ေရလမ္းခရီးပိတ္လို႔ ပလက္၀ေဒသ ကုန္စည္ျပတ္လပ္

ပလက္၀ၿမိဳ႕ (Photo khonumthung.news )
(Zawgyi/Unicode)

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္မွာ အဓိကကုန္စည္ စီးဆင္းရာလမ္းေၾကာင္း ေက်ာက္ေတာ္-ပလက္၀ေရလမ္း ပိတ္ေနတာ တပတ္နီးပါးျဖစ္ေနလို႕ အေျခခံစားေသာက္ကုန္ေတြ အခက္ခဲျဖစ္ေနတာပါ။ ပလက္၀နဲ႔ ေက်ာက္ေတာ္နယ္စပ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ တပတ္ၾကာ တိုက္ပြဲေၾကာင့္ ကုလားတန္ျမစ္ေၾကာင္းအတြင္း စက္ေလွ သြားလာမႈ ရပ္ဆိုင္း သြားလို႕ ကုန္စည္စီးဆင္းမႈ ရပ္တန္႕ေနျပီး ေလွပါခရီးသည္ေတြလည္း ပိတ္မိတာေတြလည္း ရွိေနပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေနသတင္းေပးပို႕ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အစပ္မွာ ျမန္မာ့စစ္တပ္္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ အၾကား တပတ္ေလာက္ ျဖစ္ပြားေနတဲ့တိုက္ပြဲေၾကာင့္ ေရလမ္းခရီးပိတ္ဆို႔မႈ ျဖစ္ပြားခဲ့တယ္လို႕ ပလက္၀ၿမိဳ႕နယ္ေဒသခံ ခ်င္းျပည္နယ္ စည္ပင္၀န္ႀကီးဦးစိုးထက္ ကေျပာပါတယ္။

“တေလာကက်ေနာ္တို႕ မီး၀နားမွာ ျဖစ္တယ္။ တင္းမအနားမွာ ျဖစ္တယ္။ အဲဒီမီး၀နားမွာ ျဖစ္တဲ့ျဖစ္စဥ္ေၾကာင့္ ေရလမ္းေၾကာင္း သုံးလို႕မရဘူး ျဖစ္ေနတာေပါ့ေနာ္။ ေနာက္ၿပီးဒီက ကုန္စည္စီးဆင္းမႈလည္း မရွိတဲ့အခါက်ေတာ့ ကုန္စည္လည္းေစ်းႏႈန္းေတြ တက္ကုန္တာေပါ့။ အဲဒီေလးေတြေတာ့ျဖစ္ေနတယ္။”

ေက်ာက္ေတာ္-ပလက္၀ ကုလားတန္ျမစ္ေၾကာင္းမွာ စက္ေလွေတြ သြားလာရင္ပစ္ခတ္မႈေတြရွိေနလို႕ စက္ေလွသမားေတြ မသြားရဲၾကဘူးလို႕ စက္ေလွပိုင္ရွင္ တဦးက အခုလိုေျပာပါတယ္။

“သြားရင္ပစ္တယ္။ မသြားဘဲေနရင္လြတ္တယ္။ အဲဒီကထြက္လို႕ရွိရင္ ပစ္တယ္။ ဘယ္က ပစ္မွန္းလည္း မသိဘူး။ အဲဒီလမ္းေၾကာင္း ပစ္တာ တပတ္ ၈ ရက္ရွိၿပီ။”

ဒီလိုကုန္စည္စီးဆင္းရာ ေရလမ္းေၾကာင္း ပိတ္သြားတာေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွာ ကုန္ေစ်းႏႈန္းၾကီးျမင့္လာျပီး အေျခခံစားသုံးကုန္ ေတြျပတ္လတ္ေနၿပီးလို႕ အဆိုပါစက္ေလွပိုင္ရွင္ကပဲ ဆက္ေျပာပါတယ္။

“စားေသာက္ကုန္ေတြက ၾကက္ဥအရင္ ၁,၀၀၀ ဖိုး ၈ လုံးရတာက အခု ၁,၀၀၀ဖိုး ၄ လုံး။ ဆန္ေတြက မရွိေတာ့ဘူး။ ဆန္ေတြ က ေစ်းထဲမွာ ေရာင္းတဲ့ဆိုင္ေတြက မရွိေတာ့ဘူး။ ဆန္ရယ္၊ ဆီရယ္ မရွိေတာ့ဘူး။ ရွင္းရွင္းေျပာရရင္ ဘီယာတို႕၊ အရက္တို႕ေတာင္ ျပတ္သြားၿပီ ဒီပလက္၀ၿမိဳ႕က။”

ယခုလက္ရွိ ပလက္၀ျမိဳ႕မွာ ယခင္က က်ပ္ေငြ ၂၀,၀၀၀ ေလာက္ေပးရတဲ့ ဆန္တစ္အိတ္ဟာ ၃၀,၀၀၀ နီးပါးအထိ ျမင့္တက္ သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပလက္၀ၿမိဳ႕မွာ အေျခခံစားေသာက္ကုန္အျပင္ ေလာင္စာဆီေတြပါ ေစ်းတက္ေနတယ္လို႕ ေက်ာင္းဆရာဦးေအာင္လြင္က ေျပာပါတယ္။

“ေရလမ္းခရီးကပိတ္ဆို႕ထားလို႕ ကုန္စည္ေတြက မေရာက္ဘူးေပါ့ေနာ္ လုံး၀ကို။ ဒီဇယ္ဓါတ္ဆီေတြလည္း အဲဒီလိုပဲေစ်းတက္တယ္ အကုန္လုံးက။ ဆန္ေစ်းႏႈန္းက ဆန္ေတာင္မွေစ်းထဲမွာ မရွိေတာ့ဘူး။ ၀ယ္ဖို႕အတြက္ေတာင္ မရွိေတာ့ဘူး။”

ေဖေဖၚ၀ါရီလ ၆ ရက္ေန႔ကစၿပီး ပလက္၀ၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္အစပ္ ကုလားတန္ျမစ္ေၾကာင္း တေလွ်ာက္မွာ ျမန္မာစစ္တပ္္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြါးေနခဲ့တာပါ။

ဒီလိုတိုက္ပြဲျဖစ္စဥ္ေၾကာင့္ ပလက္၀ေဒသခံရာနဲ႔ခ်ီ ေက်ာက္ေတာ္ျမိဳ႕နယ္အတြင္း ပ္ိတ္မိေနတယ္လို႕ ခ်င္းျပည္နယ္၀န္ၾကီး ဦးစိုးထက္ကေျပာပါတယ္။

“အခုက်ေနာ္တို႕ေဒသဘက္က စက္ေလွ ၇ စီး ၈ စီးေလာက္က ေက်ာက္ေတာ္မွာေသာင္တင္ေနတာေပါ့။ ဆိုေတာ့ အဲဒီမွာ ပလက္၀သားေတြ အခုက်ေနာ္ သိသေလာက္ ၂၀၀ ေလာက္က ေသာင္တင္ၿပီးေတာ့ သူတို႕အခု အခက္ခဲျဖစ္တာေပါ့ေနာ္။ စားေရးေသာက္ေရးဘက္ကအစ အခက္ခဲျဖစ္လာတာေပါ့။ က်ေနာ္တို႕က ဆက္သြယ္ေပမဲ့ က်ေနာ္တို႕က ဒီစစ္ျဖစ္တဲ့ ေနရာက်ေတာ့ ထိထိေရာက္ေရာက္လုပ္လို႕ အဆင္မေျပဘူး။ ဒီျဖစ္စဥ္ေတြကိုပဲ အေပၚကိုတင္ေနရတာေပါ့။”

ပလက္၀ၿမိဳ႕နယ္ဟာ ေရလမ္းကိုသာ အမွီျပဳေနရတာေၾကာင့္ ဒီလိုေရလမ္းပိတ္သြားလို႕ အခက္ခဲရွိလာေနတာပါ။ ဘယ္လိုအေျခအေနျဖစ္ျဖစ္ ေရလမ္းေၾကာင္းပြင့္ေအာင္ လုပ္ေဆာင္ဖို႕က အေရးၾကီးေၾကာင္း ၀န္ၾကီးဦးစိုးထက္က ဆက္ေျပာ ပါတယ္။

“ျပည္နယ္ကအေနနဲ႔ က်ေနာ္တို႕ရဲ႕ အဓိက ကုန္စည္စီးဆင္းမႈက စစ္ေတြ၊ ေက်ာက္ေတာ္၊ ပလက္၀ျဖစ္တယ္ ခင္ဗ်။ အဲဒီလမ္းေၾကာင္းကိုပဲ ဘယ္လိုပုံစံနဲ႔ျဖစ္ျဖစ္ပြင့္ေအာင္ လုပ္ၿပီးမွ ကုန္စည္စီးဆင္းမႈ လုပ္လို႕ရမယ္ထင္တယ္။ က်န္တဲ့လမ္းေၾကာင္းက ေလာေလာဆယ္ဆယ္ မရွိဘူး။ က်ေနာ္တို႕ပလက္၀၊ ဆမီး၊ မတူပီလမ္းလည္း ေႏြမိုးေဆာင္းသြားလို႕ရေအာင္လုပ္ေနတယ္။ ေနာက္ ပိုင္းက်ရင္ေတာ့လည္း ျပည္မကကုန္စည္ေတြကို က်ေနာ္တို႕ မတူပီကေနၿပီးေတာ့ ပလက္၀ကိုပို႕တဲ့စနစ္လည္း ဒီအေျခအေနမ်ိဳးဆို က်ေနာ္တို႕ ျပန္စဥ္းစားရမွာေပါ့။”

တိုင္းနဲ႔ျပည္နယ္အနက္က ခ်င္းျပည္နယ္ဟာ ဖြံ႔ၿဖိဳးမႈ ေနာက္အက်ဆုံးနဲ႔ လမ္းပန္းဆက္သြယ္ေရး အခက္ခဲဆုံးျပည္နယ္လည္း ျဖစ္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA တို႔အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္၀ျမိဳ႕နယ္ဟာ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့အျပင္ အင္တာနက္လိုင္းေတြလည္း ေဖေဖာ္၀ါရီ ၃ ရက္ကစလို႔ ျဖတ္ေတာက္ခံထားရပါတယ္။

ႏွစ္ဘက္စစ္ေရး ပဋိပကၡျဖစ္စဥ္အတြင္း ပလက္၀ၿမိဳ႕နယ္ေဒသခံ ၄,၀၀၀ ခန္႕ဟာ စစ္ေျပးဒုကၡသည္အျဖစ္နဲ႔ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။


[Unicode Version]

ရေလမ်းခရီးပိတ်လို့ ပလက်ဝဒေသ ကုန်စည်ပြတ်လပ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အဓိကကုန်စည် စီးဆင်းရာလမ်းကြောင်း ကျောက်တော်-ပလက်ဝရေလမ်း ပိတ်နေတာ တပတ်နီးပါးဖြစ်နေလို့ အခြေခံစားသောက်ကုန်တွေ အခက်ခဲဖြစ်နေတာပါ။ ပလက်ဝနဲ့ ကျောက်တော်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တပတ်ကြာ တိုက်ပွဲကြောင့် ကုလားတန်မြစ်ကြောင်းအတွင်း စက်လှေ သွားလာမှု ရပ်ဆိုင်း သွားလို့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး လှေပါခရီးသည်တွေလည်း ပိတ်မိတာတွေလည်း ရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ်မှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တပတ်လောက် ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရေလမ်းခရီးပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောပါတယ်။

“တလောကကျနော်တို့ မီးဝနားမှာ ဖြစ်တယ်။ တင်းမအနားမှာ ဖြစ်တယ်။ အဲဒီမီးဝနားမှာ ဖြစ်တဲ့ဖြစ်စဉ်ကြောင့် ရေလမ်းကြောင်း သုံးလို့မရဘူး ဖြစ်နေတာပေါ့နော်။ နောက်ပြီးဒီက ကုန်စည်စီးဆင်းမှုလည်း မရှိတဲ့အခါကျတော့ ကုန်စည်လည်းဈေးနှုန်းတွေ တက်ကုန်တာပေါ့။ အဲဒီလေးတွေတော့ဖြစ်နေတယ်။”

ကျောက်တော်-ပလက်၀ ကုလားတန်မြစ်ကြောင်းမှာ စက်လှေတွေ သွားလာရင်ပစ်ခတ်မှုတွေရှိနေလို့ စက်လှေသမားတွေ မသွားရဲကြဘူးလို့ စက်လှေပိုင်ရှင် တဦးက အခုလိုပြောပါတယ်။

“သွားရင်ပစ်တယ်။ မသွားဘဲနေရင်လွတ်တယ်။ အဲဒီကထွက်လို့ရှိရင် ပစ်တယ်။ ဘယ်က ပစ်မှန်းလည်း မသိဘူး။ အဲဒီလမ်းကြောင်း ပစ်တာ တပတ် ၈ ရက်ရှိပြီ။”

ဒီလိုကုန်စည်စီးဆင်းရာ ရေလမ်းကြောင်း ပိတ်သွားတာကြောင့် ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး အခြေခံစားသုံးကုန် တွေပြတ်လတ်နေပြီးလို့ အဆိုပါစက်လှေပိုင်ရှင်ကပဲ ဆက်ပြောပါတယ်။

“စားသောက်ကုန်တွေက ကြက်ဥအရင် ၁,၀၀၀ ဖိုး ၈ လုံးရတာက အခု ၁,၀၀၀ဖိုး ၄ လုံး။ ဆန်တွေက မရှိတော့ဘူး။ ဆန်တွေ က ဈေးထဲမှာ ရောင်းတဲ့ဆိုင်တွေက မရှိတော့ဘူး။ ဆန်ရယ်၊ ဆီရယ် မရှိတော့ဘူး။ ရှင်းရှင်းပြောရရင် ဘီယာတို့၊ အရက်တို့တောင် ပြတ်သွားပြီ ဒီပလက်ဝမြို့က။”

ယခုလက်ရှိ ပလက်ဝမြို့မှာ ယခင်က ကျပ်ငွေ ၂၀,၀၀၀ လောက်ပေးရတဲ့ ဆန်တစ်အိတ်ဟာ ၃၀,၀၀၀ နီးပါးအထိ မြင့်တက် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့မှာ အခြေခံစားသောက်ကုန်အပြင် လောင်စာဆီတွေပါ ဈေးတက်နေတယ်လို့ ကျောင်းဆရာဦးအောင်လွင်က ပြောပါတယ်။

“ရေလမ်းခရီးကပိတ်ဆို့ထားလို့ ကုန်စည်တွေက မရောက်ဘူးပေါ့နော် လုံးဝကို။ ဒီဇယ်ဓါတ်ဆီတွေလည်း အဲဒီလိုပဲဈေးတက်တယ် အကုန်လုံးက။ ဆန်ဈေးနှုန်းက ဆန်တောင်မှဈေးထဲမှာ မရှိတော့ဘူး။ ဝယ်ဖို့အတွက်တောင် မရှိတော့ဘူး။”

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကစပြီး ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အစပ် ကုလားတန်မြစ်ကြောင်း တလျှောက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

ဒီလိုတိုက်ပွဲဖြစ်စဉ်ကြောင့် ပလက်ဝဒေသခံရာနဲ့ချီ ကျောက်တော်မြို့နယ်အတွင်း ပိတ်မိနေတယ်လို့ ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“အခုကျနော်တို့ဒေသဘက်က စက်လှေ ၇ စီး ၈ စီးလောက်က ကျောက်တော်မှာသောင်တင်နေတာပေါ့။ ဆိုတော့ အဲဒီမှာ ပလက်ဝသားတွေ အခုကျနော် သိသလောက် ၂၀၀ လောက်က သောင်တင်ပြီးတော့ သူတို့အခု အခက်ခဲဖြစ်တာပေါ့နော်။ စားရေးသောက်ရေးဘက်ကအစ အခက်ခဲဖြစ်လာတာပေါ့။ ကျနော်တို့က ဆက်သွယ်ပေမဲ့ ကျနော်တို့က ဒီစစ်ဖြစ်တဲ့ နေရာကျတော့ ထိထိရောက်ရောက်လုပ်လို့ အဆင်မပြေဘူး။ ဒီဖြစ်စဉ်တွေကိုပဲ အပေါ်ကိုတင်နေရတာပေါ့။”

ပလက်ဝမြို့နယ်ဟာ ရေလမ်းကိုသာ အမှီပြုနေရတာကြောင့် ဒီလိုရေလမ်းပိတ်သွားလို့ အခက်ခဲရှိလာနေတာပါ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ရေလမ်းကြောင်းပွင့်အောင် လုပ်ဆောင်ဖို့က အရေးကြီးကြောင်း ဝန်ကြီးဦးစိုးထက်က ဆက်ပြော ပါတယ်။

“ပြည်နယ်ကအနေနဲ့ ကျနော်တို့ရဲ့ အဓိက ကုန်စည်စီးဆင်းမှုက စစ်တွေ၊ ကျောက်တော်၊ ပလက်ဝဖြစ်တယ် ခင်ဗျ။ အဲဒီလမ်းကြောင်းကိုပဲ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ်ပွင့်အောင် လုပ်ပြီးမှ ကုန်စည်စီးဆင်းမှု လုပ်လို့ရမယ်ထင်တယ်။ ကျန်တဲ့လမ်းကြောင်းက လောလောဆယ်ဆယ် မရှိဘူး။ ကျနော်တို့ပလက်ဝ၊ ဆမီး၊ မတူပီလမ်းလည်း နွေမိုးဆောင်းသွားလို့ရအောင်လုပ်နေတယ်။ နောက် ပိုင်းကျရင်တော့လည်း ပြည်မကကုန်စည်တွေကို ကျနော်တို့ မတူပီကနေပြီးတော့ ပလက်ဝကိုပို့တဲ့စနစ်လည်း ဒီအခြေအနေမျိုးဆို ကျနော်တို့ ပြန်စဉ်းစားရမှာပေါ့။”

တိုင်းနဲ့ပြည်နယ်အနက်က ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အပြင် အင်တာနက်လိုင်းတွေလည်း ဖေဖော်ဝါရီ ၃ ရက်ကစလို့ ဖြတ်တောက်ခံထားရပါတယ်။

နှစ်ဘက်စစ်ရေး ပဋိပက္ခဖြစ်စဉ်အတွင်း ပလက်ဝမြို့နယ်ဒေသခံ ၄,၀၀၀ ခန့်ဟာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကိုႏိုင္ကြန္းအိန္/ VOA (Burmese)
https://burmese.voanews.com
ေရလမ္းခရီးပိတ္လို႔ ပလက္၀ေဒသ ကုန္စည္ျပတ္လပ္ ေရလမ္းခရီးပိတ္လို႔ ပလက္၀ေဒသ ကုန္စည္ျပတ္လပ္ Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.