ႏိုင္ငံေရးမွာ တပ္မပါဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ကိုးကားၿပီး သမၼတေျပာ

(Zawgyi)⤵⤵⤵
ႏိုင္ငံစည္းလုံးညီၫြတ္ဖို႔ အုပ္ခ်ဳပ္ေရး၊ ႏိုင္ငံေရးနဲ႔ ပါတီလုပ္ငန္းေတြမွာ တပ္မေတာ္နဲ႔ တပ္မေတာ္သားေတြ မပါဝင္ၾကဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက စည္းကမ္းခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ေျပာလိုက္ ပါတယ္။

“ဗမာ့လြတ္လပ္ေရးတပ္မေတာ္သည္ အုပ္ခ်ဳပ္ေရး၊ ႏိုင္ငံေရးနဲ႔ ပတ္သက္လို႔ စြက္ဖက္ျခင္း ျပဳလိမ့္မည္မဟုတ္ ဗမာလြတ္လပ္ေရးတပ္မေတာ္ဗိုလ္မ်ားနဲ႔ တပ္သားမ်ားသည္ ပါတီႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးကိစၥမ်ားႏွင့္ စပ္လ်ဥ္းၿပီး ပါဝင္စြက္ဖက္ျခင္း အလ်ဥ္းမရွိေစရ။ ႏိုင္ငံရဲ႕ စည္းလုံးညီၫြတ္ေရးကို ရည္႐ြယ္ၿပီး ေဆာင္ရန္ ေရွာင္ရန္ကိုလည္း လမ္းၫႊန္ခဲ့ေၾကာင္း ႏိုင္ငံေရး ဂႏၲဝင္စာအုပ္မွာ ေလ့လာေတြ႕ရွိရပါတယ္။”

ေနျပည္ေတာ္၊  သေျပကုန္းအဝိုင္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၁၀၅ ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္ စိုက္ထူခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တုဖြင့္ပြဲ အခမ္းအနားမွာ သမၼတက  ေျပာခဲ့ တာပါ။

ဒီအခမ္းအနားကို တပ္မေတာ္ဘက္က  ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးလည္း တက္ေရာက္ခဲ့ပါတယ္။

တပ္မေတာ္က ႏိုင္ငံေရးမွာ ပါဝင္ေဆာင္႐ြက္ေနတာဟာ အေျခအေနအရ အခ်ိန္ကာလအတိုင္းအတာတစ္ခုအထိပဲ ျဖစ္မွာပါလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကေျပာပါတယ္။

“တပ္မေတာ္ရဲ႕ ႏိုင္ငံေရးမွာ ပါဝင္ေဆာင္႐ြက္မႈေတြဟာ ေခတ္ကာလအေျခအေနအရပဲျဖစ္မယ္လို႔ တပ္မေတာ္ ေခါင္းေဆာင္ေတြလည္း ခဏခဏေျပာေနတာပဲ။ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ပါဝင္ပတ္သက္ေနရတာဟာ အခ်ိန္ အတိုင္းအတာတစ္ခုအထိပဲ ျဖစ္လိမ့္မယ္။ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈေတြရွိလာရင္ ႏိုင္ငံေရးေဆာင္႐ြက္ မႈေတြကို ေလ်ာ့ခ်ၿပီးေဆာင္႐ြက္သြားမယ္။”

ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ တပ္မေတာ္ရဲ႕ဖခင္ျဖစ္ၿပီး တပ္မေတာ္ဌာနခ်ဳပ္နဲ႔ တပ္ရင္းတပ္ဖြဲ႕ေတြမွာ ဗိုလ္ခ်ဳပ္ပုံကို ယေန႔တိုင္ခ်ိတ္ဆြဲထားတုန္းပဲလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။

တပ္မေတာ္ဟာ လူတစ္ဦးတစ္ေယာက္၊ အဖြဲ႕အစည္း၊ တစ္ပါတီတည္းအတြက္မဟုတ္ဘဲ တစ္ႏိုင္ငံလုံးအတြက္ ျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေျပာခဲ့ေၾကာင္း သမၼတဦးဝင္းျမင့္ က သူရဲ႕ဒီေန႔မိန႔္ခြန္းမွာ ထည့္ေျပာခဲ့ ပါေသးတယ္။

တပ္မေတာ္နဲ႔ အစိုးရၾကား အခုလို အျပန္အလွန္ေျပာဆိုေနမႈေတြဟာ ဖန္တရာေတေနၿပီလို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာ ကေျပာပါတယ္။

“ေျပာခြင့္ရွိတဲ့အခါ တက္ေျပာေနတာပဲ။ ဖန္တရာေတ အက္ေၾကာင္းထပ္ေနတဲ့ စကားေတြလိုပဲ။ က်ေနာ္တို႔ ေျပာတာေတြကိုလည္း သူတို႔နားမေထာင္ဘူး။”

တိုင္းရင္းသားအေရးနဲ႔ ပတ္သက္ၿပီး ေတာင္တန္းေဒသေတြမွာ နယ္အတြင္း ကိုယ္ပိုင္ျပဌာန္းခြင့္ အျပည့္အဝ ရွိတဲ့အေၾကာင္း ပင္လုံစာခ်ဳပ္မွာ ဗိုလ္ခ်ဳပ္က ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြခ်မွတ္ခဲ့တဲ့ ပင္လုံသေဘာတူညီခ်က္ေတြကို လက္ရွိ အခ်ိန္အထိ အေကာင္အထည္မေဖာ္ႏိုင္ေသးတာကို ဝမ္းနည္းမိသလို အစိုးရအေနနဲ႔ အစြမ္းကုန္ႀကိဳးပမ္းေဆာင္ ႐ြက္သြားမယ္လို႔ သမၼတကဆိုပါတယ္။

တိုင္းရင္းသားနဲ႔ ဗိုလ္ခ်ဳပ္ၾကားသေဘာတူခဲ့တဲ့ ကတိကဝတ္ကို အေကာင္အထည္ေဖာ္ေနတယ္လို႔ ေျပာၿပီး တန္းတူေရးမေပးတာဟာ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ ကရင္နီျပည္လူငယ္မ်ားသမဂၢ ဗဟိုေကာ္မတီဝင္ ခူးၾကဴးဖဲေကး ကေျပာပါတယ္။

“တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ဗိုလ္ခ်ဳပ္ခ်မွတ္ခဲ့တဲ့ ကတိကဝတ္ကို အစိုးရက အေကာင္အထည္ေဖာ္ေန တယ္လို႔ ေျပာၿပီးတဲ့အခ်ိန္မွာ ဒီေန႔ဒီအခ်ိန္ထိ ဘယ္မွာလဲတန္းတူေရး။ တန္းတူေရးက အေရးႀကီးေနတဲ့အခ်ိန္မွာ အဓိကအေရးႀကီးတာေတြကို အေကာင္အထည္မေဖာ္ဘဲနဲ႔ အလာဟသ အေရးမႀကီးတာေတြကိုပဲ အခ်ိန္ျဖဳန္းေန တယ္လို႔ ယူဆတယ္။  ေၾကး႐ုပ္ေတြေဆာက္တာကို အေလးထားၿပီးေဆာင္႐ြက္ေနတာဟာ အဓိက Unity ျဖစ္ေစခ်င္လို႔လို႔ ေျပာတာေတြ႕ရတယ္။ ပုဂၢိဳလ္ေရးကိုးကြယ္မႈတစ္ခုနဲ႔ ႏိုင္ငံေရးအာဏာတည္ေဆာက္တာဟာ ရယ္စရာတစ္ခုလို႔ ထင္ပါတယ္။”

သမၼတဦးဝင္းျမင့္က  ျမန္မာႏိုင္ငံအေနနဲ႔ အေျခခံ လူအခြင့္အေရးေတြကို အာမခံတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို ဦးတည္ေနတယ္လို႔ ေျပာလိုက္ပါတယ္။

အာဏာရွင္ဆန္ၿပီး ျပည္သူလူထုကို ဖိႏွိပ္မယ့္ ႏိုင္ငံေရးစနစ္မ်ိဳး ျပန္လည္မေပၚေပါက္လာေအာင္လည္း ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။

တဘက္မွာလည္း တပ္မေတာ္အေနနဲ႔ ျမန္မာ့ႏိုင္ငံေရးမွာ ေတာက္ေလွ်ာက္ပါဝင္ေနတာဟာ မျဖစ္သင့္ေၾကာင္းနဲ႔ ကာကြယ္ေရးလုပ္ငန္းကိုသာ ေဆာင္႐ြက္သင့္ေၾကာင္း ျပည္တြင္းႏိုင္ငံေရး အသိုင္းအဝိုင္းကတင္မကဘဲ ႏိုင္ငံတကာကပါ ေထာက္ျပေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
နိုင်ငံရေးမှာ တပ်မပါဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး သမ္မတပြော

နိုင်ငံစည်းလုံးညီညွတ်ဖို့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောလိုက် ပါတယ်။

“ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ် ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနဲ့ တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း နိုင်ငံရေး ဂန္တဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်။”

နေပြည်တော်၊  သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားမှာ သမ္မတက  ပြောခဲ့ တာပါ။

ဒီအခမ်းအနားကို တပ်မတော်ဘက်က  နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့ပါတယ်။

တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတာဟာ အခြေအနေအရ အချိန်ကာလအတိုင်းအတာတစ်ခုအထိပဲ ဖြစ်မှာပါလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

“တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မှုတွေဟာ ခေတ်ကာလအခြေအနေအရပဲဖြစ်မယ်လို့ တပ်မတော် ခေါင်းဆောင်တွေလည်း ခဏခဏပြောနေတာပဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေရတာဟာ အချိန် အတိုင်းအတာတစ်ခုအထိပဲ ဖြစ်လိမ့်မယ်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုတွေရှိလာရင် နိုင်ငံရေးဆောင်ရွက် မှုတွေကို လျော့ချပြီးဆောင်ရွက်သွားမယ်။”

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ဖြစ်ပြီး တပ်မတော်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဗိုလ်ချုပ်ပုံကို ယနေ့တိုင်ချိတ်ဆွဲထားတုန်းပဲလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

တပ်မတော်ဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ တစ်ပါတီတည်းအတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ကြောင်း သမ္မတဦးဝင်းမြင့် က သူရဲ့ဒီနေ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ ပါသေးတယ်။

တပ်မတော်နဲ့ အစိုးရကြား အခုလို အပြန်အလှန်ပြောဆိုနေမှုတွေဟာ ဖန်တရာတေနေပြီလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကပြောပါတယ်။

“ပြောခွင့်ရှိတဲ့အခါ တက်ပြောနေတာပဲ။ ဖန်တရာတေ အက်ကြောင်းထပ်နေတဲ့ စကားတွေလိုပဲ။ ကျနော်တို့ ပြောတာတွေကိုလည်း သူတို့နားမထောင်ဘူး။”

တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တောင်တန်းဒေသတွေမှာ နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့အကြောင်း ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်က ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ပင်လုံသဘောတူညီချက်တွေကို လက်ရှိ အချိန်အထိ အကောင်အထည်မဖော်နိုင်သေးတာကို ဝမ်းနည်းမိသလို အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ သမ္မတကဆိုပါတယ်။

တိုင်းရင်းသားနဲ့ ဗိုလ်ချုပ်ကြားသဘောတူခဲ့တဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်နေတယ်လို့ ပြောပြီး တန်းတူရေးမပေးတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ခူးကြူးဖဲကေး ကပြောပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ ကတိကဝတ်ကို အစိုးရက အကောင်အထည်ဖော်နေ တယ်လို့ ပြောပြီးတဲ့အချိန်မှာ ဒီနေ့ဒီအချိန်ထိ ဘယ်မှာလဲတန်းတူရေး။ တန်းတူရေးက အရေးကြီးနေတဲ့အချိန်မှာ အဓိကအရေးကြီးတာတွေကို အကောင်အထည်မဖော်ဘဲနဲ့ အလာဟသ အရေးမကြီးတာတွေကိုပဲ အချိန်ဖြုန်းနေ တယ်လို့ ယူဆတယ်။  ကြေးရုပ်တွေဆောက်တာကို အလေးထားပြီးဆောင်ရွက်နေတာဟာ အဓိက Unity ဖြစ်စေချင်လို့လို့ ပြောတာတွေ့ရတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတစ်ခုနဲ့ နိုင်ငံရေးအာဏာတည်ဆောက်တာဟာ ရယ်စရာတစ်ခုလို့ ထင်ပါတယ်။”

သမ္မတဦးဝင်းမြင့်က  မြန်မာနိုင်ငံအနေနဲ့ အခြေခံ လူအခွင့်အရေးတွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်နေတယ်လို့ ပြောလိုက်ပါတယ်။

အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိနှိပ်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်မပေါ်ပေါက်လာအောင်လည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

တဘက်မှာလည်း တပ်မတော်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တောက်လျှောက်ပါဝင်နေတာဟာ မဖြစ်သင့်ကြောင်းနဲ့ ကာကွယ်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းကတင်မကဘဲ နိုင်ငံတကာကပါ ထောက်ပြနေကြပါတယ်။

RFA Burmese
https://www.rfa.org
ႏိုင္ငံေရးမွာ တပ္မပါဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ကိုးကားၿပီး သမၼတေျပာ ႏိုင္ငံေရးမွာ တပ္မပါဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ကိုးကားၿပီး သမၼတေျပာ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.