စီးပြားေရး အခ်က္အလက္ေတြသိမ္းဆည္းေပးမယ့္ဘဏ္

 ျပည္သူ႔ဘ႑ာေတြကို သုံးၿပီးပြင့္လင္းျမင္သာ ခ်ျပမယ္
(Zawgyi)⤵⤵⤵
ျပည္သူ႔ဘ႑ာေတြကို သုံးၿပီး အေကာင္အထည္ေဖာ္မယ့္ စီမံကိန္းေတြနဲ႔ အဲဒီစီမံကိန္းက အခ်က္အလက္၊ ကုန္က်စရိတ္ေတြကို အမ်ားသူငွာသိရွိေအာင္ စုစည္းၿပီး သိမ္းဆည္းထားေပးမယ့္ စီမံကိန္း ဘဏ္တစ္ခုကို အစိုးရက ၂၀၂၀ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ စတင္ဖြင့္လွစ္လိုက္ပါတယ္။

ဒီဘဏ္မွာေတာ့ ျပည္သူ႔ဘ႑ာနဲ႔ လုပ္သင့္တဲ့ ဦးစားေပး လုပ္ငန္းမ်ိဳးေတြ ၊ လုပ္ေနတဲ့ စီမံကိန္းေတြရဲ႕ လုပ္ေဆာင္ေနမႈနဲ႔ ကုန္က်စရိတ္ စတဲ့ အခ်က္အလက္ေတြကို ပြင့္လင္းျမင္သာမႈရွိေအာင္ ေဖာ္ျပေပးထားမွာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ ျမန္မာႏိုင္ငံရဲ႕ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း (MSDP) ကို အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

ဒီစဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္မွာ ပါရွိထားတဲ့ ဖြံ႕ၿဖိဳးမႈအတြက္ လုပ္ဖို႔ လိုအပ္ေနတဲ့ က႑ေတြနဲ႔ ဆက္စပ္မႈရွိတဲ့ စီမံကိန္းမ်ိဳးေတြကို ဦးစားေပးလုပ္ကိုင္ဖို႔၊ အဲဒီစီမံကိန္းေတြရဲ႕ အခ်က္အလက္ ေတြကို ပြင့္လင္းျမင္သာေအာင္ ထားရွိထားတဲ့ စီမံကိန္း ဘဏ္မ်ိဳးလည္းျဖစ္တယ္လို႔ စီမံကိန္းေရးဆြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေသြးေသြးခ်စ္က ဆိုပါတယ္။

ေဒၚေသြးေသြးခ်စ္က ' အစိုးရက လုပ္ေနတဲ့ လုပ္ငန္းေတြကို ျပည္သူေတြက ပြင့္လင္းျမင္သာစြာ သိဖို႔နဲ႔ သိျခင္းအားျဖင့္ သူတို႔ အတြက္လုပ္ႏိုင္တဲ့ mapping ေတြကို ရွာႏိုင္ဖို႔ပါ။ ဘာလို႔လဲ ဆိုရင္ တခ်ိဳ႕ ပေရာ္ဂ်က္ေတြက Inviting Additional Financing (ေနာက္ထပ္လိုအပ္တဲ့ ဘ႑ာေငြေတြကို ဖိတ္ေခၚပါတယ္ ) ဆိုတာလည္း ေတြ႕ပါလိမ့္မယ္ရွင့္ ၊ ဒီလိုပေရာဂ်က္ေတြမွာ ပုဂၢလိက ကဝင္ေရာက္ေဆာင္႐ြက္ျခင္းအားျဖင့္ သူတို႔ရဲ႕ အလုပ္အကိုင္ အခြင့္အလမ္းေကာ သူတို႔ရဲ႕ စီးပြားေရးနယ္ပယ္ေတြကိုလည္း ပိုမို ခ်ဲ႕ထြင္ႏိုင္ဖို႔ ျဖစ္ပါတယ္။' လို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာေတာ့ စီမံကိန္းဘဏ္ရဲ႕ ဝဘ္ဆိုက္ စာမ်က္ႏွာမွာ ဘဏ္ အေၾကာင္းအရာေတြ အျပင္ အမ်ားသူငွာ သိရွိၿပီးျဖစ္တဲ့ ရန္ကုန္- မႏၲေလး ရထားလမ္း အဆင့္ျမႇင့္ တင္တဲ့ စီမံကိန္း အေၾကာင္းအရာ အခ်က္အလက္၊ မူဆယ္ကုန္စည္ဂိတ္ အဆင့္ျမႇင့္တင္ဖို႔ စီမံကိန္း လ်ာထားတာေတြ အစရွိတဲ့ စီမံကိန္းအခ်က္အလက္ေတြကို အမ်ား သူငွာ သိရွိေအာင္ ေဖာ္ျပထားပါတယ္။

ဒီလို စီမံကိန္းဆိုင္ရာ အခ်က္အလက္ေတြကို ပြင့္လင္းျမင္သာမႈ ရွိေအာင္ လုပ္တဲ့ကိစၥဟာ ျပည္သူလူထု အားလုံးတြက္ အက်ိဳးရွိတယ္လို႔ စီးပြားေရး ပညာရွင္ ဦးေအာင္ကိုကိုက ဘီဘီစီကို ေျပာပါတယ္။

ဦးေအာင္ကိုကိုက ' ႏိုင္ငံရဲ႕ ဘ႑ာကို အေဟာသိကံ မျဖစ္ေအာင္ သုံးစြဲတာကလည္း အားလုံးအတြက္ အက်ိဳးရွိတာပဲေလ။ ထိထိေရာက္ေရာက္ သုံးစြဲတယ္ ဆိုကတည္းက လိုအပ္တဲ့ေနရာမွာ လိုအပ္သေလာက္ သုံးတယ္ဆိုတဲ့ အဓိပၸါယ္ေပါ့ဗ်ာ' လို႔ေျပာပါတယ္။

အခုလို ႏိုင္ငံ ဖြံ႕ၿဖိဳးေရးအတြက္ အေကာင္အထည္ ေဖာ္မယ့္ မူဝါဒေတြကို အစိုးရ အဆက္ဆက္ ႏိုင္ငံေရးအရ အာဏာရရွိသူေတြ အပါအဝင္ အစရွိတဲ့ ထိပ္ပိုင္း ပုဂၢိဳလ္ေတြကသာ ခ်မွတ္ခဲ့လို႔ လက္ေတြ႕နဲ႔ အသုံးခ်တဲ့ ေနရာေတြမွာေတာ့ အခက္အခဲ၊ ကြဲျပားမႈေတြက ျပႆနာအျဖစ္ အစိုးရ အဆက္ဆက္မွာ ရွိေနဆဲပဲ လို႔ စီးပြားေရး အပါအဝင္ က႑ အမ်ားစုက အကဲခတ္ေတြက သုံးသပ္ေနၾကပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
စီးပွားရေး အချက်အလက်တွေသိမ်းဆည်းပေးမယ့်ဘဏ်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပြည်သူ့ဘဏ္ဍာတွေကို သုံးပြီးပွင့်လင်းမြင်သာ ချပြမယ်

ပြည်သူ့ဘဏ္ဍာတွေကို သုံးပြီး အကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ အဲဒီစီမံကိန်းက အချက်အလက်၊ ကုန်ကျစရိတ်တွေကို အများသူငှာသိရှိအောင် စုစည်းပြီး သိမ်းဆည်းထားပေးမယ့် စီမံကိန်း ဘဏ်တစ်ခုကို အစိုးရက ၂၀၂၀ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီဘဏ်မှာတော့ ပြည်သူ့ဘဏ္ဍာနဲ့ လုပ်သင့်တဲ့ ဦးစားပေး လုပ်ငန်းမျိုးတွေ ၊ လုပ်နေတဲ့ စီမံကိန်းတွေရဲ့ လုပ်ဆောင်နေမှုနဲ့ ကုန်ကျစရိတ် စတဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ပါရှိထားတဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေနဲ့ ဆက်စပ်မှုရှိတဲ့ စီမံကိန်းမျိုးတွေကို ဦးစားပေးလုပ်ကိုင်ဖို့၊ အဲဒီစီမံကိန်းတွေရဲ့ အချက်အလက် တွေကို ပွင့်လင်းမြင်သာအောင် ထားရှိထားတဲ့ စီမံကိန်း ဘဏ်မျိုးလည်းဖြစ်တယ်လို့ စီမံကိန်းရေးဆွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က ဆိုပါတယ်။

ဒေါ်သွေးသွေးချစ်က ' အစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေကို ပြည်သူတွေက ပွင့်လင်းမြင်သာစွာ သိဖို့နဲ့ သိခြင်းအားဖြင့် သူတို့ အတွက်လုပ်နိုင်တဲ့ mapping တွေကို ရှာနိုင်ဖို့ပါ။ ဘာလို့လဲ ဆိုရင် တချို့ ပရော်ဂျက်တွေက Inviting Additional Financing (နောက်ထပ်လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို ဖိတ်ခေါ်ပါတယ် ) ဆိုတာလည်း တွေ့ပါလိမ့်မယ်ရှင့် ၊ ဒီလိုပရောဂျက်တွေမှာ ပုဂ္ဂလိက ကဝင်ရောက်ဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကော သူတို့ရဲ့ စီးပွားရေးနယ်ပယ်တွေကိုလည်း ပိုမို ချဲ့ထွင်နိုင်ဖို့ ဖြစ်ပါတယ်။' လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ စီမံကိန်းဘဏ်ရဲ့ ဝဘ်ဆိုက် စာမျက်နှာမှာ ဘဏ် အကြောင်းအရာတွေ အပြင် အများသူငှာ သိရှိပြီးဖြစ်တဲ့ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့် တင်တဲ့ စီမံကိန်း အကြောင်းအရာ အချက်အလက်၊ မူဆယ်ကုန်စည်ဂိတ် အဆင့်မြှင့်တင်ဖို့ စီမံကိန်း လျာထားတာတွေ အစရှိတဲ့ စီမံကိန်းအချက်အလက်တွေကို အများ သူငှာ သိရှိအောင် ဖော်ပြထားပါတယ်။

ဒီလို စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်တဲ့ကိစ္စဟာ ပြည်သူလူထု အားလုံးတွက် အကျိုးရှိတယ်လို့ စီးပွားရေး ပညာရှင် ဦးအောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

ဦးအောင်ကိုကိုက ' နိုင်ငံရဲ့ ဘဏ္ဍာကို အဟောသိကံ မဖြစ်အောင် သုံးစွဲတာကလည်း အားလုံးအတွက် အကျိုးရှိတာပဲလေ။ ထိထိရောက်ရောက် သုံးစွဲတယ် ဆိုကတည်းက လိုအပ်တဲ့နေရာမှာ လိုအပ်သလောက် သုံးတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ' လို့ပြောပါတယ်။

အခုလို နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော်မယ့် မူဝါဒတွေကို အစိုးရ အဆက်ဆက် နိုင်ငံရေးအရ အာဏာရရှိသူတွေ အပါအဝင် အစရှိတဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကသာ ချမှတ်ခဲ့လို့ လက်တွေ့နဲ့ အသုံးချတဲ့ နေရာတွေမှာတော့ အခက်အခဲ၊ ကွဲပြားမှုတွေက ပြဿနာအဖြစ် အစိုးရ အဆက်ဆက်မှာ ရှိနေဆဲပဲ လို့ စီးပွားရေး အပါအဝင် ကဏ္ဍ အများစုက အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

BBC Burmese
https://www.bbc.com
စီးပြားေရး အခ်က္အလက္ေတြသိမ္းဆည္းေပးမယ့္ဘဏ္ စီးပြားေရး အခ်က္အလက္ေတြသိမ္းဆည္းေပးမယ့္ဘဏ္ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.