ႏိုင္ငံတကာေရာက္ ျမန္မာမ်ား ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လုပ္ေဆာင္

ရန္ကုန္ေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ား ကို႐ိုနာဗုိင္းရပ္စ္ကာကြယ္ေရး ႏွာေခါင္းစည္း တပ္ဆင္ထားမႈ ျမင္ကြင္း။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံ ဝူဟန္ကေန စတင္ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးသူေပါင္း ၇၀၀ ေက်ာ္ၿပီး ကမာၻတဝွမ္း ႏုိင္ငံအသီးသီးမွာ ကူးစက္ျပန္႔ပြားသူေပါင္း သံုးေသာင္းခြဲေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒီလို စိုးရိမ္စရာ အေနအထားေၾကာင့္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ကမာၻလံုးဆိုင္ရာ အေရးေပၚ က်န္းမာေရးအေျခအေန ေၾကညာထားရတဲ့ ဒီ ကုိ႐ိုနာဗုိင္းရပ္စ္ မကူးစက္ရေအာင္ သက္ဆုိင္ရာႏုိင္ငံေတြဘက္ကလည္း က်န္းမာေရး ပညာေပးမႈေတြ စနစ္တက် လုပ္ေဆာင္ေပးေနသလို ျပည္ပႏုိင္ငံေတြမွာ ေနထိုင္တဲ့ ျမန္မာႏုိင္ငံသားေတြလည္း ဒီ ကုိ႐ိုနာဗုိင္းရပ္စ္ မကူးစက္ရေအာင္ ႀကိဳတင္ကာကြယ္ေနၾကပါတယ္။ ႏုိင္ငံတကာေရာက္ ျမန္မာႏုိင္ငံသားတခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းၿပီး မဆုမြန္ စုစည္းတင္ျပထားပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ကမာၻလံုးဆိုင္ရာ အေရးေပၚ က်န္းမာေရး အေျခအေန ေၾကညာထားရတဲ့ တ႐ုတ္ႏုိင္ငံ ဝူဟန္ကေန စတင္ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ ဒီ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ဒီသီတင္းပတ္အတြင္းမွာကို ေသဆံုးသူေပါင္း ၇၂၄ ေယာက္အထိ ျဖစ္သြားၿပီး ကမာၻတဝွမ္း ႏုိင္ငံအသီးသီးမွာ ကူးစက္ျပန္႔ပြားသူေပါင္း သံုးေသာင္းေလးေထာင့္ငါးရာ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ တ႐ုတ္ခရီးသြားေတြ လည္ပတ္မႈမ်ားတဲ့ အာရွႏုိင္ငံေတြ အပါအဝင္ ဥေရာပ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ကမာၻတဝွမ္း ကူးစက္မႈေတြ ရွိလာေနလို႔ ႏိုင္ငံအသီးသီးမွာ တ႐ုတ္ခရီးသြားေတြ ပိတ္ပင္မႈေတြရွိသလို တ႐ုတ္ႏုိင္ငံကေန ျပန္လာတဲ့ ႏုိင္ငံသားေတြ ကမာၻလွည့္ခရီးသြားေတြကိုလည္း အထူးၾကပ္မတ္ စစ္ေဆးေနတာပါ။

ကူးစက္မႈလူနာတခ်ိဳ႕ ေတြ႔ရွိထားတဲ့ စင္ကာပူႏုိင္ငံမွာေတာ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ေသာၾကာေန႔ မေန႔က ဒီ ကို႐ိုနာဗုိင္းရပ္စ္ေရာဂါ စိုးရိမ္စရာ လိေမၼာ္ေရာင္အဆင့္ စင္ကာပူအစိုးရက သတ္မွတ္လိုက္တဲ့အတြက္ စင္ကာပူမွာေတာ့ စားနပ္ရိကၡာ ေသာက္သံုးေရနဲ႔ အေျခခံ က်န္းမာေရး အသံုးအေဆာင္ ပစၥည္းေတြကို ႀကိဳတင္ဝယ္ယူ စုေဆာင္းေနၾကပါတယ္။

စင္ကာပူအစိုးရရဲ႕ က်န္းမာေရး ပညာေပးေဆာင္ရြက္မႈေတြ စင္ကာပူႏုိင္ငံသားေတြ အပါအဝင္ စင္ကာပူေရာက္ ျမန္မာႏုိင္ငံသားေတြ ဘယ္လို က်န္းမာေရး ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေနပါသလဲ၊ ဒီ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈအႏၱရာယ္အေပၚ ဘယ္လိုစိုးရိမ္ခ်က္ေတြ ရွိပါသလဲ၊ စင္ကာပူႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသား ကိုေအာင္ဝင္းထြဋ္က အခုလိုေျပာပါတယ္။

“အခ်ိန္နဲ႔တေျပးညီ သူတုိ႔ သတင္းေတြ ထုတ္ျပန္ေပးေနတယ္။ ေနာက္ သူတို႔ ေစာင့္ၾကည့္ေရးအဖြ႔ဲေတြကုိလည္း ပုံမွန္အတုိင္း သတင္းေတြ ထုတ္ျပန္ေနတာကုိ ေတြ႔ရပါတယ္။ စုိးရိမ္မႈကေတာ့ အခု သူတုိ႔က လိေမၼာ္ေရာင္အဆင့္ကို ေျပာင္းလိုက္တာေပါ့။ အဓိကေတာ့ ကူးစက္တဲ့လူေတြ မ်ားလာတဲ့သေဘာေပါ့။ အဲဒါေၾကာင့္ ေျပာင္းတာ။ အခုလိုေျပာင္းတဲ့အတြက္ က်ေနာ္ကေတာ့ စုိးရိမ္တာေပါ့။ က်ေနာ္ အခုပဲ ေဈးကေန ျပန္လာတာ။ ဘာမွ အဲဒီေလာက္ႀကီး စုိးရိမ္စရာ မရွိပါဘူး။ ဒါေပမယ့္ တခ်ဳိ႕ကေတာ့ စုိးရိမ္တဲ့လူေတြရွိေတာ့ မေန႔က အမ်ားႀကီး ဝယ္ၾကတယ္။ အဲဒါေၾကာင့္ သတင္းေတြ တက္လာတာ။”
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
တ႐ုတ္ကေန ျပန္႔ပြားကူးစက္လာေနတဲ့ ဒီ ကုိ႐ုိနာဗုိင္းရပ္စ္ မကူးစက္ရေအာင္ ေတာင္ကိုရီးယားႏုိင္ငံအစိုးရ က်န္းမာေရးတာဝန္ရွိသူေတြဘက္က ကိုရီးယားႏုိင္ငံသားေတြကို စနစ္တက် က်န္းမာေရး ပညာေပးမႈေတြ ေဆာင္ရြက္ေနသလို ကိုရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြ ၾကားမွာလည္း ဒီ ကုိ႐ိုနာဗုိင္းရပ္စ္ မကူးစက္ရေအာင္ ႀကိဳတင္ကာကြယ္ေနတာပါ။ ေတာင္ကိုရီးယားက ကိုေဇာ္မိုးေအာင္က အခုလိုေျပာပါတယ္။

“ကိုရီးယားလူမ်ဳိးေတြက သူတုိ႔လူေတြကို တအားဂ႐ုစိုက္တာ။ ကို႐ိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း သတင္းေတြ ခနခန ထုတ္လႊင့္ေပးေနသလုိ က်န္းမာေရးဌာနကလည္း အခ်ိန္ျပည့္ သတင္းတခုေပၚလာတာနဲ႔ သတင္းစာသမားေတြနဲ႔ ေမးျမန္းပြဲေတြလုပ္တယ္။ ဒီေရာဂါပုိးနဲ႔ ပတ္သက္ၿပီး ဘာေတြလုပ္သင့္တယ္၊ ဘာေတြကုိင္သင့္တယ္၊ ေနာက္ လူေတြက ဘာေတြျဖစ္ေနတယ္၊ ဘယ္လိုအေနအထားေတြ ျဖစ္ေနတယ္ဆုိတာ ဆက္တုိက္ ထုတ္လႊင့္ေပးေနတယ္။ ဒီကလူေတြကလည္း အစုိးရေျပာတဲ့အတုိင္း လုိက္နာတာ ျဖစ္တဲ့အတြက္ ေရာဂါကေတာ့ သူမ်ားႏုိင္ငံနဲ႔စာရင္ တအားႀကီး ပ်ံ႕ႏွံ႔မႈေတာ့ မရွိဘူးလို႔ ျမင္တယ္။”

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံလည္းျဖစ္တဲ့ ထိုင္းႏုိင္ငံအတြင္းမွာေတာ့ ထိုင္းအစိုးရဘက္က က်န္းမာေရး ပညာေပးေဆာင္ရြက္ေနေပမယ့္လို႔ သန္းခ်ီရွိေနတဲ့ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား က်န္းမာေရး ပညာေပးမႈေတြ ႀကိဳတင္ကာကြယ္မႈေတြကေတာ့ အားနည္းေနတုန္းျဖစ္ပါတယ္။ ထုိင္းေရာက္ ျမန္မာႏုိင္ငံသားေတြ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ ကာကြယ္ၾကဖို႔ကိုလည္း ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္က ျမန္မာအလုပ္သမားေတြရဲ႕ က်န္းမာေရး ကူညီေဆာင္ရြက္ေပးေနတဲ့ မသက္သက္ဦးကလည္း ေျပာပါတယ္။

“က်မကေတာ့ သတိေပးခ်င္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အလုပ္သမားေတြက အမွတ္တမဲ့ အမႈမဲ့ အမွတ္မဲ့ ေနၾကတယ္။ တကယ္ျဖစ္ေတာ့မွပဲ ေရာဂါဆုိးဝါးတယ္ဆုိတာ သူတို႔လက္ခံၾကတယ္။ အဲဒါေၾကာင့္ အျပင္သြားၿပီဆုိတာနဲ႔ ႏွာေခါင္းပိတ္ တပ္ရမယ္၊ အျပင္သြားၿပီးလို႔ တေနရာေရာက္တုိင္း လက္လည္းေဆးရမယ္၊ ကုန္တုိက္ေတြေရာက္ရင္လည္း လက္ေဆးရမယ္၊ ကိုယ့္အိမ္ခန္းကို ျပန္ေရာက္ရင္လည္း အၿမဲတမ္း လက္ေဆးရမယ္။ ၿပီးေတာ့ အခု ဘတ္ထြက္ေနၾကတဲ့ အလုပ္သမားေတြက ေဆး႐ုံမွာျဖစ္ေနၾကတဲ့ လူေတြေပါ့ေနာ္။ အဲေတာ့ ေဆး႐ုံကလည္း ေရာဂါသည္ေတြ ရွိတဲ့အခါမွာ ေဆး႐ုံမွာေရာက္ေနတဲ့ အလုပ္သမားေတြက ႏွာေခါင္းပိတ္ တပ္ရမယ္၊ က်မ အဲဒါကို အထူးေျပာခ်င္တယ္။

“ၿပီးေတာ့ ဒီ ဘန္ေကာက္တခြင္မွာက Apartment တို႔ ဟုိတယ္တို႔ အဲဒီမွာ ခရီးသြားေတြ တည္းခုိသြားတဲ့ေနရာမွာ အလုပ္လုပ္တဲ့ သန္႔ရွင္းေရး အလုပ္သမားရွိတယ္၊ အိပ္ရာအိပ္ခင္း ေလွ်ာ္ဖြပ္ၿပီးေတာ့ Laundry ကေန ျပန္ပုိ႔တဲ့ အလုပ္သမားရွိတယ္။ အဲဒီအလုပ္သမားေတြကလည္း အရမ္းအေရးႀကီးတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ အဲဒီဧည့္သည္ေတြ တည္းသြားတဲ့ အိပ္ယာ အဝတ္အစား ေစာင္ေတြ ေလွ်ာ္ဖြပ္ရတဲ့အခါမွာ သူတုိ႔အေနနဲ႔ လက္အိတ္နဲ႔ ႏွာေခါင္းပိတ္ေတြ ေသေသခ်ာခ်ာသုံးဖုိ႔ လုိအပ္တယ္။ အဲဒါေတြကိုလည္း က်မ မွာခ်င္ပါတယ္။”

တ႐ုတ္ႏုိင္ငံနဲ႔ နယ္ေျမခ်င္း ထိစပ္ေနတဲ့ တ႐ုတ္အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာေတာ့ တ႐ုတ္ႏုိင္ငံ ဝူဟန္နဲ႔ ေရာဂါကူးစက္မႈျဖစ္ေနတဲ့ ေဒသေတြကေန ျမန္မာႏုိင္ငံကို ေရာက္လာတဲ့ ခရီးသြားေတြအေနနဲ႔ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္႐ွဴၾကပ္ျခင္း စတဲ့ ေရာဂါလကၡဏာေတြ ျဖစ္ပြားခဲ့ရင္ ဒါမွမဟုတ္ ရက္ေပါင္း ၁၄ ရက္အတြင္း ဒီေရာဂါလကၡဏာေတြ ျဖစ္ပြားခဲ့ရင္ ေလဆိပ္က်န္းမာေရးနဲ႔ နီးစပ္ရာ က်န္းမာေရးဌာနေတြကို အျမန္ဆံုး သတင္းေပးပို႔ၾကဖို႔ ႏႈိးေဆာ္တုိက္တြန္းစာကို ရန္ကုန္ကိုဝင္ေရာက္မယ့္ ေလယာဥ္ေတြေပၚမွာ ေလဆိပ္က်န္းမာေရးဌာနခြဲ က်န္းမာေရးဝန္ႀကီးဌာနကေန ေပးေနတာပါ။

လက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ သံသယလူနာအခ်ိဳ႕ ေတြ႔ရွိေနလုိ႔ သူတို႔ကို ဓာတ္ခြဲစစ္ေဆးေနၿပီး သံသယလူနာေတြကို ေစာင့္ၾကပ္ၾကည့္႐ႈ စစ္ေဆးကုသေပးေနပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အခ်ိန္နဲ႔တေျပးညီ သတင္းထုတ္ျပန္ပါတယ္။

------------------------------------------

(Unicode)

နိုင်ငံတကာရောက် မြန်မာများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ဆောင်

တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၇၀၀ ကျော်ပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း သုံးသောင်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။ ဒီလို စိုးရိမ်စရာ အနေအထားကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေ ကြေညာထားရတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် သက်ဆိုင်ရာနိုင်ငံတွေဘက်ကလည်း ကျန်းမာရေး ပညာပေးမှုတွေ စနစ်တကျ လုပ်ဆောင်ပေးနေသလို ပြည်ပနိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်း ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် ကြိုတင်ကာကွယ်နေကြပါတယ်။ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတချို့ကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် စုစည်းတင်ပြထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေ ကြေညာထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီသီတင်းပတ်အတွင်းမှာကို သေဆုံးသူပေါင်း ၇၂၄ ယောက်အထိ ဖြစ်သွားပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း သုံးသောင်းလေးထောင့်ငါးရာ ကျော်သွားပြီ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေ လည်ပတ်မှုများတဲ့ အာရှနိုင်ငံတွေ အပါအဝင် ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝှမ်း ကူးစက်မှုတွေ ရှိလာနေလို့ နိုင်ငံအသီးသီးမှာ တရုတ်ခရီးသွားတွေ ပိတ်ပင်မှုတွေရှိသလို တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတွေ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း အထူးကြပ်မတ် စစ်ဆေးနေတာပါ။

ကူးစက်မှုလူနာတချို့ တွေ့ရှိထားတဲ့ စင်ကာပူနိုင်ငံမှာတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ သောကြာနေ့ မနေ့က ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စိုးရိမ်စရာ လိမ္မော်ရောင်အဆင့် စင်ကာပူအစိုးရက သတ်မှတ်လိုက်တဲ့အတွက် စင်ကာပူမှာတော့ စားနပ်ရိက္ခာ သောက်သုံးရေနဲ့ အခြေခံ ကျန်းမာရေး အသုံးအဆောင် ပစ္စည်းတွေကို ကြိုတင်ဝယ်ယူ စုဆောင်းနေကြပါတယ်။

စင်ကာပူအစိုးရရဲ့ ကျန်းမာရေး ပညာပေးဆောင်ရွက်မှုတွေ စင်ကာပူနိုင်ငံသားတွေ အပါအဝင် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ ဘယ်လို ကျန်းမာရေး ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါသလဲ၊ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အပေါ် ဘယ်လိုစိုးရိမ်ချက်တွေ ရှိပါသလဲ၊ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုအောင်ဝင်းထွဋ်က အခုလိုပြောပါတယ်။

“အချိန်နဲ့တပြေးညီ သူတို့ သတင်းတွေ ထုတ်ပြန်ပေးနေတယ်။ နောက် သူတို့ စောင့်ကြည့်ရေးအဖွ့ဲတွေကိုလည်း ပုံမှန်အတိုင်း သတင်းတွေ ထုတ်ပြန်နေတာကို တွေ့ရပါတယ်။ စိုးရိမ်မှုကတော့ အခု သူတို့က လိမ္မော်ရောင်အဆင့်ကို ပြောင်းလိုက်တာပေါ့။ အဓိကတော့ ကူးစက်တဲ့လူတွေ များလာတဲ့သဘောပေါ့။ အဲဒါကြောင့် ပြောင်းတာ။ အခုလိုပြောင်းတဲ့အတွက် ကျနော်ကတော့ စိုးရိမ်တာပေါ့။ ကျနော် အခုပဲ ဈေးကနေ ပြန်လာတာ။ ဘာမှ အဲဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် တချို့ကတော့ စိုးရိမ်တဲ့လူတွေရှိတော့ မနေ့က အများကြီး ဝယ်ကြတယ်။ အဲဒါကြောင့် သတင်းတွေ တက်လာတာ။”

တရုတ်ကနေ ပြန့်ပွားကူးစက်လာနေတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် တောင်ကိုရီးယားနိုင်ငံအစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေဘက်က ကိုရီးယားနိုင်ငံသားတွေကို စနစ်တကျ ကျန်းမာရေး ပညာပေးမှုတွေ ဆောင်ရွက်နေသလို ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကြားမှာလည်း ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် ကြိုတင်ကာကွယ်နေတာပါ။ တောင်ကိုရီးယားက ကိုဇော်မိုးအောင်က အခုလိုပြောပါတယ်။

“ကိုရီးယားလူမျိုးတွေက သူတို့လူတွေကို တအားဂရုစိုက်တာ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့လည်း သတင်းတွေ ခနခန ထုတ်လွှင့်ပေးနေသလို ကျန်းမာရေးဌာနကလည်း အချိန်ပြည့် သတင်းတခုပေါ်လာတာနဲ့ သတင်းစာသမားတွေနဲ့ မေးမြန်းပွဲတွေလုပ်တယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်သင့်တယ်၊ ဘာတွေကိုင်သင့်တယ်၊ နောက် လူတွေက ဘာတွေဖြစ်နေတယ်၊ ဘယ်လိုအနေအထားတွေ ဖြစ်နေတယ်ဆိုတာ ဆက်တိုက် ထုတ်လွှင့်ပေးနေတယ်။ ဒီကလူတွေကလည်း အစိုးရပြောတဲ့အတိုင်း လိုက်နာတာ ဖြစ်တဲ့အတွက် ရောဂါကတော့ သူများနိုင်ငံနဲ့စာရင် တအားကြီး ပျံ့နှံ့မှုတော့ မရှိဘူးလို့ မြင်တယ်။”

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းမှာတော့ ထိုင်းအစိုးရဘက်က ကျန်းမာရေး ပညာပေးဆောင်ရွက်နေပေမယ့်လို့ သန်းချီရှိနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကြား ကျန်းမာရေး ပညာပေးမှုတွေ ကြိုတင်ကာကွယ်မှုတွေကတော့ အားနည်းနေတုန်းဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ကာကွယ်ကြဖို့ကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး ကူညီဆောင်ရွက်ပေးနေတဲ့ မသက်သက်ဦးကလည်း ပြောပါတယ်။

“ကျမကတော့ သတိပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေက အမှတ်တမဲ့ အမှုမဲ့ အမှတ်မဲ့ နေကြတယ်။ တကယ်ဖြစ်တော့မှပဲ ရောဂါဆိုးဝါးတယ်ဆိုတာ သူတို့လက်ခံကြတယ်။ အဲဒါကြောင့် အပြင်သွားပြီဆိုတာနဲ့ နှာခေါင်းပိတ် တပ်ရမယ်၊ အပြင်သွားပြီးလို့ တနေရာရောက်တိုင်း လက်လည်းဆေးရမယ်၊ ကုန်တိုက်တွေရောက်ရင်လည်း လက်ဆေးရမယ်၊ ကိုယ့်အိမ်ခန်းကို ပြန်ရောက်ရင်လည်း အမြဲတမ်း လက်ဆေးရမယ်။ ပြီးတော့ အခု ဘတ်ထွက်နေကြတဲ့ အလုပ်သမားတွေက ဆေးရုံမှာဖြစ်နေကြတဲ့ လူတွေပေါ့နော်။ အဲတော့ ဆေးရုံကလည်း ရောဂါသည်တွေ ရှိတဲ့အခါမှာ ဆေးရုံမှာရောက်နေတဲ့ အလုပ်သမားတွေက နှာခေါင်းပိတ် တပ်ရမယ်၊ ကျမ အဲဒါကို အထူးပြောချင်တယ်။

“ပြီးတော့ ဒီ ဘန်ကောက်တခွင်မှာက Apartment တို့ ဟိုတယ်တို့ အဲဒီမှာ ခရီးသွားတွေ တည်းခိုသွားတဲ့နေရာမှာ အလုပ်လုပ်တဲ့ သန့်ရှင်းရေး အလုပ်သမားရှိတယ်၊ အိပ်ရာအိပ်ခင်း လျှော်ဖွပ်ပြီးတော့ Laundry ကနေ ပြန်ပို့တဲ့ အလုပ်သမားရှိတယ်။ အဲဒီအလုပ်သမားတွေကလည်း အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဧည့်သည်တွေ တည်းသွားတဲ့ အိပ်ယာ အဝတ်အစား စောင်တွေ လျှော်ဖွပ်ရတဲ့အခါမှာ သူတို့အနေနဲ့ လက်အိတ်နဲ့ နှာခေါင်းပိတ်တွေ သေသေချာချာသုံးဖို့ လိုအပ်တယ်။ အဲဒါတွေကိုလည်း ကျမ မှာချင်ပါတယ်။”

တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံ ဝူဟန်နဲ့ ရောဂါကူးစက်မှုဖြစ်နေတဲ့ ဒေသတွေကနေမြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် ဒါမှမဟုတ် ရက်ပေါင်း ၁၄ ရက်အတွင်း ဒီရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် လေဆိပ်ကျန်းမာရေးနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ နှိုးဆော်တိုက်တွန်းစာကို ရန်ကုန်ကိုဝင်ရောက်မယ့် လေယာဉ်တွေပေါ်မှာ လေဆိပ်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးဝန်ကြီးဌာနကနေ ပေးနေတာပါ။

လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအချို့ တွေ့ရှိနေလို့ သူတို့ကို ဓာတ်ခွဲစစ်ဆေးနေပြီး သံသယလူနာတွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးကုသပေးနေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
ႏိုင္ငံတကာေရာက္ ျမန္မာမ်ား ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လုပ္ေဆာင္ ႏိုင္ငံတကာေရာက္ ျမန္မာမ်ား ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လုပ္ေဆာင္ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.