ဝူဟန္ျပန္ေက်ာင္းသားေတြ အေျခအေနေကာင္း

(Zawgyi)⤵⤵⤵
ကုသဖို႔ ေဆးမရွိေသးတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က ျမန္မာပညာေတာ္သင္ ၅၉ ဦးကို အစိုးရအာဏာပိုင္ေတြက ၿပီးခဲ့တဲ့ ႏွစ္ရက္ တနဂၤေႏြေန႔က ျမန္မာႏိုင္ငံကို ျပန္လည္ေခၚေဆာင္လာပါတယ္။ အခု က်မေရာက္ေနတဲ့ ဒီအေဆာက္အဦးဟာ ဝူဟန္ၿမိဳ႕မွာ ပညာသင္ၾကားေနတဲ့ အစိုးရဝန္ထမ္းအမ်ားစုပါတဲ့  ဒီပညာေတာ္သင္ေက်ာင္းသား ၅၉ ဦးကို ထားရွိတဲ့ေနရာျဖစ္ပါတယ္။

သူတို႔ဟာ ျပန္ေခၚတဲ့ရက္ကစၿပီး မႏၲေလးကို ေရာက္ေနတာ သုံးရက္ရွိသြားၿပီျဖစ္ပါတယ္။ (က်မေရာက္ရွိခ်ိန္မွာ အရင္က ဒီေနရာ အနီးတစ္ဝိုက္မွာ ဖြင့္လွစ္ထားတဲ့ ေဈးဆိုင္ေတြလည္း ပိတ္ထားတာေတြ႕ရပါတယ္။)

အဲ့ဒီေဆး႐ုံကို ကန႔္သတ္ဧရိယာအျဖစ္ သတ္မွတ္ထားၿပီး ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္မယ္ဆိုရင္ ထိေရာက္စြာ အေရးယူခံရမယ္ဆိုတဲ့ အသိေပးစာတန္းေတြ ကပ္ထားတာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ ဒီေဆး႐ုံရဲ႕ ကိုက္ ၂ဝဝ ပတ္လည္မွာဆိုရင္ လူေနအိမ္ မရွိတဲ့အတြက္ စိုးရိမ္စရာမရွိဘူးလို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕က လွ်ပ္စစ္ဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာပါတယ္။

ဝူဟန္ၿမိဳ႕မွာပညာသင္ၾကားေနတဲ့ျမန္မာ ေက်ာင္းသား ၆၂ ေယာက္ကို ေခၚေဆာင္ဖို႔ စီစဥ္ထားတာျဖစ္ေပမယ့္ ေက်ာင္းသူတစ္ေယာက္နဲ႔ ေက်ာင္းသား တစ္ေယာက္ဟာ ကိုယ္အပူခ်ိန္တက္ေနခဲ့အတြက္ ေခၚေဆာင္ႏိုင္ျခင္းမရွိခဲ့ဘဲ ၅၉ ေယာက္သာ ေခၚေဆာင္ႏိုင္ခဲ့ပါတယ္။

“ WHO ရဲ႕ လမ္းၫႊန္ခ်က္၊ CDC (communicable disease control ) နဲ႔အညီ ေဆာင္႐ြက္တာျဖစ္တယ္၊ သူတို႔ကိုယ္တိုင္သည္လည္းပဲ ေရာဂါကူးစက္ခံရသူေတြမဟုတ္ပါဘူး၊ ဝူဟန္မွာေရာက္ရွိခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြပဲျဖစ္ပါတယ္" လို႔  လွ်ပ္စစ္-စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ကို ျပန္ေခၚထားၿပီး ေစာင့္ၾကည့္ေနတဲ့ ေက်ာင္းသားေတြရဲ႕ က်န္းမာေရး အေျခအေနဟာ ေကာင္းမြန္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္လည္းျဖစ္ၿပီး အဆုတ္ေရာင္ေရာဂါ ေစာင့္ၾကည့္စစ္ေဆးကုသေရး ႀကီးၾကပ္မႈ ေကာ္မတီဥကၠ႒ ေဒါက္တာရဲလြင္က ေျပာပါတယ္။

“ အကုန္ေကာင္းပါတယ္။ တေန႔ကို ႏွစ္ႀကိမ္စစ္ပါတယ္။ တခ်ိဳ႕လာလႉတဲ့ေဆးေတြ ဗိုက္တာမင္- စီက လြဲ လက္မခံပါဘူး၊။ အပူခ်ိန္က်မယ့္ ေဆးေတြ လုံးဝလက္မခံဘူး၊ ယူခြင့္လည္းမရွိပါဘူး။ စီစီတီဗြီကင္မရာေတြလည္း တပ္ထားပါတယ္။ ေစာင့္ၾကည့္ေနပါတယ္။  ဆယ္ေလးရက္ ျပည့္တဲ့ေန႔မွာ ေအာင္စားရင္းထြက္မွာပါ"

ေဆး႐ုံတာဝန္ရွိသူေတြ၊ ေက်ာင္းသားအဖြဲ႕ေခါင္းေဆာင္ေတြနဲ႔ Viber Group ဖြဲ႕ထားၿပီး အဆက္သြယ္မျပတ္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔လည္း ေဒါက္တာရဲလြင္က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈကို ကာကြယ္ႏိုင္ဖို႔ မႏၲေလးတိုင္းအတြင္းမွာ လူစည္ကားေစမဲ့ ပြဲလမ္းသဘင္က်င္းပတာေတြကို တားျမစ္ထားတယ္လို႔ မႏၲေလးတိုင္းလွ်ပ္စစ္၊ စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားအပါအဝင္ ဘယ္သူမဆို ကိုယ္အပူခ်ိန္ျမင့္တက္မယ္။ ဖ်ားနာမယ္ဆိုရင္ သက္ဆိုင္ရာ ေဆး႐ုံေတြကို သတင္းပို႔ဖို႔ကိုလည္း အဆုတ္ေရာင္ေရာဂါ ေစာင့္ၾကည့္စစ္ေဆးကုသေရး ႀကီးၾကပ္မႈေကာ္မတီက ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ သီးျခားေစာင့္ၾကည့္ခန္းေတြမွာ ထိန္းသိမ္းထားသူ မေန႔ကအထိ ၆ ဦးရွိခဲ့ေပမယ့္ အဲ့ဒီထဲက ၃ ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ မရွိေၾကာင္း ေတြ႕ရွိရတဲ့အတြက္ အာဏာပိုင္ေတြက မေန႔က ေဆး႐ုံက ဆင္းခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ရန္ကုန္ၿမိဳ႕မွာ ေစာင့္ၾကည့္ေနသူ ၂ ဦး၊ ေနျပည္ေတာ္မွာ ၁ ဦးရွိေနဆဲျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔အထိ ေသဆုံးသူ ၄၂၆ ေယာက္နဲ႔ ေရာဂါပိုးကူးစက္ခံရသူ ၂ဝ၄၃၈ ေယာက္ ရွိသြားၿပီလို႔  တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က  အခုလ ၃ ရက္ေန႔မွာထုတ္ျပန္ထားပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာလည္း ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူတစ္ဦး ေသဆုံးခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဝူဟန်ပြန်ကျောင်းသားတွေ အခြေအနေကောင်း

ကုသဖို့ ဆေးမရှိသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က မြန်မာပညာတော်သင် ၅၉ ဦးကို အစိုးရအာဏာပိုင်တွေက ပြီးခဲ့တဲ့ နှစ်ရက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာပါတယ်။ အခု ကျမရောက်နေတဲ့ ဒီအဆောက်အဦးဟာ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ အစိုးရဝန်ထမ်းအများစုပါတဲ့  ဒီပညာတော်သင်ကျောင်းသား ၅၉ ဦးကို ထားရှိတဲ့နေရာဖြစ်ပါတယ်။

သူတို့ဟာ ပြန်ခေါ်တဲ့ရက်ကစပြီး မန္တလေးကို ရောက်နေတာ သုံးရက်ရှိသွားပြီဖြစ်ပါတယ်။ (ကျမရောက်ရှိချိန်မှာ အရင်က ဒီနေရာ အနီးတစ်ဝိုက်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေလည်း ပိတ်ထားတာတွေ့ရပါတယ်။)

အဲ့ဒီဆေးရုံကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မယ်ဆိုရင် ထိရောက်စွာ အရေးယူခံရမယ်ဆိုတဲ့ အသိပေးစာတန်းတွေ ကပ်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီဆေးရုံရဲ့ ကိုက် ၂ဝဝ ပတ်လည်မှာဆိုရင် လူနေအိမ် မရှိတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့က လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

ဝူဟန်မြို့မှာပညာသင်ကြားနေတဲ့မြန်မာ ကျောင်းသား ၆၂ ယောက်ကို ခေါ်ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ကျောင်းသူတစ်ယောက်နဲ့ ကျောင်းသား တစ်ယောက်ဟာ ကိုယ်အပူချိန်တက်နေခဲ့အတွက် ခေါ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ၅၉ ယောက်သာ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

“ WHO ရဲ့ လမ်းညွှန်ချက်၊ CDC (communicable disease control ) နဲ့အညီ ဆောင်ရွက်တာဖြစ်တယ်၊ သူတို့ကိုယ်တိုင်သည်လည်းပဲ ရောဂါကူးစက်ခံရသူတွေမဟုတ်ပါဘူး၊ ဝူဟန်မှာရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်" လို့  လျှပ်စစ်-စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

မန္တလေးမြို့ကို ပြန်ခေါ်ထားပြီး စောင့်ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်တယ်လို့ မန္တလေးမြို့တော်ဝန်လည်းဖြစ်ပြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင်က ပြောပါတယ်။

“ အကုန်ကောင်းပါတယ်။ တနေ့ကို နှစ်ကြိမ်စစ်ပါတယ်။ တချို့လာလှူတဲ့ဆေးတွေ ဗိုက်တာမင်- စီက လွဲ လက်မခံပါဘူး၊။ အပူချိန်ကျမယ့် ဆေးတွေ လုံးဝလက်မခံဘူး၊ ယူခွင့်လည်းမရှိပါဘူး။ စီစီတီဗွီကင်မရာတွေလည်း တပ်ထားပါတယ်။ စောင့်ကြည့်နေပါတယ်။  ဆယ်လေးရက် ပြည့်တဲ့နေ့မှာ အောင်စားရင်းထွက်မှာပါ"

ဆေးရုံတာဝန်ရှိသူတွေ၊ ကျောင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ Viber Group ဖွဲ့ထားပြီး အဆက်သွယ်မပြတ်အောင် ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာရဲလွင်က ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာကွယ်နိုင်ဖို့ မန္တလေးတိုင်းအတွင်းမှာ လူစည်ကားစေမဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေကို တားမြစ်ထားတယ်လို့ မန္တလေးတိုင်းလျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

တရုတ်နိုင်ငံသားအပါအဝင် ဘယ်သူမဆို ကိုယ်အပူချိန်မြင့်တက်မယ်။ ဖျားနာမယ်ဆိုရင် သက်ဆိုင်ရာ ဆေးရုံတွေကို သတင်းပို့ဖို့ကိုလည်း အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ သီးခြားစောင့်ကြည့်ခန်းတွေမှာ ထိန်းသိမ်းထားသူ မနေ့ကအထိ ၆ ဦးရှိခဲ့ပေမယ့် အဲ့ဒီထဲက ၃ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း တွေ့ရှိရတဲ့အတွက် အာဏာပိုင်တွေက မနေ့က ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ရန်ကုန်မြို့မှာ စောင့်ကြည့်နေသူ ၂ ဦး၊ နေပြည်တော်မှာ ၁ ဦးရှိနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၄၂၆ ယောက်နဲ့ ရောဂါပိုးကူးစက်ခံရသူ ၂ဝ၄၃၈ ယောက် ရှိသွားပြီလို့  တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က  အခုလ ၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး သေဆုံးခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဝူဟန္ျပန္ေက်ာင္းသားေတြ အေျခအေနေကာင္း ဝူဟန္ျပန္ေက်ာင္းသားေတြ အေျခအေနေကာင္း Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.