ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ေနခ်ိန္ ထိုင္းႏိုင္ငံထဲ တ႐ုတ္ခရီးသြားေတြကို ဘာေၾကာင့္ လာခြင့္ျပဳထားတာလဲ။

ကမာၻလွည့္ခရီးသည္ေတြကို ေမွ်ာ္ေနတဲ့ ပတၱယား ေရေပၚေစ်းက ဝန္ထမ္းတစ္ဦး
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံမွာ ကမာၻလွည့္ခရီးသြားရာသီက တစ္ႏွစ္ပတ္လုံး ျဖစ္ၿပီး ႏိုဝင္ဘာလကုန္ပိုင္းကေန ဧၿပီလဆန္းပိုင္းဟာ ခရီးသြားေတြ အမ်ားဆုံးလာတဲ့ ကာလ ျဖစ္ပါတယ္။ ေျခာက္ေသြ႕ၿပီး ရာသီဥတု ေအးျမတဲ့ အခ်ိန္မို႔ ထိုင္းဘုရားေစတီေတြ၊ အပန္းေျဖကမ္းေျခေတြမွာ ခရီးသြားေတြနဲ႔ ျပည့္ႏွက္ စည္ကားေနေလ့ ရွိပါတယ္။

ဒါေပမဲ့ ခုခ်ိန္မွာေတာ့ အရင္က ကမာၻလွည့္ခရီးသြားေတြ အလာအမ်ားဆုံး ေနရာေတြကို ၾကည့္ရင္ ေျခာက္ကပ္ေနတာ ေတြ႕ရမွာပါ။ လူေတြ ႀကိတ္ႀကိတ္တိုးေနတတ္တဲ့ ေနရာေတြဟာ အခုအခါ ေျခာက္ကပ္ တိတ္ဆိတ္ေနပါတယ္။ ဘန္ေကာက္၊ ပတၱယား၊ ဖူးကက္၊ ခ်င္းမိုင္ တို႔လို သာယာလွပတဲ့ ၿမိဳ႕ႀကီးေတြမွာ အၿမဲ ေတြ႕ရေလ့ရွိတဲ့ တ႐ုတ္ခရီးသြားအုပ္စုေတြလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္သြားပါၿပီ။

ထိုင္းႏိုင္ငံရဲ႕ ကမာၻလွည့္ခရီးသြားလုပ္ငန္း အႀကီးအက်ယ္ ထိခိုက္သြားခဲ့ရသလို လူထုက်န္းမာေရးကိုလည္း ထိခိုက္ခဲ့ရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အျပင္ဘက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈ အျမင့္ဆုံး ႏိုင္ငံေတြထဲမွာ ထိုင္းႏိုင္ငံက ပၪၥမေျမာက္ႏိုင္ငံ ျဖစ္ၿပီး ေရာဂါကူးစက္ ျဖစ္ပြားေနသူေပါင္း ၃၅ ဦး ရွိေနပါတယ္။

မႏွစ္တုန္းက ထိုင္းႏိုင္ငံကို လာေရာက္ခဲ့တဲ့ ကမာၻလွည့္ခရီးသြား ၃၉ ဒႆမ ၇ သန္းထဲမွာ တ႐ုတ္ခရီးသြားက ၂၇ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ အခုေတာ့ ပန္းေရာင္းသူေတြ၊ ဧည့္လမ္းၫႊန္ေတြ၊ လမ္းေဘးေစ်းသည္ေတြက အစ ဟိုတယ္ပိုင္ရွင္အဆုံး စီးပြားေရး မေကာင္းလို႔ ညည္းတြားေနၾကပါၿပီ။

အႀကီးအက်ယ္ အထိနာခဲ့

ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး မျပန္႔ပြားေအာင္ တားဆီးတဲ့အေနနဲ႔ တ႐ုတ္အစိုးရက တ႐ုတ္ႏိုင္ငံသား သန္းေပါင္းမ်ားစြာကို တိုင္းျပည္ထဲမွာပဲ ေနဖို႔ ၫႊန္ၾကားထားၿပီး ျပည္ပထြက္ခြာခြင့္ကို တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ထားပါတယ္။

ဒါဟာ တ႐ုတ္ခရီးသြားေတြအေပၚ မွီခို အားထားေနရတဲ့ ထိုင္းကမာၻလွည့္ ခရီးသြားလုပ္ငန္းအတြက္ေတာ့ အႀကီးအက်ယ္ အထိနာမႈႀကီး ျဖစ္ခဲ့ရပါတယ္။ ထိုင္းႏိုင္ငံမွာ ကမာၻလွည့္ခရီးသြားလုပ္ငန္းက ရတဲ့ ဝင္ေငြဟာ ႏိုင္ငံ့ GDP ရဲ႕ ၁၃ ရာခိုင္ႏႈန္းနဲ႔ ၁၄ ရာခိုင္ႏႈန္းၾကားမွာ ရွိတယ္လို႔ Fitch Solutions စီးပြားေရး ေလ့လာတဲ့အဖြဲ႕က ဆိုပါတယ္။

ထိုင္းႏိုင္ငံကို လာေရာက္တဲ့ ဥေရာပ ကမာၻလွည့္ခရီးသြား အေရအတြက္ ေလ်ာ့က်လာေနခ်ိန္မွာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြအတြင္း တ႐ုတ္ခရီးသြား အေရအတြက္က သိသိသာသာႀကီး ျမင့္တက္လာခဲ့တာပါ။

ဒါ့ေၾကာင့္ တ႐ုတ္ခရီးသြားေတြ ဝင္ေရာက္လာမႈကို ပိုတင္းတင္းက်ပ္က်ပ္ ကန္႔သတ္မႈေတြ လုပ္ခဲ့တဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ မတူဘဲ ထိုင္းႏိုင္ငံက ဆန္႔က်င္ဘက္ လမ္းေၾကာင္းကို ေ႐ြးလိုက္ပါတယ္။ တ႐ုတ္ဧည့္ခရီးသြားေတြအတြက္ ထိုင္းႏိုင္ငံက တံခါးဖြင့္ ႀကိဳဆိုေနလ်က္ပါ ဆိုတာကို ထိုင္းအစိုးရေအဂ်င္စီေတြနဲ႔ ထိုင္းစီးပြားေရးလုပ္ငန္းေတြက သတင္းစကား ပို႔ထားၾကပါတယ္။

လက္ကမ္းႀကိဳဆိုမႈ သတင္းစကား

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာပဲ ထိုင္းကမာၻလွည့္ခရီးသြား အာဏာပိုင္အဖြဲ႕နဲ႔ ဘန္ေကာက္ၿမိဳ႕ အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြက တ႐ုတ္ခရီးသြားေတြကို စိတ္ဓာတ္ေရးရာ အားေပးတဲ့ ဗီဒီယိုေတြ ထုတ္ခဲ့ၾကပါတယ္။ အဂၤလန္ပရီးမီးယားလိဂ္က လက္စတာစီတီ ေဘာလုံးအသင္းပိုင္ရွင္ ထိုင္းႏိုင္ငံရဲ႕ အႀကီးဆုံး ဂ်ဴတီဖရီး အခြန္လြတ္ဆိုင္ႀကီးျဖစ္တဲ့ King Power ကလည္း အလားတူ ဗီဒီယိုေတြ ထုတ္ခဲ့ပါတယ္။

အဲဒီဗီဒီယိုေတြထဲမွာ ကမာၻလွည့္ခရီးသြားလုပ္ငန္းရွင္ေတြက တ႐ုတ္ႏိုင္ငံေတာ္ အလံကို ေဝွ႔ယမ္းေနပုံေတြ၊ လက္စတာစီတီ ေဘာလုံးသမားေတြ အပါအဝင္ နာမည္ႀကီး ဆယ္လီေတြက မန္ဒရင္တ႐ုတ္ဘာသာနဲ႔ အားေပးစကားေျပာေနၾကပုံေတြ ေတြ႕ရမွာပါ။

ဒီသတင္းစကားက သာမန္ ယဥ္ေက်းမႈသေဘာ ဒါမွမဟုတ္ စည္းလုံးညီၫြတ္တဲ့ သေဘာထက္ အမ်ားႀကီး ပိုပါတယ္။ ထိုင္းႏိုင္ငံဟာ တ႐ုတ္ကမာၻလွည့္ခရီးသြားေတြအေပၚ အႀကီးအက်ယ္ မွီခိုအားထားေနတာ ျဖစ္ၿပီး တကယ္လို႔ ဒီဗိုင္းရပ္စ္ေရာဂါကို အျမန္ဆုံး မထိန္းခ်ဳပ္ႏိုင္ဘူး ဆိုရင္ ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးကို ဆိုးဆိုးဝါးဝါး ထိခိုက္လာေစမွာ ျဖစ္ပါတယ္။
 ပုံမွန္ဆိုရင္ အလုပ္မ်ားေနတတ္တဲ့ ဘန္ေကာက္ၿမိဳ႕ ဧရာဝဏ္ ေစတီက ကေခ်သည္ေတြ ခုေတာ့ အလုပ္မရွိျဖစ္ေန

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိုင္းႏိုင္ငံမွာ ၂၀၂၀ ခုႏွစ္ ပထမ ေလးလပတ္တာ ကာလအတြင္း အနည္းဆုံး ၁ ဒႆမ ၇ ဘီလ်ံ ေဒၚလာေလာက္ အရႈံးေပၚႏိုင္တယ္လို႔ ထိုင္းခရီးသြား ေအဂ်င္စီ အဖြဲ႕က ခန္႔မွန္းထားပါတယ္။

တစ္ႏွစ္လုံးအတြက္ဆိုရင္ ေဒၚလာ ၉ ဒႆမ ၆ ဘီလ်ံေလာက္ ဆုံးရႈံးႏိုင္တယ္လို႔ အဆိုးဆုံး ခန္႔မွန္းထားပါတယ္။

ေအာင္ျမင္မႈ သူရဲေကာင္း အေနအထားကေန သုည အေနအထား ေရာက္ခဲ့ရ

"ကြၽန္ေတာ္တို႔အတြက္ကေတာ့ တ႐ုတ္ခရီးသြားေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ေအာင္ျမင္မႈ သူရဲေကာင္းေတြပါ။ အခုေတာ့ သုညအေနအထား ေရာက္သြားခဲ့ရပါၿပီ" လို႔ ထိုင္းတ႐ုတ္ ကမာၻလွည့္ခရီးသြား ပူးတြဲလုပ္ငန္းအဖြဲ႕ ဥကၠ႒ ႐ြန္နေရာန္း ခ်ီဝင္ဆီရီယမ္ႏြိဳင္ က ေျပာပါတယ္။

"ဒီခရီးသြားလာခြင့္ ကန္႔သတ္ခ်က္ေတြကို ဘယ္ေတာ့ ႐ုပ္သိမ္းမလဲ ဆိုတာ မသိပါဘူး။ ဒါေပမဲ့ ဒီကန္႔သတ္ခ်က္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ စီးပြားေရးေတြကို အႀကီးအက်ယ္ ထိခိုက္ခဲ့ၿပီး အလုပ္သမားေတြ ေလွ်ာ့ပစ္ရတာမ်ိဳး အထိ ျဖစ္လာႏိုင္ပါတယ္"လို႔လည္း သူက ေျပာပါတယ္။

တ႐ုတ္ခရီးသြားေတြအတြက္ အလုပ္လုပ္ေနတဲ့ ထိုင္းဧည့္လမ္းၫႊန္ ႏွစ္ေသာင္းငါးေထာင္ေလာက္အတြက္ ခရီးသြားေတြ မရွိေတာ့ကတည္းက အလုပ္လက္မဲ့ေတြ ျဖစ္ေနၾကၿပီလို႔ ထိုင္း ေဒသခံ ကမာၻလွည့္ခရီးသြား ဧည့္လမ္းၫႊန္ ေကာင္စီတစ္ခုရဲ႕ အမည္မေဖာ္လိုတဲ့ ကိုယ္စားလွယ္ တစ္ဦးက ေျပာပါတယ္။

သဲေသာင္ကမ္းေျခေတြက လူသူကင္းမဲ့တဲ့ ေနရာေတြ ျဖစ္ေန

ထိုင္းႏိုင္ငံ အေရွ႕ပိုင္း ပတၱယား သဲေသာင္ကမ္းေျခၿမိဳ႕ဟာ တ႐ုတ္ျပည္မႀကီးက လာတဲ့ ခရီးသြားေတြ က်က္စားရာ ကမ္းေျခတစ္ခုအျဖစ္ နာမည္ႀကီးခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ပတၱယားၿမိဳ႕က အခန္းေပါင္း ၃၀၀ ေလာက္ရွိတဲ့ ဟိုတယ္ႀကီးမွာ အခန္း ၄ ခန္းပဲ တည္းခိုသူ ရွိတာကို ဘီဘီစီ ထိုင္းဌာနက ေတြ႕ရပါတယ္။

တည္းေနတဲ့ အဲဒီဧည့္သည္ေတြထဲမွာ တ႐ုတ္တစ္ေယာက္မွ မပါပါဘူး။
တ႐ုတ္ခရီးသြားေတြ က်က္စားရာ ေနရာျဖစ္ခဲ့တဲ့ ပတၱယား အပန္းေျဖကမ္းေျခမွာ အခုအခါ စက္တပ္အျမန္ဘုတ္ေတြ ငွားစီးမယ့္သူမရွိ ျဖစ္ေန
တ႐ုတ္ခရီးသြားေတြ မျဖစ္မေန လာေရာက္ေလ့ရွိတဲ့ ဘန္ေကာက္ၿမိဳ႕ ဧရာဝဏ္ ဟိႏၵဴဘုရားေက်ာင္းဝင္းထဲမွာ ဆိုရင္လည္း ပန္းကုံးေရာင္းသူ ပလီ ဆင္ဆြန္ေသာင္ဆက္ က "ႏိုင္ငံျခား ဘုရားဖူးေတြကို ပန္းကုံးေရာင္းလို႔ ရတဲ့ဝင္ေငြဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စျဖစ္ၿပီးေနာက္ပိုင္းမွာ တစ္ဝက္ ေလ်ာ့က်သြားတယ္"လို႔ ဘီဘီစီ ထိုင္းဌာနကို ေျပာျပပါတယ္။

"ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ မျဖစ္ခင္ကဆို တစ္ေန႔ကို ၃၂ ေဒၚလာေလာက္ ဝင္ပါတယ္။ အခုေတာ့ တစ္ေန႔ကို ၁၆ ေဒၚလာေတာင္ မရေတာ့ပါဘူး" လို႔ ကေလးႏွစ္ေယာက္ မိခင္ ျဖစ္သူ ပလီက မ်က္ရည္ထိန္းရင္း ေျပာျပပါတယ္။

တ႐ုတ္ခရီးသြားေတြဟာ ဧရာဝဏ္ဘုရားမွာ ပန္းကုံးေတြ အမ်ားႀကီး ဝယ္လႉေလ့ ရွိတယ္လို႔လည္း ဆိုပါတယ္။

ၾကည့္သူနည္းတဲ့ ေဖ်ာ္ေျဖမႈ

အဲဒီဘုရားေက်ာင္းဝင္းထဲမွာ ေဖ်ာ္ေျဖကျပတဲ့ ကေခ်သည္ ႏွစ္ဦးကလည္း ဘီဘီစီထိုင္းဌာနကို အလားတူ ရင္ဖြင့္ခဲ့ၾကပါတယ္။

"ေတြ႕တဲ့အတိုင္းပဲ ကြၽန္မရဲ႕ ဝင္ေငြက ၅၀ ရာခိုင္ႏႈန္းနဲ႔ ၆၀ ရာခိုင္ႏႈန္းၾကားအထိ က်သြားခဲ့ပါတယ္။ တျခား တစ္နည္းေ႐ြးဖို႔ စဥ္းစားထားတာ မရွိေသးဘူး။ လာမယ့္ တစ္လႏွစ္လအတြင္း သက္သာရာ ရလာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ မဟုတ္ရင္ေတာ့ ကြၽန္မစုထားတာေလးေတြ ကုန္သြားလိမ့္မယ္။ ေလာေလာဆယ္ကေတာ့ အေတာ့္ကို ဆိုးေနပါတယ္"လို႔ ဆူဝန္နာ သြန္ပိ က ေျပာျပပါတယ္။

"ဥပမာျပရရင္ ေသာၾကာမနက္ခင္းတိုင္း ကေခ်သည္ တစ္ဦးက အကေပါင္း ၂၀၀ ကေန ၂၅၀ ေလာက္အထိ ေဖ်ာ္ေျဖေပးရေလ့ရွိတာ၊ အခု ေသာၾကာေန႔ကေတာ့ ေန႔လယ္ ၂ နာရီ ၁၅ မိနစ္ ရွိေနၿပီ၊ အႀကိမ္ ၁၂၀ ေလာက္ပဲ ေဖ်ာ္ေျဖရေသးတယ္"လို႔ သူက ေျပာပါတယ္။
ဝပ္ အ႐ြန္ ဘုရားေက်ာင္းဟာ ဘန္ေကာက္ၿမိဳ႕ရဲ႕ အထင္ကရ ေနရာတစ္ခု ျဖစ္ေပမဲ့ အခုအခါ လူေတြ သိပ္မေတြ႕ရပါဘူး။
"ကမာၻလွည့္ခရီးသြား အေရအတြက္ဟာ ပုံမွန္အေရအတြက္ထက္ တစ္ဝက္ေလာက္ကို ေလ်ာ့က်သြားပါတယ္။ တျခား အစားထိုးအလုပ္ေတြ ရွာရပါေတာ့မယ္။ ပိုက္ဆံလည္း စေလွ်ာ့သုံးမွ ျဖစ္ေတာ့မွာပါ" လို႔ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ သနက္ခ်ေနာ့ သူဆရာႏြန္ ကေျပာပါတယ္။

"ဗိုင္းရပ္စ္ေရာဂါပိုး ျဖစ္တာကို ေၾကာက္ပါတယ္။ ဒါေပမဲ့ ပိုက္ဆံ ျပတ္သြားမွာကို ပိုစိုးရိမ္မိပါတယ္" လို႔ ဆူဝန္နာ က ေျပာပါတယ္။

အဲဒီေနရာနဲ႔ ၅ ကီလိုမီတာ ေဝးတဲ့ ရက္ခ်ာဒါပီဆက္ လမ္းေပၚက ညေစ်းတန္းတစ္ခုမွာ ပင္လယ္စာ ေရာင္းတဲ့ ပက္ပက္ေဆာ သန္ယတနာဝန္ခ်ိဳင္ ကလည္း "ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ တ႐ုတ္အစိုးရက ခရီးသြားလာမႈေတြ ကန္႔သတ္လိုက္အၿပီးမွာ သူ႔ေဖာက္သည္ေတြ ၇၀ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့သြားတာမို႔ ဝန္ထမ္းေတြ ေလ်ာ့ရေတာ့မယ္" လို႔ ေျပာျပပါတယ္။

"ဒီစားေသာက္ဆိုင္မွာ ဝန္ထမ္း ၁၀ ေယာက္ေလာက္ ရွိပါတယ္။ အခု ဒီလိုအေျခအေနမ်ိဳးမွာ ဝန္ထမ္း ႏွစ္ဦးကို လစာမဲ့ ခြင့္ေပးထားရၿပီး ျပည္တြင္းက ေဖာက္သည္ေတြ ပိုရေအာင္ပဲ လုပ္ေနရပါတယ္" လို႔ ဆိုပါတယ္။

ခရီးသြားခြင့္ ပိတ္ပင္မႈ မလုပ္ခဲ့

ၿပီးခဲ့တဲ့လတုန္းက လူမႈကြန္ရက္ သုံးသူေတြရဲ႕ ဖိအားေပးမႈေတြ တိုးလာခဲ့အၿပီး ထိုင္းက်န္းမာေရးဝန္ႀကီး အႏုတင္ ခ်ာဗီရာကူ က ထိုင္းႏိုင္ငံထဲ တ႐ုတ္ခရီးသြားေတြအတြက္ လက္ရွိမွာ ခြင့္ျပဳထားတဲ့ ဆိုက္ေရာက္ ဗီဇာစနစ္ကို ယာယီ ဆိုင္းငံ့ထားဖို႔ အဆိုျပဳခဲ့ရပါတယ္။

ဒါေပမဲ့ အဲဒီအဆိုျပဳခ်က္ကို ထိုင္းအစိုးရက ေနာက္တစ္ေန႔မွာပဲ ပယ္ခ်ခဲ့ပါတယ္။

အဲဒီ ဝန္ႀကီးကိုယ္တိုင္လည္း ခ်က္ခ်င္း စိတ္ေျပာင္းသြားပုံ ရၿပီး ထိုင္းႏိုင္ငံထဲ တ႐ုတ္ခရီးသြားေတြ ဝင္ေရာက္ခြင့္ ပိတ္ပင္တာဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ တိုက္ဖ်က္ဖို႔ အစိုးရရဲ႕ ႀကိဳးပမ္းမႈကို အေထာက္အကူ ျပဳမွာ မဟုတ္ဘူးလို႔ ေနာက္ တပတ္အၾကာမွာ ေျပာခဲ့ပါတယ္။

မဲေခါင္ေဒသတြင္းက ထိခိုက္ခဲ့မႈေတြ

ဇန္ ငုယင္

ဘီဘီစီ ဗီယက္နမ္ဌာန အယ္ဒီတာ

တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကမာၻလွည့္ခရီးသြားလုပ္ငန္း ထိခိုက္ခဲ့ရတာ မဲေခါင္ျမစ္ဝွမ္းေဒသမွာ ထိုင္းႏိုင္ငံ တစ္ခုတည္း မဟုတ္ပါဘူး။

ဗီယက္နမ္ႏိုင္ငံရဲ႕ ကမာၻလွည့္ခရီးသြားလုပ္ငန္းမွာလည္း အႀကီးအက်ယ္ အရႈံးေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

မႏွစ္တုန္းက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ မျဖစ္ခင္မွာ ဗီယက္နမ္နဲ႔ တ႐ုတ္အၾကား ႏွစ္ႏိုင္ငံကုန္သြယ္ေရးက ေဒၚလာ ၁၀၆ ဘီလ်ံေလာက္ အထိ ရွိခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာ ဗီယက္နမ္ ႏိုင္ငံကို လာတဲ့ ႏိုင္ငံတကာ ခရီးသြား ၁၅ သန္းခြဲထဲမွာ တ႐ုတ္ခရီးသြားေတြက ၃၀ ရာခိုင္ႏႈန္းေလာက္ ပါခဲ့ပါတယ္။
ဗီယက္နမ္ႏိုင္ငံ ဒါနမ္းၿမိဳ႕နားက ဘန ေတာင္ေပၚက ေ႐ႊတံတားႀကီးလို ေနရာမ်ိဳးေတြက တ႐ုတ္ခရီးသြားေတြအၾကား ေရပန္းစားခဲ့

အခုႏွစ္ တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ ဗီယက္နမ္ႏိုင္ငံမွာ တစ္လတြင္း တ႐ုတ္ခရီးသြား ၇၂ ဒႆမ ၆ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ ဟႏြိဳင္ၿမိဳ႕က ဇင္း ဆိုတဲ့ သတင္းဝက္ဆိုက္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီတိုးတက္မႈႏႈန္းက ရပ္တန္႔သြားခဲ့ပါတယ္။ ဗီယက္နမ္ႏိုင္ငံထဲ တ႐ုတ္ႏိုင္ငံသားေတြ ဝင္ေရာက္ခြင့္ ပိတ္ပင္ခ်က္ကို ဗီယက္နမ္အစိုးရက အတိအက် ထုတ္ျပန္ထားတာ မရွိေပမဲ့ ဟိုင္ဖြန္းနဲ႔ ဒါနန္း ဆိပ္ကမ္းၿမိဳ႕ေတြမွာ ယာယီ ပိတ္ပင္ခ်က္ေတြ ထုတ္ထားတာေၾကာင့္ ရႈပ္ေထြးစရာေတြ ျဖစ္ခဲ့ပါတယ္။

တကယ္တမ္းမွာ တ႐ုတ္အစိုးရက ဗီယက္နမ္ကို သြားတဲ့ ေလေၾကာင္း ခရီးစဥ္ အေတာ္မ်ားမ်ားကို ဆိုင္းငံ့ထားခဲ့သလို ဗီယက္နမ္ေလေၾကာင္း ကုမၸဏီကလည္း တ႐ုတ္ႏိုင္ငံက ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားဆီ သြားတဲ့ ခရီးစဥ္ေတြကို အလားတူ ရပ္ဆိုင္းထားခဲ့တာပါ။

ဗီယက္နမ္ႏိုင္ငံမွာ ကမာၻလွည့္ခရီးသြားလုပ္ငန္းကေန ႏိုင္ငံ့ စီးပြားေရးအတြက္ ႏွစ္စဥ္ ပ်မ္းမွ်ဝင္ေငြ ေဒၚလာ ဘီလ်ံ ၃၀ ေလာက္ ရွာေပးေနပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာ ဘယ္ေလာက္ ထိခိုက္နစ္နာခဲ့ရသလဲ ဆိုတာကို အစိုးရက စာရင္းဇယား အတိအက် မထုတ္ျပန္ေသးေပမဲ့ ဟိုတယ္နဲ႔ စားေသာက္ဆိုင္ ပိုင္ရွင္ေတြ၊ ဧည့္လမ္းၫႊန္ေတြနဲ႔ ခရီးသြားလုပ္ငန္း ဘုတ္အဖြဲ႕ တာဝန္ရွိပုဂၢိဳလ္ေတြဆီက ညည္းညဴသံေတြကို ေဒသႏၲရ သတင္းေတြမွာ ေတြ႕ေနရပါတယ္။
၂၀၁၈ ခုႏွစ္မွာ တ႐ုတ္ခရီးသြားေတြဟာ ကမာၻတဝန္းမွာ ေဒၚလာ ၂၇၇ ဒႆမ ၃ ဘီလ်ံေလာက္ သုံးခဲ့ၾကတယ္လို႔ ကုလသမဂၢ ကမာၻ႔ခရီးသြားအဖြဲ႕ႀကီးက ဆိုပါတယ္။

ခရီးသြားလာခြင့္ တားျမစ္ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားတဲ့ ဒါမွမဟုတ္ နယ္စပ္ဂိတ္ေတြကို လုံးဝ ပိတ္ထားတဲ့ ႏိုင္ငံ ေဒသအေတာ္မ်ားမ်ားမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ျဖစ္ပြားမႈေတြ ေတြ႕ေနရဆဲ ျဖစ္တယ္လို႔ ထိုင္းက်န္းမာေရး ဝန္ႀကီး အႏုတင္ က ေျပာပါတယ္။

ဒါ့ေၾကာင့္ ထိုင္းအစိုးက ေရာဂါရွာေဖြ စစ္ေဆးတာ၊ ေဆးကုသတာေတြကို ပိုအာ႐ုံစိုက္ လုပ္ခဲ့တယ္လို႔ သူက ေျပာပါတယ္။ ခရီးသြားလာခြင့္ တားျမစ္ပိတ္ပင္တာက ေျဖရွင္းခ်က္ နည္းလမ္း မဟုတ္ဘူးလို႔ ဆိုပါတယ္။

ေကာင္းမြန္တဲ့ ခ်စ္ၾကည္ရင္းႏွီးမႈ

ထိုင္း-တ႐ုတ္ ကမာၻလွည့္ခရီးသြား ပူးတြဲလုပ္ငန္းအဖြဲ႕ ဥကၠ႒ ႐ြန္နေရာန္း ခ်ီဝင္ဆီရီယမ္ႏြိဳင္ ကလည္း ဒီဆုံးျဖတ္ခ်က္ဟာ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးကို ဆက္ထိန္းသိမ္းထားႏိုင္ၿပီး ပိုရင္းႏွီးလာေစမယ့္ နည္းလမ္းတစ္ခု ျဖစ္တယ္လို႔ ကာကြယ္ေျပာသြားခဲ့ပါတယ္။

ႏွစ္ႏိုင္ငံအၾကား ေကာင္းမြန္တဲ့ ခ်စ္ၾကည္ရင္းႏွီးမႈ ရွိေနတယ္ ဆိုတာကို တ႐ုတ္ႏိုင္ငံကို နယ္စပ္ဂိတ္ေတြ ဖြင့္ေပးထားျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ဘက္က ျပခဲ့တာလို႔ ဆိုပါတယ္။

ဒါေပမဲ့ ေလာေလာဆယ္မွာ ဒီဆုံးျဖတ္ခ်က္ကို တညီတၫြတ္တည္း သေဘာတူၾကတာေတာ့ မဟုတ္ပါဘူး။ သမားဆတ္ တကၠသိုလ္ ႏိုင္ငံေရးသိပၸံဌာန လက္ေထာက္ ပါေမာကၡ ပရာဂ်က္ ေကာင္ကီရတီ က ဒီဆုံးျဖတ္ခ်က္ဟာ ထိုင္းလူထုရဲ႕ က်န္းမာေရးအႏၲရာယ္ထက္ တ႐ုတ္အစိုးရကို မ်က္ႏွာခ်ိဳေသြးဖို႔ လုပ္တာလို႔ ေဝဖန္ခဲ့ပါတယ္။

လူထုက်န္းမာေရး စိုးရိမ္စရာ ကိစၥနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရး ကိစၥက သတ္သတ္စီပါ။ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ပိုေကာင္းမြန္ေအာင္ လူသားခ်င္း စာနာေထာက္ထားတဲ့ ႀကိဳးပမ္းမႈမ်ိဳးလို နည္းလမ္းမ်ိဳးေတြ အမ်ားႀကီး ရွိပါတယ္လို႔ သူက ရွင္းျပခဲ့ပါတယ္။

ထိုင္းအစိုးရရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ ေရာဂါပိုး ထိန္းခ်ဳပ္တားဆီးေရးမွာ ခ်ိဳ႕ယြင္း အားနည္းေနၿပီး ႏိုင္ငံတကာ ဆက္ဆံေရးပိုင္းမွာ ကြၽမ္းက်င္တယ္ ဆိုတာကို ထင္ဟပ္ ျပေနတယ္လို႔လည္း ႏိုင္ငံေရး သိပၸံပညာရွင္က ေျပာပါတယ္။ လူထုက်န္းမာေရးကေတာ့ ဦးစားေပး လုပ္ေဆာင္ရမယ့္ ကိစၥ ျဖစ္ပါတယ္လို႔ ဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ ဒီအျမင္ကို သေဘာတူေၾကာင္း လူတိုင္းကေတာ့ ထုတ္ေဖာ္ေျပာမယ့္ပုံ မေတြ႕ရပါဘူး။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နေချိန် ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေကို ဘာကြောင့် လာခွင့်ပြုထားတာလဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာလှည့်ခရီးသည်တွေကို မျှော်နေတဲ့ ပတ္တယား ရေပေါ်ဈေးက ဝန်ထမ်းတစ်ဦး

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားရာသီက တစ်နှစ်ပတ်လုံး ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းကနေ ဧပြီလဆန်းပိုင်းဟာ ခရီးသွားတွေ အများဆုံးလာတဲ့ ကာလ ဖြစ်ပါတယ်။ ခြောက်သွေ့ပြီး ရာသီဥတု အေးမြတဲ့ အချိန်မို့ ထိုင်းဘုရားစေတီတွေ၊ အပန်းဖြေကမ်းခြေတွေမှာ ခရီးသွားတွေနဲ့ ပြည့်နှက် စည်ကားနေလေ့ ရှိပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ အရင်က ကမ္ဘာလှည့်ခရီးသွားတွေ အလာအများဆုံး နေရာတွေကို ကြည့်ရင် ခြောက်ကပ်နေတာ တွေ့ရမှာပါ။ လူတွေ ကြိတ်ကြိတ်တိုးနေတတ်တဲ့ နေရာတွေဟာ အခုအခါ ခြောက်ကပ် တိတ်ဆိတ်နေပါတယ်။ ဘန်ကောက်၊ ပတ္တယား၊ ဖူးကက်၊ ချင်းမိုင် တို့လို သာယာလှပတဲ့ မြို့ကြီးတွေမှာ အမြဲ တွေ့ရလေ့ရှိတဲ့ တရုတ်ခရီးသွားအုပ်စုတွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပါပြီ။

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်သွားခဲ့ရသလို လူထုကျန်းမာရေးကိုလည်း ထိခိုက်ခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ အပြင်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက ပဉ္စမမြောက်နိုင်ငံ ဖြစ်ပြီး ရောဂါကူးစက် ဖြစ်ပွားနေသူပေါင်း ၃၅ ဦး ရှိနေပါတယ်။

မနှစ်တုန်းက ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၃၉ ဒဿမ ၇ သန်းထဲမှာ တရုတ်ခရီးသွားက ၂၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုတော့ ပန်းရောင်းသူတွေ၊ ဧည့်လမ်းညွှန်တွေ၊ လမ်းဘေးဈေးသည်တွေက အစ ဟိုတယ်ပိုင်ရှင်အဆုံး စီးပွားရေး မကောင်းလို့ ညည်းတွားနေကြပါပြီ။

အကြီးအကျယ် အထိနာခဲ့

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် တားဆီးတဲ့အနေနဲ့ တရုတ်အစိုးရက တရုတ်နိုင်ငံသား သန်းပေါင်းများစွာကို တိုင်းပြည်ထဲမှာပဲ နေဖို့ ညွှန်ကြားထားပြီး ပြည်ပထွက်ခွာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။

ဒါဟာ တရုတ်ခရီးသွားတွေအပေါ် မှီခို အားထားနေရတဲ့ ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက်တော့ အကြီးအကျယ် အထိနာမှုကြီး ဖြစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေဟာ နိုင်ငံ့ GDP ရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်းကြားမှာ ရှိတယ်လို့ Fitch Solutions စီးပွားရေး လေ့လာတဲ့အဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံကို လာရောက်တဲ့ ဥရောပ ကမ္ဘာလှည့်ခရီးသွား အရေအတွက် လျော့ကျလာနေချိန်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ခရီးသွား အရေအတွက်က သိသိသာသာကြီး မြင့်တက်လာခဲ့တာပါ။

ဒါ့ကြောင့် တရုတ်ခရီးသွားတွေ ဝင်ရောက်လာမှုကို ပိုတင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူဘဲ ထိုင်းနိုင်ငံက ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးလိုက်ပါတယ်။ တရုတ်ဧည့်ခရီးသွားတွေအတွက် ထိုင်းနိုင်ငံက တံခါးဖွင့် ကြိုဆိုနေလျက်ပါ ဆိုတာကို ထိုင်းအစိုးရအေဂျင်စီတွေနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေက သတင်းစကား ပို့ထားကြပါတယ်။

လက်ကမ်းကြိုဆိုမှု သတင်းစကား

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေချိန်မှာပဲ ထိုင်းကမ္ဘာလှည့်ခရီးသွား အာဏာပိုင်အဖွဲ့နဲ့ ဘန်ကောက်မြို့ အုပ်ချုပ်ရေး အဖွဲ့တွေက တရုတ်ခရီးသွားတွေကို စိတ်ဓာတ်ရေးရာ အားပေးတဲ့ ဗီဒီယိုတွေ ထုတ်ခဲ့ကြပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က လက်စတာစီတီ ဘောလုံးအသင်းပိုင်ရှင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဂျူတီဖရီး အခွန်လွတ်ဆိုင်ကြီးဖြစ်တဲ့ King Power ကလည်း အလားတူ ဗီဒီယိုတွေ ထုတ်ခဲ့ပါတယ်။

အဲဒီဗီဒီယိုတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင်တွေက တရုတ်နိုင်ငံတော် အလံကို ဝှေ့ယမ်းနေပုံတွေ၊ လက်စတာစီတီ ဘောလုံးသမားတွေ အပါအဝင် နာမည်ကြီး ဆယ်လီတွေက မန်ဒရင်တရုတ်ဘာသာနဲ့ အားပေးစကားပြောနေကြပုံတွေ တွေ့ရမှာပါ။

ဒီသတင်းစကားက သာမန် ယဉ်ကျေးမှုသဘော ဒါမှမဟုတ် စည်းလုံးညီညွတ်တဲ့ သဘောထက် အများကြီး ပိုပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေအပေါ် အကြီးအကျယ် မှီခိုအားထားနေတာ ဖြစ်ပြီး တကယ်လို့ ဒီဗိုင်းရပ်စ်ရောဂါကို အမြန်ဆုံး မထိန်းချုပ်နိုင်ဘူး ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Wasawat Lukharan/ BBC
Image caption ပုံမှန်ဆိုရင် အလုပ်များနေတတ်တဲ့ ဘန်ကောက်မြို့ ဧရာဝဏ် စေတီက ကချေသည်တွေ ခုတော့ အလုပ်မရှိဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ် ပထမ လေးလပတ်တာ ကာလအတွင်း အနည်းဆုံး ၁ ဒဿမ ၇ ဘီလျံ ဒေါ်လာလောက် အရှုံးပေါ်နိုင်တယ်လို့ ထိုင်းခရီးသွား အေဂျင်စီ အဖွဲ့က ခန့်မှန်းထားပါတယ်။

တစ်နှစ်လုံးအတွက်ဆိုရင် ဒေါ်လာ ၉ ဒဿမ ၆ ဘီလျံလောက် ဆုံးရှုံးနိုင်တယ်လို့ အဆိုးဆုံး ခန့်မှန်းထားပါတယ်။

အောင်မြင်မှု သူရဲကောင်း အနေအထားကနေ သုည အနေအထား ရောက်ခဲ့ရ

"ကျွန်တော်တို့အတွက်ကတော့ တရုတ်ခရီးသွားတွေဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှု သူရဲကောင်းတွေပါ။ အခုတော့ သုညအနေအထား ရောက်သွားခဲ့ရပါပြီ" လို့ ထိုင်းတရုတ် ကမ္ဘာလှည့်ခရီးသွား ပူးတွဲလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရွန်နရောန်း ချီဝင်ဆီရီယမ်နွိုင် က ပြောပါတယ်။

"ဒီခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဘယ်တော့ ရုပ်သိမ်းမလဲ ဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးတွေကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး အလုပ်သမားတွေ လျှော့ပစ်ရတာမျိုး အထိ ဖြစ်လာနိုင်ပါတယ်"လို့လည်း သူက ပြောပါတယ်။

တရုတ်ခရီးသွားတွေအတွက် အလုပ်လုပ်နေတဲ့ ထိုင်းဧည့်လမ်းညွှန် နှစ်သောင်းငါးထောင်လောက်အတွက် ခရီးသွားတွေ မရှိတော့ကတည်းက အလုပ်လက်မဲ့တွေ ဖြစ်နေကြပြီလို့ ထိုင်း ဒေသခံ ကမ္ဘာလှည့်ခရီးသွား ဧည့်လမ်းညွှန် ကောင်စီတစ်ခုရဲ့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

သဲသောင်ကမ်းခြေတွေက လူသူကင်းမဲ့တဲ့ နေရာတွေ ဖြစ်နေ

ထိုင်းနိုင်ငံ အရှေ့ပိုင်း ပတ္တယား သဲသောင်ကမ်းခြေမြို့ဟာ တရုတ်ပြည်မကြီးက လာတဲ့ ခရီးသွားတွေ ကျက်စားရာ ကမ်းခြေတစ်ခုအဖြစ် နာမည်ကြီးခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပတ္တယားမြို့က အခန်းပေါင်း ၃၀၀ လောက်ရှိတဲ့ ဟိုတယ်ကြီးမှာ အခန်း ၄ ခန်းပဲ တည်းခိုသူ ရှိတာကို ဘီဘီစီ ထိုင်းဌာနက တွေ့ရပါတယ်။

တည်းနေတဲ့ အဲဒီဧည့်သည်တွေထဲမှာ တရုတ်တစ်ယောက်မှ မပါပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ခရီးသွားတွေ ကျက်စားရာ နေရာဖြစ်ခဲ့တဲ့ ပတ္တယား အပန်းဖြေကမ်းခြေမှာ အခုအခါ စက်တပ်အမြန်ဘုတ်တွေ ငှားစီးမယ့်သူမရှိ ဖြစ်နေ

တရုတ်ခရီးသွားတွေ မဖြစ်မနေ လာရောက်လေ့ရှိတဲ့ ဘန်ကောက်မြို့ ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းဝင်းထဲမှာ ဆိုရင်လည်း ပန်းကုံးရောင်းသူ ပလီ ဆင်ဆွန်သောင်ဆက် က "နိုင်ငံခြား ဘုရားဖူးတွေကို ပန်းကုံးရောင်းလို့ ရတဲ့ဝင်ငွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ပြီးနောက်ပိုင်းမှာ တစ်ဝက် လျော့ကျသွားတယ်"လို့ ဘီဘီစီ ထိုင်းဌာနကို ပြောပြပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ခင်ကဆို တစ်နေ့ကို ၃၂ ဒေါ်လာလောက် ဝင်ပါတယ်။ အခုတော့ တစ်နေ့ကို ၁၆ ဒေါ်လာတောင် မရတော့ပါဘူး" လို့ ကလေးနှစ်ယောက် မိခင် ဖြစ်သူ ပလီက မျက်ရည်ထိန်းရင်း ပြောပြပါတယ်။

တရုတ်ခရီးသွားတွေဟာ ဧရာဝဏ်ဘုရားမှာ ပန်းကုံးတွေ အများကြီး ဝယ်လှူလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ကြည့်သူနည်းတဲ့ ဖျော်ဖြေမှု

အဲဒီဘုရားကျောင်းဝင်းထဲမှာ ဖျော်ဖြေကပြတဲ့ ကချေသည် နှစ်ဦးကလည်း ဘီဘီစီထိုင်းဌာနကို အလားတူ ရင်ဖွင့်ခဲ့ကြပါတယ်။

"တွေ့တဲ့အတိုင်းပဲ ကျွန်မရဲ့ ဝင်ငွေက ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြားအထိ ကျသွားခဲ့ပါတယ်။ တခြား တစ်နည်းရွေးဖို့ စဉ်းစားထားတာ မရှိသေးဘူး။ လာမယ့် တစ်လနှစ်လအတွင်း သက်သာရာ ရလာမယ်လို့ မျှော်လင့်ထားပါတယ်။ မဟုတ်ရင်တော့ ကျွန်မစုထားတာလေးတွေ ကုန်သွားလိမ့်မယ်။ လောလောဆယ်ကတော့ အတော့်ကို ဆိုးနေပါတယ်"လို့ ဆူဝန်နာ သွန်ပိ က ပြောပြပါတယ်။

"ဥပမာပြရရင် သောကြာမနက်ခင်းတိုင်း ကချေသည် တစ်ဦးက အကပေါင်း ၂၀၀ ကနေ ၂၅၀ လောက်အထိ ဖျော်ဖြေပေးရလေ့ရှိတာ၊ အခု သောကြာနေ့ကတော့ နေ့လယ် ၂ နာရီ ၁၅ မိနစ် ရှိနေပြီ၊ အကြိမ် ၁၂၀ လောက်ပဲ ဖျော်ဖြေရသေးတယ်"လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဝပ် အရွန် ဘုရားကျောင်းဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ပေမဲ့ အခုအခါ လူတွေ သိပ်မတွေ့ရပါဘူး။

"ကမ္ဘာလှည့်ခရီးသွား အရေအတွက်ဟာ ပုံမှန်အရေအတွက်ထက် တစ်ဝက်လောက်ကို လျော့ကျသွားပါတယ်။ တခြား အစားထိုးအလုပ်တွေ ရှာရပါတော့မယ်။ ပိုက်ဆံလည်း စလျှော့သုံးမှ ဖြစ်တော့မှာပါ" လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သနက်ချနော့ သူဆရာနွန် ကပြောပါတယ်။

"ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်တာကို ကြောက်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ပြတ်သွားမှာကို ပိုစိုးရိမ်မိပါတယ်" လို့ ဆူဝန်နာ က ပြောပါတယ်။

အဲဒီနေရာနဲ့ ၅ ကီလိုမီတာ ဝေးတဲ့ ရက်ချာဒါပီဆက် လမ်းပေါ်က ညဈေးတန်းတစ်ခုမှာ ပင်လယ်စာ ရောင်းတဲ့ ပက်ပက်ဆော သန်ယတနာဝန်ချိုင် ကလည်း "ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်အစိုးရက ခရီးသွားလာမှုတွေ ကန့်သတ်လိုက်အပြီးမှာ သူ့ဖောက်သည်တွေ ၇၀ ရာခိုင်နှုန်းလောက် လျော့သွားတာမို့ ဝန်ထမ်းတွေ လျော့ရတော့မယ်" လို့ ပြောပြပါတယ်။

"ဒီစားသောက်ဆိုင်မှာ ဝန်ထမ်း ၁၀ ယောက်လောက် ရှိပါတယ်။ အခု ဒီလိုအခြေအနေမျိုးမှာ ဝန်ထမ်း နှစ်ဦးကို လစာမဲ့ ခွင့်ပေးထားရပြီး ပြည်တွင်းက ဖောက်သည်တွေ ပိုရအောင်ပဲ လုပ်နေရပါတယ်" လို့ ဆိုပါတယ်။

ခရီးသွားခွင့် ပိတ်ပင်မှု မလုပ်ခဲ့

ပြီးခဲ့တဲ့လတုန်းက လူမှုကွန်ရက် သုံးသူတွေရဲ့ ဖိအားပေးမှုတွေ တိုးလာခဲ့အပြီး ထိုင်းကျန်းမာရေးဝန်ကြီး အနုတင် ချာဗီရာကူ က ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေအတွက် လက်ရှိမှာ ခွင့်ပြုထားတဲ့ ဆိုက်ရောက် ဗီဇာစနစ်ကို ယာယီ ဆိုင်းငံ့ထားဖို့ အဆိုပြုခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီအဆိုပြုချက်ကို ထိုင်းအစိုးရက နောက်တစ်နေ့မှာပဲ ပယ်ချခဲ့ပါတယ်။

အဲဒီ ဝန်ကြီးကိုယ်တိုင်လည်း ချက်ချင်း စိတ်ပြောင်းသွားပုံ ရပြီး ထိုင်းနိုင်ငံထဲ တရုတ်ခရီးသွားတွေ ဝင်ရောက်ခွင့် ပိတ်ပင်တာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို အထောက်အကူ ပြုမှာ မဟုတ်ဘူးလို့ နောက် တပတ်အကြာမှာ ပြောခဲ့ပါတယ်။

မဲခေါင်ဒေသတွင်းက ထိခိုက်ခဲ့မှုတွေ

ဇန် ငုယင်

ဘီဘီစီ ဗီယက်နမ်ဌာန အယ်ဒီတာ

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရတာ မဲခေါင်မြစ်ဝှမ်းဒေသမှာ ထိုင်းနိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။

ဗီယက်နမ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း အကြီးအကျယ် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မနှစ်တုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ခင်မှာ ဗီယက်နမ်နဲ့ တရုတ်အကြား နှစ်နိုင်ငံကုန်သွယ်ရေးက ဒေါ်လာ ၁၀၆ ဘီလျံလောက် အထိ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဗီယက်နမ် နိုင်ငံကို လာတဲ့ နိုင်ငံတကာ ခရီးသွား ၁၅ သန်းခွဲထဲမှာ တရုတ်ခရီးသွားတွေက ၃၀ ရာခိုင်နှုန်းလောက် ပါခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့နားက ဘန တောင်ပေါ်က ရွှေတံတားကြီးလို နေရာမျိုးတွေက တရုတ်ခရီးသွားတွေအကြား ရေပန်းစားခဲ့

အခုနှစ် တရုတ်နှစ်သစ်ကူး မတိုင်ခင် ဗီယက်နမ်နိုင်ငံမှာ တစ်လတွင်း တရုတ်ခရီးသွား ၇၂ ဒဿမ ၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဟနွိုင်မြို့က ဇင်း ဆိုတဲ့ သတင်းဝက်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီတိုးတက်မှုနှုန်းက ရပ်တန့်သွားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေ ဝင်ရောက်ခွင့် ပိတ်ပင်ချက်ကို ဗီယက်နမ်အစိုးရက အတိအကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ ဟိုင်ဖွန်းနဲ့ ဒါနန်း ဆိပ်ကမ်းမြို့တွေမှာ ယာယီ ပိတ်ပင်ချက်တွေ ထုတ်ထားတာကြောင့် ရှုပ်ထွေးစရာတွေ ဖြစ်ခဲ့ပါတယ်။

တကယ်တမ်းမှာ တရုတ်အစိုးရက ဗီယက်နမ်ကို သွားတဲ့ လေကြောင်း ခရီးစဉ် အတော်များများကို ဆိုင်းငံ့ထားခဲ့သလို ဗီယက်နမ်လေကြောင်း ကုမ္ပဏီကလည်း တရုတ်နိုင်ငံက မြို့ကြီး အတော်များများဆီ သွားတဲ့ ခရီးစဉ်တွေကို အလားတူ ရပ်ဆိုင်းထားခဲ့တာပါ။

ဗီယက်နမ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ နိုင်ငံ့ စီးပွားရေးအတွက် နှစ်စဉ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ဘီလျံ ၃၀ လောက် ရှာပေးနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဘယ်လောက် ထိခိုက်နစ်နာခဲ့ရသလဲ ဆိုတာကို အစိုးရက စာရင်းဇယား အတိအကျ မထုတ်ပြန်သေးပေမဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင် ပိုင်ရှင်တွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေဆီက ညည်းညူသံတွေကို ဒေသန္တရ သတင်းတွေမှာ တွေ့နေရပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၈ ခုနှစ်မှာ တရုတ်ခရီးသွားတွေဟာ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၂၇၇ ဒဿမ ၃ ဘီလျံလောက် သုံးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ကြီးက ဆိုပါတယ်။

ခရီးသွားလာခွင့် တားမြစ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ ဒါမှမဟုတ် နယ်စပ်ဂိတ်တွေကို လုံးဝ ပိတ်ထားတဲ့ နိုင်ငံ ဒေသအတော်များများမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုတွေ တွေ့နေရဆဲ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီး အနုတင် က ပြောပါတယ်။

ဒါ့ကြောင့် ထိုင်းအစိုးက ရောဂါရှာဖွေ စစ်ဆေးတာ၊ ဆေးကုသတာတွေကို ပိုအာရုံစိုက် လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်တာက ဖြေရှင်းချက် နည်းလမ်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှု

ထိုင်း-တရုတ် ကမ္ဘာလှည့်ခရီးသွား ပူးတွဲလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရွန်နရောန်း ချီဝင်ဆီရီယမ်နွိုင် ကလည်း ဒီဆုံးဖြတ်ချက်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားနိုင်ပြီး ပိုရင်းနှီးလာစေမယ့် နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ကာကွယ်ပြောသွားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှု ရှိနေတယ် ဆိုတာကို တရုတ်နိုင်ငံကို နယ်စပ်ဂိတ်တွေ ဖွင့်ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ဘက်က ပြခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ ဒီဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူကြတာတော့ မဟုတ်ပါဘူး။ သမားဆတ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန လက်ထောက် ပါမောက္ခ ပရာဂျက် ကောင်ကီရတီ က ဒီဆုံးဖြတ်ချက်ဟာ ထိုင်းလူထုရဲ့ ကျန်းမာရေးအန္တရာယ်ထက် တရုတ်အစိုးရကို မျက်နှာချိုသွေးဖို့ လုပ်တာလို့ ဝေဖန်ခဲ့ပါတယ်။

လူထုကျန်းမာရေး စိုးရိမ်စရာ ကိစ္စနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စက သတ်သတ်စီပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းမွန်အောင် လူသားချင်း စာနာထောက်ထားတဲ့ ကြိုးပမ်းမှုမျိုးလို နည်းလမ်းမျိုးတွေ အများကြီး ရှိပါတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ရောဂါပိုး ထိန်းချုပ်တားဆီးရေးမှာ ချို့ယွင်း အားနည်းနေပြီး နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာ ကျွမ်းကျင်တယ် ဆိုတာကို ထင်ဟပ် ပြနေတယ်လို့လည်း နိုင်ငံရေး သိပ္ပံပညာရှင်က ပြောပါတယ်။ လူထုကျန်းမာရေးကတော့ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီအမြင်ကို သဘောတူကြောင်း လူတိုင်းကတော့ ထုတ်ဖော်ပြောမယ့်ပုံ မတွေ့ရပါဘူး။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ေနခ်ိန္ ထိုင္းႏိုင္ငံထဲ တ႐ုတ္ခရီးသြားေတြကို ဘာေၾကာင့္ လာခြင့္ျပဳထားတာလဲ။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ေနခ်ိန္ ထိုင္းႏိုင္ငံထဲ တ႐ုတ္ခရီးသြားေတြကို ဘာေၾကာင့္ လာခြင့္ျပဳထားတာလဲ။ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.