တပ္မေတာ္က သာသနာေရးဝန္ႀကီးကို အေရးယူေပးဖို႔ ေတာင္းဆိုမယ္

ပုံမွန္ သတင္းစာရွင္းလင္းပြဲထက္ ရက္ေစာၿပီးက်င္းပ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဟာ အစိုးရ အုပ္ခ်ဳပ္မႈေအာက္မွာ မရွိဘူးလို႔ ေျပာၾကားခဲ့တဲ့ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကို အေရးယူေပးဖို႔ တပ္မေတာ္ဘက္က သတင္းစာရွင္းလင္းပြဲမွာ ေတာင္းဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၃ ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ျပည္ေထာင္စုဝန္ႀကီး ေျပာၾကားမႈနဲ႔ပတ္သက္လို႔ အခုလို ေျပာလိုက္တာပါ။

"အစိုးရအေနနဲ႔ ကြပ္ကဲမႈေအာက္မွာရွိတဲ့ ဒီလို ဝန္ႀကီးတစ္ဦးေျပာၾကားခ်က္ေတြကို ေျဖရွင္းေပးဖို႔ အေရးယူေပးဖို႔ တင္ျပလိုပါတယ္ " လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီအေနနဲ႔ ပုံမွန္သတင္းစာရွင္းလင္းပြဲ ျပဳလုပ္အၿပီး ၁၀ ရက္အၾကာမွာပဲ သတင္းစာရွင္းလင္းပြဲေနာက္တစ္ႀကိမ္လုပ္တာ ျဖစ္ၿပီး ပုံမွန္ သတင္းစာရွင္းလင္းပြဲ ထက္ ရက္ေစာၿပီး က်င္းပခဲ့တာလည္း ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ျမန္မာႏိုင္ငံမြတ္ဆလင္လူငယ္မ်ား ဘာသာေရးအဖြဲ႕ခ်ဳပ္က ဦးစီးလုပ္တဲ့အခမ္းအနားမွာ ဝန္ႀကီးသူရဦးေအာင္ကို ေျပာခဲ့တာနဲ႔ ပတ္သက္ၿပီး "ထင္ေယာင္ထင္မွားျဖစ္ေအာင္ အေထာက္အထားမဲ့ ဥပေဒလက္လြတ္ေျပာသြားတာ" ကြၽန္ေတာ္တို႔ေတြ႕ရပါတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

စီမံကိန္းေတြလုပ္တိုင္းလုပ္တိုင္း ကန႔္ကြက္တဲ့သူေတြ ေရာက္လာတယ္။ ကန႔္ကြက္တဲ့သူေတြကလဲ ဒီမ်က္ႏွာေတြပဲ။ ဘူးလက္တို႔ ခင္ဝိုင္းၾကည္တို႔ ကန႔္ကြက္သူကို ဖမ္းမွာလား ေမးတဲ့အခါ ဖမ္းမွာလို႔ေျပာတယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ဖမ္းခိုင္းရမွာျဖစ္တယ္။ ရဲတပ္ဖြဲ႕ကို အဓိက အုပ္ခ်ဳပ္ေနတာဟာ အစိုးရမဟုတ္ဘဲနဲ႔ ဘယ္အဖြဲ႕အစည္းက အားလုံးအုပ္ခ်ဳပ္ေနတယ္ဆိုတာကို သိတယ္ လို႔ ဝန္ႀကီးသူရဦးေအာင္ကိုက ေျပာခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
 သူရဦးေအာင္ကို

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၃၂ ပုဒ္မခြဲ (ခ)၊ ပုဒ္မခြဲငယ္ ၂ အရ ကာကြယ္ေရး၊ ျပည္ထဲေရး နဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးေတြကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းရတာျဖစ္ပါတယ္ ။

ဒါေပမယ့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲနဲ႔ ပတ္သက္တဲ့ ကြပ္ကဲအုပ္ခ်ဳပ္မႈဟာ အစိုးရအဖြဲ႕ထံမွာ လုပ္ပိုင္ခြင့္အျပည့္အဝရွိၿပီး၊ အေျခခံဥပေဒမွာပါဝင္တဲ့ ႏိုင္ငံေတာ္သမၼတ ရဲ႕တာဝန္နဲ႔ လုပ္ပိုင္ခြင့္မ်ားကို ျပန္ၿပီးေလ့လာၾကည့္ပါက ေတြ႕ရမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

အခုေျပာၾကားခ်က္ေတြဟာ ဥပေဒနဲ႔ မညီတဲ့ အေျခအျမစ္မရွိတဲ့ ေျပာၾကားခ်က္ေတြျဖစ္တယ္လို႔ ေျပာလိုတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ အစိုးရလက္ထက္မွာ သာသနာေရးနဲ႔ယဥ္ေက်းမႈ ဝန္ႀကီး ျဖစ္လာသူ သူရဦးေအာင္ကိုဟာ တပ္မေတာ္မွာ ဗိုလ္မႉးခ်ဳပ္ အဆင့္အထိ တာဝန္ယူခဲ့သူတဦး ျဖစ္ပါတယ္။

ရန္ကုန္မွာက်င္းပတဲ့ ျမန္မာႏိုင္ငံမြတ္ဆလင္လူငယ္မ်ား ဘာသာေရးအဖြဲ႕ခ်ဳပ္က ဦးစီးလုပ္တဲ့အခမ္းအနားမွာ ဝန္ႀကီးသူရဦးေအာင္ကို ကဦးဝီရသူ အပါအဝင္ ဘူးလက္လွေဆြစတဲ့ တရားခံေျပးေတြကို ရဲတပ္ဖြဲ႕ကို ဖမ္းခိုင္းထားေၾကာင္းေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလ ၃၁ ရက္ေန႔က ျပည္ေထာင္စု အစိုးရက ၫႊန္ၾကားလို႔ ရန္ကုန္တိုင္း အစိုးရက ဦးဝီရသူကို တရားစြဲခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဟာ ဦးဝီရသူ ကို ဖမ္းဆီႏိုင္ျခင္းမရွိေသးပါဘူး ။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မနဲ႔ အစိုးရကတရားစြဲထားတဲ့ ဦးလွေဆြကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၂အရ ျမန္မာႏိုင္ငံအတြင္း ဘယ္ေနရာမဆို ဖမ္းႏိုင္တဲ့ ဖမ္းဝရမ္းကို တရား႐ုံးက၂၀၁၉ ခုႏွစ္ ၾသဂုတ္လ၂၈ ရက္ေန႔ မွာ ထုတ္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒါအျပင္သတင္းစာရွင္းလင္းပြဲမွာ ဇန္နဝါရီလ ၂၅ ရက္ေန႔ကဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေတာင္ေက်း႐ြာကို လက္နက္ႀကီး က်ည္ က်ေရာက္ၿပီး လူ ၂ ဦးေသဆုံးၿပီး ၇ ဦးဒဏ္ရာရတဲ့ကိစၥဟာ ေအေအ အဖြဲ႕ရဲ႕လုပ္ေဆာင္ခ်က္ ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက အေထာက္အထားအခ်ိဳ႕နဲ႔ ရွင္းခဲ့ပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ သတင္းေရးသားခဲ့တဲ့ မီဒီယာမ်ားထဲက ႐ိုက္တာ သတင္းဌာနကိုလည္း တပ္မေတာ္ကို စြပ္စြဲထားတာနဲ႔ ပတ္သက္ၿပီး ေျဖရွင္းေပးဖို႔ သတင္းမီဒီယာေကာင္စီကို တိုင္ၾကားထားၿပီး ဥပေဒအတိုင္း ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔လည္း သတင္းစာရွင္းလင္းပြဲမွာ သူကေျပာသြားပါတယ္ ။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
တပ်မတော်က သာသနာရေးဝန်ကြီးကို အရေးယူပေးဖို့ တောင်းဆိုမယ်

Image caption ပုံမှန် သတင်းစာရှင်းလင်းပွဲထက် ရက်စောပြီးကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အစိုးရ အုပ်ချုပ်မှုအောက်မှာ မရှိဘူးလို့ ပြောကြားခဲ့တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို အရေးယူပေးဖို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြည်ထောင်စုဝန်ကြီး ပြောကြားမှုနဲ့ပတ်သက်လို့ အခုလို ပြောလိုက်တာပါ။

"အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဒီလို ဝန်ကြီးတစ်ဦးပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူပေးဖို့ တင်ပြလိုပါတယ် " လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီအနေနဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်အပြီး ၁၀ ရက်အကြာမှာပဲ သတင်းစာရှင်းလင်းပွဲနောက်တစ်ကြိမ်လုပ်တာ ဖြစ်ပြီး ပုံမှန် သတင်းစာရှင်းလင်းပွဲ ထက် ရက်စောပြီး ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့ချုပ်က ဦးစီးလုပ်တဲ့အခမ်းအနားမှာ ဝန်ကြီးသူရဦးအောင်ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး "ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ဥပဒေလက်လွတ်ပြောသွားတာ" ကျွန်တော်တို့တွေ့ရပါတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စီမံကိန်းတွေလုပ်တိုင်းလုပ်တိုင်း ကန့်ကွက်တဲ့သူတွေ ရောက်လာတယ်။ ကန့်ကွက်တဲ့သူတွေကလဲ ဒီမျက်နှာတွေပဲ။ ဘူးလက်တို့ ခင်ဝိုင်းကြည်တို့ ကန့်ကွက်သူကို ဖမ်းမှာလား မေးတဲ့အခါ ဖမ်းမှာလို့ပြောတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဖမ်းခိုင်းရမှာဖြစ်တယ်။ ရဲတပ်ဖွဲ့ကို အဓိက အုပ်ချုပ်နေတာဟာ အစိုးရမဟုတ်ဘဲနဲ့ ဘယ်အဖွဲ့အစည်းက အားလုံးအုပ်ချုပ်နေတယ်ဆိုတာကို သိတယ် လို့ ဝန်ကြီးသူရဦးအောင်ကိုက ပြောခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူရဦးအောင်ကို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၂ အရ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတာဖြစ်ပါတယ် ။

ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့ ပတ်သက်တဲ့ ကွပ်ကဲအုပ်ချုပ်မှုဟာ အစိုးရအဖွဲ့ထံမှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိပြီး၊ အခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံတော်သမ္မတ ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ပြန်ပြီးလေ့လာကြည့်ပါက တွေ့ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုပြောကြားချက်တွေဟာ ဥပဒေနဲ့ မညီတဲ့ အခြေအမြစ်မရှိတဲ့ ပြောကြားချက်တွေဖြစ်တယ်လို့ ပြောလိုတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး ဖြစ်လာသူ သူရဦးအောင်ကိုဟာ တပ်မတော်မှာ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ယူခဲ့သူတဦး ဖြစ်ပါတယ်။

ရန်ကုန်မှာကျင်းပတဲ့ မြန်မာနိုင်ငံမွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့ချုပ်က ဦးစီးလုပ်တဲ့အခမ်းအနားမှာ ဝန်ကြီးသူရဦးအောင်ကို ကဦးဝီရသူ အပါအဝင် ဘူးလက်လှဆွေစတဲ့ တရားခံပြေးတွေကို ရဲတပ်ဖွဲ့ကို ဖမ်းခိုင်းထားကြောင်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က ပြည်ထောင်စု အစိုးရက ညွှန်ကြားလို့ ရန်ကုန်တိုင်း အစိုးရက ဦးဝီရသူကို တရားစွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟာ ဦးဝီရသူ ကို ဖမ်းဆီနိုင်ခြင်းမရှိသေးပါဘူး ။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အစိုးရကတရားစွဲထားတဲ့ ဦးလှဆွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၂အရ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို ဖမ်းနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက၂၀၁၉ ခုနှစ် သြဂုတ်လ၂၈ ရက်နေ့ မှာ ထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင်သတင်းစာရှင်းလင်းပွဲမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာကို လက်နက်ကြီး ကျည် ကျရောက်ပြီး လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတဲ့ကိစ္စဟာ အေအေ အဖွဲ့ရဲ့လုပ်ဆောင်ချက် ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထောက်အထားအချို့နဲ့ ရှင်းခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းရေးသားခဲ့တဲ့ မီဒီယာများထဲက ရိုက်တာ သတင်းဌာနကိုလည်း တပ်မတော်ကို စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားပြီး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ သူကပြောသွားပါတယ် ။

BBC Burmese
https://www.bbc.com
တပ္မေတာ္က သာသနာေရးဝန္ႀကီးကို အေရးယူေပးဖို႔ ေတာင္းဆိုမယ္ တပ္မေတာ္က သာသနာေရးဝန္ႀကီးကို အေရးယူေပးဖို႔ ေတာင္းဆိုမယ္ Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.