ေတာင္းဆိုခ်က္ ေအာင္ျမင္ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္္ရွားမႈ ရပ္မည္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၄

အေျခခံပညာအဆင့္ အတန္းငယ္ေလးေတြရဲ႕ စာေမးပြဲရက္ ေနာက္ဆုတ္ျခင္းနဲ႔ ပတ္သက္ၿပီး ယခင္ကအတိုင္း သာ စစ္ေဆးရန္ ျပင္ဆင္ညႊန္ၾကားခ်က္ ထြက္လာတာေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ရပ္တန္႔သြားမွာ ျဖစ္ တယ္လို႔ အေျခခံပညာေရး လုပ္သားမ်ားသမဂၢ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီဝင္ ဦးမင္းမင္းထြဋ္က ဆိုပါတယ္။

သူက “ ကၽြန္ေတာ္တို႔ ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ယံုၾကည္ခဲ့တယ္။ ေမွ်ာ္ လင့္ခဲ့တယ္။ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ခ်က္ အခ်ည္းႏွီး ျဖစ္မသြားခဲ့ပါဘူး ” လို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၄ ရက္မွာ ထြက္ရွိလာတဲ့ ျပင္ဆင္ညႊန္ၾကားခ်က္အရ စတုတၳတန္းနဲ႔ အ႒မတန္းမ်ားက မတ္လဆန္း အထိ စာေမးပြဲအရင္ဆံုး ေျဖၾကားရမွာျဖစ္ၿပီး၊ သူတို႔ေနာက္မွာေတာ့ က်န္အတန္းငယ္ေလးမ်ားကို အဆင္ေျပသ လို စစ္ေဆးႏိုင္မွာပါ။ တကၠသိုလ္ဝင္တန္း စာေမးပြဲကိုေတာ့ ယခင္သတ္မွတ္ထားတဲ့အတိုင္း စစ္ေဆးေျဖၾကား ရမွာပါ။

၎တို႔နဲ႔ ေတြ႕ဆံုေဆြးေႏြးခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမွင့္တင္မႈ ေကာ္မတီက လႊတ္ေတာ္ကိုယ္စား လွယ္ေတြရဲ႕ အဆိုျပဳတင္ျပခ်က္ေတြကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက လက္ခံခဲ့တာေၾကာင့္ အ ခုလို ျပင္ဆင္ညႊန္ၾကားခ်က္ ထြက္လာခဲ့တာပါ။

ျပည္ေထာင္စုဝန္ႀကီးနဲ႔ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမွာ ပါဝင္ၾကသူေတြက ေဖေဖာ္ဝါရီ ၁ ရက္က ေတြ႕ဆံုေဆြးေႏြးခဲ့ၾက ေပမယ့္ ေျပလည္မႈ မရရွိခဲ့ၾကပါဘူး။ ဒါေၾကာင့္ လႈပ္ရွားမႈကို အရွိန္ျမွင့္တင္ဖို႔ ပညာေရးျမွင့္တင္မႈ ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္ကို ေစာင့္ေနစဥ္ကာလမွာ ေျပလည္သြားခဲ့တာပါ။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
တောင်းဆိုချက် အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

အခြေခံပညာအဆင့် အတန်းငယ်လေးတွေရဲ့ စာမေးပွဲရက် နောက်ဆုတ်ခြင်းနဲ့ ပတ်သက်ပြီး ယခင်ကအတိုင်း သာ စစ်ဆေးရန် ပြင်ဆင်ညွှန်ကြားချက် ထွက်လာတာကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်တန့်သွားမှာ ဖြစ် တယ်လို့ အခြေခံပညာရေး လုပ်သားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးမင်းမင်းထွဋ်က ဆိုပါတယ်။

သူက “ ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ယုံကြည်ခဲ့တယ်။ မျှော် လင့်ခဲ့တယ်။ ကျွန်တော်တို့ မျှော်လင့်ချက် အချည်းနှီး ဖြစ်မသွားခဲ့ပါဘူး ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်မှာ ထွက်ရှိလာတဲ့ ပြင်ဆင်ညွှန်ကြားချက်အရ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းများက မတ်လဆန်း အထိ စာမေးပွဲအရင်ဆုံး ဖြေကြားရမှာဖြစ်ပြီး၊ သူတို့နောက်မှာတော့ ကျန်အတန်းငယ်လေးများကို အဆင်ပြေသ လို စစ်ဆေးနိုင်မှာပါ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ ယခင်သတ်မှတ်ထားတဲ့အတိုင်း စစ်ဆေးဖြေကြား ရမှာပါ။

၎င်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ အဆိုပြုတင်ပြချက်တွေကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့တာကြောင့် အ ခုလို ပြင်ဆင်ညွှန်ကြားချက် ထွက်လာခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုမှာ ပါဝင်ကြသူတွေက ဖေဖော်ဝါရီ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြ ပေမယ့် ပြေလည်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် လှုပ်ရှားမှုကို အရှိန်မြှင့်တင်ဖို့ ပညာရေးမြှင့်တင်မှု ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေစဉ်ကာလမှာ ပြေလည်သွားခဲ့တာပါ။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေတာင္းဆိုခ်က္ ေအာင္ျမင္ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္္ရွားမႈ ရပ္မည္ ေတာင္းဆိုခ်က္ ေအာင္ျမင္ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္္ရွားမႈ ရပ္မည္ Reviewed by THITHTOOLWIN on 08:05 Rating: 5
Powered by Blogger.