ရခိုင္ႏွင့္ ခ်င္းျပည္နယ္မွ ျမိဳ႕နယ္ ၅ ခုတြင္ အင္တာနက္ ထပ္မံ ပိတ္

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၄/ ၂၀၂၀

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္မွ ျမိဳ႕နယ္ ၅ ခုတြင္ အင္တာနက္လိုင္းမ်ားကို ယာယီ ထပ္မံ ပိတ္ထားလိုက္ျပီဟု သိရသည္။

ထပ္မံ အပိတ္ခံရေသာ ျမိဳ႕နယ္မ်ားမွာ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေျမပံုႏွင့္ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္တို႕ ျဖစ္ၾကသည္။

ျမန္မာႏိုင္ငံ ဆက္သြယ္ေရးႏွင့္ပို႕ေဆာင္ေရး ၀န္ၾကီးဌာမွ မိုဘိုင္း တယ္လီဖုန္း ကုမၼဏီမ်ားကို ယာယီ ပိတ္ထားရန္ ညႊန္ၾကားခ်က္အရ ပိတ္လိုက္ျခင္း ျဖစ္ေၾကာင္း telenor group မွ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သုိ႔အတြက္ တယ္လီေနာ့ အပါအ၀င္ ေအာ္ရီဒူး၊ မိုင္တဲလ္ႏွင့္ အမ္းပီတီ တို႕မွ အင္တာနက္ ၀န္ေဆာင္မႈကို ေဖေဖာ္၀ါရီ ၃ ရက္၊ ည ၁၀ နာရီအခ်ိန္က စျပီး ပိတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အင္တာနက္ ၀န္ေဆာင္မႈကို ပိတ္ေသာ္လည္း တယ္လီဖုန္းႏွင့္ SMS ကို ထိခိုက္မည္ မဟုတ္ဟု ဆိုသည္။

ယခင္ အပိတ္ခံထားရေသာ ျမိဳ႕နယ္မ်ားမွာ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပားႏွင့္ ပုဏၰားကၽြန္းၿမိဳ႕နယ္တို႕ ျဖစ္ၾကသည္။

အင္တာနက္ ပိတ္မႈႏွင့္ ပတ္သက္ျပီး ေျမပံုျမိဳ႕နယ္ ျပည္သူ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက “ အခုလို ရခိုင္မွာ အင္တာနက္လိုင္းေတြကို ပိတ္ျခင္းဟာ အမုန္းတရားေတြ ေပ်ာက္ကြယ္မသြားဘဲ အမွန္တရားေတြသာ ေပ်ာက္ကြယ္သာမွာ ျဖစ္ပါတယ္။ ဒီေလာက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ လူမႈေရး စီအက္စ္အို အဖြဲ႕ အစည္းေတြ၊ မီဒီယာသမား လူပ္ရွားေတာင္းဆိုမႈေတြ ရွိေနတဲ့ၾကားထဲက ထပ္ျပီး အင္တာနက္ေတြကို ပိတ္တယ္ဆိုေတာ့ ပိုျပီး စုိးရိမ္ေၾကာင့္ၾကမႈေတြ ရွိလာရတယ္။ ေဒသအတြင္း ျပသနာမ်ားစြာရွိေနခ်ိန္မွာ သတင္း ေမွာင္ခ်ျခင္း ခံရတာက အားလံုးသူေတြ အတြက္ အထူးစုိးရိမ္စရာ ျဖစ္လာပါတယ္။ သတင္းအမွားေတြသာ ပုိတက္လာျပီးေတာ့ ေျမျပင္ အေျခေနမွာလည္း ပိုျပီး လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ မေတာ္မတရားလုပ္မႈေတြ၊ အႏိုင္က်င့္မႈေတြ ပိုျဖစ္လာႏိုင္တယ္။ ျငိမ္းခ်မ္းေရးကိုလည္း အေထာက္ျပဳမွာ မဟုတ္ဘူး။ အားလံုးကို ျခံဳလို႕ ေျပာရင္ အင္တာနက္ပိတ္မႈဟာ ၾကီးစြာေသာ ဆံုးရံႈးမႈ တစ္ရပ္ ျဖစ္ပါတယ္” ဟု သံုးသပ္ ေျပာဆိုသည္။

---------------------

(Unicode)⤵⤵⤵

ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ် ၅ ခုတွင် အင်တာနက် ထပ်မံ ပိတ်

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/ ၂၀၂၀

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ် ၅ ခုတွင် အင်တာနက်လိုင်းများကို ယာယီ ထပ်မံ ပိတ်ထားလိုက်ပြီဟု သိရသည်။

ထပ်မံ အပိတ်ခံရသော မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေး ဝန်ကြီးဌာမှ မိုဘိုင်း တယ်လီဖုန်း ကုမ္မဏီများကို ယာယီ ပိတ်ထားရန် ညွှန်ကြားချက်အရ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း telenor group မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့အတွက် တယ်လီနော့ အပါအဝင် အော်ရီဒူး၊ မိုင်တဲလ်နှင့် အမ်းပီတီ တို့မှ အင်တာနက် ဝန်ဆောင်မှုကို ဖေဖော်ဝါရီ၃ ရက်၊ ည ၁၀ နာရီအချိန်က စပြီး ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အင်တာနက် ဝန်ဆောင်မှုကို ပိတ်သော်လည်း တယ်လီဖုန်းနှင့် SMS ကို ထိခိုက်မည် မဟုတ်ဟု ဆိုသည်။

ယခင် အပိတ်ခံထားရသော မြို့နယ်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ ဖြစ်ကြသည်။

အင်တာနက် ပိတ်မှုနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ အခုလို ရခိုင်မွာ အင်တာနက်လိုင်းတွေကို ပိတ်ခြင်းဟာ အမုန်းတရားတွေ ပျောက်ကွယ်မသွားဘဲ အမှန်တရားတွေသာ ပျောက်ကွယ်သာမှာ ဖြစ်ပါတယ်။ ဒီလောက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေး စီအက်စ်အို အဖွဲ့ အစည်းတွေ၊ မီဒီယာသမား လူပ်ရှားတောင်းဆိုမှုတွေ ရှိနေတဲ့ကြားထဲက ထပ်ပြီး အင်တာနက်တွေကို ပိတ်တယ်ဆိုတော့ ပိုပြီး စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာရတယ်။ ဒေသအတွင်း ပြသနာများစွာရှိနေချိန်မှာ သတင်း မှောင်ချခြင်း ခံရတာက အားလုံးသူတွေ အတွက် အထူးစိုးရိမ်စရာ ဖြစ်လာပါတယ်။ သတင်းအမှားတွေသာ ပိုတက်လာပြီးတော့ မြေပြင် အခြေနေမှာလည်း ပိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတော်မတရားလုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ ပိုဖြစ်လာနိုင်တယ်။ ငြိမ်းချမ်းရေးကိုလည်း အထောက်ပြုမှာ မဟုတ်ဘူး။ အားလုံးကို ခြုံလို့ ပြောရင် အင်တာနက်ပိတ်မှုဟာ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်ပါတယ်” ဟု သုံးသပ် ပြောဆိုသည်။

ခိုင္လူလွ (ရိုးမေျမ)
Narinjara
https://www.facebook.com/narinjara.info
ရခိုင္ႏွင့္ ခ်င္းျပည္နယ္မွ ျမိဳ႕နယ္ ၅ ခုတြင္ အင္တာနက္ ထပ္မံ ပိတ္ ရခိုင္ႏွင့္ ခ်င္းျပည္နယ္မွ ျမိဳ႕နယ္ ၅ ခုတြင္ အင္တာနက္ ထပ္မံ ပိတ္ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.