ေက်ာက္ေတာ္ၿမိဳ႕ထဲတြင္ အရပ္၀တ္ျဖင့္လူၾကီးတစ္ဦး ေသနတ္ျဖင့္လုပ္ႀကံခံရေၾကာင္း သတင္းမ်ားထြက္ေပၚေန

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၂၁/၂၀၂၀

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕၊ ၿမိဳ႕မေဈး၊ ေရႊသဇင္စာအုပ္ဆိုင္အနီးတြင္ အရပ္၀တ္ျဖင့္ လူၾကီးတစ္ဦး ေသနတ္ျဖင့္ပစ္ခတ္လုပ္ၾကံခံခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

လုပ္ၾကံခံရသူမွာ အသက္ ၄၀ ဝန္းက်င္ အရြယ္ျဖစ္ေၾကာင္းႏွင့္ မည္သူမည္ဝါျဖစ္သည္ကိုေတာ့ အတိအက် မသိရေသးေၾကာင္း ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“စစ္သားလား။ အရပ္သားလားဆိုတာကိုေတာ့ က်ေနာ္တို႔ေတာ့မသိဘူး။ အဲဒီနားမွာ လက္နက္ငယ္ (ပစၥတို)ပစ္သံကိုေတာ့ တစ္ခ်က္ႏွစ္ခ်က္ေလာက္ ပစ္သံၾကားလိုက္တယ္။ ၿပီးေတာ့ အသက္ ၄၀ ဝန္းက်င္ ေလာက္ရွိတဲ့ အရပ္အဝတ္နဲ႔ တစ္ေယာက္ လဲေနတာကိုျမင္ခဲ့ရပါတယ္။ ေသခ်ာလည္း မၾကည့္ရဲခဲ့ဘူး” ဟု အမည္မေဖာ္လိုသူ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ကလည္း ေဒသခံမ်ား၏ေျပာျပခ်က္အရ ၾကားသိရေသာ္လည္း အေသအခ်ာ မသိရေသးေၾကာင္း ေျပာသည္။

“ၿမိဳ႕ထဲမွာ ျပႆနာတစ္ခုျဖစ္တယ္လို႔ေတာ့ၾကားတယ္။ အနီးအနားကလူေတြကို ေမးၾကည့္ေတာ့လည္း တိတိက်က်မေျပာရဲၾကဘူး။ စစ္တပ္လား ဘာလားဆိုတာကိုလည္း အေသအခ်ာမေျပာႏိုင္ဘူး။ အားလံုးက အရပ္ဝတ္ေတြနဲ႔ဆိုေတာ့ မသိႏိုင္ဘူး။ တပ္က အရာရွိလို႔ ေျပာရေအာင္လည္း ဘယ္သူမွမသိၾကဘူး။ က်ေနာ္တို႔ ေက်ာက္ေတာ္မွာက တစ္ခုခုဆိုရင္ တစ္ေယာက္တစ္မ်ိဳးေျပာေနၾကတာ။ အဲဒါေၾကာင့္ က်ေနာ္လည္း အေသအခ်ာ မေျပာႏိုင္ေသးဘူး” ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္က ေျပာသည္။

ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ ေသဆံုးသူမွာ စစ္ဘက္ဆုိင္ရာက ျဖစ္သည္ဟု ေျပာဆိုေနၾကေၾကာင္း၊ ေသနတ္ထိမွန္ ေသဆံုးသူ အပါအဝင္ သူႏွင့္အတူပါလာသူ ႏွစ္ဦးကိုလည္း အမည္မသိလူတစ္စုက ကားျဖင့္ တင္ကာ ေခၚေဆာင္သြားၾကေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာဆိုၾကသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)၏ ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခတို႔ကို ဆက္သြယ္ ေမးျမန္းၾကည့္ေသာ္လည္း မသိရေသးေၾကာင္း ေျဖၾကားခဲ့သည္။

ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးတို႔ကိုဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း ၿမိဳ႕မရဲစခန္းက ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ မၾကားသိရေသးဟု ေျဖဆုိသလုိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကလည္း အစည္းအေဝးတက္ေနေၾကာင္း ေျဖၾကားသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းသုိ႕ ယေန႕ ညေန ၄ နာရီ ၅၀ မိနစ္က ဆက္သြယ္ရာတြင္လည္း ၎သတင္းကို သူမသိရွိရေသးေၾကာင္း ေျပာၾကားသည္။

-----------------------

Unicode:

ကျောက်တော်မြို့ထဲတွင် အရပ်ဝတ်ဖြင့်လူကြီးတစ်ဦး သေနတ်ဖြင့်လုပ်ကြံခံရကြောင်း သတင်းများထွက်ပေါ်နေ

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့မဈေး၊ ရွှေသဇင်စာအုပ်ဆိုင်အနီးတွင် အရပ်ဝတ်ဖြင့် လူကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လုပ်ကြံခံရသူမှာ အသက် ၄၀ ဝန်းကျင် အရွယ်ဖြစ်ကြောင်းနှင့် မည်သူမည်ဝါဖြစ်သည်ကိုတော့ အတိအကျ မသိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“စစ်သားလား။ အရပ်သားလားဆိုတာကိုတော့ ကျနော်တို့တော့မသိဘူး။ အဲဒီနားမှာ လက်နက်ငယ် (ပစ္စတို)ပစ်သံကိုတော့ တစ်ချက်နှစ်ချက်လောက် ပစ်သံကြားလိုက်တယ်။ ပြီးတော့ အသက် ၄၀ ဝန်းကျင် လောက်ရှိတဲ့ အရပ်အဝတ်နဲ့ တစ်ယောက် လဲနေတာကိုမြင်ခဲ့ရပါတယ်။ သေချာလည်း မကြည့်ရဲခဲ့ဘူး” ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း ဒေသခံများ၏ပြောပြချက်အရ ကြားသိရသော်လည်း အသေအချာ မသိရသေးကြောင်း ပြောသည်။

“မြို့ထဲမှာ ပြဿနာတစ်ခုဖြစ်တယ်လို့တော့ကြားတယ်။ အနီးအနားကလူတွေကို မေးကြည့်တော့လည်း တိတိကျကျမပြောရဲကြဘူး။ စစ်တပ်လား ဘာလားဆိုတာကိုလည်း အသေအချာမပြောနိုင်ဘူး။ အားလုံးက အရပ်ဝတ်တွေနဲ့ဆိုတော့ မသိနိုင်ဘူး။ တပ်က အရာရှိလို့ ပြောရအောင်လည်း ဘယ်သူမှမသိကြဘူး။ ကျနော်တို့ ကျောက်တော်မှာက တစ်ခုခုဆိုရင် တစ်ယောက်တစ်မျိုးပြောနေကြတာ။ အဲဒါကြောင့် ကျနော်လည်း အသေအချာ မပြောနိုင်သေးဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

မြို့ခံများ၏ ပြောပြချက်အရ သေဆုံးသူမှာ စစ်ဘက်ဆိုင်ရာက ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း၊ သေနတ်ထိမှန် သေဆုံးသူ အပါအဝင် သူနှင့်အတူပါလာသူ နှစ်ဦးကိုလည်း အမည်မသိလူတစ်စုက ကားဖြင့် တင်ကာ ခေါ်ဆောင်သွားကြကြောင်း မြို့ခံများက ပြောဆိုကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို ဆက်သွယ် မေးမြန်းကြည့်သော်လည်း မသိရသေးကြောင်း ဖြေကြားခဲ့သည်။

ကျောက်တော်မြို့မရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကိုဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မြို့မရဲစခန်းက ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မကြားသိရသေးဟု ဖြေဆိုသလို မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း အစည်းအဝေးတက်နေကြောင်း ဖြေကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်က ဆက်သွယ်ရာတွင်လည်း ၎င်းသတင်းကို သူမသိရှိရသေးကြောင်း ပြောကြားသည်။

ေနာင္ခိုင္ေအာင္
Narinjara
https://www.facebook.com/narinjara.info
ေက်ာက္ေတာ္ၿမိဳ႕ထဲတြင္ အရပ္၀တ္ျဖင့္လူၾကီးတစ္ဦး ေသနတ္ျဖင့္လုပ္ႀကံခံရေၾကာင္း သတင္းမ်ားထြက္ေပၚေန ေက်ာက္ေတာ္ၿမိဳ႕ထဲတြင္ အရပ္၀တ္ျဖင့္လူၾကီးတစ္ဦး ေသနတ္ျဖင့္လုပ္ႀကံခံရေၾကာင္း သတင္းမ်ားထြက္ေပၚေန Reviewed by THITHTOOLWIN on 01:32 Rating: 5
Powered by Blogger.