တာခ်ီလိတ္တြင္ ဗုံးသီး ေဟာင္း ထုရာမွ အမ်ိဳးသမီး တဦး ဒဏ္ရာရ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၇၊၂၀၂၀

ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ (၃)လမ္း ပစၥည္းအေဟာင္းမ်ား ေရာင္းဝယ္သည့္ မိန္း (ကီလို) ေရာင္းဝယ္ေရးဆိုင္ တြင္ ယေန႔ မနက္ ၁၁နာရီ ခြဲခန႔္တြင္ ဗုံးသီးေဟာင္း ကို ထုရာမွ အမ်ိဳးသမီး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပစၥည္းအေဟာင္းမ်ား ေရာင္းဝယ္သည့္ (ကီလိုဆိုင္) တြင္ သံ၊သတၱဳမ်ားကို ျပားေအာင္ျပဳလုပ္ရာ ဗုံးသီးေဟာင္းကို သြားထုမိသျဖင့္ အသက္ ၄၃ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး ဒဏ္ရာရရွိခဲ့ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕ မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ တဦးကေျပာသည္။

“ အမ်ိဳးသမီးက ဗုံးသီးေဟာင္းဆိုတာ မသိဘူး။ သူက သာမာန္ သံ၊သတၱဳထင္ၿပီး ထုတာ။ အဲ့ဒါနဲ႔ ေပါက္ကြဲသြားတာ” ဟု ရဲတပ္ဖြဲ႕ဝင္ က ေျပာသည္။

ဗုံးသီးေပါက္ကြဲမႈေၾကာင့္ အဆိုပါ အမ်ိဳးသမီးသည္ မ်က္ႏွာ၊ ဆီးခုံ၊ ေပါင္ႏွင့္ ေျခေထာက္တို႔ ဒဏ္ရာရရွိခဲ့ေၾကာင္း လက္ရွိမွာ တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသခံယူေနေၾကာင္းလည္း ရဲတပ္ဖြဲ႕ဝင္ ရဲသား က ဆိုသည္။

“ အသံကေတာ့ က်ယ္တယ္။ လန႔္ေတာင္လန႔္သြားတယ္။ ဗုံးေပါက္ကြဲမႈဆိုတာေတာ့သိတယ္။ ဒါေပမယ့္ ဗုံးသီးေဟာင္းလို႔မထင္ဘူး။ တေယာက္ေယာက္က လာေထာင္ထားလို႔ေပါက္ကြဲတယ္ထင္ေနတာ” ဟု တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ေနထိုင္သည့္ ကိုျမင့္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ေပါက္ကြဲသည့္ ဗုံးသီးေဟာင္းသည္ M6 60 ဗုံးသီးျဖစ္ၿပီး၊ အဆိုပါ ဗုံးသီးေဟာင္း မည္သို႔ရလာသည္ကို စုံစမ္းေနေၾကာင္းလည္း သိရသည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese
-------------------
(Unicode)⤵⤵⤵
တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၂၇၊၂၀၂၀

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်း ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် မိန်း (ကီလို) ရောင်းဝယ်ရေးဆိုင် တွင် ယနေ့ မနက် ၁၁နာရီ ခွဲခန့်တွင် ဗုံးသီးဟောင်း ကို ထုရာမှ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် (ကီလိုဆိုင်) တွင် သံ၊သတ္တုများကို ပြားအောင်ပြုလုပ်ရာ ဗုံးသီးဟောင်းကို သွားထုမိသဖြင့် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တဦးကပြောသည်။

“ အမျိုးသမီးက ဗုံးသီးဟောင်းဆိုတာ မသိဘူး။ သူက သာမာန် သံ၊သတ္တုထင်ပြီး ထုတာ။ အဲ့ဒါနဲ့ ပေါက်ကွဲသွားတာ” ဟု ရဲတပ်ဖွဲ့ဝင် က ပြောသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးသည် မျက်နှာ၊ ဆီးခုံ၊ ပေါင်နှင့် ခြေထောက်တို့ ဒဏ်ရာရရှိခဲ့ကြောင်း လက်ရှိမှာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းလည်း ရဲတပ်ဖွဲ့ဝင် ရဲသား က ဆိုသည်။

“ အသံကတော့ ကျယ်တယ်။ လန့်တောင်လန့်သွားတယ်။ ဗုံးပေါက်ကွဲမှုဆိုတာတော့သိတယ်။ ဒါပေမယ့် ဗုံးသီးဟောင်းလို့မထင်ဘူး။ တယောက်ယောက်က လာထောင်ထားလို့ပေါက်ကွဲတယ်ထင်နေတာ” ဟု တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေထိုင်သည့် ကိုမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပေါက်ကွဲသည့် ဗုံးသီးဟောင်းသည် M6 60 ဗုံးသီးဖြစ်ပြီး၊ အဆိုပါ ဗုံးသီးဟောင်း မည်သို့ရလာသည်ကို စုံစမ်းနေကြောင်းလည်း သိရသည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese
တာခ်ီလိတ္တြင္ ဗုံးသီး ေဟာင္း ထုရာမွ အမ်ိဳးသမီး တဦး ဒဏ္ရာရ တာခ်ီလိတ္တြင္ ဗုံးသီး ေဟာင္း ထုရာမွ အမ်ိဳးသမီး တဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.