ကို႐ိုနာဗိုင္းရပ္စ္ - ေတာ႐ိုင္းတိရစာၦန္ေတြ ေဘးကင္းေတာ့မလား

 ကြမ္က်ိဳးက ေတာ႐ိုင္းတိရစာၦန္ေစ်းမွာ ေဒါင္းသုံးေကာင္ေရာင္းေနတဲ့ ေစ်းသည္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ စျပန႔္ခဲ့တဲ့ေနရာဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က ပင္လယ္ေရထြက္ကုန္ေဈးက ျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက သံသယရွိၾကပါတယ္။

အဲဒီေဈးဟာ ေႁမြေတြနဲ႔ ျဖဴေကာင္လို ေတာ႐ိုင္းတိရစာၦန္ေတြ တရားမဝင္ ေရာင္းတဲ့ေနရာလို႔ သိထားၾကပါတယ္။

ဒါေတြကို ေလွာင္အိမ္ေတြထဲ ထည့္ထားၿပီး စားဖို႔နဲ႔ ေဆးေဖာ္ဖို႔အတြက္ ေရာင္းတာပါ။ အဲဒီလိုေရာင္းေနတာက အခု ဗိုင္းရပ္စ္ပိုး ကူးစက္မႈေၾကာင့္ ဟူေပး ျပည္နယ္ တစ္ခုလုံးကို သီးသန႔္ခြဲထား ပိတ္ဆို႔မႈ မလုပ္ခင္က အထိ ျဖစ္ပါတယ္။

တ႐ုတ္ဟာ ကမာၻမွာ တရားဝင္ေရာ၊ တရားမဝင္ပါ ေတာ႐ိုင္းတိရစာၦန္ထြက္ကုန္ေတြ အမ်ားဆုံး ဝယ္လက္ရွိတဲ့ေနရာပါ။
တိုင္းရင္းေဆးနဲ႔ ေဒသဟင္းလ်ာ

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က တာဝန္ရွိသူေတြက အခု ဗိုင္းရပ္စ္ စျပန႔္တာက လင္းႏို႔ေတြဆီက အမ်ားဆုံး ျဖစ္ႏိုင္ေျခရွိတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ ဗိုင္းရပ္စ္ပိုးက လူေတြကို မကူးခင္ တျခား တိရစာၦန္ကို ကူးခဲ့တာလည္း ျဖစ္ႏိုင္တယ္လို႔ သူတို႔က ယူဆေနပါတယ္။

တ႐ုတ္က ေနရာအေတာ္မ်ားမ်ားက စားေသာက္ဆိုင္ေတြမွာ လင္းႏို႔ စြပ္ျပဳတ္နဲ႔ က်ားနဲ႔ ကတိုးေကာင္တို႔ရဲ႕ ကိုယ္အစိတ္အပိုင္းေတြနဲ႔ ခ်က္ထားတဲ့ ဟင္းေတြ ေရာင္းပါတယ္။

ေႁမြသားေၾကာ္၊ ဝက္ဝံေျခာက္ေထာက္ႏွပ္၊ က်ား႐ိုးဝိုင္ စတာေတြကို စားေသာက္ဆိုင္ႀကီးေတြရဲ႕ ဟင္းလ်ာနာမည္စာရင္းမွာ ေတြ႕ႏိုင္ပါတယ္။

ၿမိဳ႕စြန္၊႐ြာစြန္က ေတာ႐ိုင္းေကာင္ ေဈးေတြမွာေတာ့ ႂကြက္၊ေၾကာင္၊ေႁမြနဲ႔ မ်ိဳးတုံးေတာ့မယ့္ ငွက္တခ်ိဳ႕နဲ႔ တျခား သားေကာင္မ်ိဳးစုံကို ရႏိုင္ပါတယ္။

တ႐ုတ္က ေစ်းတစ္ခုမွာေတြ႕ရတဲ့ ေႁမြေျခာက္ေတြ

ေတာေကာင္မ်ိဳးတုံးမယ့္ အႏၲရာယ္

သင္းေခြခ်ပ္ အေၾကးခြံကို ေဆးေဖာ္ဖို႔ ဝယ္တဲ့အတြက္ တ႐ုတ္မွာ သင္းေခြခ်ပ္ မရွိသေလာက္ ျဖစ္ရာကေန တျခားႏိုင္ငံေတြမွာပါ သင္းေခြခ်ပ္ မ်ိဳးတုံးမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါၿပီ။

ႀကံ့ခ်ိဳကိုလည္း တ႐ုတ္႐ိုးရာ တိုင္းရင္းေဆးအတြက္ အလြန္အကြၽံသုံးလို႔ ႀကံ့မ်ိဳးတုံးမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာကလည္း ေနာက္ထပ္ ဥပမာ တစ္ခုပါ။

အဲဒီလို ေတာေကာင္ေတြ အႏၲရာယ္ရင္ဆိုင္ခ်ိန္ေနရခ်ိန္မွာ လူေတြေရာဂါကူးစက္မႈ ၇၀ ရာခိုင္ႏႈန္းထက္ မကတဲ့ႏႈန္းက တိရစာၦန္ေတြဆီက ျဖစ္လာတာပါ။ အထူးသျဖင့္ ေတာ႐ိုင္းေကာင္ေတြဆီကပါ။

အခု ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားၿပီးေနာက္မွာေတာ့ တ႐ုတ္ရဲ႕ ေတာ႐ိုင္းတိရစာၦန္အေရာင္းအဝယ္က လူေတြ သတိထားမိစရာ ျဖစ္လာပါတယ္။ အမွန္ကေတာ့ ဒီလို ကူးစက္တာေတြ မျဖစ္ခင္ကတည္းက ေတာ႐ိုင္းေကာင္ ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕ေတြက ဒီအေရာင္းအဝယ္ေတြကို ေဝဖန္ကန႔္ကြက္ေနတာပါ။

အခု တ႐ုတ္အစိုးရက ယာယီပိတ္လိုက္ေပမဲ့ ဒီအေျခအေနကို ျပၿပီး အၿမဲတမ္း တားျမစ္လိုက္ဖို႔ ဒီအဖြဲ႕ေတြက ေတာင္းဆိုေနၾကပါတယ္။
ဆားစ္ေရာဂါ မျပန္႔ပြားေအာင္ ေၾကာင္ကတိုးေကာင္ေတြ ကြမ္က်ိဳးက ရွင္းယြမ္ေစ်းမွာ ေရာင္းေနတာကို ဖမ္းဆီး
တ႐ုတ္ကေရာ နားေထာင္မွာလား

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကေန ကမာၻ႔ေတာ႐ိုင္းတိရစာၦန္ တရားမဝင္ ေရာင္းဝယ္ေရး အဆုံးသတ္သြားဖို႔နဲ႔ လူေတြက်န္းမာေရးကိုပါ ကာကြယ္ၿပီးသား ျဖစ္သြားမယ့္ အေျခအေန ျဖစ္လာႏိုင္သလား။

ဒီလို ျဖစ္ဖို႔ စိန္ေခၚမႈေတြ အမ်ားႀကီး ရွိေပမဲ့ လုံးဝ မျဖစ္ႏိုင္တာမ်ိဳးလည္း မဟုတ္ဘူးလို႔ ပညာရွင္ေတြက ေျပာပါတယ္။

အရင္က ျဖစ္ခဲ့တဲ့ ဆားစ္နဲ႔ မားစ္ အသက္ရႈလမ္းေၾကာင္းကူးစက္ေရာဂါေတြကလည္း လင္းႏို႔ကေန စၿပီး ေၾကာင္ကတိုးနဲ႔ ကုလားအုတ္တို႔ကေနတစ္ဆင့္ လူေတြဆီ ကူးစက္ခဲ့တာလို႔ WHO က ေျပာထားပါတယ္။

ေသြးေႏြးသတၱဝါေတြ၊ ငွက္ေတြ၊ တြားသြားေကာင္ေတြနဲ႔ ကုန္းေရႏွစ္မ်ိဳးေန သတၱဝါ အမ်ိဳးေပါင္း ၅၅၀၀ မကကို ကမာၻ႔ ေဈးကြက္မွာ တရားဝင္ေရာ တရားမဝင္ပါ ေရာင္းဝယ္ေနၾကတယ္လို႔ လတ္တေလာ သုံးသပ္ အစီရင္ခံစာ တစ္ခုက ဆိုပါတယ္။

ေတာ႐ိုင္းတိရစာၦန္ တရားမဝင္ ေရာင္းဝယ္ေရးေဈးကြက္က အေမရိကန္ ေဒၚလာ ဘီလ်ံ ၂၀ ေလာက္ရွိေနတယ္လို႔ ခန႔္မွန္းရပါတယ္။

အဲဒါက တရားမဝင္ လုပ္ကိုင္ၾကတဲ့ မူးယစ္ေဆး၊ လူကုန္ကူးတာနဲ႔ ကုန္ပစၥည္း အတု ေဈးကြက္ေတြ ၿပီးရင္ ေလးခုေျမာက္ အႀကီးဆုံး ေဈးကြက္ႀကီး ျဖစ္ေနပါတယ္။

 ေဟာင္ေကာင္မွာ ေရာင္းခ်ဖို႔ ျပထားတဲ့ ငါးမန္းေတာင္ေတြ

အခ်က္ေပးသံလား

အခု က်န္းမာေရး ေဘးအႏၲရာယ္ႀကီးက ေတာေကာင္ေတြကို မဆင္မျခင္ သတ္ျဖတ္၊စားေသာက္၊ သုံစြဲေနၾကတာေတြအတြက္ သတိေပးလိုက္တာပဲလို႔ ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ရန္ပုံေငြအဖြဲ႕WWF က ေျပာပါတယ္။

ဒါေပမဲ့ တ႐ုတ္ အစိုးရကေတာ့ အခုပိတ္ထားက ယာယီပဲလို႔ ရွင္းရွင္းလင္းလင္း ေျပာထားၿပီးသားပါ။

၂၀၀၂ ဆားစ္ေရာဂါ ကူးစက္တုန္းကလည္း အခုလို ယာယီပိတ္ပင္တာမ်ိဳး လုပ္ခဲ့ဖူးပါတယ္။

ေနာက္ပိုင္း လေတြအၾကာမွာေတာ့ တ႐ုတ္မွာ အစိုးရကလည္း ေလ်ာ့ေလ်ာ့ရဲရဲ ျပန္ျဖစ္သြားၿပီး ေဈးကြက္ကလည္း ျပန္ျဖစ္လာတာပဲလို႔ ေတာ႐ိုင္းတိရစာၦန္ ကာကြယ္ေစာင့္ေရွာက္တဲ့ အဖြဲ႕ေတြက ေျပာပါတယ္။
တ႐ုတ္ဝယ္လိုအားက အိမ္နီးခ်င္းႏိုင္ငံေတြက ေတာ႐ိုင္းတိရစာၦန္ေစ်းကြက္ကို မီးထိုးေပးေနတယ္လို႔ဆို

စည္းမ်ဥ္းေတြတင္းၾကပ္မလား

ဒီႏွစ္ စက္တင္ဘာလမွာ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘက်င္းမွာ သဘာဝနဲ႔ ဇီဝ အရင္းအျမစ္ ကမာၻလုံးဆိုင္ရာ အစည္းအေဝး လက္ခံ က်င္းပမွာ ျဖစ္ပါတယ္။

ၾကက္ငွက္တုပ္ေကြးလို ေရာဂါကူးစက္ျပန႔္ပြားမႈကေန ေတာ႐ိုင္းငွက္ေတြ ကာကြယ္ထိန္းသိမ္းမႈကို အေထာက္အကူ ျဖစ္ခဲ့တယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာက ဆင္ေတြ မ်ိဳးတုံးေပ်ာက္ကြယ္မႈကို ကာကြယ္ဖို႔ ဖိအားေပးခဲ့ၿပီးေနာက္ ဆင္စြယ္တင္သြင္းမႈကို တ႐ုတ္က တားျမစ္လိုက္တာရဲ႕ ေအာင္ျမင္မႈကိုလည္း သူတို႔က ေထာက္ျပ ေျပာၾကပါတယ္။

ဒါေပမဲ့ အဲဒီလို တားျမစ္ထိန္းခ်ဳပ္တာေတြက ႏိုင္ငံေတြအားလုံးလုပ္ၾကရမွာ ျဖစ္ၿပီး တ႐ုတ္ တစ္ႏိုင္ငံတည္း လုပ္ဖို႔မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ဒါေပမဲ့ ေတာ႐ိုင္းတိရစာၦန္ အႀကီးဆုံး ေဈးကြက္ႀကီး ျဖစ္ေနတဲ့ တ႐ုတ္လို ႏိုင္ငံႀကီးကေန ဦးေဆာင္ၿပီးစလုပ္ရင္ ျဖစ္ႏိုင္တယ္လို႔ ေတာ႐ိုင္းတိရစာၦန္ ကာကြယ္ေစာင့္ေရွာက္ေရးသမားေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - တောရိုင်းတိရစ္ဆာန်တွေ ဘေးကင်းတော့မလား

ဓာတ်ပုံ မူပိုင် LIU JIN
Image caption ကွမ်ကျိုးက တောရိုင်းတိရစ္ဆာန်ဈေးမှာ ဒေါင်းသုံးကောင်ရောင်းနေတဲ့ ဈေးသည်

ကိုရိုနာဗိုင်းရပ်စ် စပြန့်ခဲ့တဲ့နေရာဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်ရေထွက်ကုန်ဈေးက ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိကြပါတယ်။

အဲဒီဈေးဟာ မြွေတွေနဲ့ ဖြူကောင်လို တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းတဲ့နေရာလို့ သိထားကြပါတယ်။

ဒါတွေကို လှောင်အိမ်တွေထဲ ထည့်ထားပြီး စားဖို့နဲ့ ဆေးဖော်ဖို့အတွက် ရောင်းတာပါ။ အဲဒီလိုရောင်းနေတာက အခု ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ဟူပေး ပြည်နယ် တစ်ခုလုံးကို သီးသန့်ခွဲထား ပိတ်ဆို့မှု မလုပ်ခင်က အထိ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာမှာ တရားဝင်ရော၊ တရားမဝင်ပါ တောရိုင်းတိရစ္ဆာန်ထွက်ကုန်တွေ အများဆုံး ဝယ်လက်ရှိတဲ့နေရာပါ။
တိုင်းရင်းဆေးနဲ့ ဒေသဟင်းလျာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူတွေက အခု ဗိုင်းရပ်စ် စပြန့်တာက လင်းနို့တွေဆီက အများဆုံး ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးက လူတွေကို မကူးခင် တခြား တိရစ္ဆာန်ကို ကူးခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူတို့က ယူဆနေပါတယ်။

တရုတ်က နေရာအတော်များများက စားသောက်ဆိုင်တွေမှာ လင်းနို့ စွပ်ပြုတ်နဲ့ ကျားနဲ့ ကတိုးကောင်တို့ရဲ့ ကိုယ်အစိတ်အပိုင်းတွေနဲ့ ချက်ထားတဲ့ ဟင်းတွေ ရောင်းပါတယ်။

မြွေသားကြော်၊ ဝက်ဝံခြောက်ထောက်နှပ်၊ ကျားရိုးဝိုင် စတာတွေကို စားသောက်ဆိုင်ကြီးတွေရဲ့ ဟင်းလျာနာမည်စာရင်းမှာ တွေ့နိုင်ပါတယ်။

မြို့စွန်၊ရွာစွန်က တောရိုင်းကောင် ဈေးတွေမှာတော့ ကြွက်၊ကြောင်၊မြွေနဲ့ မျိုးတုံးတော့မယ့် ငှက်တချို့နဲ့ တခြား သားကောင်မျိုးစုံကို ရနိုင်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်က ဈေးတစ်ခုမှာတွေ့ရတဲ့ မြွေခြောက်တွေ
တောကောင်မျိုးတုံးမယ့် အန္တရာယ်

သင်းခွေချပ် အကြေးခွံကို ဆေးဖော်ဖို့ ဝယ်တဲ့အတွက် တရုတ်မှာ သင်းခွေချပ် မရှိသလောက် ဖြစ်ရာကနေ တခြားနိုင်ငံတွေမှာပါ သင်းခွေချပ် မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။

ကြံ့ချိုကိုလည်း တရုတ်ရိုးရာ တိုင်းရင်းဆေးအတွက် အလွန်အကျွံသုံးလို့ ကြံ့မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကလည်း နောက်ထပ် ဥပမာ တစ်ခုပါ။

အဲဒီလို တောကောင်တွေ အန္တရာယ်ရင်ဆိုင်ချိန်နေရချိန်မှာ လူတွေရောဂါကူးစက်မှု ၇၀ ရာခိုင်နှုန်းထက် မကတဲ့နှုန်းက တိရစ္ဆာန်တွေဆီက ဖြစ်လာတာပါ။ အထူးသဖြင့် တောရိုင်းကောင်တွေဆီကပါ။

အခု ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားပြီးနောက်မှာတော့ တရုတ်ရဲ့ တောရိုင်းတိရစ္ဆာန်အရောင်းအဝယ်က လူတွေ သတိထားမိစရာ ဖြစ်လာပါတယ်။ အမှန်ကတော့ ဒီလို ကူးစက်တာတွေ မဖြစ်ခင်ကတည်းက တောရိုင်းကောင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက ဒီအရောင်းအဝယ်တွေကို ဝေဖန်ကန့်ကွက်နေတာပါ။

အခု တရုတ်အစိုးရက ယာယီပိတ်လိုက်ပေမဲ့ ဒီအခြေအနေကို ပြပြီး အမြဲတမ်း တားမြစ်လိုက်ဖို့ ဒီအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ မူပိုင် South China Morning Post
Image caption ဆားစ်ရောဂါ မပြန့်ပွားအောင် ကြောင်ကတိုးကောင်တွေ ကွမ်ကျိုးက ရှင်းယွမ်ဈေးမှာ ရောင်းနေတာကို ဖမ်းဆီး
တရုတ်ကရော နားထောင်မှာလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေး အဆုံးသတ်သွားဖို့နဲ့ လူတွေကျန်းမာရေးကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမယ့် အခြေအနေ ဖြစ်လာနိုင်သလား။

ဒီလို ဖြစ်ဖို့ စိန်ခေါ်မှုတွေ အများကြီး ရှိပေမဲ့ လုံးဝ မဖြစ်နိုင်တာမျိုးလည်း မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

အရင်က ဖြစ်ခဲ့တဲ့ ဆားစ်နဲ့ မားစ် အသက်ရှုလမ်းကြောင်းကူးစက်ရောဂါတွေကလည်း လင်းနို့ကနေ စပြီး ကြောင်ကတိုးနဲ့ ကုလားအုတ်တို့ကနေတစ်ဆင့် လူတွေဆီ ကူးစက်ခဲ့တာလို့ WHO က ပြောထားပါတယ်။

သွေးနွေးသတ္တဝါတွေ၊ ငှက်တွေ၊ တွားသွားကောင်တွေနဲ့ ကုန်းရေနှစ်မျိုးနေ သတ္တဝါ အမျိုးပေါင်း ၅၅၀၀ မကကို ကမ္ဘာ့ ဈေးကွက်မှာ တရားဝင်ရော တရားမဝင်ပါ ရောင်းဝယ်နေကြတယ်လို့ လတ်တလော သုံးသပ် အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေးဈေးကွက်က အမေရိကန် ဒေါ်လာ ဘီလျံ ၂၀ လောက်ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

အဲဒါက တရားမဝင် လုပ်ကိုင်ကြတဲ့ မူးယစ်ဆေး၊ လူကုန်ကူးတာနဲ့ ကုန်ပစ္စည်း အတု ဈေးကွက်တွေ ပြီးရင် လေးခုမြောက် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဟောင်ကောင်မှာ ရောင်းချဖို့ ပြထားတဲ့ ငါးမန်းတောင်တွေ
အချက်ပေးသံလား

အခု ကျန်းမာရေး ဘေးအန္တရာယ်ကြီးက တောကောင်တွေကို မဆင်မခြင် သတ်ဖြတ်၊စားသောက်၊ သုံစွဲနေကြတာတွေအတွက် သတိပေးလိုက်တာပဲလို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့WWF က ပြောပါတယ်။

ဒါပေမဲ့ တရုတ် အစိုးရကတော့ အခုပိတ်ထားက ယာယီပဲလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

၂၀၀၂ ဆားစ်ရောဂါ ကူးစက်တုန်းကလည်း အခုလို ယာယီပိတ်ပင်တာမျိုး လုပ်ခဲ့ဖူးပါတယ်။

နောက်ပိုင်း လတွေအကြာမှာတော့ တရုတ်မှာ အစိုးရကလည်း လျော့လျော့ရဲရဲ ပြန်ဖြစ်သွားပြီး ဈေးကွက်ကလည်း ပြန်ဖြစ်လာတာပဲလို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့တွေက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Ben Davies
Image caption တရုတ်ဝယ်လိုအားက အိမ်နီးချင်းနိုင်ငံတွေက တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို မီးထိုးပေးနေတယ်လို့ဆို
စည်းမျဉ်းတွေတင်းကြပ်မလား

ဒီနှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံ မြို့တော် ဘေကျင်းမှာ သဘာဝနဲ့ ဇီဝ အရင်းအမြစ် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေး လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးလို ရောဂါကူးစက်ပြန့်ပွားမှုကနေ တောရိုင်းငှက်တွေ ကာကွယ်ထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ဆင်တွေ မျိုးတုံးပျောက်ကွယ်မှုကို ကာကွယ်ဖို့ ဖိအားပေးခဲ့ပြီးနောက် ဆင်စွယ်တင်သွင်းမှုကို တရုတ်က တားမြစ်လိုက်တာရဲ့ အောင်မြင်မှုကိုလည်း သူတို့က ထောက်ပြ ပြောကြပါတယ်။

ဒါပေမဲ့ အဲဒီလို တားမြစ်ထိန်းချုပ်တာတွေက နိုင်ငံတွေအားလုံးလုပ်ကြရမှာ ဖြစ်ပြီး တရုတ် တစ်နိုင်ငံတည်း လုပ်ဖို့မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ တောရိုင်းတိရစ္ဆာန် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေတဲ့ တရုတ်လို နိုင်ငံကြီးကနေ ဦးဆောင်ပြီးစလုပ်ရင် ဖြစ်နိုင်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးသမားတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ေတာ႐ိုင္းတိရစာၦန္ေတြ ေဘးကင္းေတာ့မလား ကို႐ိုနာဗိုင္းရပ္စ္ - ေတာ႐ိုင္းတိရစာၦန္ေတြ ေဘးကင္းေတာ့မလား Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.