတယ်။
Image caption ညစ်ညမ်းရုပ်သံကို ပုဂံဘုရားအမှတ်ကိုပါ မြင်သာအောင်ထည့်သွင်းရိုက်ကူးထားခဲ့

' ' အရေးယူဖို့ဆိုတာကတော့ နိုင်ငံခြားသားပဲဖြစ်ဖြစ် နိုင်ငံသားပဲဖြစ်ဖြစ် ဘယ်သူဆိုတာသိရင် အရေးယူလိုက်လို့ရတယ်။ အခုက ဟိုတယ်တည်းခိုခန်းတွေကိုလိုက်ပြီးတော့ စုံစမ်းနေပါတယ်။ ဘယ်သူတွေဆိုတာ သိရဖို့ကို အရင်လိုက်စုံစမ်းနေပါတယ်။ မသိတဲ့အခါကြတော့ဘယ်လိုအရေးယူမလဲ'' လို့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေကို ရှေးဟောင်းသုတေသနဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကရှင်းပြပါတယ်။

ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုတစ်ခုကတော့ လုပ်ကို လုပ်ဖို့လိုတယ်လို့ ပုဂံဒေသခံ ဦးခင်မောင်နုကသူ့ရဲ့အမြင်ကိုပြောပါတယ်။

'' ဒီတိုင်းထားလို့တော့မဖြစ်ဘူးလို့ မြင်တယ်။ ဒီနိုင်ငံသားက ဘယ်နိုင်ငံကလဲ သိပြီဆိုရင် သက်ဆိုင်ရာ သံရုံးကတဆင့် ဆက်သွယ်ပြီး ဒီဗီဒီယိုကို လိုင်းပေါ်ကဖြုတ်ချဖို့ရယ်။ ဘာပဲဖြစ်ဖြစ် အက်ရှင်တစ်ခု ယူဖို့လို တယ်။ ရွံစရာလည်းကောင်းတယ်။ နိုင်ငံတကာကိုလည်း ပျံ့ သွားတယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက် နဲ့လုပ်သွားလဲပေါ့။ ဒေသခံတွေကတော့ ဒေါသထွက်ရုံပဲ။အဓိကက အာဏာပိုင်တွေအပိုင်းက အက်ရှင်ယူ ဖို့လိုတယ်''လို့ သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ ဘုရားစေတီပေါင်း ၃ထောင်ကျော်ရှိပြီး ကျေးရွာပေါင်း ၄၂ ရွာကျော် ရောယှက်နေထိုင်တဲ့နေရာဖြစ်တဲ့အတွက် ဘုရားတစ်ဆူချင်းစီကို စောင့်ကြည့်တာမျိုး၊ အစောင့်ချတာ စီစီတီဗွီ(စောင့်ကြည့်ကင်မရာ) တပ်ဆင်တာမျိုးတွေကို မလုပ်နိုင်တဲ့အနေအထားဖြစ်တယ်လို့လည်း ဦးအောင်အောင်ကျော်ကပြောပြပါတယ်။

BBC Burmese
https://www.bbc.com
ပုဂံဘုရားမွာ ႐ုပ္သံ႐ိုက္ကူးၿပီး ညစ္ညမ္းဝဘ္ဆိုဒ္မွာတင္ခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲကို စုံစမ္းေန ပုဂံဘုရားမွာ ႐ုပ္သံ႐ိုက္ကူးၿပီး ညစ္ညမ္းဝဘ္ဆိုဒ္မွာတင္ခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲကို စုံစမ္းေန Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.