ေပါင္းတုတ္႐ြာ လူငယ္ေသဆုံးမႈကေန လူမ်ိဳးေရး အဓိက႐ုဏ္း ျဖစ္လာမွာ ေဒသခံေတြ စိုးရိမ္

အသိုင္းအဝိုင္းႏွစ္ခုၾကား ျပႆနာ မျဖစ္ေစခ်င္လို႔ အမႈမဖြင့္ဘူးလို႔ ႐ိုက္ႏွက္ခံရသူ ရခိုင္လူငယ္မိသားစုဘက္က ေျပာ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ေတာင္ဘက္ ေလးမိုင္ခန႔္အကြာ ရန္ကုန္-စစ္ေတြ အေဝးေျပးကားလမ္းေဘးမွာရွိတဲ့ ေပါင္းတုတ္ေက်း႐ြာက ႐ိုဟင္ဂ်ာ လူငယ္တစ္ဦးဟာ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔ ညေနပိုင္းက သတ္ျဖတ္ခံလိုက္ရပါတယ္။

ေပါင္းတုတ္ေက်း႐ြာက လူငယ္ႏွစ္ေယာက္ဟာ ေက်း႐ြာရဲ႕ေျမာက္ဘက္ မိုင္ဝက္ေလာက္အကြာမွာရွိတဲ့ အေဝးေျပးလမ္းမေပၚက တံတားေလးေပၚမွာ အင္တာနက္လိုင္းမိတဲ့အတြက္ အဲဒီေန႔ ညေန ၇ နာရီေလာက္မွာ အဲဒီမွာ အင္တာနက္ သုံးေနတဲ့အခ်ိန္ လူေလးေယာက္က ဆိုင္ကယ္ႏွစ္စီးနဲ႔ ေရာက္လာၿပီး သူတို႔ကိုဖမ္းဆီးခ်ိန္မွာ တစ္ေယာက္က လြတ္ျမာက္လာခဲ့ကာ က်န္တဲ့တစ္ေယာက္က အသတ္ခံလိုက္ရတာ ျဖစ္တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ဟာ အင္တာနက္ အပိတ္ခံထားရတဲ့ ၿမိဳ႕နယ္ေတြမွာ ပါေပမဲ့ တခ်ိဳ႕ ေနရာေတြမွာ အင္တာနက္လိုင္း မိတဲ့အတြက္ အဲဒီေနရာမွာ သြားသုံးၾကတာလို႔ ေဒသခံေတြက ေျပာပါတယ္။

အဲ့ဒီလူငယ္ အသတ္ခံလိုက္ရၿပီးေနာက္ ၁၉ ရက္ မနက္ပိုင္းမွာ ေလာင္းၾကက္ေက်း႐ြာေဈးကို ဟင္းသီးဟင္း႐ြက္ေရာင္းခ်ဖို႔ ညီမျဖစ္သူကို လိုက္ပို႔ၿပီး ျပန္လာတဲ့ ပန္းေမာ္ေက်း႐ြာသား ရခိုင္တိုင္းရင္းသား အသက္ ၁၉ ႏွစ္အ႐ြယ္ ကိုေမာင္လုံးျဖဴဟာ ေပါင္းတုတ္ေက်း႐ြာကို ဆိုင္ကယ္နဲ႔ ျဖတ္သန္းလာစဥ္ အဲဒီ ႐ြာသားေတြရဲ႕ ဝိုင္းဝန္း ႐ိုက္ႏွက္ခံလိုက္ရၿပီး ေခါင္းမွာ ဒဏ္ရာရခဲ့ပါတယ္။

႐ိုက္ႏွက္ခံလိုက္ရတဲ့ ကိုေမာင္လုံးျဖဴဟာ သူလာတဲ့လမ္းမွာ အသုဘတစ္ခု ရွိတာကို ေတြ႕ခဲ့ေပမယ့္ ႐ိုဟင္ဂ်ာ လူငယ္တစ္ဦး သတ္ျဖတ္ခံထားရတဲ့ အေၾကာင္းကို မသိဘဲ ဆိုင္ကယ္နဲ႔ လာစဥ္ ေနာက္ကေန ႐ိုက္ႏွက္ခံခဲ့ရတာပါ။

ပထမတစ္ခ်က္ အ႐ိုက္ခံလိုက္ရၿပီး ဆိုင္ကယ္ေပၚက လိမ့္က်သြားတဲ့အခ်ိန္မွာ လူေတြဝိုင္းအုံလာၿပီး ႐ိုက္ႏွက္တာကို ခံခဲ့ရတယ္လို႔ ကိုေမာင္လုံးျဖဴက ျပန္ေျပာျပပါတယ္။

ဒဏ္ရာေတြ ရခဲ့ၿပီး ေဆး႐ုံတက္ ေဆးကုခဲ့ရေပမယ့္ သင့္ျမတ္ေနတဲ့ လူမ်ိဳးႏွစ္ခုအၾကားမွာ ေနာက္ထပ္ မလိုလားအပ္တဲ့ ျပႆနာေတြ ဆက္မျဖစ္ေစခ်င္တာေၾကာင့္ အမႈဖြင့္ အေရးယူမႈေတြကိုလည္း မလုပ္ခ်င္ေတာ့ဘူးလို႔ ကိုေမာင္လုံးျဖဴေရာ သူ႔ရဲ႕အေမ ေဒၚစံခိုင္ျဖဴကပါ ေျပာဆိုၾကပါတယ္။

"ေနာက္ထပ္ ျပႆနာေတြကိုေတာ့ ကြၽန္မတို႔ မလိုလားပါဘူး။ အခုကေတာ့ ဒဏ္ရာေတြလည္းသက္သာလာပါတယ္။ အမႈလည္းမဖြင့္ေတာ့ဘူး။ တစ္ေန႔စာ တစ္ေန႔ ရွာစားေနရတာ ဆိုေတာ့ ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တယ္"လို႔ ကိုေမာင္လုံးျဖဴရဲ႕အေမ ေဒၚစံခိုင္ျဖဴက ေျပာပါတယ္။

ကိုေမာင္လုံးျဖဴတို႔ ေမာင္ႏွမႏွစ္ေယာက္ဟာ သူတို႔ရဲ႕စိုက္ခင္းထဲက ထြက္တဲ့ ဟင္းသီးဟင္း႐ြက္ေတြကို ေလာင္းၾကက္ ေက်း႐ြာေဈးမွာ သြားေရာက္ ေရာင္းခ်ၾကတာ ျဖစ္တယ္လို႔ သူ႔ရဲ႕အေမ ေဒၚစံခိုင္ျဖဴက ေျပာပါတယ္။

ေပါင္းတုတ္ေက်း႐ြာထဲက အသုဘေနအိမ္နားမွာ မြတ္ဆလင္ ေက်း႐ြာသားေတြရဲ႕ ဝိုင္းဝန္း႐ိုက္ႏွက္မႈေတြကို ကိုေမာင္လုံးျဖဴ ခံေနရခ်ိန္မွာ သူတို႔မိသားစုနဲ႔ ရင္းႏွီးတဲ့ မခါေတတို႔ မိသားစုက ဆက္မ႐ိုက္ဖို႔ တားဆီးခဲ့တယ္လို႔ ေျပာပါတယ္။

အဲဒီေနာက္ သူတို႔ရဲ႕အိမ္ကို ေခၚသြားၿပီး ပန္းေမာ္ေက်း႐ြာကို လိုက္ပို႔မယ့္အေၾကာင္း ေျပာေပမယ့္ ကိုေမာင္လုံးျဖဴက လက္မခံဘဲ တစ္ေယာက္တည္း ဒဏ္ရာေတြနဲ႔ သူ႔ရဲ႕႐ြာကို လမ္းေလွ်ာက္ ျပန္လာခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီေနာက္ ေပါင္းတုတ္ေက်း႐ြာက ႐ိုဟင္ဂ်ာ႐ြာသားေတြက ႐ြာအလယ္က ျဖတ္သန္းထားတဲ့ အေဝးေျပး ကားလမ္းမေပၚကို စု႐ုံးေရာက္လာခဲ့ၾကၿပီး အဲ့ဒီလမ္းမေပၚမွာ သြားလာေနတဲ့ ေျမာက္ဦးက လူငယ္တစ္ဦးနဲ႔ ေပါင္းတုတ္ ကူးတို႔ဆိပ္က လူငယ္တစ္ဦးကိုလည္း ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၾကတယ္လို႔ ေပါင္းတုတ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဦးထြန္းလႈိင္က ေျပာပါတယ္။
Ko Maung Wine
အခုလို ႐ိုဟင္ဂ်ာ ေက်း႐ြာသားေတြက ရခိုင္လူမ်ိဳးေတြကို ႐ိုက္တာေတြရွိေနတာေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ တင္းမာမႈေတြ ျဖစ္ပြားလာရင္ပဋိပကၡေတြ ႀကီးမားလာမွာကို စိုးရိမ္ေနရၿပီး ျပႆနာေတြ ဆက္လက္ မျဖစ္ပြားေအာင္ မြတ္ဆလင္ ေက်း႐ြာတာဝန္ခံေတြကို ေခၚယူၿပီး သူတို႔ရဲ႕႐ြာသားေတြကို ထိန္းသိမ္းၾကဖို႔နဲ႔ ျဖစ္ခဲ့တဲ့ ျပႆနာေတြကိုလည္း ဥပေဒအရ ေဆာင္႐ြက္ႏိုင္ဖို႔ ေျပာဆိုထားတယ္လို႔ ဦးဦးထြန္းလႈိင္က ဘီဘီစီကို ေျပာပါတယ္။

"ရာအိမ္မႉးေတြကို ေခၚၿပီးေတာ့ ဒီျပႆနာကို မႀကီးထြားေစနဲ႔၊ ညမထြက္ၾကနဲ႔လို႔ ေျပာထားတယ္။ ဒီေန႔မနက္ (ေဖေဖာ္ဝါရီ ၂၀ ရက္) ကလည္း လူေပါင္း ၂၀၀ ေလာက္ လမ္းမေပၚ ေရာက္လာတယ္။ ေလာေလာဆယ္ေတာ့ ၿငိမ္ေနတယ္။ ထိန္းမႏိုင္လို႔ ျပႆနာျဖစ္ရင္ေတာ့ ကြၽန္ေတာ္လည္း မတားႏိုင္ဘူး။ အခုဟာက လူမ်ိဳးေရး ျပႆနာျဖစ္ေအာင္ ဖန္တီးေနတာလို႔လည္း ေျပာၾကတယ္။ ႐ြာက တစ္ေယာက္ေသလို႔ ရခိုင္ေတြကို ဒီလိုသာ လုပ္ေနရင္။ ရခိုင္ဆိုတာက ဆိုးတဲ့လူ ရွိသလို ေကာင္းတဲ့လူေတြလည္း ရွိတယ္။ လူေကာင္းနဲ႔က်သြားရင္ ဒီျပႆနာက ႀကီးထြားလာႏိုင္တယ္"လို႔ ေပါင္းတုတ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဦးထြန္းလႈိင္က ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၀ ရက္ မနက္ပိုင္း ၆ နာရီေလာက္မွာလည္း ေပါင္းတုတ္ေက်း႐ြာရဲ႕ အေရွ႕ဘက္မွာရွိတဲ့ ေလာင္းၾကက္ေက်း႐ြာက ေျမာက္ဦးကို ေဈးသြားေရာင္းတဲ့ သုံးဘီးဆိုင္ကယ္တစ္စီးကို ႐ြာထဲကေန ေလးခြနဲ႔ ပစ္ခဲ့တဲ့အတြက္ အုပ္ခ်ဳပ္ေရးမႉးဆီကို လာေရာက္ တိုင္တန္းခဲ့တယ္လို႔ သူက ေျပာပါတယ္။

အခုလိုမ်ိဳး မြတ္ဆလင္ေတြက စု႐ုံးမႈေတြ ျပဳလုပ္ေနၿပီး ရခိုင္ေတြကို ဝိုင္းဝန္း႐ိုက္ႏွက္တာေတြ လုပ္ေနတဲ့အတြက္ အနီးဝန္းက်င္မွာရွိတဲ့ ရခိုင္လူမ်ိဳးေတြကေတာ့ ျပႆနာျဖစ္ပြားလာမွာကို စိုးရိမ္ေနၾကသလို ပုံမွန္မသြားလာရဲၾကေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

႐ိုဟင္ဂ်ာ ေက်း႐ြာသား လူငယ္ကို ဖမ္းဆီးသြားၿပီး သတ္ျဖတ္ခဲ့သူေတြဟာ ရခိုင္လူမ်ိဳးေတြလို႔ ေျပာဆိုၾကေပမယ့္ ဘယ္သူဘယ္ဝါ ဆိုတာကိုလည္း မသိရသလို လြတ္ေျမာက္လာခဲ့တဲ့ ႐ိုဟင္ဂ်ာ လူငယ္ေနာက္တစ္ဦးက အဲ့ဒီလူေတြဟာ ဘယ္က ဆိုတာကိုလည္း မသိေၾကာင္းနဲ႔ လူေတြရဲ႕ ပုံပန္းသ႑ာန္ေတြကိုလည္း မေျပာျပႏိုင္တဲ့အတြက္ လိုက္လံရွာေဖြဖို႔ အခက္အခဲရွိေနၿပီး ေလာေလာဆယ္မွာေတာ့ စုံစမ္းမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

အဲ့ဒီလူေလးဦးဟာ ႐ိုဟင္ဂ်ာ လူငယ္ႏွစ္ေယာက္ အင္တာနက္ အသုံးျပဳေနတဲ့ ေနရာကို ဆိုင္ကယ္ႏွစ္စီးနဲ႔ ေရာက္လာ ၿပီး အက်ႌရွည္နဲ႔ အေႏြးထည္မွာပါတဲ့ ေခါင္းေဆာင္းေတြ ေဆာင္းထားၾကတယ္၊ ထြက္ေျပး လြတ္ေျမာက္လာသူ လူငယ္က အျမန္ ထြက္ေျပးလာခဲ့ရတာ ျဖစ္လို႔ လူေတြကို မမွတ္မိဘူးလို႔ ေျပာေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

"၁၈ ရက္ေန႔ ညေန ၆ နာရီ ၄၅ မိနစ္မွာ ကြၽန္ေတာ္တို႔႐ြာက ေကာင္ေလးႏွစ္ေယာက္က ႐ြာမွာ လိုင္းမရလို႔ ႐ြာျပင္ကိုသြားၿပီးေတာ့ အင္တာနက္မွာ သူ႔သူငယ္ခ်င္းနဲ႔ စကားေျပာဖို႔အတြက္ ထြက္သြားပါတယ္။ လိုင္းဖြင့္ထားၿပီး သူတို႔ သူငယ္ခ်င္းႏွစ္ေယာက္ ထိုင္ၿပီး စကားေျပာေနတဲ့အခ်ိန္မွာ ဆိုင္ကယ္ႏွစ္စီးေရာက္လာတယ္။ သူတို႔ကိုဖမ္းတယ္။ တစ္ေယာက္က လြတ္လာၿပီး ေနာက္တစ္ေယာက္က ဖမ္းဆီးခံလိုက္ရတယ္"လို႔ ေပါင္းတုတ္ေက်း႐ြာ တာဝန္ခံ မြတ္ဆလင္ ဘာသာဝင္ ဦးေက်ာ္လွက ေျပာပါတယ္။

ေသဆုံးသူ လူငယ္ကို အဲ့ဒီလူ ေလးေယာက္က ႐ြာရဲ႕ေျမာက္ဘက္ ေျမာက္ဦးၿမိဳ႕ ရွိတဲ့ဘက္ကို ေခၚေဆာင္သြားခဲ့တယ္လို႔ ထြက္ေျပး လြတ္ေျမာက္လာတဲ့ လူငယ္က ေျပာဆိုေၾကာင္း ေက်း႐ြာတာဝန္ခံက ေျပာပါတယ္။

လက္ရွိမွာ ေျမာက္ဦးၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန႔္ ထုတ္ျပန္ထားလို႔ ေျမာက္ဦးၿမိဳ႕ေပၚက လူေတြ ေပါင္းတုတ္႐ြာဘက္ကို လာမယ္ဆိုရင္ ေျမာက္ဦးနဲ႔ ေပါင္းတုတ္ၾကားမွာ ခမရ ၅၄၀ တပ္ရင္းကို ျဖတ္သန္းရမွာ ျဖစ္တဲ့အတြက္ ေျမာက္ဦးဘက္က လာေရာက္သူေတြ မျဖစ္ႏိုင္ဘူးလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဦးထြန္းလႈိင္က ေျပာပါတယ္။

အနီးဝန္းက်င္ ေက်း႐ြာေတြျဖစ္တဲ့ ေပါင္းတုတ္၊ ေလာင္းၾကက္၊ ပန္းေမာ္၊ ေရွာက္ခုန္ကြၽန္း၊ နန္းက်ားစတဲ့ ေက်း႐ြာေတြက ရခိုင္လူမ်ိဳးေတြဟာလည္း ေပါင္းတုတ္အျပင္ တျခား မြတ္ဆလင္ ေက်း႐ြာသားေတြနဲ႔ အဆက္အဆံရွိ အလုပ္လုပ္ကိုင္ေနၾကသူေတြျဖစ္သလို အခုလို အသက္ငယ္႐ြယ္သူေတြအၾကားမွာ လူမႈေရးျပႆနာ မရွိေၾကာင္းနဲ႔ အဲ့ဒီလူငယ္ေတြဟာ လူေကာင္းေတြသာ ျဖစ္တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။

ေပါင္းတုတ္ေက်း႐ြာဟာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႔ ရခိုင္လူမ်ိဳးေတြ အတူေနထိုင္ေနတဲ့ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး အိမ္ေျခ ၁၁၀၀ ေက်ာ္ရွိပါတယ္။ အဲဒီမွာ ရခိုင္လူမ်ိဳးေနအိမ္ ၂၄၀ သာရွိၿပီး ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ တုန္းက ရခိုင္နဲ႔ မြတ္ဆလင္ေတြအၾကား ျပႆနာ ျဖစ္ပြားခဲ့ၾကေပမယ့္ အဲ့ဒီေက်း႐ြာေတြက အခုအခ်ိန္ထိ တည္ၿငိမ္ေနတဲ့ ေက်း႐ြာေတြလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ပေါင်းတုတ်ရွာ လူငယ်သေဆုံးမှုကနေ လူမျိုးရေး အဓိကရုဏ်း ဖြစ်လာမှာ ဒေသခံတွေ စိုးရိမ်


ဓာတ်ပုံ မူပိုင် Myint Lwin
Image caption အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာ မဖြစ်စေချင်လို့ အမှုမဖွင့်ဘူးလို့ ရိုက်နှက်ခံရသူ ရခိုင်လူငယ်မိသားစုဘက်က ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့တောင်ဘက် လေးမိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘေးမှာရှိတဲ့ ပေါင်းတုတ်ကျေးရွာက ရိုဟင်ဂျာ လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက သတ်ဖြတ်ခံလိုက်ရပါတယ်။

ပေါင်းတုတ်ကျေးရွာက လူငယ်နှစ်ယောက်ဟာ ကျေးရွာရဲ့မြောက်ဘက် မိုင်ဝက်လောက်အကွာမှာရှိတဲ့ အဝေးပြေးလမ်းမပေါ်က တံတားလေးပေါ်မှာ အင်တာနက်လိုင်းမိတဲ့အတွက် အဲဒီနေ့ ညနေ ၇ နာရီလောက်မှာ အဲဒီမှာ အင်တာနက် သုံးနေတဲ့အချိန် လူလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး သူတို့ကိုဖမ်းဆီးချိန်မှာ တစ်ယောက်က လွတ်မြာက်လာခဲ့ကာ ကျန်တဲ့တစ်ယောက်က အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်ဟာ အင်တာနက် အပိတ်ခံထားရတဲ့ မြို့နယ်တွေမှာ ပါပေမဲ့ တချို့ နေရာတွေမှာ အင်တာနက်လိုင်း မိတဲ့အတွက် အဲဒီနေရာမှာ သွားသုံးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလူငယ် အသတ်ခံလိုက်ရပြီးနောက် ၁၉ ရက် မနက်ပိုင်းမှာ လောင်းကြက်ကျေးရွာဈေးကို ဟင်းသီးဟင်းရွက်ရောင်းချဖို့ ညီမဖြစ်သူကို လိုက်ပို့ပြီး ပြန်လာတဲ့ ပန်းမော်ကျေးရွာသား ရခိုင်တိုင်းရင်းသား အသက် ၁၉ နှစ်အရွယ် ကိုမောင်လုံးဖြူဟာ ပေါင်းတုတ်ကျေးရွာကို ဆိုင်ကယ်နဲ့ ဖြတ်သန်းလာစဉ် အဲဒီ ရွာသားတွေရဲ့ ဝိုင်းဝန်း ရိုက်နှက်ခံလိုက်ရပြီး ခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။

ရိုက်နှက်ခံလိုက်ရတဲ့ ကိုမောင်လုံးဖြူဟာ သူလာတဲ့လမ်းမှာ အသုဘတစ်ခု ရှိတာကို တွေ့ခဲ့ပေမယ့် ရိုဟင်ဂျာ လူငယ်တစ်ဦး သတ်ဖြတ်ခံထားရတဲ့ အကြောင်းကို မသိဘဲ ဆိုင်ကယ်နဲ့ လာစဉ် နောက်ကနေ ရိုက်နှက်ခံခဲ့ရတာပါ။

ပထမတစ်ချက် အရိုက်ခံလိုက်ရပြီး ဆိုင်ကယ်ပေါ်က လိမ့်ကျသွားတဲ့အချိန်မှာ လူတွေဝိုင်းအုံလာပြီး ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ ကိုမောင်လုံးဖြူက ပြန်ပြောပြပါတယ်။

ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတက် ဆေးကုခဲ့ရပေမယ့် သင့်မြတ်နေတဲ့ လူမျိုးနှစ်ခုအကြားမှာ နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေ ဆက်မဖြစ်စေချင်တာကြောင့် အမှုဖွင့် အရေးယူမှုတွေကိုလည်း မလုပ်ချင်တော့ဘူးလို့ ကိုမောင်လုံးဖြူရော သူ့ရဲ့အမေ ဒေါ်စံခိုင်ဖြူကပါ ပြောဆိုကြပါတယ်။

"နောက်ထပ် ပြဿနာတွေကိုတော့ ကျွန်မတို့ မလိုလားပါဘူး။ အခုကတော့ ဒဏ်ရာတွေလည်းသက်သာလာပါတယ်။ အမှုလည်းမဖွင့်တော့ဘူး။ တစ်နေ့စာ တစ်နေ့ ရှာစားနေရတာ ဆိုတော့ အေးအေးချမ်းချမ်းပဲ နေချင်တယ်"လို့ ကိုမောင်လုံးဖြူရဲ့အမေ ဒေါ်စံခိုင်ဖြူက ပြောပါတယ်။

ကိုမောင်လုံးဖြူတို့ မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့စိုက်ခင်းထဲက ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို လောင်းကြက် ကျေးရွာဈေးမှာ သွားရောက် ရောင်းချကြတာ ဖြစ်တယ်လို့ သူ့ရဲ့အမေ ဒေါ်စံခိုင်ဖြူက ပြောပါတယ်။

ပေါင်းတုတ်ကျေးရွာထဲက အသုဘနေအိမ်နားမှာ မွတ်ဆလင် ကျေးရွာသားတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုတွေကို ကိုမောင်လုံးဖြူ ခံနေရချိန်မှာ သူတို့မိသားစုနဲ့ ရင်းနှီးတဲ့ မခါတေတို့ မိသားစုက ဆက်မရိုက်ဖို့ တားဆီးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် သူတို့ရဲ့အိမ်ကို ခေါ်သွားပြီး ပန်းမော်ကျေးရွာကို လိုက်ပို့မယ့်အကြောင်း ပြောပေမယ့် ကိုမောင်လုံးဖြူက လက်မခံဘဲ တစ်ယောက်တည်း ဒဏ်ရာတွေနဲ့ သူ့ရဲ့ရွာကို လမ်းလျှောက် ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ပေါင်းတုတ်ကျေးရွာက ရိုဟင်ဂျာရွာသားတွေက ရွာအလယ်က ဖြတ်သန်းထားတဲ့ အဝေးပြေး ကားလမ်းမပေါ်ကို စုရုံးရောက်လာခဲ့ကြပြီး အဲ့ဒီလမ်းမပေါ်မှာ သွားလာနေတဲ့ မြောက်ဦးက လူငယ်တစ်ဦးနဲ့ ပေါင်းတုတ် ကူးတို့ဆိပ်က လူငယ်တစ်ဦးကိုလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ ပေါင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Ko Maung Wine

အခုလို ရိုဟင်ဂျာ ကျေးရွာသားတွေက ရခိုင်လူမျိုးတွေကို ရိုက်တာတွေရှိနေတာကြောင့် တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေ ဖြစ်ပွားလာရင်ပဋိပက္ခတွေ ကြီးမားလာမှာကို စိုးရိမ်နေရပြီး ပြဿနာတွေ ဆက်လက် မဖြစ်ပွားအောင် မွတ်ဆလင် ကျေးရွာတာဝန်ခံတွေကို ခေါ်ယူပြီး သူတို့ရဲ့ရွာသားတွေကို ထိန်းသိမ်းကြဖို့နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလည်း ဥပဒေအရ ဆောင်ရွက်နိုင်ဖို့ ပြောဆိုထားတယ်လို့ ဦးဦးထွန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

"ရာအိမ်မှူးတွေကို ခေါ်ပြီးတော့ ဒီပြဿနာကို မကြီးထွားစေနဲ့၊ ညမထွက်ကြနဲ့လို့ ပြောထားတယ်။ ဒီနေ့မနက် (ဖေဖော်ဝါရီ ၂၀ ရက်) ကလည်း လူပေါင်း ၂၀၀ လောက် လမ်းမပေါ် ရောက်လာတယ်။ လောလောဆယ်တော့ ငြိမ်နေတယ်။ ထိန်းမနိုင်လို့ ပြဿနာဖြစ်ရင်တော့ ကျွန်တော်လည်း မတားနိုင်ဘူး။ အခုဟာက လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးနေတာလို့လည်း ပြောကြတယ်။ ရွာက တစ်ယောက်သေလို့ ရခိုင်တွေကို ဒီလိုသာ လုပ်နေရင်။ ရခိုင်ဆိုတာက ဆိုးတဲ့လူ ရှိသလို ကောင်းတဲ့လူတွေလည်း ရှိတယ်။ လူကောင်းနဲ့ကျသွားရင် ဒီပြဿနာက ကြီးထွားလာနိုင်တယ်"လို့ ပေါင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်း ၆ နာရီလောက်မှာလည်း ပေါင်းတုတ်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ လောင်းကြက်ကျေးရွာက မြောက်ဦးကို ဈေးသွားရောင်းတဲ့ သုံးဘီးဆိုင်ကယ်တစ်စီးကို ရွာထဲကနေ လေးခွနဲ့ ပစ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးဆီကို လာရောက် တိုင်တန်းခဲ့တယ်လို့ သူက ပြောပါတယ်။

အခုလိုမျိုး မွတ်ဆလင်တွေက စုရုံးမှုတွေ ပြုလုပ်နေပြီး ရခိုင်တွေကို ဝိုင်းဝန်းရိုက်နှက်တာတွေ လုပ်နေတဲ့အတွက် အနီးဝန်းကျင်မှာရှိတဲ့ ရခိုင်လူမျိုးတွေကတော့ ပြဿနာဖြစ်ပွားလာမှာကို စိုးရိမ်နေကြသလို ပုံမှန်မသွားလာရဲကြကြောင်း ဒေသခံတွေက ပြောပါတယ်။

ရိုဟင်ဂျာ ကျေးရွာသား လူငယ်ကို ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့သူတွေဟာ ရခိုင်လူမျိုးတွေလို့ ပြောဆိုကြပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း မသိရသလို လွတ်မြောက်လာခဲ့တဲ့ ရိုဟင်ဂျာ လူငယ်နောက်တစ်ဦးက အဲ့ဒီလူတွေဟာ ဘယ်က ဆိုတာကိုလည်း မသိကြောင်းနဲ့ လူတွေရဲ့ ပုံပန်းသဏ္ဍာန်တွေကိုလည်း မပြောပြနိုင်တဲ့အတွက် လိုက်လံရှာဖွေဖို့ အခက်အခဲရှိနေပြီး လောလောဆယ်မှာတော့ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီလူလေးဦးဟာ ရိုဟင်ဂျာ လူငယ်နှစ်ယောက် အင်တာနက် အသုံးပြုနေတဲ့ နေရာကို ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာ ပြီး အင်္ကျီရှည်နဲ့ အနွေးထည်မှာပါတဲ့ ခေါင်းဆောင်းတွေ ဆောင်းထားကြတယ်၊ ထွက်ပြေး လွတ်မြောက်လာသူ လူငယ်က အမြန် ထွက်ပြေးလာခဲ့ရတာ ဖြစ်လို့ လူတွေကို မမှတ်မိဘူးလို့ ပြောကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကျွန်တော်တို့ရွာက ကောင်လေးနှစ်ယောက်က ရွာမှာ လိုင်းမရလို့ ရွာပြင်ကိုသွားပြီးတော့ အင်တာနက်မှာ သူ့သူငယ်ချင်းနဲ့ စကားပြောဖို့အတွက် ထွက်သွားပါတယ်။ လိုင်းဖွင့်ထားပြီး သူတို့ သူငယ်ချင်းနှစ်ယောက် ထိုင်ပြီး စကားပြောနေတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီးရောက်လာတယ်။ သူတို့ကိုဖမ်းတယ်။ တစ်ယောက်က လွတ်လာပြီး နောက်တစ်ယောက်က ဖမ်းဆီးခံလိုက်ရတယ်"လို့ ပေါင်းတုတ်ကျေးရွာ တာဝန်ခံ မွတ်ဆလင် ဘာသာဝင် ဦးကျော်လှက ပြောပါတယ်။

သေဆုံးသူ လူငယ်ကို အဲ့ဒီလူ လေးယောက်က ရွာရဲ့မြောက်ဘက် မြောက်ဦးမြို့ ရှိတဲ့ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ လူငယ်က ပြောဆိုကြောင်း ကျေးရွာတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးမြို့နယ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားလို့ မြောက်ဦးမြို့ပေါ်က လူတွေ ပေါင်းတုတ်ရွာဘက်ကို လာမယ်ဆိုရင် မြောက်ဦးနဲ့ ပေါင်းတုတ်ကြားမှာ ခမရ ၅၄၀ တပ်ရင်းကို ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် မြောက်ဦးဘက်က လာရောက်သူတွေ မဖြစ်နိုင်ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ပြောပါတယ်။

အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ပေါင်းတုတ်၊ လောင်းကြက်၊ ပန်းမော်၊ ရှောက်ခုန်ကျွန်း၊ နန်းကျားစတဲ့ ကျေးရွာတွေက ရခိုင်လူမျိုးတွေဟာလည်း ပေါင်းတုတ်အပြင် တခြား မွတ်ဆလင် ကျေးရွာသားတွေနဲ့ အဆက်အဆံရှိ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်သလို အခုလို အသက်ငယ်ရွယ်သူတွေအကြားမှာ လူမှုရေးပြဿနာ မရှိကြောင်းနဲ့ အဲ့ဒီလူငယ်တွေဟာ လူကောင်းတွေသာ ဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ပေါင်းတုတ်ကျေးရွာဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေ အတူနေထိုင်နေတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၁၀၀ ကျော်ရှိပါတယ်။ အဲဒီမှာ ရခိုင်လူမျိုးနေအိမ် ၂၄၀ သာရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် တုန်းက ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ပြဿနာ ဖြစ်ပွားခဲ့ကြပေမယ့် အဲ့ဒီကျေးရွာတွေက အခုအချိန်ထိ တည်ငြိမ်နေတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေပါင္းတုတ္႐ြာ လူငယ္ေသဆုံးမႈကေန လူမ်ိဳးေရး အဓိက႐ုဏ္း ျဖစ္လာမွာ ေဒသခံေတြ စိုးရိမ္ ေပါင္းတုတ္႐ြာ လူငယ္ေသဆုံးမႈကေန လူမ်ိဳးေရး အဓိက႐ုဏ္း ျဖစ္လာမွာ ေဒသခံေတြ စိုးရိမ္ Reviewed by THITHTOOLWIN on 01:31 Rating: 5
Powered by Blogger.