ယီမင္ အယ္လ္ခိုင္ဒါ ေခါင္းေဆာင္ အေမရိကန္ ေလေၾကာင္းတိုက္မႈေၾကာင့္ ေသဆုံး

ယီမင္ အယ္ကိုင္ဒါအဖြဲ႕ AQAP အဖြဲ႕ေခါင္းေဆာင္ ေရမီ
(Zawgyi)⤵⤵⤵
ယီမင္ႏိုင္ငံက အယ္လ္ခိုင္ဒါအဖြဲ႕ (AQAP) ရဲ႕ ေခါင္းေဆာင္ကို အေမရိကန္က သုတ္သင္ရွင္းလင္းလိုက္ၿပီလို႔ သမၼတ ေဒၚနယ္ထရမ့္က ေျပာပါတယ္။

အေမရိကန္က သတ္ျဖတ္လိုက္တဲ့ ကာဆင္ အယ္လ္ေရမီဟာ ဂ်ီဟတ္ အုပ္စုကို ၂၀၁၅ ကတည္းက ဦးေဆာင္ခဲ့သူ ျဖစ္ၿပီး သူ႔ကို အေမရိကန္ရဲ႕ ယီမင္က စစ္ဆင္ေရး တစ္ခုမွာ သတ္ျဖတ္လိုက္တာလို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။

အဲဒီ ဂ်ီဟတ္ ဘာသာေရး အစြန္းေရာက္အဖြဲ႕ ေခါင္းေဆာင္ဟာ အေနာက္ႏိုင္ငံေတြနဲ႔ သက္ဆိုင္တဲ့ေနရာေတြကို တိုက္ခိုက္မႈေတြ လုပ္ခဲ့သူျဖစ္ၿပီး အဲဒီတိုက္ခိုက္မႈေတြနဲ႔ ၂၀၀၀ ျပည့္ႏွစ္ေတြကတည္းက ဆက္စပ္ ပတ္သက္ေနသူ ျဖစ္ပါတယ္။

အေမရိကန္ေတြရဲ႕ ဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ဒီအဖြဲ႕ရဲ႕ အရင္ေခါင္းေဆာင္ ေသဆုံးသြားၿပီးေနာက္ သူက အဖြဲ႕ကို ဆက္လက္ ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

AQAP ကို ၂၀၀၉ မွာ တည္ေထာင္ခဲ့ၿပီး အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးတဲ့ ေဒသတြင္းက အစိုးရေတြကို ၿပိဳလဲေအာင္နဲ႔ ေဒသတြင္းမွာ အေနာက္ႏိုင္ငံေတြ လႊမ္းမိုးမႈ ဖယ္ရွားဖို႔တို႔အတြက္ သူတို႔အဖြဲ႕က ရည္႐ြယ္တာ ျဖစ္ပါတယ္။

အေမရိကန္ ဖေလာ္ရီဒါက ေရတပ္ စခန္းမွာ လူေသဆုံးခဲ့တဲ့ ပစ္ခတ္မႈမွာ AQAP က ေနာက္ကြယ္က ႀကိဳးကိုင္ခဲ့တယ္လို႔ဆို
ေရမီ ေသဆုံးၿပီဆိုတဲ့သတင္းက ဇန္နဝါရီလကတည္းက စထြက္ေနခဲ့တာပါ။ အဲဒါေတြကို တုံ႔ျပန္တဲ့အေနနဲ႔ သူ႔အသံဖိုင္တစ္ခုကို AQAP က ေဖေဖာ္ဝါရီ ၂ ရက္မွာ ထုတ္ခဲ့ပါတယ္။ အဲဒီထဲမွာေတာ့ အေမရိကန္ ဖေလာ္ရီဒါက ေရတပ္ စခန္းမွာ လူေသဆုံးခဲ့တဲ့ ပစ္ခတ္မႈမွာ AQAP က ေနာက္ကြယ္က ႀကိဳးကိုင္ခဲ့တယ္ဆိုၿပီး သူက ေျပာထားပါတယ္။

ဒီပစ္ခတ္မႈက ဒီဇင္ဘာလမွာ ျဖစ္ခဲ့တာ ျဖစ္လို႔ AQAP က ထုတ္လိုက္တဲ့ အသံမက္ေဆ့ခ်္က ႀကိဳသြင္းထားတဲ့ အသံဖိုင္ ျဖစ္ႏိုင္ပါတယ္။

အိမ္ျဖဴေတာ္ထုတ္ျပန္ခ်က္မွာ ေရမီ ေသဆုံးတာကို အတည္ျပဳေပမဲ့ ဘယ္ေန႔မွာ ေသဆုံးတယ္ဆိုတာေတာ့ မေျပာပါဘူး။

ေရမီဟာ အာဖဂန္နစၥတန္က အယ္လ္ခိုင္ဒါ စခန္းတစ္ခုမွာ ၁၉၉၀ ျပည့္ႏွစ္ေတြကတည္းက သင္တန္းေပးေနသူပါ။ ယီမင္ကို ၂၀၀၄ မွာ သူေရာက္လာပါတယ္။ ၿပီးေတာ့ ယီမင္ၿမိဳ႕ေတာ္ ဆာနားက ႏိုင္ငံျခား သံ႐ုံးငါးခုကို ႀကိဳတင္ႀကံစည္ တိုက္ခိုက္မႈေတြအတြက္ ယီမင္မွာပဲ ေထာင္ငါးႏွစ္က်ခဲ့ပါတယ္။

AQAP ဟာ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ တို႔ ျပင္ပမွာဆိုရင္ အယ္လ္ခိုင္ဒါရဲ႕ လႈပ္ရွားမႈ အမ်ားဆုံး အဖြဲ႕တစ္ဖြဲ႕လို႔ အေမရိကန္ ဘက္က ထုတ္ေျပာထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ယီမင် အယ်လ်ခိုင်ဒါ ခေါင်းဆောင် အမေရိကန် လေကြောင်းတိုက်မှုကြောင့် သေဆုံး

Image caption ယီမင် အယ်ကိုင်ဒါအဖွဲ့ AQAP အဖွဲ့ခေါင်းဆောင် ရေမီ

ယီမင်နိုင်ငံက အယ်လ်ခိုင်ဒါအဖွဲ့ (AQAP) ရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင်ရှင်းလင်းလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန်က သတ်ဖြတ်လိုက်တဲ့ ကာဆင် အယ်လ်ရေမီဟာ ဂျီဟတ် အုပ်စုကို ၂၀၁၅ ကတည်းက ဦးဆောင်ခဲ့သူ ဖြစ်ပြီး သူ့ကို အမေရိကန်ရဲ့ ယီမင်က စစ်ဆင်ရေး တစ်ခုမှာ သတ်ဖြတ်လိုက်တာလို့ အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီ ဂျီဟတ် ဘာသာရေး အစွန်းရောက်အဖွဲ့ ခေါင်းဆောင်ဟာ အနောက်နိုင်ငံတွေနဲ့ သက်ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့သူဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေနဲ့ ၂၀၀၀ ပြည့်နှစ်တွေကတည်းက ဆက်စပ် ပတ်သက်နေသူ ဖြစ်ပါတယ်။

အမေရိကန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒီအဖွဲ့ရဲ့ အရင်ခေါင်းဆောင် သေဆုံးသွားပြီးနောက် သူက အဖွဲ့ကို ဆက်လက် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

AQAP ကို ၂၀၀၉ မှာ တည်ထောင်ခဲ့ပြီး အမေရိကန် ကျောထောက်နောက်ခံပေးတဲ့ ဒေသတွင်းက အစိုးရတွေကို ပြိုလဲအောင်နဲ့ ဒေသတွင်းမှာ အနောက်နိုင်ငံတွေ လွှမ်းမိုးမှု ဖယ်ရှားဖို့တို့အတွက် သူတို့အဖွဲ့က ရည်ရွယ်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် ဖလော်ရီဒါက ရေတပ် စခန်းမှာ လူသေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ AQAP က နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ဆို

ရေမီ သေဆုံးပြီဆိုတဲ့သတင်းက ဇန်နဝါရီလကတည်းက စထွက်နေခဲ့တာပါ။ အဲဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့အသံဖိုင်တစ်ခုကို AQAP က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ အမေရိကန် ဖလော်ရီဒါက ရေတပ် စခန်းမှာ လူသေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ AQAP က နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်ဆိုပြီး သူက ပြောထားပါတယ်။

ဒီပစ်ခတ်မှုက ဒီဇင်ဘာလမှာ ဖြစ်ခဲ့တာ ဖြစ်လို့ AQAP က ထုတ်လိုက်တဲ့ အသံမက်ဆေ့ချ်က ကြိုသွင်းထားတဲ့ အသံဖိုင် ဖြစ်နိုင်ပါတယ်။

အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ရေမီ သေဆုံးတာကို အတည်ပြုပေမဲ့ ဘယ်နေ့မှာ သေဆုံးတယ်ဆိုတာတော့ မပြောပါဘူး။

ရေမီဟာ အာဖဂန်နစ္စတန်က အယ်လ်ခိုင်ဒါ စခန်းတစ်ခုမှာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက သင်တန်းပေးနေသူပါ။ ယီမင်ကို ၂၀၀၄ မှာ သူရောက်လာပါတယ်။ ပြီးတော့ ယီမင်မြို့တော် ဆာနားက နိုင်ငံခြား သံရုံးငါးခုကို ကြိုတင်ကြံစည် တိုက်ခိုက်မှုတွေအတွက် ယီမင်မှာပဲ ထောင်ငါးနှစ်ကျခဲ့ပါတယ်။

AQAP ဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် တို့ ပြင်ပမှာဆိုရင် အယ်လ်ခိုင်ဒါရဲ့ လှုပ်ရှားမှု အများဆုံး အဖွဲ့တစ်ဖွဲ့လို့ အမေရိကန် ဘက်က ထုတ်ပြောထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ယီမင္ အယ္လ္ခိုင္ဒါ ေခါင္းေဆာင္ အေမရိကန္ ေလေၾကာင္းတိုက္မႈေၾကာင့္ ေသဆုံး ယီမင္ အယ္လ္ခိုင္ဒါ ေခါင္းေဆာင္ အေမရိကန္ ေလေၾကာင္းတိုက္မႈေၾကာင့္ ေသဆုံး Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.