အေျခခံပညာ အတန္းစာေမးပြဲေတြကို ဆယ္တန္းစာေမးပြဲ မတိုင္ခင္ စစ္ဖို႔ ပညာေရးဝန္ႀကီး သေဘာတူ


ကန႔္ကြက္တဲ့ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ
(Zawgyi)⤵⤵⤵
ဆရာ၊ ဆရာမ ေတြ ေတာင္းဆိုခဲ့တဲ့အတိုင္း အေျခခံပညာ စာေမးပြဲေတြကို ဆယ္တန္းစာေမးပြဲ မတိုင္ခင္ ေျပာင္းစစ္ဖို႔ ပညာေရးဝန္ႀကီးက သေဘာတူလိုက္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚအိအိၿပဳံးက ဘီဘီစီကို ေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီနဲ႔ ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြဟာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔မွာ ေတြ႕ဆုံခဲ့အၿပီး အခုလို သေဘာတူလိုက္တာလို႔လည္း သူကေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ပညာေရးျမႇင့္တင္မႈ ေကာ္မတီ က ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံပြဲကို ေနျပည္ေတာ္မွာ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ကိုယ္တိုင္ တက္ေရာက္ ေဆြးေႏြးခဲ့ပါတယ္။

"ရလဒ္ကေတာ့ ေလးတန္းရွစ္တန္း စာေမးပြဲေတြကို ဆယ္တန္းစာေမးပြဲ မတိုင္ခင္စစ္မယ္ ဆိုတာ သေဘာတူခဲ့တယ္ "လို႔ ဒီေဆြးေႏြးပြဲမွာ သေဘာတူညီခဲ့တာနဲ႔ ပတ္သက္လို႔ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚအိအိၿပဳံး က ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနက တကၠသိုလ္ဝင္တန္း စာေမးပြဲျဖစ္တဲ့ ဆယ္တန္းစာေမးပြဲၿပီးမွသာ ေလးတန္းနဲ႔ ရွစ္တန္းကလြဲလို႔ က်န္တဲ့အတန္းေတြကို စာေမးပြဲစစ္ဖို႔ ေျပာင္းလဲ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။
ပညာေရးဝန္ႀကီးဌာနရဲ႕ မတ္လကုန္အထိ စာသင္ကာလ တိုးျမင့္မႈ အေပၚ ပညာေရး ေကာလိပ္ ကန႔္ကြက္ဆႏၵျပပြဲ

အရင္ကေတာ့ တျခားအတန္းေတြ စာေမးပြဲၿပီးမွ ဆယ္တန္းစာေမးပြဲကို စစ္ေဆးရတာ ျဖစ္ၿပီး အခုႏွစ္မွာ ဆယ္တန္းစာေမးပြဲ စစ္ၿပီးမွ တျခားအတန္းေတြရဲ႕ စာေမးပြဲကို စစ္ရမယ္လို႔ ျပင္ဆင္ သတ္မွတ္လိုက္တဲ့အတြက္ ေက်ာင္းဆရာ၊ ဆရာမေတြဟာ မတ္လကုန္အထိ စာသင္ရမွာ ျဖစ္တာေၾကာင့္ ဆရာဆရာမေတြနဲ႔ ေက်ာင္းသားေတြက ကန႔္ကြက္ေနၾကတာပါ။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ စာေမးပြဲစစ္တဲ့ အခ်ိန္ေတြ ေျပာင္းလိုက္တဲ့အေပၚ ေက်ာင္းသားသမဂၢ အဖြဲ႕ဝင္ေတြက ဆႏၵျပခဲ့ၾကသလို ဆရာဆရာမေတြကလည္း ၿမိဳနယ္ေတာ္ေတာ္မ်ားမ်ားမွာ ဒီအစီအစဥ္ကို ကန႔္ကြက္တဲ့အေနနဲ႔ ဖဲႀကိဳးစိမ္း လႈပ္ရွားမႈကို လုပ္ေဆာင္ခဲ့ၾကပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ ပညာေရး ျမႇင့္တင္မႈ ေကာ္မတီနဲ႔ ဝန္ႀကီးဌာန အၾကား သေဘာတူညီခ်က္ ရလဒ္နဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံ ဆရာဆရာမမ်ား အဖြဲ႕ခ်ဳပ္ အတြင္းေရးမႉးအဖြဲ႕ဝင္ ေဒါက္တာေဇာ္မ်ိဳးလႈိင္က ေတာင္းဆိုခ်က္နဲ႔ မကြာဘဲ ဆရာ ဆရာမေတြနဲ႔ ေက်ာင္းသားေတြအတြက္ အဆင္ေျပမႈ ရွိတယ္လို႔ ေျပာပါတယ္။

ဆရာဆရာမေတြကို ကိုယ္စားျပဳ ေတာင္းဆိုေနတဲ့ အသင္းအဖြဲ႕ေတြကေတာ့ ပညာေရးဝန္ႀကီးဌာန အေနနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈ ေကာ္မတီနဲ႔ သေဘာတူညီခ်က္ကို တရားဝင္ စာထုတ္ေပးဖို႔ ေျပာဆိုေနၾက ပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
အခြေခံပညာ အတန်းစာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင် စစ်ဖို့ ပညာရေးဝန်ကြီး သဘောတူ

Image caption ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု

ဆရာ၊ ဆရာမ တွေ တောင်းဆိုခဲ့တဲ့အတိုင်း အခြေခံပညာ စာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင် ပြောင်းစစ်ဖို့ ပညာရေးဝန်ကြီးက သဘောတူလိုက်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ဘီဘီစီကို ပြောပါတယ်။

အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့အပြီး အခုလို သဘောတူလိုက်တာလို့လည်း သူကပြောပါတယ်။

အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲကို နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

"ရလဒ်ကတော့ လေးတန်းရှစ်တန်း စာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင်စစ်မယ် ဆိုတာ သဘောတူခဲ့တယ် "လို့ ဒီဆွေးနွေးပွဲမှာ သဘောတူညီခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲပြီးမှသာ လေးတန်းနဲ့ ရှစ်တန်းကလွဲလို့ ကျန်တဲ့အတန်းတွေကို စာမေးပွဲစစ်ဖို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ပညာရေးဝန်ကြီးဌာနရဲ့ မတ်လကုန်အထိ စာသင်ကာလ တိုးမြင့်မှု အပေါ် ပညာရေး ကောလိပ် ကန့်ကွက်ဆန္ဒပြပွဲ

အရင်ကတော့ တခြားအတန်းတွေ စာမေးပွဲပြီးမှ ဆယ်တန်းစာမေးပွဲကို စစ်ဆေးရတာ ဖြစ်ပြီး အခုနှစ်မှာ ဆယ်တန်းစာမေးပွဲ စစ်ပြီးမှ တခြားအတန်းတွေရဲ့ စာမေးပွဲကို စစ်ရမယ်လို့ ပြင်ဆင် သတ်မှတ်လိုက်တဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေဟာ မတ်လကုန်အထိ စာသင်ရမှာ ဖြစ်တာကြောင့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေက ကန့်ကွက်နေကြတာပါ။

ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲစစ်တဲ့ အချိန်တွေ ပြောင်းလိုက်တဲ့အပေါ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြသလို ဆရာဆရာမတွေကလည်း မြိုနယ်တော်တော်များများမှာ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနဲ့ ဝန်ကြီးဌာန အကြား သဘောတူညီချက် ရလဒ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆရာဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က တောင်းဆိုချက်နဲ့ မကွာဘဲ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် အဆင်ပြေမှု ရှိတယ်လို့ ပြောပါတယ်။

ဆရာဆရာမတွေကို ကိုယ်စားပြု တောင်းဆိုနေတဲ့ အသင်းအဖွဲ့တွေကတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနဲ့ သဘောတူညီချက်ကို တရားဝင် စာထုတ်ပေးဖို့ ပြောဆိုနေကြ ပါတယ်။

BBC Burmese
https://www.bbc.com
အေျခခံပညာ အတန္းစာေမးပြဲေတြကို ဆယ္တန္းစာေမးပြဲ မတိုင္ခင္ စစ္ဖို႔ ပညာေရးဝန္ႀကီး သေဘာတူ အေျခခံပညာ အတန္းစာေမးပြဲေတြကို ဆယ္တန္းစာေမးပြဲ မတိုင္ခင္ စစ္ဖို႔ ပညာေရးဝန္ႀကီး သေဘာတူ Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.