ဖြဲ႔စည္းပံုုျပင္ေရး ဒုတိယမူၾကမ္း ေဆြးေႏြးခ်က္ မတ္လ ၁၀ ရက္ အၿပီးလုပ္မယ္

ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္

(Zawgyi/Unicode)

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးဆိုင္ရာ ဒုတိယအႀကိမ္ ဥပေဒမူၾကမ္းနဲ႔ပတ္သက္လို႔ ၁၀ ရက္အတြင္း အၿပီးလုပ္ေဆာင္မယ္လုိ႔ ျပည္ေထာင္စုလႊတ္ေတာ္နာယကက ဒီကေန႔ေျပာပါတယ္။

ဒါ့အျပင္ ဒီမူူၾကမ္းကိုေဆြးေ ႏြးဖို႔ စာရင္းေပး ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အေရအတြက္ကိုလည္း ေလွ်ာ့ခ်ကန္႔သတ္လိုက္ပါတယ္။ လႊတ္ ေတာ္တြင္း ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ ငန္းစဥ္ ေအာင္ျမင္ႏိုင္ေျခ ရွိပါသလား။ ဘယ္ေလာက္အထိ ေရာ ေမွ်ာ္လင့္ႏုိင္မွာပါလဲ။ ဗြီအိုေအသတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ ဦးပါဝင္ေဆြးေႏြးဖို႔ ခြင့္ ျပဳထား တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ကဒီကေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေဝး မွာ ေၾကညာလိုက္တာပါ။

“ ျပင္ဆင္တဲ့ဥပေဒမူၾကမ္းေတြ အေပၚ ေဆြးေႏြးဖို႔ တဦးကို ၈မိနစ္နဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ဦး အမည္စာရင္းကို သတ္မွတ္ရာထားၿပီးျဖစ္ပါတယ္။ ေဆြးေႏြးခြင့္ရထားၿပီးလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားက ေဆြးေႏြးရာတြင္ ေဆြးေႏြးခြင့္ျပဳသည့္ သတ္မွတ္ခ်ိန္အတြင္း ေဆြးေႏြးရမယ္ျဖစ္သည္။ ယင္းျပင္ဆင္သင့္ ဥပေဒမူၾကမ္းတြင္ပါရွိေသာ ပုဒ္မမ်ားပါ ကိစၥရပ္မ်ားမွအပ မည္သည့္ကိစၥကိုမွ ထည့္သြင္းေဆြးေႏြးျခင္းမျပဳရလို႔ သတ္မွတ္ျပဌာန္းထားပါတယ္။ ဥပေဒမူၾကမ္းမ်ားအေပၚ ေဆြးေႏြးၾကတဲ့အခါ လႊတ္ေတာ္ကိုယ္စားလွယ္ တဦးခ်င္းအေနနဲ႔ ႏိုင္ငံေရးပါတီ အဖြဲ႔အစည္းတခုခု ၊ လူပုဂၢတဦးတေယာက္ ၊ တိုင္းရင္းသား လူမ်ိဳးစုကို ထိခိုက္ေစမယ့္အသံုးအႏႈန္း ေျပာဆိုခ်က္မ်ား မပါရွိေအာင္ ဂရုျပဳဆင္ခ်င္ၾကဖို႔ လိုအပ္ပါတယ္။”

ေဖေဖာ္ဝါရီလ ၂၅ ရက္မွ မတ္လ ၅ ရက္အတြင္း ခန႔္မွန္းေျခ ၁၀ရက္အတြင္းမွာ အၿပီးသတ္လုပ္ဖို႔လ်ာထား တယ္ လို႔လည္း ေျပာပါ တယ္။ အရင္ စာရင္းေပးထားသူ ၂၈၂ ဦးကေန ၁၄၉ ဦးသို႔ ေလွ်ာ့ခ်ကန႔္သတ္လိုက္ၿပီး ဒီထဲမွာ အႏိုင္ရပါတီ NLD နဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ တို႔က အရည္အတြက္တူ အေယာက္ ၅၀စီနဲ႔ ေဆြးေႏြးမွာပါ။ ေဆြးေႏြးမယ့္ေန႔အလိုက္ လူ စာရင္းကိုထုတ္ျပန္ထားပါတယ္။

တပ္ကိုယ္စားလွယ္ ၁၆၄ ေယာက္၊ NLD အမတ္ ၆၉ ေယာက္၊ တသီးပုဂၢလနဲ႔ တျခားႏုိင္ငံေရး ပါတီေတြက ၄၉ ေယာက္ ေဆြးေႏြး ဖို႔ စာရင္းေပးထားတာမွာ ဘယ္လိုညႇိႏိႈင္းသေဘာတူညီခ်က္ယူၿပီး အခုလို ေလွ်ာ့ခ်လိုက္ႏုိင္တယ္ဆိုတာ ကို ေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

အခု ေဆြးေႏြးမယ့္ ဥပေဒၾကမ္း ေတြ ထဲမွာ ျပင္ဆင္ ဖို႔ အဆိုျပဳ ထားတဲ့ ပုဒ္မ စုစုေပါင္း ၁၄၂ ခ်က္ ရွိေနပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံ႐ုံနဲ႔ ျပင္ႏိုင္မယ့္ ပုဒ္မမ်ား အတြက္ ဥပေဒၾကမ္း တခု၊ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈအျပင္ လူထုဆႏၵခံယူပြဲပါ က်င္းပ အတည္ျပဳမွ ျပင္ႏိုင္မယ့္ ပုဒ္မမ်ား အတြက္ ဥပေဒၾကမ္း တခု၊ ေပါင္း ဥပေဒၾကမ္းႏွစ္ခုအျဖစ္ တင္သြင္း ထားတာပါ။ ေဆြးေႏြးတဲ့ ေနရာမွာေတာ့ ဒီဥပေဒၾကမ္း ႏွစ္ခုကို ခြဲျခားေဆာင္႐ြက္ ဖုိ႔ မရွိပဲ တစ္ေပါင္းတည္း လုပ္ေဆာင္မယ္လို႔လည္း ဦးတီခြန္ျမတ္က ေျပာပါတယ္။

လႊတ္ေတာ္တြင္း ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ ငန္းစဥ္ နဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္မႈေတြ အေပၚ အမ်ိဳးမ်ိဳး ေဝဖန္ ေနၾကတာ ျဖစ္ၿပီး ဒီ ျပင္ဆင္ေရး လုပ္ငန္းစဥ္ ကေန အမ်ားႀကီး ေမွ်ာ္လင့္ဖုိ႔ မျဖစ္ႏိုင္ဘူးလို႔ သံုးသပ္သူကေတာ့ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးမင္းခင္ ပါ။

“ဒီတိုင္းေတာ့ အမ်ားႀကီးေမွ်ာ္လင့္ဖို႔မျဖစ္ႏိုင္ဘူး။ ေနာက္ၿပီးေတာ့ တခုခုျဖစ္ေအာင္ႀကိဳးစားမယ္ဆိုတဲ့ အပိုင္းေတြ ေတြ႔ရေပမယ့္ ညႇိဳႏႈိင္းလုပ္ဖို႔ထက္ ဒီျပင္ဆင္ ေရး ေဘာင္ထဲက သြားဖို႔ႀကိဳးစားလုပ္တာ ဘဲေတြ႕ရတဲ့အခါေတာ့ ႏိုင္ငံေရးအရ သက္ေရာက္မႈကိုဘဲ ပိုအာ႐ုံထားတဲ့ ပုံေပၚတယ္။ လက္ေတြ႕ တခုခု ျပင္ႏိုင္ဖို႔က ေနာက္တန္းမွာ ရွိတယ္လို႔ က်ေနာ္ျမင္တယ္။”

ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီက ေဒါက္တာမနမ္တူးဂ်ာကေတာ့ တိုင္းရင္းသားေတြ လိုလားတဲ့ ျပင္ဆင္ခ်က္ေတြ မပါတဲ့ ဒီျပင္ဆင္ ေရးေအာင္ျမင္ဖို႔ ခက္မယ္လို႔ သုံးသပ္ပါတယ္။

“တိုင္းရင္းသားေတြ နဲ႔ ပတ္သက္တဲ့ ေဒသ အခြင့္အေရးနဲ႔ တိုင္းရင္းသားနဲ႔ ပတ္သတ္ၿပီး သိပ္မပါဘူးလို႔ ေတြ႕ေနရတယ္။ ဘယ္လိုေျပာရမလဲဆို ေျပာစရာ ျဖစ္ေနတာေပါ့။ တိုင္းရင္းသားအခန္းက႑ကို ေလ်ာ့တြက္ရင္ၿငိမ္းခ်မ္းေရး ရဖို႔လည္းအခက္အခဲရွိမယ္။ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးပိုင္းဆိုင္ရာ ထည့္စဥ္းစားလုပ္ရင္ေတာ့ေကာင္းပါတယ္။ သူတို႔ ဆႏၵအေလ်ာက္ ျပင္သင့္ျပင္ထိုက္တာကို ျပင္တာေတာ့ ဟုတ္မွာေပါ့ ဆိုေတာ့ ခုနေျပာတဲ့ အားနည္းခ်က္ေတြကေတာ့ ရွိမလားလို႔ေပါ့ေနာ္။ ဒါေတြကို ျပင္ၿပီးေတာ့ တဆင့္ျပန္သြားရင္ေတာ့ ပိုေကာင္းမယ္။ လိုခ်င္တဲ့အ ေျဖထြက္ေကာင္း ထြက္လာမယ္ ထင္တယ္”

အခု ဥပေဒမူၾကမ္းထဲမွာ NLD ပါတီကိုယ္စားလွယ္ေတြဘက္က တင္ထားတဲ့ ျပင္ဆင္ခ်က္ အမ်ားစုပါဝင္ၿပီး တပ္မေတာ္နဲ႔ က်န္္တဲ့ ႏုိင္ငံေရးပါတီေတြဘက္က တင္ျပတဲ့အခ်က္ အနည္းငယ္ပဲပါဝင္တဲ့အေပၚ ေဝဖန္ ေျပာဆိုထားၾကပါတယ္။

..................

ဖွဲ့စည်းပုံပြင်ရေး ဒုတိယမူကြမ်း ဆွေးနွေးချက် မတ်လ ၁၀ ရက် အပြီးလုပ်မယ်

(Unicode)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်းနဲ့ပတ်သက်လို့ ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ဒီကနေ့ပြောပါတယ်။ ဒါ့အပြင် ဒီမူူကြမ်းကိုဆွေးေ နွးဖို့ စာရင်းပေး ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကိုလည်း လျှော့ချကန့်သတ်လိုက်ပါတယ်။ လွှတ် တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ် ငန်းစဉ် အောင်မြင်နိုင်ခြေ ရှိပါသလား။ ဘယ်လောက်အထိ ရော မျှော်လင့်နိုင်မှာပါလဲ။ ဗွီအိုအေသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးပါဝင်ဆွေးနွေးဖို့ ခွင့် ပြုထား တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ် တော်အစည်းအဝေး မှာ ကြေညာလိုက်တာပါ။

“ ပြင်ဆင်တဲ့ဥပဒေမူကြမ်းတွေ အပေါ် ဆွေးနွေးဖို့ တဦးကို ၈မိနစ်နဲ့လွှတ်တော်ကိုယ်စားလှယ် ၁၄၉ဦး အမည်စာရင်းကို သတ်မှတ်ရာထားပြီးဖြစ်ပါတယ်။ ဆွေးနွေးခွင့်ရထားပြီးလွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးရာတွင် ဆွေးနွေးခွင့်ပြုသည့် သတ်မှတ်ချိန်အတွင်း ဆွေးနွေးရမယ်ဖြစ်သည်။ ယင်းပြင်ဆင်သင့် ဥပဒေမူကြမ်းတွင်ပါရှိသော ပုဒ်မများပါ ကိစ္စရပ်များမှအပ မည်သည့်ကိစ္စကိုမှ ထည့်သွင်းဆွေးနွေးခြင်းမပြုရလို့ သတ်မှတ်ပြဌာန်းထားပါတယ်။ ဥပဒေမူကြမ်းများအပေါ် ဆွေးနွေးကြတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းအနေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု ၊ လူပုဂ္ဂတဦးတယောက် ၊ တိုင်းရင်းသား လူမျိုးစုကို ထိခိုက်စေမယ့်အသုံးအနှုန်း ပြောဆိုချက်များ မပါရှိအောင် ဂရုပြုဆင်ချင်ကြဖို့ လိုအပ်ပါတယ်။”

ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၅ ရက်အတွင်း ခန့်မှန်းခြေ ၁၀ရက်အတွင်းမှာ အပြီးသတ်လုပ်ဖို့လျာထား တယ် လို့လည်း ပြောပါ တယ်။ အရင် စာရင်းပေးထားသူ ၂၈၂ ဦးကနေ ၁၄၉ ဦးသို့ လျှော့ချကန့်သတ်လိုက်ပြီး ဒီထဲမှာ အနိုင်ရပါတီ NLD နဲ့ တပ်မတော်သားကိုယ်စားလှယ် တို့က အရည်အတွက်တူ အယောက် ၅၀စီနဲ့ ဆွေးနွေးမှာပါ။ ဆွေးနွေးမယ့်နေ့အလိုက် လူ စာရင်းကိုထုတ်ပြန်ထားပါတယ်။

တပ်ကိုယ်စားလှယ် ၁၆၄ ယောက်၊ NLD အမတ် ၆၉ ယောက်၊ တသီးပုဂ္ဂလနဲ့ တခြားနိုင်ငံရေး ပါတီတွေက ၄၉ ယောက် ဆွေးနွေး ဖို့ စာရင်းပေးထားတာမှာ ဘယ်လိုညှိနှိုင်းသဘောတူညီချက်ယူပြီး အခုလို လျှော့ချလိုက်နိုင်တယ်ဆိုတာ ကို တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အခု ဆွေးနွေးမယ့် ဥပဒေကြမ်း တွေ ထဲမှာ ပြင်ဆင် ဖို့ အဆိုပြု ထားတဲ့ ပုဒ်မ စုစုပေါင်း ၁၄၂ ချက် ရှိနေပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံနဲ့ ပြင်နိုင်မယ့် ပုဒ်မများ အတွက် ဥပဒေကြမ်း တခု၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပ အတည်ပြုမှ ပြင်နိုင်မယ့် ပုဒ်မများ အတွက် ဥပဒေကြမ်း တခု၊ ပေါင်း ဥပဒေကြမ်းနှစ်ခုအဖြစ် တင်သွင်း ထားတာပါ။ ဆွေးနွေးတဲ့ နေရာမှာတော့ ဒီဥပဒေကြမ်း နှစ်ခုကို ခွဲခြားဆောင်ရွက် ဖို့ မရှိပဲ တစ်ပေါင်းတည်း လုပ်ဆောင်မယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ် ငန်းစဉ် နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေ အပေါ် အမျိုးမျိုး ဝေဖန် နေကြတာ ဖြစ်ပြီး ဒီ ပြင်ဆင်ရေး လုပ်ငန်းစဉ် ကနေ အများကြီး မျှော်လင့်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းခင် ပါ။

“ဒီတိုင်းတော့ အများကြီးမျှော်လင့်ဖို့မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ တခုခုဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အပိုင်းတွေ တွေ့ရပေမယ့် ညှိုနှိုင်းလုပ်ဖို့ထက် ဒီပြင်ဆင် ရေး ဘောင်ထဲက သွားဖို့ကြိုးစားလုပ်တာ ဘဲတွေ့ရတဲ့အခါတော့ နိုင်ငံရေးအရ သက်ရောက်မှုကိုဘဲ ပိုအာရုံထားတဲ့ ပုံပေါ်တယ်။ လက်တွေ့ တခုခု ပြင်နိုင်ဖို့က နောက်တန်းမှာ ရှိတယ်လို့ ကျနော်မြင်တယ်။”

ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ဒေါက်တာမနမ်တူးဂျာကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ပြင်ဆင်ချက်တွေ မပါတဲ့ ဒီပြင်ဆင် ရေးအောင်မြင်ဖို့ ခက်မယ်လို့ သုံးသပ်ပါတယ်။

“တိုင်းရင်းသားတွေ နဲ့ ပတ်သက်တဲ့ ဒေသ အခွင့်အရေးနဲ့ တိုင်းရင်းသားနဲ့ ပတ်သတ်ပြီး သိပ်မပါဘူးလို့ တွေ့နေရတယ်။ ဘယ်လိုပြောရမလဲဆို ပြောစရာ ဖြစ်နေတာပေါ့။ တိုင်းရင်းသားအခန်းကဏ္ဍကို လျော့တွက်ရင်ငြိမ်းချမ်းရေး ရဖို့လည်းအခက်အခဲရှိမယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပိုင်းဆိုင်ရာ ထည့်စဉ်းစားလုပ်ရင်တော့ကောင်းပါတယ်။ သူတို့ ဆန္ဒအလျောက် ပြင်သင့်ပြင်ထိုက်တာကို ပြင်တာတော့ ဟုတ်မှာပေါ့ ဆိုတော့ ခုနပြောတဲ့ အားနည်းချက်တွေကတော့ ရှိမလားလို့ပေါ့နော်။ ဒါတွေကို ပြင်ပြီးတော့ တဆင့်ပြန်သွားရင်တော့ ပိုကောင်းမယ်။ လိုချင်တဲ့အ ဖြေထွက်ကောင်း ထွက်လာမယ် ထင်တယ်”

အခု ဥပဒေမူကြမ်းထဲမှာ NLD ပါတီကိုယ်စားလှယ်တွေဘက်က တင်ထားတဲ့ ပြင်ဆင်ချက် အများစုပါဝင်ပြီး တပ်မတော်နဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေဘက်က တင်ပြတဲ့အချက် အနည်းငယ်ပဲပါဝင်တဲ့အပေါ် ဝေဖန် ပြောဆိုထားကြပါတယ်။

ေမခ/ VOA (Burmese)
https://burmese.voanews.com
ဖြဲ႔စည္းပံုုျပင္ေရး ဒုတိယမူၾကမ္း ေဆြးေႏြးခ်က္ မတ္လ ၁၀ ရက္ အၿပီးလုပ္မယ္ ဖြဲ႔စည္းပံုုျပင္ေရး ဒုတိယမူၾကမ္း ေဆြးေႏြးခ်က္ မတ္လ ၁၀ ရက္ အၿပီးလုပ္မယ္ Reviewed by THITHTOOLWIN on 01:44 Rating: 5
Powered by Blogger.