ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္ရွိလာ

ကိုဗစ္ -၁၉ ေၾကာင့္ ၈၀ႏွစ္နဲ႔အထက္ သက္ႀကီး႐ြယ္အိုေတြမွာ ၁၄.၈ရာခိုင္ႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းအျမင့္ဆုံးျဖစ္ေန
(Zawgyi)⤵⤵⤵
ကိုဗစ္ -၁၉ အမည္ရ ကို႐ိုနာဗိုင္းရပ္စ္သစ္ေၾကာင့္ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္မွာ ေသဆုံးသူ အေရ အတြက္ ၁,၉၂၁ ဦးရွိလာသလို ေနာက္ထပ္ကူးစက္ခံထားရသူ ၁,၆၉၃ ဦးကို ေတြ႕ခဲ့ရတယ္လို႔ ဒီကေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ မနက္ပိုင္းက ျပည္နယ္အာဏာပိုင္ေတြက တရားဝင္ထုတ္ျပန္ထားပါတယ္။

ဟူေဘးျပည္နယ္မွာ ေရာဂါကူးစက္ခံရသူအေရအတြက္ တိုးျမႇင့္လာေနၿပီး စုစုေပါင္း ၆၁,၆၈၂ ဦးထိ ရွိလာၿပီျဖစ္ပါတယ္။

တ႐ုတ္ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈအသစ္ ၁,၇၄၉ ခုနဲ႔ ေနာက္ထပ္ ေသဆုံးမႈ ၁၃၆ခု ထိထပ္တိုးလာၿပီး တ႐ုတ္ျပည္မႀကီးက ၿမိဳ႕ႀကီးအသီးသီးမွာ စုစုေပါင္း ကူးစက္ခံရသူ ၇၄,၁၈၅ ဦးနဲ႔ ေသဆုံးသူ ၂,၀၀၄ ဦးထိရွိလာၿပီလို႔ ဗုဒၶဟူးေန႔(ေဖေဖာ္ဝါရီ ၁၉ရက္)မွာ တ႐ုတ္ က်န္းမာေရးအာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။

ကူးစက္ခံထားရသူလူနာေတြထဲက ၁,၈၂၄ ဦးကေတာ့ ေပ်ာက္ကင္းသက္သာသြားၿပီျဖစ္တဲ့အတြက္ ေဆး႐ုံကေနဆင္းသြားၾကရၿပီလို႔ လည္း တ႐ုတ္ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ ဆိုပါတယ္။

ဟူေဘးျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္မွာေတာ့ ေနာက္ထပ္ကူးစက္ခံရမႈေပါင္း ၁,၆၆၀ မႈထိေတြ႕ခဲ့ရသလို ေသဆုံးသူ ၁,၁၆ ဦးရွိခဲ့တယ္လို႔ ဟူေဘးၿမိဳ႕ေတာ္ က်န္းမာေရးေကာ္မရွင္ရဲ႕ထုတ္ျပန္ထားပါတယ္။

ဟူေဘးၿမိဳ႕ေတာ္မွာ ကူးစက္ခံထားရသူေတြထဲက ၉,၁၀၀ ဦး ဟာ ျပန္လည္သက္သာၿပီး ေဆး႐ုံကေန ဆင္းႏိုင္ၿပီျဖစ္ေပမယ့္ ၁၁,၂၀၀ ဦးကေတာ့ ေဆး႐ုံမွာ အေရးေပၚအေျခအေနမွာရွိေနဆဲျဖစ္ပါတယ္။
ကေလးငယ္ေတြမွာေတာ့ ေသဆုံးမႈႏႈန္းမရွိေၾကာင္း ေတြ႕ရ
ဒါ့အျပင္ ဒီကေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔မွာ ေဟာင္ေကာင္မွာ ကိုဗစ္ -၁၉ ေၾကာင့္ ဒုတိယေသဆုံးမႈျဖစ္စဥ္တစ္ခုရွိခဲ့ပါတယ္။

ေရာဂါကူးစက္ခံရေၾကာင္း အတည္ျပဳထားၿပီးျဖစ္တဲ့ ၆၂ ဦးထဲက နာမက်န္းျဖစ္ေနတဲ့အသက္ ၇၀ အ႐ြယ္ရွိ တဲ့ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့တာပါ။ ေသဆုံးသူအမ်ိဳးသားကို ေဖေဖာ္ဝါရီ ၁၂ ရက္က သူ႔ေနအိမ္မွာ လဲက်ခဲ့ၿပီးေနာက္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့တာျဖစ္ၿပီး သူ႔ကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခံရၿပီး တစ္ပတ္အၾကာမွာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ေဟာင္ေကာင္အာဏာပိုင္က သတင္း ထုတ္ျပန္ထားပါတယ္။

ေတာင္ကိုရီးယားမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ျဖစ္စဥ္ အသစ္ ၁၅ ခု အတည္ျပဳႏိုင္ခဲ့ၿပီး ဒါဟာအရင္အတည္ျပဳထားတဲ့ျဖစ္စဥ္အေရအတြက္ရဲ႕ ၅၀ ရာႏႈန္းနီးပါး တိုးလာတာလည္းျဖစ္ပါတယ္။ Daegu ၿမိဳ႕တစ္ၿမိဳ႕ထဲမွာ အနည္းဆုံး ၁၁ ခုရွိေနတာပါ။

ေနာက္ထပ္ ကူးစက္မႈအသစ္ ၁၅ခုေတြ႕ရွိခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူစုစုေပါင္း ၃၁ ဦးရွိရာကေန ၄၆ဦးထိရွိလာၿပီလို႔ ကိုရီးယားႏိုင္ငံေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာန KCDCက ေျပာပါတယ္။

ကိုဗစ္ -၁၉ ေၾကာင့္ တ႐ုတ္ႏိုင္ငံျပင္ပ ေသဆုံးမႈအေနနဲ႔ ေဟာင္ေကာင္၊ ဂ်ပန္ ဖိလစ္ပိုင္တို႔မွာ ေသဆုံးသူေတြရွိခဲ့ၿပီး တ႐ုတ္ခရီးသြားတစ္ဦးလည္း ျပင္သစ္ႏိုင္ငံမွာ ေသဆုံးခဲ့တဲ့ျဖစ္စဥ္တစ္ခုရွိခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာ

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဗစ် -၁၉ ကြောင့် ၈၀နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေမှာ ၁၄.၈ရာခိုင်နှုန်းနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေ

ကိုဗစ် -၁၉ အမည်ရ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ သေဆုံးသူ အရေ အတွက် ၁,၉၂၁ ဦးရှိလာသလို နောက်ထပ်ကူးစက်ခံထားရသူ ၁,၆၉၃ ဦးကို တွေ့ခဲ့ရတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက ပြည်နယ်အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပါတယ်။

ဟူဘေးပြည်နယ်မှာ ရောဂါကူးစက်ခံရသူအရေအတွက် တိုးမြှင့်လာနေပြီး စုစုပေါင်း ၆၁,၆၈၂ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

တရုတ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၁,၇၄၉ ခုနဲ့ နောက်ထပ် သေဆုံးမှု ၁၃၆ခု ထိထပ်တိုးလာပြီး တရုတ်ပြည်မကြီးက မြို့ကြီးအသီးသီးမှာ စုစုပေါင်း ကူးစက်ခံရသူ ၇၄,၁၈၅ ဦးနဲ့ သေဆုံးသူ ၂,၀၀၄ ဦးထိရှိလာပြီလို့ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉ရက်)မှာ တရုတ် ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။


ကူးစက်ခံထားရသူလူနာတွေထဲက ၁,၈၂၄ ဦးကတော့ ပျောက်ကင်းသက်သာသွားပြီဖြစ်တဲ့အတွက် ဆေးရုံကနေဆင်းသွားကြရပြီလို့ လည်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင် ဆိုပါတယ်။

ဟူဘေးပြည်နယ်ရဲ့ မြို့တော်မှာတော့ နောက်ထပ်ကူးစက်ခံရမှုပေါင်း ၁,၆၆၀ မှုထိတွေ့ခဲ့ရသလို သေဆုံးသူ ၁,၁၆ ဦးရှိခဲ့တယ်လို့ ဟူဘေးမြို့တော် ကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ထားပါတယ်။

ဟူဘေးမြို့တော်မှာ ကူးစက်ခံထားရသူတွေထဲက ၉,၁၀၀ ဦး ဟာ ပြန်လည်သက်သာပြီး ဆေးရုံကနေ ဆင်းနိုင်ပြီဖြစ်ပေမယ့် ၁၁,၂၀၀ ဦးကတော့ ဆေးရုံမှာ အရေးပေါ်အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ကလေးငယ်တွေမှာတော့ သေဆုံးမှုနှုန်းမရှိကြောင်း တွေ့ရ

ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဟောင်ကောင်မှာ ကိုဗစ် -၁၉ ကြောင့် ဒုတိယသေဆုံးမှုဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။

ရောဂါကူးစက်ခံရကြောင်း အတည်ပြုထားပြီးဖြစ်တဲ့ ၆၂ ဦးထဲက နာမကျန်းဖြစ်နေတဲ့အသက် ၇၀ အရွယ်ရှိ တဲ့ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာပါ။ သေဆုံးသူအမျိုးသားကို ဖေဖော်ဝါရီ ၁၂ ရက်က သူ့နေအိမ်မှာ လဲကျခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး သူ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခံရပြီး တစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဟောင်ကောင်အာဏာပိုင်က သတင်း ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဖြစ်စဉ် အသစ် ၁၅ ခု အတည်ပြုနိုင်ခဲ့ပြီး ဒါဟာအရင်အတည်ပြုထားတဲ့ဖြစ်စဉ်အရေအတွက်ရဲ့ ၅၀ ရာနှုန်းနီးပါး တိုးလာတာလည်းဖြစ်ပါတယ်။ Daegu မြို့တစ်မြို့ထဲမှာ အနည်းဆုံး ၁၁ ခုရှိနေတာပါ။

နောက်ထပ် ကူးစက်မှုအသစ် ၁၅ခုတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၃၁ ဦးရှိရာကနေ ၄၆ဦးထိရှိလာပြီလို့ ကိုရီးယားနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန KCDCက ပြောပါတယ်။

ကိုဗစ် -၁၉ ကြောင့် တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေနဲ့ ဟောင်ကောင်၊ ဂျပန် ဖိလစ်ပိုင်တို့မှာ သေဆုံးသူတွေရှိခဲ့ပြီး တရုတ်ခရီးသွားတစ်ဦးလည်း ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္ရွိလာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္ရွိလာ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.