ေမာင္ေတာၿမိဳ႕နယ္ ေလာင္းဒုံတံတားေအာက္၌ လက္လုပ္မိုင္းတစ္လုံး ေတြ႕ရွိ

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂
ေမာင္ေတာၿမိဳ႕နယ္ ေလာင္းဒုံေခ်ာင္း တံတားေအာက္မွ လက္လုပ္မိုင္း တစ္လုံးအား ေတြ႕ရွိသျဖင့္ သက္မဲ့ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေမာင္ေတာၿမိဳ႕နယ္ စပယ္ကုန္း ေက်း႐ြာအနီး ေလာင္းဒုံ - ငါးခူရ ကားလမ္းမွ အရွည္ေပ ၆၀၊ အက်ယ္ ၁၆ ေပခန႔္ရွိ ေလာင္းဒုံေခ်ာင္း ကြန္ကရစ္တံတားေအာက္ ရက္မ ႏွစ္ခုအၾကား (ငါးခူရဘက္ျခမ္း တံတားခ်ဥ္းကပ္လမ္းထိပ္)၌ မိုင္းဟု ယူဆရေသာ အထုပ္တစ္ထုပ္ ေတြ႕ရွိ သျဖင့္ တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၁ ရက္ ညေနပိုင္းတြင္ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း။

အဆိုပါေနရာတြင္ ေစာင္ တစ္ထည္ျဖင့္ ထုပ္ထားေသာ အဝ အခ်င္း ၁၃ လက္မခြဲ၊ အတြင္း အခ်င္း ၁၈ လက္မ၊ ေအာက္ေျခအခ်င္း ရွစ္လက္မ ၊ အျမင့္ ၁၃ လက္မခန႔္ရွိ အဖုံးပါ ဒန္အိုးတစ္လုံးအား ေတြ႕ရွိ၍ ဒန္အိုးအတြင္း ဂြမ္းမ်ား၊ ယမ္းစိမ္း ႏွင့္ ျပဒါးမႈန႔္မ်ား ေရာစပ္ထားေသာ လက္လုပ္ယမ္းမ်ား၊ ဖန္ေဂၚလီ အလုံး ၁၀၀၀ ခန႔္ ထည့္ထားၿပီး လက္ပတ္ နာရီ တစ္လုံး၊ ဆားကစ္ တစ္ခု၊ ၉ ဗို႔ ဘက္ထရီ ႏွစ္လုံး၊ လွ်ပ္စစ္စနက္တံ သုံးေခ်ာင္းတို႔ကို ဝိုင္ယာႀကိဳးျဖင့္ ဆက္ကာ အသက္သြင္းထားေသာ ေဒသႏၲရ လက္လုပ္မိုင္းတစ္လုံး ျဖစ္သျဖင့္ သက္မဲ့ျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ လက္လုပ္မိုင္းအား သက္ဆိုင္ရာ သို႔ အပ္ႏွံထားေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
------------
(Unicode)⤵⤵⤵
မောင်တောမြို့နယ် လောင်းဒုံတံတားအောက်၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၂
မောင်တောမြို့နယ် လောင်းဒုံချောင်း တံတားအောက်မှ လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် စပယ်ကုန်း ကျေးရွာအနီး လောင်းဒုံ - ငါးခူရ ကားလမ်းမှ အရှည်ပေ ၆၀၊ အကျယ် ၁၆ ပေခန့်ရှိ လောင်းဒုံချောင်း ကွန်ကရစ်တံတားအောက် ရက်မ နှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်)၌ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ သဖြင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ကြောင်း။

အဆိုပါနေရာတွင် စောင် တစ်ထည်ဖြင့် ထုပ်ထားသော အဝ အချင်း ၁၃ လက်မခွဲ၊ အတွင်း အချင်း ၁၈ လက်မ၊ အောက်ခြေအချင်း ရှစ်လက်မ ၊ အမြင့် ၁၃ လက်မခန့်ရှိ အဖုံးပါ ဒန်အိုးတစ်လုံးအား တွေ့ရှိ၍ ဒန်အိုးအတွင်း ဂွမ်းများ၊ ယမ်းစိမ်း နှင့် ပြဒါးမှုန့်များ ရောစပ်ထားသော လက်လုပ်ယမ်းများ၊ ဖန်ဂေါ်လီ အလုံး ၁၀၀၀ ခန့် ထည့်ထားပြီး လက်ပတ် နာရီ တစ်လုံး၊ ဆားကစ် တစ်ခု၊ ၉ ဗို့ ဘက်ထရီ နှစ်လုံး၊ လျှပ်စစ်စနက်တံ သုံးချောင်းတို့ကို ဝိုင်ယာကြိုးဖြင့် ဆက်ကာ အသက်သွင်းထားသော ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး ဖြစ်သဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်း နှင့် လက်လုပ်မိုင်းအား သက်ဆိုင်ရာ သို့ အပ်နှံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ေမာင္ေတာၿမိဳ႕နယ္ ေလာင္းဒုံတံတားေအာက္၌ လက္လုပ္မိုင္းတစ္လုံး ေတြ႕ရွိ ေမာင္ေတာၿမိဳ႕နယ္ ေလာင္းဒုံတံတားေအာက္၌ လက္လုပ္မိုင္းတစ္လုံး ေတြ႕ရွိ Reviewed by THITHTOOLWIN on 02:13 Rating: 5
Powered by Blogger.