အာဖဂန္မွာ ပစ္သတ္ခံရတဲ့ ကန္တပ္ဖြဲ႔၀င္ ၂ ဦး

စစ္ေရးေလ့က်င့္ေနသည့္ အာဖဂန္တပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တိုဘာ ၃၁၊ ၂၀၁၈)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏုိင္ငံ နန္ဂါဟာျပည္နယ္ Sherzas ဒိစႀတိတ္မွာ တနဂၤေႏြေန႔ ပစ္ခတ္မႈအတြင္း ေသဆံုးခဲ့ရတဲ့ အေမရိကန္စစ္သည္ ႏွစ္ဦးရဲ႕ နာမည္ေတြကို အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ တပ္ၾကပ္ႀကီး Javier Jaguar Gutierrez နဲ႔ အသက္ ၂၈ ႏွစ္အရြယ္ တပ္ၾကပ္ Antonio Rey Rodriguez တို႔ က်ဆံုးခဲ့ရတာပါ။

အေမရိကန္နဲ႔ အာဖဂန္ ပူးေပါင္းတပ္ဖြဲ႔ကို အာဖဂန္တပ္ဖြဲ႔၀င္တဦးက စက္ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ တျခားတပ္ဖြဲ႔၀င္ ၆ ဦးလည္း ဒဏ္ရာရခဲ့တယ္လို႔ အာဖဂန္ဆိုင္ရာ အေမရိကန္တပ္ဖြဲ႔မ်ားရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

အခ်က္အလက္ေတြ စုေဆာင္းရယူေနဆဲျဖစ္ၿပီး ပစ္ခတ္ရတဲ့ အေၾကာင္းရင္းကို အခုအခ်ိန္မွာ မသိရေသးေၾကာင္း အေမရိကန္ ဗိုလ္မွဴးႀကီး Sonny Leggett က တနဂၤေႏြေန႔ အေစာပိုင္းမွာ ေျပာဆိုပါတယ္။

ပစ္ခတ္သူက အာဖဂန္စစ္သားတဦးျဖစ္ၿပီး အေမရိကန္ တပ္ဖြဲ႔ေတြနဲ႔ စကားမ်ားၿပီးတဲ့ေနာက္ အခုလို ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း အမည္မေဖာ္တဲ့ အာဖဂန္ ကာကြယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူက AP သတင္းကို ေျပာဆိုထားပါတယ္။

အဲဒီစစ္သားက တာလီဘန္ဘက္ေတာ္သား မဟုတ္ဘူးလို႔လည္း အမည္မေဖာ္တဲ့ အာဖဂန္ တာ၀န္ရွိသူက ေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အခုအခ်ိန္ထိ အာဖဂန္မွာ အေမရိကန္တပ္ဖြဲ႔၀င္ ၆ ဦး က်ဆံုးခဲ့ရၿပီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ အေမရိကန္တပ္ဖြဲ႔၀င္ ၂၂ ဦး အာဖဂန္မွာ က်ဆံုးခဲ့ရပါတယ္။

-----------------------------

(Unicode)

အာဖဂန်မှာ ပစ်သတ်ခံရတဲ့ ကန်တပ်ဖွဲ့ဝင် ၂ ဦး

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Sherzas ဒိစတြိတ်မှာ တနင်္ဂနွေနေ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည် နှစ်ဦးရဲ့ နာမည်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အသက် ၂၈ နှစ်အရွယ် တပ်ကြပ်ကြီး Javier Jaguar Gutierrez နဲ့ အသက် ၂၈ နှစ်အရွယ် တပ်ကြပ် Antonio Rey Rodriguez တို့ ကျဆုံးခဲ့ရတာပါ။

အမေရိကန်နဲ့ အာဖဂန် ပူးပေါင်းတပ်ဖွဲ့ကို အာဖဂန်တပ်ဖွဲ့ဝင်တဦးက စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် တခြားတပ်ဖွဲ့ဝင် ၆ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့များရဲ့ ပြောခွင့်ရက ပြောပါတယ်။

အချက်အလက်တွေ စုဆောင်းရယူနေဆဲဖြစ်ပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကို အခုအချိန်မှာ မသိရသေးကြောင်း အမေရိကန် ဗိုလ်မှူးကြီး Sonny Leggett က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောဆိုပါတယ်။

ပစ်ခတ်သူက အာဖဂန်စစ်သားတဦးဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေနဲ့ စကားများပြီးတဲ့နောက် အခုလို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမည်မဖော်တဲ့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက AP သတင်းကို ပြောဆိုထားပါတယ်။

အဲဒီစစ်သားက တာလီဘန်ဘက်တော်သား မဟုတ်ဘူးလို့လည်း အမည်မဖော်တဲ့ အာဖဂန် တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အခုအချိန်ထိ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ အမေရိကန်တပ်ဖွဲ့ဝင် ၂၂ ဦး အာဖဂန်မှာ ကျဆုံးခဲ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com
အာဖဂန္မွာ ပစ္သတ္ခံရတဲ့ ကန္တပ္ဖြဲ႔၀င္ ၂ ဦး အာဖဂန္မွာ ပစ္သတ္ခံရတဲ့ ကန္တပ္ဖြဲ႔၀င္ ၂ ဦး Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.