ဖဲြ႕စည္းပံုျပင္ေရးလုပ္ခ်ိန္ ရင္ၾကားေစ့ေရးပစ္ပယ္မည္မဟုတ္ - ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကရင္ျပည္နယ္  ၾကာအင္းဆိပ္ၾကီးက လူထုေတြ႔ဆံုပြဲ

(zawgyi/Unicode)

ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္တာဟာ စစ္မွန္တဲ့ ဖက္ဒရယ္၊ ဒီမုိကေရစီျပည္ေထာင္စုတည္ေဆာက္ေရး အတြက္ ျဖစ္ၿပီး ဖဲြ႔စည္းပံုျပင္ဆင္ေရးေဆာင္ရြက္ေနခ်ိန္မွာလည္း အမ်ိဳးသားရင္ၾကားေစ့ေရးကိုပစ္ပယ္ထားမွာ မဟုတ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ကရင္ျပည္နယ္ ၾကာအင္းဆိပ္ၾကီးက လူထုေတြ႔ဆံုပြဲမွာ ေျပာၾကားပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး ဘာရလာဒ္ ထြက္မလဲဆိုတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ဒီလ ၂၄ရက္ေန႔နဲ႔ ၂၅ရက္ေန႔ေတြမွ ကရင္ျပည္နယ္က ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ၾကီး၊ လိႈင္းဘဲြ႔နဲ႔ ျမ၀တီၿမိဳ႔ေတြကို သြားေရာက္ၿပီး ေဒသခံလူထုနဲ႔ေတြ႔ဆံုပြဲ ျပဳလုပ္ မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ ေန႔လည္ပိုင္းမွာေတာ့ ၾကာအင္းဆိပ္ၾကီး ဇမိခန္းမမွာ လူထုနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ဖို႔ လုပ္ေနတာဟာ စစ္မွန္တဲ့ ဖက္ဒရယ္၊ဒီမုိကေရစီျပည္ေထာင္စုတည္ေဆာက္ေရး အတြက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔မိန္႔ခြန္းမွာ အခုလို ထည့္သြင္း ေျပာၾကားပါတယ္။

“ က်မတို႔ကေနၿပီးေတာ့ ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပဳျပင္ေျပာင္းလဲခ်င္တယ္ဆိုတာက ရည္ရြယ္ခ်က္မရိွ မဟုတ္ပါဘူး။ က်မတို႔ႏိုင္ငံကို စစ္မွန္တဲ့ ဖက္ဒရယ္ဒီမုိကေရစီႏိုင္ငံျဖစ္ေစခ်င္လို႔ ဒီဖဲြ႔စည္းပံုအေျခခံဥပေဒကို ေျပာင္းလဲေနတာ။ စစ္မွန္တဲ့ဖက္ဒရယ္၊ ဒီမုိကေရစီႏိုင္ငံ ျဖစ္ဖုိ႔ လိုတဲ့အခ်က္အလက္ေတြကိုဖဲြ႔စည္းပံုအေျခခံဥပေဒထဲမွာ ပါေစခ်င္လို႔ျဖစ္ပါတယ္။ ဒီလို က်မတို႔လုပ္ေနတဲ့အခ်ိန္မွာပဲ ဘယ္ေတာ့မွ က်မတို႔ မေမ႔တဲ့ ကိစၥက က်မတို႔ ဦးတည္ေနတာဟာ အမ်ိဳးသားရင္ၾကားေစ့ေရးပဲျဖစ္တယ္ဆိုတာ က်မတို႔ မေမ႔ပါဘူး။ ဒါကလည္း က်မတို႔ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ စတင္ထူေထာင္ကတည္းက အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးကို က်မတို႔ ဦးတည္မယ္ဆုိ က်မတို႔ ေျပာထားတာပါ။ အဲဒီတုန္းက အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးဆုိၿပီးေျပာတာက ဘာကို ေျပာေနတာလဲ ဆုိေတာ့ဒီမုိကေရစီကို ယံုၾကည္တဲ့ အသိုင္းအ၀ိုင္းေတြနဲ႔ ဒီမုိကေရစီကို မယံုၾကည္တဲ့ အသိုင္းအ၀ိုင္းေတြၾကားထဲမွာ ရင္ၾကားေစ့ေရး ဒါကို က်မတို႔ အဓိကေျပာခဲ့တာပါ။”

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး စတင္ေဆြးေႏြးဖို႔ လုပ္ေနခ်ိန္မွာပဲ အခုလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေကာ့ကရိတ္ၿမိဳ႔ ႏွစ္သစ္ကူးကြင္းမွာ ဒီကေန႔ မနက္ ၁၀နာရီေလာက္ကေတာ့ ျပဳလုပ္တဲ့ လူထုေတြ႔ဆုံပဲြမွာ ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ရပ္ရြာဖံြ႔ၿဖိဳးေရး အတြက္ ျပည္သူေတြပါ ပါဝင္ ဖို႔ တုိက္တြန္းခဲ့တယ္လို႔ ကိုယ္တုိင္ေတြ႔ဆံုပဲြ သြားေရာက္ခဲ့တဲ့ အမွတ္တရစာေပက ဦး၀င္းျမင့္က ေျပာပါတယ္။

“ ျပည္သူေတြ အဓိက လိုအပ္ေနတဲ့ အသက္ေမြး၀မ္းေက်ာင္းပညာ အဓိက သင္ၾကားေပးဖုိ႔၊ အဲဒီေက်ာင္းေတြ မ်ားမ်ားဖြင့္ႏိုင္ေပးဖုိ႔အဓိက အဲဒါေတြ သူေျပာသြားတယ္။ ေနာက္ ၿငိမ္းခ်မ္းေရးရိွမွပဲ ရပ္ရြာေတြ ဖံြ႔ျဖိဳးမယ္ဆုိတဲ့အေၾကာင္း ၿငိမ္းခ်မ္းေရးကို လူထု ျပည္သူေတြ ပါ၀င္ေဆာင္ရြက္ဖုိ႔၊ အစိုးရတစ္ခုတည္း လုပ္လုိ႔ မရဘူးဆိုတဲ့အေၾကာင္း ေျပာပါတယ္။တစ္ျခားကိစၥကေတာ့ ေျမယာကိစၥတို႔ ဘာတုိ႔ ေျပာတာေပါ့။ ေတာအရပ္ေဒသက လူအေတာ္မ်ားမ်ား လာၾကတယ္။ လူ တစ္ေသာင္းေက်ာ္မယ္ထင္တယ္။ ထုိင္ခံုေတြ မဆန္႔ေတာ့ ေဘးနားမွာ တာရပတ္ေတြ ပါေတြ ခင္းၿပီးေတာ့ ထိုင္ၾကတယ္။”

ေကာ့ကရိတ္လူထုေတြအေနနဲ႔ မူးယစ္ေဆး၀ါးနဲ႔ ေလာင္းကစားကိစၥ၊ အာရွလမ္းမၾကီးရဲ့ ေကာ့ကရိတ္၊ က်ံဳဒိုး၊ အိႏၵဳ၊ သာမည လမ္းပိုင္းေဖာက္လုပ္ရာမွာ သဘာ၀ပတ္၀န္းက်င္ထိခုိက္တာ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ရိွေနတာေတြကိုေတာ့ မတင္ျပႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

ဒီကေန႔ ေဒၚေအာင္ဆန္းစုၾကည္သြားေရာက္တဲ့ ကရင္ျပည္နယ္ ခရီးစဥ္ကိုေတာ့ ကရင္ျပည္နယ္ အစိုးရအဖဲြ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရး၀န္ၾကီးဌာန ၀န္ၾကီး ဦးသန္းႏိုင္က အခုလို ေျပာပါတယ္။

“ မနက္ပိုင္းကို ေကာ့ကရိတ္ေပါ့ေနာ္။ ေကာ့ကရိတ္မွာ ၁နာရီခဲြၾကာတယ္ လူထုေတြ႔ဆံုပဲြလုပ္တယ္။ ၁၂နာရီမွာ ၾကာအင္းဆိပ္ၾကီး ျပန္လာတယ္။ ၾကာအင္းဆိပ္ၾကီး ဇမိခန္းမမွာ လူထုေတြ႔ဆံုပဲြလုပ္ၿပီး ၃နာရီမွာ ၿပီးပါတယ္။ ၃နာရီၿပီးၿပီးေတာ့ နတလ သင္တန္းေက်ာင္းသြားၿပီးေတာ့ ကေလးေတြနဲ႔သြားၿပီး ၀ိုင္းဖဲြ႔စကားေျပာတာေပါ့။ အဲဒါၿပီးေတာ့ အခု ၄နာရီမွာ ေမာ္လၿမိဳင္ျပန္သြားပါၿပီခင္ဗ်ာ။”

မနက္ျဖန္မွာေတာ့ လိႈင္းဘဲြ႔နဲ႔ ျမ၀တီၿမိဳ႔ေတြကို သြားေရာက္မွာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီႏွစ္ပိုင္းအတြင္းမွာ ကခ်င္၊ကယားရွမ္းနဲ႔ ခ်င္းစတဲ့ျပည္နယ္ေတြနဲ႔ စစ္ကိုင္းတုိင္းေဒသၾကီး၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြကို သြားေရာက္ခဲ့ၿပီး ေဒသခံျပည္သူေတြနဲ႔ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။


....................

ဖွဲ့စည်းပုံပြင်ရေးလုပ်ချိန် ရင်ကြားစေ့ရေးပစ်ပယ်မည်မဟုတ် - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

(Unicode)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာဟာ စစ်မှန်တဲ့ ဖက်ဒရယ်၊ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေချိန်မှာလည်း အမျိုးသားရင်ကြားစေ့ရေးကိုပစ်ပယ်ထားမှာ မဟုတ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးက လူထုတွေ့ဆုံပွဲမှာ ပြောကြားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဘာရလာဒ် ထွက်မလဲဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီလ ၂၄ရက်နေ့နဲ့ ၂၅ရက်နေ့တွေမှ ကရင်ပြည်နယ်က ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့နဲ့ မြဝတီမြို့တွေကို သွားရောက်ပြီး ဒေသခံလူထုနဲ့တွေ့ဆုံပွဲ ပြုလုပ် မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ကြာအင်းဆိပ်ကြီး ဇမိခန်းမမှာ လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်၊ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ ကျမတို့ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာက ရည်ရွယ်ချက်မရှိ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်စေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲနေတာ။ စစ်မှန်တဲ့ဖက်ဒရယ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ လိုတဲ့အချက်အလက်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါစေချင်လို့ဖြစ်ပါတယ်။ ဒီလို ကျမတို့လုပ်နေတဲ့အချိန်မှာပဲ ဘယ်တော့မှ ကျမတို့ မမေ့တဲ့ ကိစ္စက ကျမတို့ ဦးတည်နေတာဟာ အမျိုးသားရင်ကြားစေ့ရေးပဲဖြစ်တယ်ဆိုတာ ကျမတို့ မမေ့ပါဘူး။ ဒါကလည်း ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ကတည်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ကျမတို့ ဦးတည်မယ်ဆို ကျမတို့ ပြောထားတာပါ။ အဲဒီတုံးက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီးပြောတာက ဘာကို ပြောနေတာလဲ ဆိုတော့ဒီမိုကရေစီကို ယုံကြည်တဲ့ အသိုင်းအဝိုင်းတွေနဲ့ ဒီမိုကရေစီကို မယုံကြည်တဲ့ အသိုင်းအဝိုင်းတွေကြားထဲမှာ ရင်ကြားစေ့ရေး ဒါကို ကျမတို့ အဓိကပြောခဲ့တာပါ။”

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စတင်ဆွေးနွေးဖို့ လုပ်နေချိန်မှာပဲ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကော့ကရိတ်မြို့ နှစ်သစ်ကူးကွင်းမှာ ဒီကနေ့ မနက် ၁၀နာရီလောက်ကတော့ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ တော့ ဒေါ်အောင်ဆန်းစုကြည်က ရပ်ရွာဖွံ့ဖြိုးရေး အတွက် ပြည်သူတွေပါ ပါဝင် ဖို့ တိုက်တွန်းခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံပွဲ သွားရောက်ခဲ့တဲ့ အမှတ်တရစာပေက ဦးဝင်းမြင့်က ပြောပါတယ်။

“ ပြည်သူတွေ အဓိက လိုအပ်နေတဲ့ အသက်မွေးဝမ်းကျောင်းပညာ အဓိက သင်ကြားပေးဖို့၊ အဲဒီကျောင်းတွေ များများဖွင့်နိုင်ပေးဖို့အဓိက အဲဒါတွေ သူပြောသွားတယ်။ နောက် ငြိမ်းချမ်းရေးရှိမှပဲ ရပ်ရွာတွေ ဖွံ့ဖြိုးမယ်ဆိုတဲ့အကြောင်း ငြိမ်းချမ်းရေးကို လူထု ပြည်သူတွေ ပါဝင်ဆောင်ရွက်ဖို့၊ အစိုးရတစ်ခုတည်း လုပ်လို့ မရဘူးဆိုတဲ့အကြောင်း ပြောပါတယ်။တစ်ခြားကိစ္စကတော့ မြေယာကိစ္စတို့ ဘာတို့ ပြောတာပေါ့။ တောအရပ်ဒေသက လူအတော်များများ လာကြတယ်။ လူ တစ်သောင်းကျော်မယ်ထင်တယ်။ ထိုင်ခုံတွေ မဆန့်တော့ ဘေးနားမှာ တာရပတ်တွေ ပါတွေ ခင်းပြီးတော့ ထိုင်ကြတယ်။”

ကော့ကရိတ်လူထုတွေအနေနဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကိစ္စ၊ အာရှလမ်းမကြီးရဲ့ ကော့ကရိတ်၊ ကျုံဒိုး၊ အိန္ဒု၊ သာမည လမ်းပိုင်းဖောက်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတာတွေကိုတော့ မတင်ပြနိုင်ခဲ့ကြောင်း ပြောပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ကရင်ပြည်နယ် ခရီးစဉ်ကိုတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်က အခုလို ပြောပါတယ်။

“ မနက်ပိုင်းကို ကော့ကရိတ်ပေါ့နော်။ ကော့ကရိတ်မှာ ၁နာရီခွဲကြာတယ် လူထုတွေ့ဆုံပွဲလုပ်တယ်။ ၁၂နာရီမှာ ကြာအင်းဆိပ်ကြီး ပြန်လာတယ်။ ကြာအင်းဆိပ်ကြီး ဇမိခန်းမမှာ လူထုတွေ့ဆုံပွဲလုပ်ပြီး ၃နာရီမှာ ပြီးပါတယ်။ ၃နာရီပြီးပြီးတော့ နတလ သင်တန်းကျောင်းသွားပြီးတော့ ကလေးတွေနဲ့သွားပြီး ဝိုင်းဖွဲ့စကားပြောတာပေါ့။ အဲဒါပြီးတော့ အခု ၄နာရီမှာ မော်လမြိုင်ပြန်သွားပါပြီခင်ဗျာ။”

မနက်ဖန်မှာတော့ လှိုင်းဘွဲ့နဲ့ မြဝတီမြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ပိုင်းအတွင်းမှာ ကချင်၊ကယားရှမ်းနဲ့ ချင်းစတဲ့ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သွားရောက်ခဲ့ပြီး ဒေသခံပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မုိးေဇာ္/VOA (Burmese)
https://burmese.voanews.com
ဖဲြ႕စည္းပံုျပင္ေရးလုပ္ခ်ိန္ ရင္ၾကားေစ့ေရးပစ္ပယ္မည္မဟုတ္ - ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ဖဲြ႕စည္းပံုျပင္ေရးလုပ္ခ်ိန္ ရင္ၾကားေစ့ေရးပစ္ပယ္မည္မဟုတ္ - ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.