စစ္တပ္က စြဲထားတဲ့ အမႈရွစ္မႈမွာ ေလးမႈ ဆက္ရင္ဆိုင္ရဖို႔ရွိ

 ေထာင္ဒဏ္က်ခံေနရတဲ့ ဒီထဲက မဆုရတနာျမင့္(အေပၚလယ္)၊ ကိုပိုင္ၿဖိဳးမင္း(အေပၚယာအစြန္)နဲ႔ မေကခိုင္ထြန္း(ေအာက္အလယ္)တို႔ကို ေထာင္ေျခာက္လ ထပ္ခ်လိုက္တာ ျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
တပ္မေတာ္ကို သံခ်ပ္ထိုးေဝဖန္ခဲ့တယ္ ဆိုတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၃ ဦးကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ ဃနဲ႔ ေထာင္ေျခာက္လ ထပ္ခ်ခဲ့ပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္မွာ ဗိုလ္တေထာင္တရား႐ုံးက အခုလို အမိန႔္ခ်ခဲ့တာျဖစ္ပါတယ္။

သံခ်ပ္အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ကိုေဇယ်ာလြင္ ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုပိုင္ရဲသူ၊ ကိုေဇာ္မင္းထြဋ္၊ ကိုၿငိမ္းခ်မ္းစိုး၊ မဆုရတနာျမင့္နဲ႔ မေကခိုင္ထြန္းတို႔ကို ဒီပုဒ္မနဲ႔ တရားစြဲတာျဖစ္ၿပီး သူတို႔ထဲက ကိုပိုင္ၿဖိဳးမင္း၊ မဆုရတနာျမင့္နဲ႔ မေကခိုင္ထြန္းတို႔ကို အခုလို ေထာင္ခ်ခဲ့တာ ျဖစ္ပါတယ္။

က်န္ေလးဦးကိုေတာ့ တရားေသလႊတ္ေပးခဲ့ပါတယ္။
 ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ေတြအမ်ားစုဟာ လူငယ္ေတြျဖစ္ပါတယ္။

ဒီကေန႔အမိန႔္ဟာ တရားမွ်တမႈ မရွိဘူးလို႔ ျပစ္ဒဏ္ခ်ခံရတဲ့ မဆုရတနာျမင့္က ဘီဘီစီကိုေျပာပါတယ္။

"ဒါ ပထမဆုံးတစ္ေခါက္ေတာ့မဟုတ္ပါဘူး။ ဒါ မတရားမႈဆိုတာက်ိန္းေသတယ္။ ဒီ ၆၆ ဃနဲ႔ မရမ္းကုန္းမွာစြဲတုန္းက သက္ေသေတြကိုပဲ ဒီဗိုလ္တေထာင္မွာ ျပန္တင္တယ္။ ဒီျဖစ္စဥ္ဒီအမႈနဲ႔ပဲ ကြၽန္မကို တပ္က စြဲလို႔မရမ္းကုန္းမွာ ေထာင္ေျခာက္လ က်ၿပီးၿပီ။ ဒါေပမဲ့ အခု ဗိုလ္တေထာင္မွာထပ္ခ်တယ္ဆိုေတာ့ ဘယ္လိုမွလက္သင့္ခံႏိုင္စရာအေၾကာင္းမရွိဘူး" လို႔ သူက ေျပာပါတယ္။

ဒီကေန႔ ဗိုလ္တေထာင္တရား႐ုံးက ၆၆ ဃ နဲ႔စြဲထားတဲ့ ၇ ဦးထဲမွာ ကိုၿငိမ္းခ်မ္းစိုးက လြဲလို႔ က်န္တဲ့ ၆ ဦးဟာ တပ္က စြဲထားတဲ့ပုဒ္မ ၅၀၅(က)ႏွစ္မႈ၊ ၆၆ ဃ တစ္မႈနဲ႔ ယခင္တည္းက ေထာင္ဒဏ္အသီးသီး က်ခံေနရတာပါ။

အခု ေျခာက္လ ထပ္က်တဲ့သုံးေယာက္မွာ ကိုပိုင္ၿဖိဳးမင္းက အရင္အမႈသုံးခုရဲ႕ ျပစ္ဒဏ္ေတြနဲ႔ေပါင္းရင္ စုစုေပါင္း ေထာင္ဒဏ္သုံးႏွစ္ ရွိသြားၿပီျဖစ္ၿပီး မဆုရတနာျမင့္က ေထာင္ႏွစ္ႏွစ္နဲ႔ မေကခိုင္ထြန္းက ေထာင္ႏွစ္ႏွစ္ခြဲ ရွိသြားပါၿပီ။

ေဖေဖာ္ဝါရီလ ၁၇ ရက္ ဒီကေန႔မွာ ဗိုလ္တေထာင္တရား႐ုံး က ခ်မွတ္လိုက္တဲ့ အမႈမွာေတာ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္ထိုးတဲ့ပုံေတြ ဗီဒီယိုဖိုင္ေတြကို ဒီသံခ်ပ္အဖြဲ႕ဝင္ သုံးေယာက္က သူတို႔ရဲ႕ ကိုယ္ပိုင္လူမႈကြန္ရက္အေကာင့္မွာ မွ်ေဝခဲ့တာေၾကာင့္ အခုလို စြဲခံရတာျဖစ္ပါတယ္။

ကိုၿငိမ္းခ်မ္းစိုးကေတာ့ ယခင္အမႈေတြမွာတည္းက တရားေသလြတ္ခဲ့တာျဖစ္ပါတယ္။

၆၆ ဃ ပုဒ္မဟာ တက္ႂကြလႈပ္ရွားသူလူငယ္ေတြ၊ ႏိုင္ငံေရးသမားေတြကို ၿခိမ္းေျခာက္ေနတဲ့ပုဒ္မျဖစ္ၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ခ်ိဳးေဖာက္ေနတဲ့ပုဒ္မလည္း ျဖစ္တယ္လို႔ မဆုရတနာျမင့္က တရားခြင္အၿပီးမွာ ေဝဖန္ေျပာၾကားပါတယ္။

"ဒီပုဒ္မရွိေနျခင္းအားျဖင့္ ႏိုင္ငံေရးအာဏာ ရွိသူေတြက သူတို႔ မေက်နပ္တဲ့သူကို အခ်ိန္မေ႐ြး ေထာင္ခ်ပစ္လို႔ ရတယ္။ တရားစြဲခံရရင္လည္း တရားစြဲခံရသူကေထာ င္က်ခံရတယ္။ ေရွ႕မွာလည္း သက္ေသေတြ အမ်ားႀကီးရွိတယ္။ ဒီ ဆက္သြယ္ေရးပုဒ္မက မရွိသင့္တဲ့ ဖ်က္သိမ္းသင့္တဲ့ ပုဒ္မပဲ" လို႔ သူကေျပာပါတယ္။

သံခ်ပ္အဖြဲ႕ဝင္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္း ႐ုံးခ်ိန္းမွာကတည္းက တရား႐ုံးကို မပူးေပါင္းတဲ့အေနနဲ႔ သူတို႔ရဲ႕ ေရွ႕ေနပါဝါကို ႐ုတ္သိမ္းခဲ့ၿပီး ျပန္လွန္ေမးခြန္းေတြေမးျမန္းတာ၊ ေျဖၾကားတာ မလုပ္ဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။
 ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္ ထိုးေနစဥ္
"အဓိကက အမႈကို ျမန္ျမန္ျဖတ္ခ်င္တယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ အမႈတိုင္းက ဒီပုံစံအတိုင္းပဲ သြားေနတယ္။ ေလွ်ာက္လဲခ်က္ေပးလည္း မထူးဘူး။ ဒါေၾကာင့္ ေရွ႕ေနပါဝါ ႐ုတ္လိုက္တာ" လို႔ အမႈကေန တရားေသျပန္လြတ္လာတဲ့ သံခ်ပ္အဖြဲ႕ဝင္ ကိုၿငိမ္းခ်မ္းစိုးက ဘီဘီစီကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ သၾကၤန္ကာလမွာ တပ္မေတာ္ကို ေဝဖန္တိုက္ခိုက္တဲ့ စာသားေတြနဲ႔ သံခ်ပ္ထိုးခဲ့တာေၾကာင့္ ဆိုၿပီး တပ္မေတာ္က စုစုေပါင္း အမႈ ရွစ္မႈနဲ႔ သံခ်ပ္အဖြဲ႕ဝင္ေတြကို တရားစြဲခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းမွာ ၄ မႈနဲ႔ ဧရာဝတီတိုင္းမွာ ၄ မႈ စုစုေပါင္း ၈ မႈ စြဲထားတဲ့အနက္ ရန္ကုန္က မရမ္းကုန္းနဲ႔ ဗိုလ္တေထာင္တရား႐ုံးတို႔မွာ စြဲဆိုထားတဲ့ ပုဒ္မ ၅၀၅ (က) ႏွစ္မႈစီနဲ႔ ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ) ႏွစ္မႈစီ ကို အမိန႔္ခ်ၿပီး ျဖစ္ပါတယ္။ ပုဒ္မ ၅၀၅(က) ႏွစ္မႈလုံးကို ေထာင္တစ္ႏွစ္စီ ခ်ထားၿပီး ၆၆ ဃနဲ႔ကေတာ့ ေထာင္ေျခာက္လစီ ခ်ထားတာျဖစ္ပါတယ္။

လက္ရွိမွာ သံခ်ပ္အဖြဲ႕ဝင္ေတြကို အင္းစိန္ေထာင္မွာပဲ ထားရွိထားပါတယ္။

မေကခိုင္ထြန္း အပါအဝင္ သုံးဦးကို ဗိုလ္တေထာင္တရား႐ုံးက ေထာင္ေျခာက္လ ထပ္ခ်လိုက္
ဧရာဝတီတိုင္းမွာ စြဲဆိုထားတဲ့ ေလးမႈလုံးကေတာ့ ခုခ်ိန္ထိ ႐ုံးခ်ိန္းလည္း မေခၚေသးလို႔ ႐ုံးတင္မတင္ မသိရေသးဘူးလို႔ ဆိုပါတယ္။

ဒီလို တရားစြဲဆို ေထာင္ခ်မႈေတြ ရွိေနေပမယ့္ လာမယ့္သၾကၤန္ကာလမွာ သံခ်ပ္ေတြ ဆက္ထြက္သြားမွာျဖစ္ၿပီး တပ္မေတာ္ကို ထိုက္သင့္တဲ့ ေျပာဆိုေဝဖန္မႈ ေတြ ဆက္လုပ္သြားမယ္လို႔ ဆိုပါတယ္။

"သၾကၤန္မွာ သံခ်ပ္က ဆက္ထြက္ၿမဲ ထြက္မွာျဖစ္တယ္။ အျပင္မွာရွိတဲ့လူေတြ ဆက္ထြက္မွာပါ။ တပ္မေတာ္နဲ႔ ပတ္သက္ၿပီး ေရွာင္ထိုးစရာေတာ့မရွိ။ ေျပာသင့္တာေတာ့ ေျပာမယ္။ အဲဒီထဲကမွ ဝါသနာပါလို႔ ဝင္ထိုးၿပီး ေၾကာက္တဲ့သူေတြ အတြက္ေတာ့ အႏၲရာယ္ျဖစ္ေလာက္တဲ့ စာသားေတြ ေရွာင္ေပးဖို႔ရွိတယ္" လို႔ ကိုၿငိမ္းခ်မ္းစိုးက ေျပာပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြကို ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ပုဒ္မ ၅၀၅ (က) နဲ႔ မရမ္းကုန္းနဲ႔ ဗိုလ္တေထာင္တရား႐ုံးတို႔က ေထာင္တစ္ႏွစ္စီ ခ်ခဲ့သလို ၆၆ ဃ နဲ႔ ေျခာက္လ က်ခံေနရပါတယ္။

ပုဒ္မ ၅၀၅ (က) က တပ္မေတာ္ကို ၿပိဳကြဲေအာင္၊ တပ္မေတာ္မွာ အလုပ္ကိစၥေတြကိုမေဆာင္႐ြက္ေစလိုေအာင္ ရည္႐ြယ္ခ်က္နဲ႔ ေကာလာဟလလႊင့္သူေတြကို တရားစြဲတဲ့ပုဒ္မျဖစ္တယ္လို႔ ေဒါင္းတို႔ မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ရဲ႕ ယခင္ေရွ႕ေန ေဒၚစန္းစန္းျမင့္က ရွင္းျပပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္း သၾကၤန္ကာလမွာ ေဖ်ာ္ေျဖမယ့္ သံခ်ပ္ေတြကို သက္ဆိုင္ရာ စိစစ္ေရး အဖြဲ႕ကို တင္ျပၿပီး ဆင္ဆာအဖြဲ႕က စိစစ္ၿပီးမွ ခြင့္ျပဳမယ္လို႔ အာဏာပိုင္ေတြက ၫႊန္ၾကားခဲ့ပါတယ္။

ဒါေပမဲ့ ေဒါင္းတို႔မ်ိဳးဆက္ကေတာ့ သံခ်ပ္စာသားေတြကို ဆင္ဆာမတင္ခဲ့ပါဘူး။ အခုလာမယ့္ သၾကၤန္ကာလမွာလည္း သံခ်ပ္ထြက္တဲ့အခါ စာသားေတြကို ဆင္ဆာတင္မွာ မဟုတ္ဘူးလို႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
စစ်တပ်က စွဲထားတဲ့ အမှုရှစ်မှုမှာ လေးမှု ဆက်ရင်ဆိုင်ရဖို့ရှိ

ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်
Image caption ထောင်ဒဏ်ကျခံနေရတဲ့ ဒီထဲက မဆုရတနာမြင့်(အပေါ်လယ်)၊ ကိုပိုင်ဖြိုးမင်း(အပေါ်ယာအစွန်)နဲ့ မကေခိုင်ထွန်း(အောက်အလယ်)တို့ကို ထောင်ခြောက်လ ထပ်ချလိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကို သံချပ်ထိုးဝေဖန်ခဲ့တယ် ဆိုတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ ထောင်ခြောက်လ ထပ်ချခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဗိုလ်တထောင်တရားရုံးက အခုလို အမိန့်ချခဲ့တာဖြစ်ပါတယ်။

သံချပ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုဇေယျာလွင် ၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဇော်မင်းထွဋ်၊ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ကို ဒီပုဒ်မနဲ့ တရားစွဲတာဖြစ်ပြီး သူတို့ထဲက ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ကို အခုလို ထောင်ချခဲ့တာ ဖြစ်ပါတယ်။

ကျန်လေးဦးကိုတော့ တရားသေလွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်
Image caption ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေအများစုဟာ လူငယ်တွေဖြစ်ပါတယ်။

ဒီကနေ့အမိန့်ဟာ တရားမျှတမှု မရှိဘူးလို့ ပြစ်ဒဏ်ချခံရတဲ့ မဆုရတနာမြင့်က ဘီဘီစီကိုပြောပါတယ်။

"ဒါ ပထမဆုံးတစ်ခေါက်တော့မဟုတ်ပါဘူး။ ဒါ မတရားမှုဆိုတာကျိန်းသေတယ်။ ဒီ ၆၆ ဃနဲ့ မရမ်းကုန်းမှာစွဲတုန်းက သက်သေတွေကိုပဲ ဒီဗိုလ်တထောင်မှာ ပြန်တင်တယ်။ ဒီဖြစ်စဉ်ဒီအမှုနဲ့ပဲ ကျွန်မကို တပ်က စွဲလို့မရမ်းကုန်းမှာ ထောင်ခြောက်လ ကျပြီးပြီ။ ဒါပေမဲ့ အခု ဗိုလ်တထောင်မှာထပ်ချတယ်ဆိုတော့ ဘယ်လိုမှလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူး" လို့ သူက ပြောပါတယ်။

ဒီကနေ့ ဗိုလ်တထောင်တရားရုံးက ၆၆ ဃ နဲ့စွဲထားတဲ့ ၇ ဦးထဲမှာ ကိုငြိမ်းချမ်းစိုးက လွဲလို့ ကျန်တဲ့ ၆ ဦးဟာ တပ်က စွဲထားတဲ့ပုဒ်မ ၅၀၅(က)နှစ်မှု၊ ၆၆ ဃ တစ်မှုနဲ့ ယခင်တည်းက ထောင်ဒဏ်အသီးသီး ကျခံနေရတာပါ။

အခု ခြောက်လ ထပ်ကျတဲ့သုံးယောက်မှာ ကိုပိုင်ဖြိုးမင်းက အရင်အမှုသုံးခုရဲ့ ပြစ်ဒဏ်တွေနဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ်သုံးနှစ် ရှိသွားပြီဖြစ်ပြီး မဆုရတနာမြင့်က ထောင်နှစ်နှစ်နဲ့ မကေခိုင်ထွန်းက ထောင်နှစ်နှစ်ခွဲ ရှိသွားပါပြီ။

ဖေဖော်ဝါရီလ ၁၇ ရက် ဒီကနေ့မှာ ဗိုလ်တထောင်တရားရုံး က ချမှတ်လိုက်တဲ့ အမှုမှာတော့ ဒေါင်းတို့မျိုးဆက် သံချပ်ထိုးတဲ့ပုံတွေ ဗီဒီယိုဖိုင်တွေကို ဒီသံချပ်အဖွဲ့ဝင် သုံးယောက်က သူတို့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှာ မျှဝေခဲ့တာကြောင့် အခုလို စွဲခံရတာဖြစ်ပါတယ်။

ကိုငြိမ်းချမ်းစိုးကတော့ ယခင်အမှုတွေမှာတည်းက တရားသေလွတ်ခဲ့တာဖြစ်ပါတယ်။

၆၆ ဃ ပုဒ်မဟာ တက်ကြွလှုပ်ရှားသူလူငယ်တွေ၊ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်နေတဲ့ပုဒ်မဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ပုဒ်မလည်း ဖြစ်တယ်လို့ မဆုရတနာမြင့်က တရားခွင်အပြီးမှာ ဝေဖန်ပြောကြားပါတယ်။

"ဒီပုဒ်မရှိနေခြင်းအားဖြင့် နိုင်ငံရေးအာဏာ ရှိသူတွေက သူတို့ မကျေနပ်တဲ့သူကို အချိန်မရွေး ထောင်ချပစ်လို့ ရတယ်။ တရားစွဲခံရရင်လည်း တရားစွဲခံရသူကထော င်ကျခံရတယ်။ ရှေ့မှာလည်း သက်သေတွေ အများကြီးရှိတယ်။ ဒီ ဆက်သွယ်ရေးပုဒ်မက မရှိသင့်တဲ့ ဖျက်သိမ်းသင့်တဲ့ ပုဒ်မပဲ" လို့ သူကပြောပါတယ်။

သံချပ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရုံးချိန်းမှာကတည်းက တရားရုံးကို မပူးပေါင်းတဲ့အနေနဲ့ သူတို့ရဲ့ ရှေ့နေပါဝါကို ရုတ်သိမ်းခဲ့ပြီး ပြန်လှန်မေးခွန်းတွေမေးမြန်းတာ၊ ဖြေကြားတာ မလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Alamy
Image caption ဒေါင်းတို့မျိုးဆက်သံချပ် ထိုးနေစဉ်

"အဓိကက အမှုကို မြန်မြန်ဖြတ်ချင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှုတိုင်းက ဒီပုံစံအတိုင်းပဲ သွားနေတယ်။ လျှောက်လဲချက်ပေးလည်း မထူးဘူး။ ဒါကြောင့် ရှေ့နေပါဝါ ရုတ်လိုက်တာ" လို့ အမှုကနေ တရားသေပြန်လွတ်လာတဲ့ သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလမှာ တပ်မတော်ကို ဝေဖန်တိုက်ခိုက်တဲ့ စာသားတွေနဲ့ သံချပ်ထိုးခဲ့တာကြောင့် ဆိုပြီး တပ်မတော်က စုစုပေါင်း အမှု ရှစ်မှုနဲ့ သံချပ်အဖွဲ့ဝင်တွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ ၄ မှုနဲ့ ဧရာဝတီတိုင်းမှာ ၄ မှု စုစုပေါင်း ၈ မှု စွဲထားတဲ့အနက် ရန်ကုန်က မရမ်းကုန်းနဲ့ ဗိုလ်တထောင်တရားရုံးတို့မှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) နှစ်မှုစီနဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နှစ်မှုစီ ကို အမိန့်ချပြီး ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅(က) နှစ်မှုလုံးကို ထောင်တစ်နှစ်စီ ချထားပြီး ၆၆ ဃနဲ့ကတော့ ထောင်ခြောက်လစီ ချထားတာဖြစ်ပါတယ်။

လက်ရှိမှာ သံချပ်အဖွဲ့ဝင်တွေကို အင်းစိန်ထောင်မှာပဲ ထားရှိထားပါတယ်။
ဓာတ်ပုံ မူပိုင် THINZAR KHINE FACEBOOK
Image caption မကေခိုင်ထွန်း အပါအဝင် သုံးဦးကို ဗိုလ်တထောင်တရားရုံးက ထောင်ခြောက်လ ထပ်ချလိုက်

ဧရာဝတီတိုင်းမှာ စွဲဆိုထားတဲ့ လေးမှုလုံးကတော့ ခုချိန်ထိ ရုံးချိန်းလည်း မခေါ်သေးလို့ ရုံးတင်မတင် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီလို တရားစွဲဆို ထောင်ချမှုတွေ ရှိနေပေမယ့် လာမယ့်သင်္ကြန်ကာလမှာ သံချပ်တွေ ဆက်ထွက်သွားမှာဖြစ်ပြီး တပ်မတော်ကို ထိုက်သင့်တဲ့ ပြောဆိုဝေဖန်မှု တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

"သင်္ကြန်မှာ သံချပ်က ဆက်ထွက်မြဲ ထွက်မှာဖြစ်တယ်။ အပြင်မှာရှိတဲ့လူတွေ ဆက်ထွက်မှာပါ။ တပ်မတော်နဲ့ ပတ်သက်ပြီး ရှောင်ထိုးစရာတော့မရှိ။ ပြောသင့်တာတော့ ပြောမယ်။ အဲဒီထဲကမှ ဝါသနာပါလို့ ဝင်ထိုးပြီး ကြောက်တဲ့သူတွေ အတွက်တော့ အန္တရာယ်ဖြစ်လောက်တဲ့ စာသားတွေ ရှောင်ပေးဖို့ရှိတယ်" လို့ ကိုငြိမ်းချမ်းစိုးက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းနဲ့ ဗိုလ်တထောင်တရားရုံးတို့က ထောင်တစ်နှစ်စီ ချခဲ့သလို ၆၆ ဃ နဲ့ ခြောက်လ ကျခံနေရပါတယ်။

ပုဒ်မ ၅၀၅ (က) က တပ်မတော်ကို ပြိုကွဲအောင်၊ တပ်မတော်မှာ အလုပ်ကိစ္စတွေကိုမဆောင်ရွက်စေလိုအောင် ရည်ရွယ်ချက်နဲ့ ကောလာဟလလွှင့်သူတွေကို တရားစွဲတဲ့ပုဒ်မဖြစ်တယ်လို့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ရဲ့ ယခင်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကြန်ကာလမှာ ဖျော်ဖြေမယ့် သံချပ်တွေကို သက်ဆိုင်ရာ စိစစ်ရေး အဖွဲ့ကို တင်ပြပြီး ဆင်ဆာအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုမယ်လို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒေါင်းတို့မျိုးဆက်ကတော့ သံချပ်စာသားတွေကို ဆင်ဆာမတင်ခဲ့ပါဘူး။ အခုလာမယ့် သင်္ကြန်ကာလမှာလည်း သံချပ်ထွက်တဲ့အခါ စာသားတွေကို ဆင်ဆာတင်မှာ မဟုတ်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
စစ္တပ္က စြဲထားတဲ့ အမႈရွစ္မႈမွာ ေလးမႈ ဆက္ရင္ဆိုင္ရဖို႔ရွိ စစ္တပ္က စြဲထားတဲ့ အမႈရွစ္မႈမွာ ေလးမႈ ဆက္ရင္ဆိုင္ရဖို႔ရွိ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.