ခရီးသည္ ၃၀ လိုက္ပါလာတဲ့ စက္ေလွ ပစ္ခတ္ခံရလို႔ ၄ ေယာက္ ဒဏ္ရာရ

 ေရယာဥ္ပိုင္နက္ကို ကင္းလွည့္စစ္ေဆးေနတဲ့ ျမန္မာ တပ္မေတာ္ေရပိုင္ သေဘၤာ

(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ကေန ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို ခရီးသည္ေတြ တင္ေဆာင္ၿပီး ခုတ္ေမာင္း လာေနတဲ့ ေမာ္ေတာ္ဘုတ္တစီးဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံလိုက္ရၿပီး စက္ေလွေပၚပါလာတဲ့ ခရီးသည္ ေလးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ဒဏ္ရာရသူေတြ အနက္ တဦးက ဒဏ္ရာျပင္းထန္တယ္လို႔ စက္ေလွေပၚမွာ လိုက္ပါလာတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

ပလက္၀ ေက်ာက္ေတာ္ၾကား သီတင္း ႏွစ္ပတ္ေက်ာ္ၾကာ သြားလာခြင့္ပတ္ပင္ထားတဲ့အတြက္ ခရီးသည္ေတြ ပိတ္မိေနသလို ပလက္ဝ တဝိုက္မွာ ရိကၡာျပတ္လပ္မႈေတြ ျဖစ္ပြားေနပါတယ္။

အဲဒီ စက္ေလွဟာ ပလက္ဝနဲ႔ ေက်ာက္ေတာ္ၿမိဳ႕ကို ပုံမွန္ေျပးဆြဲေနတာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၂၇ ရက္ မနက္ ၈ နာရီေက်ာ္ေလာက္က ပလက္ဝၿမိဳ႕ကေန ခရီးသည္ ၃ဝ ထက္မနည္း တင္ေဆာင္ကာ ေက်ာက္ေတာ္ၿမိဳ႕ကို ေမာင္းလာတာျဖစ္ပါတယ္။

စက္ေလွေပၚမွာ လိုက္ပါလာတဲ့ ခရီးသည္ အမ်ားစုဟာ ေဈးေရာင္း ေစ်းဝယ္လာသူေတြ၊ ေက်ာင္းသားေတြနဲ႔ ပလက္ဝမွာပိတ္မိေနတဲ့ ခရီးသည္ေတြျဖစ္ၾကၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာအနီးမွာ ပစ္ခတ္ ခံလိုက္ရတာ ျဖစ္ပါတယ္။

အဲဒီစက္ေလွ ခုတ္ေမာင္းလာေနခ်ိန္ မီးဝေက်း႐ြာ အနီးမွာ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ပစ္ခတ္သံေတြ ၾကားေနရတဲ့အတြက္ တိုက္ပြဲျဖစ္ပြားေနတဲ့ မီးဝေက်း႐ြာေအာက္ဘက္က ႐ြာတ႐ြာနားမွာ စက္ေလွ ရပ္နား ေနခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ေန႔လယ္ ၁ နာရီေက်ာ္ေလာက္မွာ အေျခအေနတည္ၿငိမ္သြားတဲ့အတြက္ စက္ေလွဆက္ေမာင္းလာခ်ိန္ လက္နက္ႀကီးက်ည္နဲ႔ လွမ္းပစ္ခံလိုက္ရတာ ျဖစ္တယ္လို႔ စက္ေလွေပၚမွာ ပါလာသူေတြက ေျပာပါတယ္။

စက္ေလွ ပလက္ဝကေနလာခ်ိန္ ေန႔လယ္ ၁၂ နာရီခြဲေလာက္မွာ ေသနတ္ေတြ အရမ္းပစ္သံၾကားရေၾကာင္း ၊ ၁ နာရီနဲ႔ ၅ မိနစ္အထိ ပစ္ခတ္မႈေတြ ျဖစ္ခဲ့ေၾကာင္း ၊ အဲဒီေနရာအလြန္က ႐ြာေလးတ႐ြာမွာ ရပ္ေနခဲ့ၾကၿပီး စက္ေလွ ထြက္တာကိုျမင္လိုက္တာနဲ႔ လက္နက္ႀကီးနဲ႔ပစ္တာ ျဖစ္ေၾကာင္း ၊ အဲဒီက်ည္ဟာ စက္ေလွေနာက္က ေရထဲ က်သြားေၾကာင္းနဲ႔ စက္ေလွေမာင္းတဲ့သူ ကေတာ့ ေျခသလုံး ထိမွန္ ဒဏ္ရာ ရသြားခဲ့တယ္လို႔ စက္ေလွေပၚ လိုက္ပါခဲ့တဲ့ အမ်ိဳးသမီး တေယာက္က ဆိုပါတယ္။
ႏွစ္ပတ္ၾကာပိတ္ထားရာက လမ္းဖြင့္လို႔ အသြား စက္ေလွကို လက္နက္ႀကီးနဲ႔ ပစ္ခံရ
သူ႔နားကလူတေယာက္ ဆိုရင္ ပခုံးနား ထိသြားခဲ့ၿပီး သူနားက အစ္မတေယာက္လည္း ထိသြားခဲ့သလို အမ်ိဳးသား သုံးေယာက္နဲ႔ အမ်ိဳးသမီး တေယာက္ဒဏ္ရာရတဲ့အျပင္ စက္ေလွသမား ဆိုရင္ ဒဏ္ရာ ျပင္းထန္တယ္လို႔ အဲဒီစက္ေလွေပၚမွာ လိုက္ပါလာတဲ့ အမ်ိဳးသမီးတဦးကေျပာပါတယ္။

လက္နက္ႀကီးက်ည္ဟာ ကုလားတန္ျမစ္အေရွ႕ဘက္ကမ္း တင္းမေက်း႐ြာအနီးမွာရွိတဲ့ တပ္ကပစ္ခတ္တာျဖစ္တယ္လို႔ ေဒသခံေတြရဲ႕ေျပာဆိုခ်က္အရ သိရေပမယ့္ ဒီပစ္ခတ္မႈနဲ႔ပတ္သက္လို႔ အေနာက္ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္နဲ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ တို႔ကို ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

လက္နက္ႀကီးက်ည္ဟာ စက္ေလွအေနာက္ဘက္က ျမစ္ထဲမွာက်ကြဲၿပီး ေရေတြက စက္ေလွတခုလုံးကို ဝင္ေရာက္လာခဲ့ၿပီးေတာ့ မိုး႐ြာသလို ခံစားလိုက္ ရတယ္လို႔ စက္ေလွေပၚပါသူ တေယာက္က ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၇ ရက္ မနက္ပိုင္းက တပ္မေတာ္နဲ႔ ေအေအ လက္နက္ကိုင္ အဖြဲ႕တို႔ တင္းမေက်း႐ြာအေရွ႕ဘက္ ေတာင္တန္းတဘက္မွာ တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။

ပလက္ဝနဲ႔ ေက်ာက္ေတာ္ကို ဆက္သြယ္သြားလာေနတဲ့ ကုလားတန္ျမစ္ေၾကာင္းကို တိုက္ပြဲ ျဖစ္ပြားေနတဲ့ အတြက္ တပ္မေတာ္ဘက္က သြားလာခြင့္ပိတ္ထားတာ သီတင္း ႏွစ္ပတ္ေက်ာ္ေနၿပီျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၆ ရက္ မေန႔မနက္ပိုင္းတုန္းက ေက်ာက္ေတာ္-ပလက္ဝသြားလိုသူေတြကို သြားခြင့္ျပဳတယ္ဆိုၿပီး ပလက္ဝအေျခစိုက္ ခမရ ၂၈၉ တပ္ကေန ၿမိဳ႕ေပၚမွာ ေၾကညာတဲ့အတြက္ အခုလို စတင္ သြားလာၾကတာ ျဖစ္တယ္လို႔ ပလက္ဝၿမိဳ႕ခံ တစ္ဦးကေျပာပါတယ္။
 မီးေခ်ာင္းတိုက္ပြဲ တလနီးပါး ၾကာလာေပမယ့္ ပစ္ခတ္သံမစဲ
လက္နက္ႀကီး ပစ္ခတ္ခံရၿပီးေနာက္မွာ အဲဒီစက္ေလွကို သြားခြင့္ျပဳလိုက္တဲ့အတြက္ ဒဏ္ရာရသူေတြကို ေက်ာက္ေတာ္ၿမိဳ႕ကို ဆက္လက္ယူေဆာင္လာေနၿပီး လမ္းခရီး အေျခအေနအရ ေက်ာက္ေတာ္ၿမိဳ႕ကို ဘယ္အခ်ိန္ ေရာက္မယ္ဆိုတာကို မသိရေသးဘူးလို႔ စက္ေလွေပၚမွာ လိုက္ပါလာခဲ့တဲ့ အမ်ိဳးသမီးတေယာက္က ေျပာပါတယ္။

အခုလိုမ်ိဳး ကုလားတန္ျမစ္ေၾကာင္းသြားလာတဲ့ ေရလမ္းကို ပိတ္ထားတဲ့အတြက္ ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္ ႏွစ္ခုစလုံးမွာ ပိတ္မိေနသူေတြ ရာနဲ႔ခ်ီရွိေနၿပီး လြန္ခဲ့တဲ့ရက္ပိုင္း အတြင္းကလည္း ေက်ာက္ေတာ္ကေန ပလက္ဝကို စာေမးပြဲ ေမးခြန္လႊာေတြနဲ႔ ဆယ္တန္း စာေမးပြဲေျဖဆိုခြင့္ကတ္ေတြ လာပို႔တဲ့ စက္ေလွတစ္စီးဟာလည္း ပစ္ခတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းေတာင္တန္းမွာရွိတဲ့ တပ္မေတာ္ လက္နက္ႀကီး ပစ္ကူစခန္းကို ေအေအဘက္ကေန ဝင္ေရာက္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အဲဒီနယ္ေျမအတြင္း တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားေနပါတယ္။

အခုဆိုရင္ မီးေခ်ာင္းတိုက္ပြဲဟာ ၂၂ ရက္ေက်ာ္လာေနၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းမွာလည္း တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနၾကၿပီး အခုလိုမ်ိဳး လက္နက္ႀကီးပစ္ခတ္ခံရမႈေတြေၾကာင့္ ေက်း႐ြာေတြ အတြင္း က်ေရာက္ေပါက္ကြဲကာ အရပ္သား ထိခိုက္ေသဆုံးမႈေတြလည္း အခုလအတြင္းမွာ အမ်ားအျပားရွိပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ခရီးသည် ၃၀ လိုက်ပါလာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ ၄ ယောက် ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AFP
Image caption ရေယာဉ်ပိုင်နက်ကို ကင်းလှည့်စစ်ဆေးနေတဲ့ မြန်မာ တပ်မတော်ရေပိုင် သင်္ဘော

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ခရီးသည်တွေ တင်ဆောင်ပြီး ခုတ်မောင်း လာနေတဲ့ မော်တော်ဘုတ်တစီးဟာ ကျောက်တော်မြို့နယ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံလိုက်ရပြီး စက်လှေပေါ်ပါလာတဲ့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေ အနက် တဦးက ဒဏ်ရာပြင်းထန်တယ်လို့ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပလက်၀ ကျောက်တော်ကြား သီတင်း နှစ်ပတ်ကျော်ကြာ သွားလာခွင့်ပတ်ပင်ထားတဲ့အတွက် ခရီးသည်တွေ ပိတ်မိနေသလို ပလက်ဝ တဝိုက်မှာ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပွားနေပါတယ်။

အဲဒီ စက်လှေဟာ ပလက်ဝနဲ့ ကျောက်တော်မြို့ကို ပုံမှန်ပြေးဆွဲနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီကျော်လောက်က ပလက်ဝမြို့ကနေ ခရီးသည် ၃ဝ ထက်မနည်း တင်ဆောင်ကာ ကျောက်တော်မြို့ကို မောင်းလာတာဖြစ်ပါတယ်။

စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် အများစုဟာ ဈေးရောင်း ဈေးဝယ်လာသူတွေ၊ ကျောင်းသားတွေနဲ့ ပလက်ဝမှာပိတ်မိနေတဲ့ ခရီးသည်တွေဖြစ်ကြပြီး ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးမှာ ပစ်ခတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီစက်လှေ ခုတ်မောင်းလာနေချိန် မီးဝကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ မီးဝကျေးရွာအောက်ဘက်က ရွာတရွာနားမှာ စက်လှေ ရပ်နား နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နေ့လယ် ၁ နာရီကျော်လောက်မှာ အခြေအနေတည်ငြိမ်သွားတဲ့အတွက် စက်လှေဆက်မောင်းလာချိန် လက်နက်ကြီးကျည်နဲ့ လှမ်းပစ်ခံလိုက်ရတာ ဖြစ်တယ်လို့ စက်လှေပေါ်မှာ ပါလာသူတွေက ပြောပါတယ်။

စက်လှေ ပလက်ဝကနေလာချိန် နေ့လယ် ၁၂ နာရီခွဲလောက်မှာ သေနတ်တွေ အရမ်းပစ်သံကြားရကြောင်း ၊ ၁ နာရီနဲ့ ၅ မိနစ်အထိ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း ၊ အဲဒီနေရာအလွန်က ရွာလေးတရွာမှာ ရပ်နေခဲ့ကြပြီး စက်လှေ ထွက်တာကိုမြင်လိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်တာ ဖြစ်ကြောင်း ၊ အဲဒီကျည်ဟာ စက်လှေနောက်က ရေထဲ ကျသွားကြောင်းနဲ့ စက်လှေမောင်းတဲ့သူ ကတော့ ခြေသလုံး ထိမှန် ဒဏ်ရာ ရသွားခဲ့တယ်လို့ စက်လှေပေါ် လိုက်ပါခဲ့တဲ့ အမျိုးသမီး တယောက်က ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption နှစ်ပတ်ကြာပိတ်ထားရာက လမ်းဖွင့်လို့ အသွား စက်လှေကို လက်နက်ကြီးနဲ့ ပစ်ခံရ

သူ့နားကလူတယောက် ဆိုရင် ပခုံးနား ထိသွားခဲ့ပြီး သူနားက အစ်မတယောက်လည်း ထိသွားခဲ့သလို အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ဒဏ်ရာရတဲ့အပြင် စက်လှေသမား ဆိုရင် ဒဏ်ရာ ပြင်းထန်တယ်လို့ အဲဒီစက်လှေပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတဦးကပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ကုလားတန်မြစ်အရှေ့ဘက်ကမ်း တင်းမကျေးရွာအနီးမှာရှိတဲ့ တပ်ကပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပေမယ့် ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တို့ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

လက်နက်ကြီးကျည်ဟာ စက်လှေအနောက်ဘက်က မြစ်ထဲမှာကျကွဲပြီး ရေတွေက စက်လှေတခုလုံးကို ဝင်ရောက်လာခဲ့ပြီးတော့ မိုးရွာသလို ခံစားလိုက် ရတယ်လို့ စက်လှေပေါ်ပါသူ တယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေ လက်နက်ကိုင် အဖွဲ့တို့ တင်းမကျေးရွာအရှေ့ဘက် တောင်တန်းတဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ပလက်ဝနဲ့ ကျောက်တော်ကို ဆက်သွယ်သွားလာနေတဲ့ ကုလားတန်မြစ်ကြောင်းကို တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် တပ်မတော်ဘက်က သွားလာခွင့်ပိတ်ထားတာ သီတင်း နှစ်ပတ်ကျော်နေပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနေ့မနက်ပိုင်းတုန်းက ကျောက်တော်-ပလက်ဝသွားလိုသူတွေကို သွားခွင့်ပြုတယ်ဆိုပြီး ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ကနေ မြို့ပေါ်မှာ ကြေညာတဲ့အတွက် အခုလို စတင် သွားလာကြတာ ဖြစ်တယ်လို့ ပလက်ဝမြို့ခံ တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Narinjara
Image caption မီးချောင်းတိုက်ပွဲ တလနီးပါး ကြာလာပေမယ့် ပစ်ခတ်သံမစဲ

လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက်မှာ အဲဒီစက်လှေကို သွားခွင့်ပြုလိုက်တဲ့အတွက် ဒဏ်ရာရသူတွေကို ကျောက်တော်မြို့ကို ဆက်လက်ယူဆောင်လာနေပြီး လမ်းခရီး အခြေအနေအရ ကျောက်တော်မြို့ကို ဘယ်အချိန် ရောက်မယ်ဆိုတာကို မသိရသေးဘူးလို့ စက်လှေပေါ်မှာ လိုက်ပါလာခဲ့တဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

အခုလိုမျိုး ကုလားတန်မြစ်ကြောင်းသွားလာတဲ့ ရေလမ်းကို ပိတ်ထားတဲ့အတွက် ကျောက်တော်နဲ့ ပလက်ဝမြို့နယ် နှစ်ခုစလုံးမှာ ပိတ်မိနေသူတွေ ရာနဲ့ချီရှိနေပြီး လွန်ခဲ့တဲ့ရက်ပိုင်း အတွင်းကလည်း ကျောက်တော်ကနေ ပလက်ဝကို စာမေးပွဲ မေးခွန်လွှာတွေနဲ့ ဆယ်တန်း စာမေးပွဲဖြေဆိုခွင့်ကတ်တွေ လာပို့တဲ့ စက်လှေတစ်စီးဟာလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ် မီးချောင်းတောင်တန်းမှာရှိတဲ့ တပ်မတော် လက်နက်ကြီး ပစ်ကူစခန်းကို အေအေဘက်ကနေ ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အဲဒီနယ်မြေအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

အခုဆိုရင် မီးချောင်းတိုက်ပွဲဟာ ၂၂ ရက်ကျော်လာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် အတွင်းမှာလည်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြပြီး အခုလိုမျိုး လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ကျေးရွာတွေ အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း အခုလအတွင်းမှာ အများအပြားရှိပါတယ်။

BBC Burmese
https://www.bbc.com
ခရီးသည္ ၃၀ လိုက္ပါလာတဲ့ စက္ေလွ ပစ္ခတ္ခံရလို႔ ၄ ေယာက္ ဒဏ္ရာရ ခရီးသည္ ၃၀ လိုက္ပါလာတဲ့ စက္ေလွ ပစ္ခတ္ခံရလို႔ ၄ ေယာက္ ဒဏ္ရာရ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.