ေဟာင္ေကာင္အစိုးရ ေဒသခံေတြကို ေဒၚလာ ၁၂၀၀ စီ ေထာက္ပံ့



Share/Bookmark
ႏိုင္ငံေရး မၿငိမ္မသက္မႈေတြေၾကာင့္ စီးပြားေရးေႏွးေကြးတဲ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကလည္း ေစ်းကြက္ကို ထိခိုက္ခဲ့
(Zawgyi)⤵⤵⤵
ေဒသခံေတြ ေငြေၾကးအခက္အခဲ ေလ်ာ့သြားေစဖို႔နဲ႔ ေဈးကြက္ထဲ သုံးစြဲႏိုင္စြမ္းကို ျမႇင့္တင္ဖို႔အတြက္ ေဟာင္ေကာင္အစိုးရက လူႀကီး တစ္ေယာက္တိုင္းကို ေဒၚလာ တစ္ေထာင္ေက်ာ္ စီ ထုတ္ေပးမွာ ျဖစ္ပါတယ္။

ဒါဟာ အစိုးရရဲ႕ ႏွစ္စဥ္ ဘတ္ဂ်က္ အေျခအေနအရ လုပ္ေဆာင္မႈ တစ္ခုလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ အေမရိကန္ေဒၚလာ ၁၂၈၀နဲ႔ ညီမွ်တဲ့ ေဟာင္ေကာင္ ေဒၚလာ တစ္ေသာင္းစီကို လူဦးေရ ခုနစ္သန္းေက်ာ္ထဲက အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူတိုင္းကို ထုတ္ေပးမွာ ျဖစ္ပါတယ္။

ေဟာင္ေကာင္မွာ လခ်ီဆႏၵျပမႈေတြရယ္ အခု လတ္တေလာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အက်ိဳးဆက္ေတြက စီးပြားေရးကို ႐ိုက္ခတ္ခဲ့ပါတယ္။

ေဟာင္ေကာင္မွာ ဗိုင္းရပ္စ္ ကူးစက္သူ ၈၁ ေယာက္ရွိၿပီး ေသဆုံးသူ ႏွစ္ဦး ရွိပါၿပီ။

အခုလို ထုတ္ေပးတာက ေဒသတြင္း ေငြေၾကး သုံးစြဲႏိုင္စြမ္း တက္လာေအာင္ရယ္ လူေတြရဲ႕ ေငြေၾကးဝန္ထုပ္ဝန္ပိုးေလ်ာ့သြားေအာင္ လုပ္ေပးတာျဖစ္တယ္လို႔ ဘ႑ာေရးဝန္ႀကီးက ေျပာပါတယ္။

အဲဒီလို ခြဲေဝေပးဖို႔အတြက္ ေဟာင္ေကာင္ေဒၚလာ ဘီလ်ံ ၁၂ဝ ကို သုံးစြဲမွာ ျဖစ္ပါတယ္။
အစိုးရကို ဆႏၵျပမႈေတြ လခ်ီျဖစ္ပြားခဲ့

ဒါ့အျပင္ ျပည္သူပိုင္ အိမ္ရာ ငွားရမ္းခေတြကိုလည္း ေလွ်ာ့ခ်ေပးမယ္လို႔ ဆိုပါတယ္။

အစိုးရက ေငြေၾကး အေထာက္အပံ့ ေပးေနသူေတြကို တိုးေပးတာနဲ႔ အခြန္ေလွ်ာ့ေပါ့ေပးတာေတြကိုလည္း လုပ္မယ္လို႔ ဆိုပါတယ္။

အခုလို ခြဲေဝမေပးခင္ကတည္းက အစိုးရက ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ႐ိုက္ခတ္ခံရတဲ့ စားေသာက္ဆိုင္လုပ္ငန္းေတြနဲ႔ ခရီးသြားလုပ္ငန္းေတြအတြက္ ရံပုံေငြ ထုတ္ေပးမယ္လို႔လည္း ေၾကညာထားပါတယ္။

ေဟာင္ေကာင္ဟာ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး စစ္ပြဲ ႐ိုက္ခတ္မႈ ဒဏ္ကိုလည္း ခံခဲ့ရပါေသးတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဟောင်ကောင်အစိုးရ ဒေသခံတွေကို ဒေါ်လာ ၁၂၀၀ စီ ထောက်ပံ့


ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် စီးပွားရေးနှေးကွေးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကလည်း ဈေးကွက်ကို ထိခိုက်ခဲ့

ဒေသခံတွေ ငွေကြေးအခက်အခဲ လျော့သွားစေဖို့နဲ့ ဈေးကွက်ထဲ သုံးစွဲနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ဟောင်ကောင်အစိုးရက လူကြီး တစ်ယောက်တိုင်းကို ဒေါ်လာ တစ်ထောင်ကျော် စီ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရရဲ့ နှစ်စဉ် ဘတ်ဂျက် အခြေအနေအရ လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ဒေါ်လာ ၁၂၈၀နဲ့ ညီမျှတဲ့ ဟောင်ကောင် ဒေါ်လာ တစ်သောင်းစီကို လူဦးရေ ခုနစ်သန်းကျော်ထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ လချီဆန္ဒပြမှုတွေရယ် အခု လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကျိုးဆက်တွေက စီးပွားရေးကို ရိုက်ခတ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဗိုင်းရပ်စ် ကူးစက်သူ ၈၁ ယောက်ရှိပြီး သေဆုံးသူ နှစ်ဦး ရှိပါပြီ။

အခုလို ထုတ်ပေးတာက ဒေသတွင်း ငွေကြေး သုံးစွဲနိုင်စွမ်း တက်လာအောင်ရယ် လူတွေရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးလျော့သွားအောင် လုပ်ပေးတာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

အဲဒီလို ခွဲဝေပေးဖို့အတွက် ဟောင်ကောင်ဒေါ်လာ ဘီလျံ ၁၂ဝ ကို သုံးစွဲမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရကို ဆန္ဒပြမှုတွေ လချီဖြစ်ပွားခဲ့

ဒါ့အပြင် ပြည်သူပိုင် အိမ်ရာ ငှားရမ်းခတွေကိုလည်း လျှော့ချပေးမယ်လို့ ဆိုပါတယ်။

အစိုးရက ငွေကြေး အထောက်အပံ့ ပေးနေသူတွေကို တိုးပေးတာနဲ့ အခွန်လျှော့ပေါ့ပေးတာတွေကိုလည်း လုပ်မယ်လို့ ဆိုပါတယ်။

အခုလို ခွဲဝေမပေးခင်ကတည်းက အစိုးရက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရိုက်ခတ်ခံရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေအတွက် ရံပုံငွေ ထုတ်ပေးမယ်လို့လည်း ကြေညာထားပါတယ်။

ဟောင်ကောင်ဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ရိုက်ခတ်မှု ဒဏ်ကိုလည်း ခံခဲ့ရပါသေးတယ်။

BBC Burmese
https://www.bbc.com

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ