ကုိ႐ိုနာဗုိင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ႏိုင္ေတာ႔မည္

This photo taken on February 3, 2020 shows a doctor looking at a lung CT image while making his rounds at a ward of a quarantine zone in Wuhan, the epicentre of the new coronavirus outbreak, in China's central Hubei province. - The number of total infecti

(Zawgyi / Unicode)

အေမရိကန္ အကူအညီနဲ႔ ကုိ႐ိုနာဗုိင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈေတြကို ေဖေဖာ္၀ါရီလကုန္ပိုင္းမွာ ျမန္မာႏုိင္ငံတြင္း စတင္ ေဆာင္ရြက္ႏုိင္ေတာ့မယ္လို႔ ျပည္ေထာင္စု၀န္ႀကီးက ေျပာဆိုလိုက္ပါတယ္။ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕က စတင္ျဖစ္ပြားတဲ့ ကုိ႐ိုနာဗုိင္းရပ္စ္သစ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ လူေပါင္း ၈၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီး ေသာင္းနဲ႔ခ်ီ ကူးစက္ခံေနရခ်ိန္မွာပဲ တ႐ုတ္ျပည္သူေတြကေတာ့ စိုးရိမ္စိတ္နဲ႔ စားနပ္ရိကၡာေတြ ၀ယ္ယူစုေဆာင္းေနၾကပါတယ္။ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ကာလအတြင္း ကမၻာ့စီးပြားေရး ပံုမွန္လည္ပတ္ေနဖို႔ လိုအပ္သလိုပဲ ႀကိဳတင္ကာကြယ္မႈကိုလည္း အျပည့္အ၀ ေဆာင္ရြက္ၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ကလည္း တိုက္တြန္းလိုက္ပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္ စုစည္းတင္ျပေပးထားပါတယ္။

အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC က ဓာတ္ခြဲကြ်မ္းက်င္ ပညာရွင္ေတြက ကုိ႐ိုနာဗုိင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈေတြကို ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႔မွာ ျမန္မာႏုိင္ငံမွာ လာေရာက္သင္ၾကားေပးဖို႔ ရွိေနၿပီး ကုိ႐ိုနာဗုိင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈေတြကို ေဖေဖာ္၀ါရီလကုန္ပိုင္းမွာ ျမန္မာႏုိင္ငံတြင္းမွာပဲ စတင္ေဆာင္ရြက္ႏုိင္ေတာ့မယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက တနဂၤေႏြေန႔ ရန္ကုန္မွာလုပ္တဲ့ အစည္းအေ၀းတြင္းမွာ ေျပာဆိုခဲ့ပါတယ္။ ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ လတ္တေလာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေစာင့္ၾကပ္ ၾကည့္႐ႈေရးနဲ႔ ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုအဆင့္ ေန႔စဥ္ ညႇိႏိႈင္းအစည္းအေ၀းမွာ ၀န္ႀကီးက အခုလို ေျပာဆိုသြားတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
ေလာေလာဆယ္မွာေတာ့ ျမန္မာႏုိင္ငံတြင္းက ကုိ႐ိုနာဗုိင္းရပ္စ္ သံသယ လူနာေတြကို ဗိုင္းရပ္စ္ ရွိ မရွိ စမ္းသပ္ဖို႔ ျပည္ပဓာတ္ခြဲခန္းေတြကို ပို႔ေဆာင္ စစ္ေဆးေနရတာ ျဖစ္ပါတယ္။ မေန႔ တနဂၤေႏြေန႔အထိ ကုိ႐ိုနာဗုိင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၉ ဦး၊ သံသယလူနာ ၁ ဦးရွိၿပီး ေဆး႐ုံ တက္‌‌ေရာက္ကုသေနတဲ့လူနာ ၁၀ ဦးရွိတယ္လို႔လည္း ၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက အစည္းအေ၀းတြင္းမွာ ေျပာဆိုသြားပါတယ္။

ကုိ႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈေၾကာင့္ ေန႔စဥ္ဆိုသလို ေသဆံုးသူ ဒါဇင္နဲ႔ခ်ီ ရွိလာၿပီး ကူးစက္ခံရသူေတြလည္း တိုးလာခ်ိန္မွာပဲ တ႐ုတ္ႏုိင္ငံတြင္းမွာေတာ့ စိုးရိမ္စိတ္နဲ႔ စားနပ္ရိကၡာ ၀ယ္ယူစုေဆာင္းမႈေတြ ရွိေနတယ္လို႔ တ႐ုတ္အာဏာပိုင္တို႔က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ေစ်းစီမံခန္႔ခြဲေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး Wang Bin က အခုလို ေျပာပါတယ္။

“လတ္တေလာ အေျခအေနမွာေတာ့ တခ်ိဳ႕ ျပည္နယ္ေတြနဲ႔ ၿမိဳ႕ေတြမွာေတာ့ စိုးရိမ္လြန္ၿပီး ၀ယ္ယူေနၾကတာမ်ိဳး တခ်ိဳ႕ကို ေတြ႔ရပါတယ္။ လက္လီ အေရာင္းေစ်းေတြမွာဆိုရင္ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံ၊ ဆန္၊ ပဲ၊ ဆီနဲ႔ အသင့္စား ေခါက္ဆြဲတို႔လို ကုန္ေတြ ျပတ္လပ္ေနပါတယ္။”

တ႐ုတ္ႏုိင္ငံတြင္းမွာ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးပမ္းေနၾကခ်ိန္မွာပဲ ႏိုင္ငံတကာ ေလေၾကာင္းလိုင္း ေတာ္ေတာ္မ်ားမ်ားကလည္း တ႐ုတ္နဲ႔ ေလေၾကာင္းပ်ံသန္းမႈေတြကို ဆိုင္းငံ့ထားၾကပါတယ္။ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) က ႏုိင္ငံေတြအေနနဲ႔ လိုက္နာလုပ္ေဆာင္ရမယ့္ အခ်က္အလက္ေတြ အႀကံျပဳ ထုတ္ျပန္ထားပါတယ္။ တ႐ုတ္ႏုိင္ငံကို သြားေရာက္ခဲ့သူေတြအေနနဲ႔ သီတင္း ၂ ပတ္ၾကာ သီးျခားထားရွိ ေနထုိင္ဖို႔လည္း ပါ၀င္ပါတယ္။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေတာ့ ႀကိဳတင္ကာကြယ္မႈကို အျပည့္အ၀ ယူဖို႔ စေနေန႔က ထပ္မံတိုက္တြန္း ေျပာၾကားပါတယ္။

“ကမၻာ့စီးပြားေရးကို ပံုမွန္လည္ပတ္ေနေစေရးနဲ႔ ျဖစ္လာႏုိင္ေျခရွိတဲ့ အေႏွာင့္အယွက္ေတြကို ေရွာင္ရွားႏုိင္ေရးအတြက္ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက လိုက္နာလုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။ ခရီးသြားလာမႈေတြနဲ႔ ဆက္စပ္ၿပီး သတိထားရမယ့္ အခ်က္ေတြကိုလည္း ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။ ေလေၾကာင္းပ်ံသန္းမႈေတြ မလုပ္ဖို႔၊ ဒါမွမဟုတ္လည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး အလြန္အကြ်ံ အေရးယူ ေဆာင္ရြက္တာေတြကိုေတာ့ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး WHO က အားမေပးပါဘူး။ ဒီအခ်က္က အေရးႀကီးတယ္လို႔ ထင္ပါတယ္။ ခိုင္မာအားေကာင္းတဲ့ ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈမွာ စည္းလံုးညီညြတ္မႈကို အေျခခံရမွာပါ။ ဂုဏ္သိကၡာ ညႇဳိးႏြမ္းေစတဲ့ ဘယ္လိုပံုစံမ်ိဳးကိုမဆို ေရွာင္ရွားဖို႔လည္း အေရးႀကီးပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔အားလံုးအေနနဲ႔ ႀကိဳတင္ကာကြယ္မႈ ယူထားဖို႔ကလည္း အေရးႀကီးပါတယ္။”

တ႐ုတ္ႏုိင္ငံ ဟူေဘးျပည္နယ္ ၀ူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ တနဂၤေႏြေန႔ ေနာက္ဆံုးရ ကိန္းဂဏန္းေတြအရ ေသဆံုးသူ စုစုေပါင္း ၈၀၀ ေက်ာ္ရွိခဲ့ၿပီး တ႐ုတ္ တႏုိင္ငံတည္းမွာ လူေပါင္း ၃၇,၂၀၀ ကူးစက္ခံထားရပါတယ္။ တ႐ုတ္ျပည္ျပင္ပ ႏုိင္ငံနဲ႔ ေဒသေပါင္း ၃၀ နီးပါးမွာေတာ့ ကူးစက္ခံထားရသူ ၃၅၀ ေက်ာ္ရွိၿပီး ဖိလစ္ပိုင္နဲ႔ ေဟာင္ေကာင္တို႔မွာ တဦးစီ ေသဆံုးခဲ့ရပါတယ္။

------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှု မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်တော့မည်

အမေရိကန် အကူအညီနဲ့ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်း စတင် ဆောင်ရွက်နိုင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး သောင်းနဲ့ချီ ကူးစက်ခံနေရချိန်မှာပဲ တရုတ်ပြည်သူတွေကတော့ စိုးရိမ်စိတ်နဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူစုဆောင်းနေကြပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာလအတွင်း ကမ္ဘာ့စီးပွားရေး ပုံမှန်လည်ပတ်နေဖို့ လိုအပ်သလိုပဲ ကြိုတင်ကာကွယ်မှုကိုလည်း အပြည့်အ၀ ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓာတ်ခွဲကျွမ်းကျင် ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံမှာ လာရောက်သင်ကြားပေးဖို့ ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာပဲ စတင်ဆောင်ရွက်နိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက တနင်္ဂနွေနေ့ ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေးတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက အခုလို ပြောဆိုသွားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတွေကို ဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်ဖို့ ပြည်ပဓာတ်ခွဲခန်းတွေကို ပို့ဆောင် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၉ ဦး၊ သံသယလူနာ ၁ ဦးရှိပြီး ဆေးရုံ တက်‌‌ရောက်ကုသနေတဲ့လူနာ ၁၀ ဦးရှိတယ်လို့လည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အစည်းအဝေးတွင်းမှာ ပြောဆိုသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် နေ့စဉ်ဆိုသလို သေဆုံးသူ ဒါဇင်နဲ့ချီ ရှိလာပြီး ကူးစက်ခံရသူတွေလည်း တိုးလာချိန်မှာပဲ တရုတ်နိုင်ငံတွင်းမှာတော့ စိုးရိမ်စိတ်နဲ့ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှုတွေ ရှိနေတယ်လို့ တရုတ်အာဏာပိုင်တို့က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဈေးစီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Bin က အခုလို ပြောပါတယ်။

“လတ်တလော အခြေအနေမှာတော့ တချို့ ပြည်နယ်တွေနဲ့ မြို့တွေမှာတော့စိုးရိမ်လွန်ပြီး ဝယ်ယူနေကြတာမျိုး တချို့ကို တွေ့ရပါတယ်။ လက်လီ အရောင်းဈေးတွေမှာဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆန်၊ ပဲ၊ ဆီနဲ့ အသင့်စား ခေါက်ဆွဲတို့လို ကုန်တွေ ပြတ်လပ်နေပါတယ်။”

တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြချိန်မှာပဲ နိုင်ငံတကာ လေကြောင်းလိုင်း တော်တော်များများကလည်း တရုတ်နဲ့ လေကြောင်းပျံသန်းမှုတွေကို ဆိုင်းငံ့ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က နိုင်ငံတွေအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် အချက်အလက်တွေ အကြံပြု ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့သူတွေအနေနဲ့ သီတင်း ၂ ပတ်ကြာ သီးခြားထားရှိ နေထိုင်ဖို့လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ကြိုတင်ကာကွယ်မှုကို အပြည့်အ၀ ယူဖို့ စနေနေ့က ထပ်မံတိုက်တွန်း ပြောကြားပါတယ်။

“ကမ္ဘာ့စီးပွားရေးကို ပုံမှန်လည်ပတ်နေစေရေးနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အနှောင့်အယှက်တွေကို ရှောင်ရှားနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ခရီးသွားလာမှုတွေနဲ့ ဆက်စပ်ပြီး သတိထားရမယ့် အချက်တွေကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လေကြောင်းပျံသန်းမှုတွေ မလုပ်ဖို့၊ ဒါမှမဟုတ်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အလွန်အကျွံ အရေးယူ ဆောင်ရွက်တာတွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အားမပေးပါဘူး။ ဒီအချက်က အရေးကြီးတယ်လို့ ထင်ပါတယ်။ ခိုင်မာအားကောင်းတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ စည်းလုံးညီညွတ်မှုကို အခြေခံရမှာပါ။ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ရှောင်ရှားဖို့လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးအနေနဲ့ ကြိုတင်ကာကွယ်မှု ယူထားဖို့ကလည်း အရေးကြီးပါတယ်။”

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တနင်္ဂနွေနေ့ နောက်ဆုံးရ ကိန်းဂဏန်းတွေအရ သေဆုံးသူ စုစုပေါင်း ၈၀၀ ကျော်ရှိခဲ့ပြီး တရုတ် တနိုင်ငံတည်းမှာ လူပေါင်း ၃၇,၂၀၀ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်ပြင်ပ နိုင်ငံနဲ့ ဒေသပေါင်း ၃၀ နီးပါးမှာတော့ ကူးစက်ခံထားရသူ ၃၅၀ ကျော်ရှိပြီး ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တို့မှာ တဦးစီ သေဆုံးခဲ့ရပါတယ်။

မသိဂႌထုိက္/ VOA (Burmese)
https://burmese.voanews.com
ကုိ႐ိုနာဗုိင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ႏိုင္ေတာ႔မည္ ကုိ႐ိုနာဗုိင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ႏိုင္ေတာ႔မည္ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.