ေျမာက္ဦးၿမိဳ႕နယ္အတြင္း တိုက္ပြဲျပင္းထန္ အရပ္သား ၄ ဦးေသ၊ ၁ ဦးေပ်ာက္ဆုံး၊ ေနအိမ္ေတြမီးေလာင္

 ရခိုင္ ျပည္တြင္းစစ္ အတြင္း အရပ္သား ထိခိုက္ ေသဆုံးရမႈက ေန႔စဥ္ ျမင့္တက္လာေန
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ပိုင္း ေျမာင္းေဘြေက်း႐ြာ အနီးမွာရွိတဲ့ ေ႐ႊလွံေက်း႐ြာနဲ႔ ေျမာင္းေဘြေခ် ေက်း႐ြာအၾကားမွာ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔ မနက္ပိုင္း ၇ နာရီ မိနစ္ ၂၀ ဝန္းက်င္မွာ တပ္မေတာ္ယာဥ္တန္းကို ရကၡိဳင့္တပ္ေတာ္ ေအေအဘက္ကေနၿပီး တိုက္ခိုက္မႈျပဳလုပ္ခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာဟာ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္အစပ္ ဟာရဘိုင္ေက်း႐ြာအနီး ရႏ္ုကုန္-စစ္ေတြအေဝး ေျပးလမ္းေပၚမွာ ျဖစ္ပြားခဲ့ တာျဖစ္ၿပီး အဲ့ဒီကတိုက္ခိုက္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တဲ့အခ်ိန္မွာ အနီးဝန္းက်င္မွာရွိတဲ့ ေက်း႐ြာေတြကို လက္နက္ႀကီး လက္နက္ငယ္က်ည္ေတြ က်ေရာက္ခဲ့တာေၾကာင့္ အရပ္သားေသဆုံးမႈေတြရွိခဲ့သလို ေနအိမ္မီးေလာင္မႈေတြလည္းရွိခဲ့တယ္လို႔ မ်က္ျမင္ သက္ေသ ေဒသခံေတြကလည္း ေျပာပါတယ္။

မိုင္းခြဲ တိုက္ခိုက္ခံခဲ့ရတဲ့ စစ္ယာဥ္တန္းမွာ ကား ၁၄ စီးပါၿပီး မင္းျပားၿမိဳ႕ကေန ေျမာက္ဦးဘက္ကို ရန္ကုန္-စစ္ေတြ ကားလမ္းအတိုင္း လာရာမွာ ေျမာင္းေဘြေခ်႐ြာနဲ႔ ေ႐ႊလံ ကားလမ္း တေလွ်ာက္မွာ မိုင္းခြဲတိုက္ခိုက္ခံရၿပီး စစ္ယာဥ္တန္းကို ေအေအတပ္ဖြဲ႕ဝင္ေတြက ေနရာအမ်ားအျပားကေန ျဖတ္ေတာက္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္း ေက်း႐ြာအတြင္းကို လက္နက္ႀကီးက်ည္ေတြက်ေရာက္ခဲ့တာၾကာင့္ ေျမာင္းေဘြတိုက္နယ္ေက်း႐ြာမွာ ေနအိမ္ ၃ လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး လက္နက္ႀကီးအသံေၾကာင့္ ေျမာင္းေဘြေခ်ေက်း႐ြာက အမ်ိဳးသမီးႀကီးတစ္ဦး ျဖစ္တဲ့ ေဒၚဘားမဟာ ႏွလုံးရပ္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးေက်ာ္ဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ေျမာင္းေဘြေက်း႐ြာနဲ႔ ေ႐ႊလွံေက်း႐ြာအၾကားမွာရွိတဲ့ ဘူးတစ္လုံး မြတ္ဆလင္ေက်း႐ြာ၊ တန္းပ်င္းႀကီး၊ ေလးၿမိဳ႕စားေက်း႐ြာေတြမွာလည္း ေဒသခံ အနည္းဆုံး ၄ ဦး ေသဆုံးခဲ့ၿပီး ၁၀ ဦး ထက္ မနည္းလည္း ထိခိုက္ဒဏ္ရာေတြရရွိခဲ့ၾကတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

 ေျမာက္ဦး နယ္ထဲမွာ ဆိုရင္ တိုက္ပြဲေတြဟာ ေျမာက္ပိုင္းကေန ေတာင္ပိုင္း အထိ က်ယ္ျပန႔္လာ
"မနက္ ၇ နာရီ ၂၀ မိနစ္မွာ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္အစပ္ ေျမာင္းေဘြေခ်ေက်း႐ြာနဲ႔ ဟာရဘိုင္႐ြာအၾကားမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ကား ၁၈ စီးပါတဲ့ စစ္ယာဥ္တန္းကို ကြၽန္ေတာ္တို႔ ရကၡိဳင့္တပ္ေတာ္ကေနၿပီးေတာ့ ျဖတ္ေတာက္တိုက္ခိုက္ခဲ့တာရွိတယ္။ အဲ့ဒီမွာ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ထိခိုက္အက်ဆုံးေတြရွိတယ္" လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္း တပ္မေတာ္ဘက္က အထိခိုက္က်ဆုံးေတြရွိခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ေအေအဘက္က ေျပာဆိုေပမယ့္ အတည္ျပဳခ်က္ ေတြရရွိႏိုင္ဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

တိုက္ပြဲအတြင္းမွာ ႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈေတြအတြင္း အနီးဝန္းက်င္က က်ည္ေတြ က်ေရာက္ခဲ့တဲ့အတြက္ ေဒသခံ ရခိုင္လူမ်ိဳးေတြနဲ႔ မြတ္ဆလင္ေတြ ထိခိုက္ေသဆုံးမႈရွိခဲ့တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးေက်ာ္ဝင္းက ေျပာပါတယ္။

အရပ္သားေတြ ထိခိုက္ေသဆုံးခဲ့ရာတာေတြဟာ တပ္မေတာ္စစ္ေၾကာင္း တိုက္ခိုက္ခံရၿပီးေနာက္ပိုင္းမွာ ေက်း႐ြာေတြဘက္ကို ပစ္ခတ္ခဲ့တဲ့အတြက္ အရပ္သားေတြထိခိုက္ခဲ့ရတာျဖစ္ပါတယ္လို႔ ေအေအ ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

တိုက္ပြဲအတြင္း တန္းပ်င္းႀကီး႐ြာက ဦးသိန္းေမာင္ေခ် ၅၆ ႏွစ္နဲ႔ ဇနီးျဖစ္သူ ေဒၚစံသိန္း ၅၃ ႏွစ္တို႔ဟာ ထမင္းစားေနစဥ္ ေနအိမ္ကို လက္နက္ႀကီး က်ကြဲၿပီး ျပင္းထန္ ဒဏ္ရာေတြရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေျမာင္းေဘြတံတားမွာ အလုပ္လုပ္ေနတဲ့ ေဆာက္လုပ္ေရးလုပ္သား တစ္ဦးလည္း ေသနတ္က်ည္ ၂ ခ်က္ ထိမွန္ၿပီး မင္းျပားေဆး႐ုံကို အေရးေပၚ ပို႔ေဆာင္လိုက္ရတယ္လို႔ ဆိုပါတယ္။

ေျမာင္ေဘြေက်း႐ြာ အေရွ႕ပိုင္းက ဆရာမ ေဒၚသန္းသန္းေအးေနအိမ္၊ ဆရာဦးထြန္းသိန္းအိမ္နဲ႔ ဦးေက်ာ္ေသာင္းတို႔ ေနအိမ္ေတြ ကိုလည္း လက္နက္ ႀကီးက်ၿပီး လုံး၀ ျပာက်ေအာင္ထိ မီးေလာင္သြားခဲ့တယ္လို႔ မ်က္ျမင္ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ့ မီးၿငိမ္းသြားၿပီလို႔ ဆိုပါတယ္။

ဒါ့အျပင္ မြတ္ဆလင္ေက်း႐ြာျဖစ္တဲ့ ဘူးတစ္လုံး႐ြာက ႐ြာအျပင္မွာ ႏြားေက်ာင္းေနသူေတြနဲ႔ အလုပ္လုပ္ကိုင္ေနသူ သုံးဦးဟာ လက္နက္ငယ္ က်ည္ထိမွန္ၿပီး ေသဆုံးသြားခဲ့ကာ တစ္ဦးကေတာ့ ရွာမေတြ႕ေသးဘူးလို႔ လိုက္ပါကူညီေပးေနသူ မြတ္ဆလင္ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

"ႏွစ္ဖက္ပစ္ခတ္တာမွာ ကြၽန္ေတာ္တို႔႐ြာက မြတ္ဆလင္ ၃ ေယာက္ေသတယ္၊ ၁ ေယာက္ကေတာ့ ေပ်ာက္ဆုံးေနတယ္၊ ႐ြာျပင္မွာ ႏြားေက်ာင္းတယ္၊ လယ္ကြက္ကိုဆင္းၾကတဲ့အခ်ိန္မွာ က်ည္ေတြက ႐ုတ္တရက္ႀကီးက်လာတာ။ လက္နက္ငယ္က်ည္ထိတာပါ၊ ဒဏ္ရာရတာက အခုဆိုရင္ ၆ ေယာက္ရွိ ေနၿပီ"လို႔ အဲ့ဒီ မြတ္ဆလင္႐ြာသားက ေျပာပါတယ္။

ေသဆုံးသူေတြဟာ မာေမာက္ဟာရက္ (၁၈) ႏွစ္ (ဘ) ဆီ႐ူး၊ မာေမာက္ေရာ္ဟိန္း (၁၂) ႏွစ္ (ဘ) မာေမာက္ဂ်ဴး႐ူးနဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ တစ္ဦးတို႔ ျဖစ္တယ္လို႔ ေက်း႐ြာလူႀကီး တစ္ဦးကလည္း ေျပာပါတယ္။

ဘူးတစ္လုံးေက်း႐ြာက ေသဆုံးသူ ၃ ဦးနဲ႔ ေပ်ာက္ဆုံးေနသူ ၁ ဦးတို႔မွာ အမ်ိဳးသားေတြျဖစ္ၾကၿပီး ဒဏ္ရာရရွိသူေတြကေတာ့ အမ်ိဳးသား ၃ ဦးနဲ႔ အမ်ိဳး သမီး ၃ ဦးျဖစ္တယ္လို႔ ေဒသခံ မြတ္ဆလင္ ႐ြာသား တစ္ဦးက ေျပာပါတယ္။

အဲ့ဒီထဲက ဒဏ္ရာျပင္းထန္သူေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျမာင္းေဘြတိုက္နယ္ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

ေလာေလာဆယ္မွာေတာ့ အဲ့ဒီအနီးဝန္းက်င္မွာ တိုက္ပြဲျဖစ္ပြားတာမရွိေတာ့ေပမယ့္ ပစ္ခတ္သံတခ်ိဳ႕ကိုၾကားေနရၿပီး အေဝးေျပးလမ္းမေပၚနဲ႔ လယ္ကြင္း ေတြမွာ တပ္မေတာ္သားေတြ သြားလာလႈပ္ရွားေနတာကိုေတြ႕ေနရတဲ့အတြက္ ေသဆုံးသူေတြရဲ႕အေလာင္းေတြကိုေတာ့ ေလာေလာဆယ္ ေဆး႐ုံကို ပို႔ေဆာင္မေပးႏိုင္ေသးဘူးလို႔ဆိုပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းကေန တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၾကေပမယ့္ ေျမာက္ဦး နယ္ထဲမွာ ဆိုရင္ တိုက္ပြဲေတြဟာ ေျမာက္ပိုင္းကေန ေတာင္ပိုင္း အထိ က်ယ္ျပန႔္လာေနအခု ၂၀၂၀ ခုႏွစ္အတြင္းမွာ ေတာင္ပိုင္းေဒသကိုထိ က်ယ္ျပန႔္လာခဲ့တာျဖစ္ပါတယ္။

တိုက္ပြဲျဖစ္ပြားတာေတြ က်ယ္ျပန႔္လာေနတဲ့အတြက္ ဆက္လက္ၿပီးေတာ့ တိုက္ပြဲအေျခအေနေတြက ျပင္းထန္လာမယ့္အေနအထားေတြကို ေတြ႕ေနရတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးေက်ာ္ဝင္းက ေျပာပါတယ္။

ရခိုင္ က ျပည္တြင္းစစ္ အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔အၾကား ၿပီးခဲ့တဲ့ ၁ ႏွစ္ ေက်ာ္ အတြင္း တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနၾကၿပီး တိုက္ပြဲေတြ ေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈဟာ ရာဂဏန္း အထက္ ရွိလာေနၿပီး ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ အေရအတြက္ဟာလည္း သိန္းဂဏန္း အထိ ရွိလာေနၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သား ၄ ဦးသေ၊ ၁ ဦးပျောက်ဆုံး၊ နေအိမ်တွေမီးလောင်

ဓာတ်ပုံ မူပိုင် AFP / Getty Images
Image caption ရခိုင် ပြည်တွင်းစစ် အတွင်း အရပ်သား ထိခိုက် သေဆုံးရမှုက နေ့စဉ် မြင့်တက်လာနေ

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ဦးမြို့နယ် မြောက်ပိုင်း မြောင်းဘွေကျေးရွာ အနီးမှာရှိတဲ့ ရွှေလှံကျေးရွာနဲ့ မြောင်းဘွေချေ ကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ မနက်ပိုင်း ၇ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ တပ်မတော်ယာဉ်တန်းကို ရက္ခိုင့်တပ်တော် အေအေဘက်ကနေပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အစပ် ဟာရဘိုင်ကျေးရွာအနီး ရန်ုကုန်-စစ်တွေအဝေး ပြေးလမ်းပေါ်မှာ ဖြစ်ပွားခဲ့ တာဖြစ်ပြီး အဲ့ဒီကတိုက်ခိုက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အချိန်မှာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေရှိခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိခဲ့တယ်လို့ မျက်မြင် သက်သေ ဒေသခံတွေကလည်း ပြောပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ယာဉ်တန်းမှာ ကား ၁၄ စီးပါပြီး မင်းပြားမြို့ကနေ မြောက်ဦးဘက်ကို ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း လာရာမှာ မြောင်းဘွေချေရွာနဲ့ ရွှေလံ ကားလမ်း တလျှောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ယာဉ်တန်းကို အေအေတပ်ဖွဲ့ဝင်တွေက နေရာအများအပြားကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တွေကျရောက်ခဲ့တာကြာင့် မြောင်းဘွေတိုက်နယ်ကျေးရွာမှာ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး လက်နက်ကြီးအသံကြောင့် မြောင်းဘွေချေကျေးရွာက အမျိုးသမီးကြီးတစ်ဦး ဖြစ်တဲ့ ဒေါ်ဘားမဟာ နှလုံးရပ်ပြီး သေဆုံးသွားခဲ့တယ်လို့ မြောက်ဦးမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ပြောပါတယ်။

ဒါ့အပြင် မြောင်းဘွေကျေးရွာနဲ့ ရွှေလှံကျေးရွာအကြားမှာရှိတဲ့ ဘူးတစ်လုံး မွတ်ဆလင်ကျေးရွာ၊ တန်းပျင်းကြီး၊ လေးမြို့စားကျေးရွာတွေမှာလည်း ဒေသခံ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက် မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption မြောက်ဦး နယ်ထဲမှာ ဆိုရင် တိုက်ပွဲတွေဟာ မြောက်ပိုင်းကနေ တောင်ပိုင်း အထိ ကျယ်ပြန့်လာ

"မနက် ၇ နာရီ ၂၀ မိနစ်မှာ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အစပ် မြောင်းဘွေချေကျေးရွာနဲ့ ဟာရဘိုင်ရွာအကြားမှာ မြန်မာစစ်တပ်ရဲ့ စစ်ကား ၁၈ စီးပါတဲ့ စစ်ယာဉ်တန်းကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ကနေပြီးတော့ ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲ့ဒီမှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ထိခိုက်အကျဆုံးတွေရှိတယ်" လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က အထိခိုက်ကျဆုံးတွေရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်အေအေဘက်က ပြောဆိုပေမယ့် အတည်ပြုချက် တွေရရှိနိုင်ဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တိုက်ပွဲအတွင်းမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အနီးဝန်းကျင်က ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ပြောပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရာတာတွေဟာ တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားတွေထိခိုက်ခဲ့ရတာဖြစ်ပါတယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

တိုက်ပွဲအတွင်း တန်းပျင်းကြီးရွာက ဦးသိန်းမောင်ချေ ၅၆ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်စံသိန်း ၅၃ နှစ်တို့ဟာ ထမင်းစားနေစဉ် နေအိမ်ကို လက်နက်ကြီး ကျကွဲပြီး ပြင်းထန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်းဘွေတံတားမှာ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သား တစ်ဦးလည်း သေနတ်ကျည် ၂ ချက် ထိမှန်ပြီး မင်းပြားဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

မြောင်ဘွေကျေးရွာ အရှေ့ပိုင်းက ဆရာမ ဒေါ်သန်းသန်းအေးနေအိမ်၊ ဆရာဦးထွန်းသိန်းအိမ်နဲ့ ဦးကျော်သောင်းတို့ နေအိမ်တွေ ကိုလည်း လက်နက် ကြီးကျပြီး လုံး၀ ပြာကျအောင်ထိ မီးလောင်သွားခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ တော့ မီးငြိမ်းသွားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မွတ်ဆလင်ကျေးရွာဖြစ်တဲ့ ဘူးတစ်လုံးရွာက ရွာအပြင်မှာ နွားကျောင်းနေသူတွေနဲ့ အလုပ်လုပ်ကိုင်နေသူ သုံးဦးဟာ လက်နက်ငယ် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကာ တစ်ဦးကတော့ ရှာမတွေ့သေးဘူးလို့ လိုက်ပါကူညီပေးနေသူ မွတ်ဆလင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"နှစ်ဖက်ပစ်ခတ်တာမှာ ကျွန်တော်တို့ရွာက မွတ်ဆလင် ၃ ယောက်သေတယ်၊ ၁ ယောက်ကတော့ ပျောက်ဆုံးနေတယ်၊ ရွာပြင်မှာ နွားကျောင်းတယ်၊ လယ်ကွက်ကိုဆင်းကြတဲ့အချိန်မှာ ကျည်တွေက ရုတ်တရက်ကြီးကျလာတာ။ လက်နက်ငယ်ကျည်ထိတာပါ၊ ဒဏ်ရာရတာက အခုဆိုရင် ၆ ယောက်ရှိ နေပြီ"လို့ အဲ့ဒီ မွတ်ဆလင်ရွာသားက ပြောပါတယ်။

သေဆုံးသူတွေဟာ မာမောက်ဟာရက် (၁၈) နှစ် (ဘ) ဆီရူး၊ မာမောက်ရော်ဟိန်း (၁၂) နှစ် (ဘ) မာမောက်ဂျူးရူးနဲ့ အသက် ၃၅ နှစ်အရွယ် တစ်ဦးတို့ ဖြစ်တယ်လို့ ကျေးရွာလူကြီး တစ်ဦးကလည်း ပြောပါတယ်။

ဘူးတစ်လုံးကျေးရွာက သေဆုံးသူ ၃ ဦးနဲ့ ပျောက်ဆုံးနေသူ ၁ ဦးတို့မှာ အမျိုးသားတွေဖြစ်ကြပြီး ဒဏ်ရာရရှိသူတွေကတော့ အမျိုးသား ၃ ဦးနဲ့ အမျိုး သမီး ၃ ဦးဖြစ်တယ်လို့ ဒေသခံ မွတ်ဆလင် ရွာသား တစ်ဦးက ပြောပါတယ်။

အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြောင်းဘွေတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတော့ပေမယ့် ပစ်ခတ်သံတချို့ကိုကြားနေရပြီး အဝေးပြေးလမ်းမပေါ်နဲ့ လယ်ကွင်း တွေမှာ တပ်မတော်သားတွေ သွားလာလှုပ်ရှားနေတာကိုတွေ့နေရတဲ့အတွက် သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့ လောလောဆယ် ဆေးရုံကို ပို့ဆောင်မပေးနိုင်သေးဘူးလို့ဆိုပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေတို့အကြား လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကနေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပေမယ့် မြောက်ဦး နယ်ထဲမှာ ဆိုရင် တိုက်ပွဲတွေဟာ မြောက်ပိုင်းကနေ တောင်ပိုင်း အထိ ကျယ်ပြန့်လာနေအခု ၂၀၂၀ ခုနှစ်အတွင်းမှာ တောင်ပိုင်းဒေသကိုထိ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာတွေ ကျယ်ပြန့်လာနေတဲ့အတွက် ဆက်လက်ပြီးတော့ တိုက်ပွဲအခြေအနေတွေက ပြင်းထန်လာမယ့်အနေအထားတွေကို တွေ့နေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ပြောပါတယ်။

ရခိုင် က ပြည်တွင်းစစ် အတွင်း တပ်မတော်နဲ့ အေအေတို့အကြား ပြီးခဲ့တဲ့ ၁ နှစ် ကျော် အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြပြီး တိုက်ပွဲတွေ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ရာဂဏန်း အထက် ရှိလာနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာလည်း သိန်းဂဏန်း အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေျမာက္ဦးၿမိဳ႕နယ္အတြင္း တိုက္ပြဲျပင္းထန္ အရပ္သား ၄ ဦးေသ၊ ၁ ဦးေပ်ာက္ဆုံး၊ ေနအိမ္ေတြမီးေလာင္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း တိုက္ပြဲျပင္းထန္ အရပ္သား ၄ ဦးေသ၊ ၁ ဦးေပ်ာက္ဆုံး၊ ေနအိမ္ေတြမီးေလာင္ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.