ျပည္ထဲေရးဝန္ႀကီးျဖစ္လာမယ့္ စစ္ေထာက္လွမ္းေရးခ်ဳပ္

(Zawgyi)⤵⤵⤵
စစ္ဖက္ေရးရာ လုံၿခဳံေရးအရာရွိခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို၊ ျပည္ထဲေရးဝန္ႀကီးသစ္အျဖစ္ ခန႔္အပ္ေပးဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံေတာ္သမၼတဆီကို အမည္စာရင္းတင္သြင္း လာတဲ့အတြက္၊ သမၼတ ဦးဝင္းျမင့္က ေဖေဖၚဝါရီလ ၅ ရက္ ရက္စြဲနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကကို စာေရးေပးပို႔လာတယ္လို႔ ဒီေန႔လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာပါတယ္။

လႊတ္ေတာ္နာယကရဲ႕ ေၾကညာခ်က္ကို ကန႔္ကြက္ခ်င္တဲ့သူရွိရင္ မနက္ျဖန္ ေဖေဖၚဝါရီလ ၇ ရက္ ေနာက္ဆုံး ထားၿပီး အမည္စာရင္းေပးရမွာျဖစ္ပါတယ္။

တပ္မေတာ္က အဆိုျပဳလာတဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဠ္ဆိုတာ ဘယ္သူပါလဲ။ သူက အရင္က စစ္ေထာက္လွမ္းေရး ခ်ဳပ္ အခု စစ္ဖက္ေရးရာလုံၿခဳံေရးအဖြဲ႕(စရဖ) ရဲ႕ အႀကီးအကဲပါ။ သူဟာအသက္ ၅၉ ႏွစ္ရွိၿပီး၊ ၂၀၀၁ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အတြင္းေရးမႉး(၂)ဗိုလ္ခ်ဳပ္ႀကီး တင္ဦးရဲ႕ ရဟတ္ယာဥ္ပ်က္က်မႈမွာ ဗိုလ္ခ်ဳပ္ႀကီးတင္ဦးနဲ႔အတူ ကြယ္လြန္ခဲ့တဲ့ ဗိုလ္မႉးခ်ဳပ္ လြန္းေမာင္ရဲ႕သားျဖစ္ပါတယ္။ သူ႔ရဲ႕ဇာတိက မႏၲေလးပါ။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ျပည္ထဲေရးဝန္ႀကီး ျဖစ္လာမယ္ဆိုရင္ ျပည္ထဲေရးဝန္ႀကီးဌာနအတြက္ ပိုၿပီး အလုပ္လုပ္ႏိုင္လိမ့္မယ္လို႔ တပ္မေတာ္မွာ တာဝန္ယူခဲ့ဖူးတဲ့ ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မင္းကင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႈးခ်ဳပ္ေဟာင္း ဦးေမာင္ျမင့္ က ေျပာပါတယ္။

"အဲေတာ့ ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ ျပည္ထဲေရးဝန္ႀကီး လုပ္တုန္းကလည္း စရဖ ကပဲ လာတာပဲေလ စရဖ ခ်ဳပ္ပဲ အခုလည္း ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္လည္း စရဖ ခ်ဳပ္ကပဲလာတယ္၊ စရဖခ်ဳပ္က လာတာဆိုေတာ့ စရဖဆိုတာ သူက စစ္ဖက္ေရးရာေထာက္လွမ္းေရးဆိုေတာ့ သူက ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ေတာ့ ဆက္စပ္မႈရွိၿပီးေတာ့မွ ႏိုင္ငံေတာ္ ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ လုံၿခဳံေရးပိုင္းဆိုင္ရာေတြမွာ သူတို႔က ပိုၿပီးနီးနီးစပ္စပ္ လက္ပြန္းတတီး လုပ္ႏိုင္မယ့္သူေတြလို႔ အဲလိုပဲ က်ေနာ္ျမင္ပါတယ္"

အမ်ိဳးသားဒီမိုကေရစီအဖြဲံခ်ဳပ္ NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္ ကေတာ့ ျပည္ထဲေရးဝန္ႀကီး အျဖစ္ ဘယ္သူပဲ တာဝန္ယူယူ ဆက္ဆံေရးေကာင္းေအာင္ သူတို႔ဘက္က ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

"က်ေနာ္တို႔ကေတာ့ တပ္မေတာ္သား ဘယ္သူပဲျဖစ္ျဖစ္ က်ေနာ္တို႔ကေတာ့ ေကာင္းမြန္တဲ့ဆက္ဆံေရးထားရွိဖို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ့္တို႔ဘက္ကေတာ့ အၿမဲတမ္း ဥပေဒစည္းမ်ဥ္းနဲ႔အညီ ေလးေလးစားစားနဲ႔ပဲ ဆက္ဆံ မွာပါ။ အဲေတာ့ က်ေနာ္တို႔ကေတာ့ ထူးျခားတဲ့ အခက္အခဲ ပိုၿပီးရွိလာမယ္လို႔ မထင္ပါဘူး။ က်ေတာ္တို႔ကေတာ့ အခ်က္အလက္ကို သိၿပီးေတာ့မွပဲ မွတ္ခ်က္ေပးပါမယ္။ ဘာေၾကာင့္မို႔ ျပန္ၿပီးလဲလည္းဆိုတာကို က်ေနာ္တို႔ မသိပါဘူး။ မသိတဲ့အတြက္ေၾကာင့္ ဒီအေပၚမွာ မွတ္ခ်က္မေပးပါဘူး။"

တပ္မေတာ္က သူယုံၾကည္စိတ္ခ်ရသူတစ္ဦးကို ခန႔္အပ္လိုက္တာမို႔ မူဝါဒအပိုင္းမွာ အေျပာင္းအလဲရွိမွာ မဟုတ္ဘူးလို႔ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာ က ေျပာပါတယ္။

"မူဝါဒဆိုင္ရာ အေျပာင္းအလဲရွိမယ္လို႔ေတာ့ သိပ္မထင္ဘူး ဘာလို႔ဆို တပ္မေတာ္ကလည္း သူတို႔ယုံၾကည္ စိတ္ခ်ရတဲ့ သူတစ္ေယာက္ကို ျပန္ၿပီး ထည့္တယ္ေပါ့ေလ၊ အဲေတာ့ ႀကိဳက္ျခင္းမႀကိဳက္ျခင္းဆိုတာကေတာ့ ဒါေတာ့ က်ေနာ္တို႔ အကဲမျဖတ္တတ္ဘူး၊ က်ေနာ္ကေတာ့ မူဝါဒပိုင္းဆိုင္ရာပဲ တပ္မေတာ္နဲ႔ရဲနဲ႔ဆက္ဆံေရး တျခားေပါ့ေနာ္၊ ဥပမာ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ ျပည္သူနဲ႔ဆက္ဆံေရး အဲဒီဟာေတြမွာေတာ့ မူဝါဒဆိုင္ရာ အေျပာင္းအလဲရွိမယ္လို႔မထင္ဘူး၊ အဓိက က်ေနာ္တို႔လိုခ်င္တာ မူဝါဒဆိုင္ရာ အေျပာင္းအလဲပဲ"

ျပည္ထဲေရးဝန္ႀကီးဌာနဟာ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီးေတာ့၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဝန္ႀကီးဌာနအတြက္ ရာထူးခန႔္အပ္တာ၊ အနားေပးတာေတြကို တိုက္႐ိုက္ျပဳလုပ္ပါတယ္။ ႏိုင္ငံေတာ္သမၼတက အတည္ျပဳတာမ်ိဳးပဲ လုပ္ေပးခြင့္ရွိတာပါ။

ျပည္ထဲေရးဝန္ႀကီးရာထူးက အနားေပးခံခဲ့ရတဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္တြင္းခရီးစဥ္ေတြမွာ မၾကာခဏလိုက္ပါေလ့ရွိၿပီး၊ ႏွစ္ဦးအတူ ရီေမာေနတဲ့ ပုံေတြ လည္း Facebook လႈမႈကြန္ရက္ေပၚမွာ ေတြ႕ရတတ္ပါတယ္။

ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြဟာ မႏွစ္တုန္းက အသက္ ၆၀ ျပည္ခဲ့သူပါ။ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဠ္က သူ႔ထက္ တစ္ႏွစ္ပဲငယ္ပါတယ္။ အဲဒါေၾကာင့္ အသက္အ႐ြယ္ေၾကာင့္ ဒုဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကို အနားေပးလိုက္တာ မဟုတ္ဘူးလို႔ ယူဆရပါတယ္။ ဒါဆို ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို ဘာေၾကာင့္ အနားေပးလိုက္ရတာပါလဲ။

ေနျပည္ေတာ္ႏိုင္ငံေရး အသိုင္းအဝိုင္းမွာေတာ့ ဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြဟာ အခု ေနာက္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိလာတာေၾကာင့္ အခုလို ရာထူးကေန ဖယ္ရွားခံရတာလို႔ ‌မွတ္ခ်က္ေပးေျပာဆိုၾကပါတယ္။

မၾကာခင္ ဝန္ႀကီးသစ္ျဖစ္လာမယ့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ကေတာ့ သေဘာထားတင္းမာသူျဖစ္တာမို႔ NLD အစိုးရအေနနဲ႔ ဆက္ဆံေရးခက္ခဲလိမ့္မယ္လို႔ သုံးသပ္သူေတြလည္းရွိပါတယ္။

ႏိုင္ငံေရးေလ့လာသူ ေဒါက္တာ ေအာင္မ်ိဳး က ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြနဲ႔ဝန္ႀကီးသစ္ ျဖစ္လာမယ့္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ တို႔အၾကား ကြာျခားမႈကို အခုလို ရွင္းျပပါတယ္။

"လူေတြထင္တာက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပည္ထဲေရးဝန္ႀကီးက သေဘာေကာင္းရင္ ပိုေကာင္းမယ္လို႔ ထင္တာေပါ့၊ မဟုတ္ပါဘူး တကယ့္တကယ္က်ေတာ့ ျပည္ထဲေရးဝန္ႀကီးက ဘာလုပ္ပိုင္ခြင့္မွ မရွိပါဘူး အဲဒါနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ကေတာ့ ေသေသခ်ာခ်ာ ေျပာႏိုင္တယ္ေလ၊ အရင္ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကေတာ့ အရမ္းရင္းႏွီးတယ္ေပါ့ ဒီလိုမ်ိဳးရင္းႏွီးတဲ့ ျပန္လည္တည္ေဆာက္ဖို႔ ဆိုတာကေတာ့ မလြယ္တဲ့အတြက္ေၾကာင့္ အဲေလာက္ေတာ့ ရင္းႏွီးမႈရႏိုင္လိမ့္မယ္ မဟုတ္ဘူးလို႔ က်ေနာ္ယူဆတယ္"

အခုျပည္ထဲေရးဝန္ႀကီးသစ္အျဖစ္ လ်ာထားခံရတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဟာ ႐ုရွား၊ဂ်ပန္၊ အိႏၵိယ၊ တ႐ုတ္ စတဲ့ျပည္ပခရီးစဥ္ေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔အတူ လိုက္ပါခြင့္ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် စစ်ထောက်လှမ်းရေးချုပ်

စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို၊ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတဆီကို အမည်စာရင်းတင်သွင်း လာတဲ့အတွက်၊ သမ္မတ ဦးဝင်းမြင့်က ဖေဖေါ်ဝါရီလ ၅ ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကို စာရေးပေးပို့လာတယ်လို့ ဒီနေ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

လွှတ်တော်နာယကရဲ့ ကြေညာချက်ကို ကန့်ကွက်ချင်တဲ့သူရှိရင် မနက်ဖြန် ဖေဖေါ်ဝါရီလ ၇ ရက် နောက်ဆုံး ထားပြီး အမည်စာရင်းပေးရမှာဖြစ်ပါတယ်။

တပ်မတော်က အဆိုပြုလာတဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်ဆိုတာ ဘယ်သူပါလဲ။ သူက အရင်က စစ်ထောက်လှမ်းရေး ချုပ် အခု စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ရဲ့ အကြီးအကဲပါ။ သူဟာအသက် ၅၉ နှစ်ရှိပြီး၊ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့သားဖြစ်ပါတယ်။ သူ့ရဲ့ဇာတိက မန္တလေးပါ။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအတွက် ပိုပြီး အလုပ်လုပ်နိုင်လိမ့်မယ်လို့ တပ်မတော်မှာ တာဝန်ယူခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်ဟောင်း ဦးမောင်မြင့် က ပြောပါတယ်။

"အဲတော့ ဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထဲရေးဝန်ကြီး လုပ်တုန်းကလည်း စရဖ ကပဲ လာတာပဲလေ စရဖ ချုပ်ပဲ အခုလည်း ဗိုလ်ချုပ်ကြီးစိုးထွဋ်လည်း စရဖ ချုပ်ကပဲလာတယ်၊ စရဖချုပ်က လာတာဆိုတော့ စရဖဆိုတာ သူက စစ်ဖက်ရေးရာထောက်လှမ်းရေးဆိုတော့ သူက ပြည်ထဲရေးဝန်ကြီးဌာနနဲ့တော့ ဆက်စပ်မှုရှိပြီးတော့မှ နိုင်ငံတော် ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ သူတို့က ပိုပြီးနီးနီးစပ်စပ် လက်ပွန်းတတီး လုပ်နိုင်မယ့်သူတွေလို့ အဲလိုပဲ ကျနော်မြင်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲံချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ကတော့ ပြည်ထဲရေးဝန်ကြီး အဖြစ် ဘယ်သူပဲ တာဝန်ယူယူ ဆက်ဆံရေးကောင်းအောင် သူတို့ဘက်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"ကျနော်တို့ကတော့ တပ်မတော်သား ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကောင်းမွန်တဲ့ဆက်ဆံရေးထားရှိဖို့ မျှော်လင့်ပါတယ်။ ကျနော့်တို့ဘက်ကတော့ အမြဲတမ်း ဥပဒေစည်းမျဉ်းနဲ့အညီ လေးလေးစားစားနဲ့ပဲ ဆက်ဆံ မှာပါ။ အဲတော့ ကျနော်တို့ကတော့ ထူးခြားတဲ့ အခက်အခဲ ပိုပြီးရှိလာမယ်လို့ မထင်ပါဘူး။ ကျတော်တို့ကတော့ အချက်အလက်ကို သိပြီးတော့မှပဲ မှတ်ချက်ပေးပါမယ်။ ဘာကြောင့်မို့ ပြန်ပြီးလဲလည်းဆိုတာကို ကျနော်တို့ မသိပါဘူး။ မသိတဲ့အတွက်ကြောင့် ဒီအပေါ်မှာ မှတ်ချက်မပေးပါဘူး။"

တပ်မတော်က သူယုံကြည်စိတ်ချရသူတစ်ဦးကို ခန့်အပ်လိုက်တာမို့ မူဝါဒအပိုင်းမှာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

"မူဝါဒဆိုင်ရာ အပြောင်းအလဲရှိမယ်လို့တော့ သိပ်မထင်ဘူး ဘာလို့ဆို တပ်မတော်ကလည်း သူတို့ယုံကြည် စိတ်ချရတဲ့ သူတစ်ယောက်ကို ပြန်ပြီး ထည့်တယ်ပေါ့လေ၊ အဲတော့ ကြိုက်ခြင်းမကြိုက်ခြင်းဆိုတာကတော့ ဒါတော့ ကျနော်တို့ အကဲမဖြတ်တတ်ဘူး၊ ကျနော်ကတော့ မူဝါဒပိုင်းဆိုင်ရာပဲ တပ်မတော်နဲ့ရဲနဲ့ဆက်ဆံရေး တခြားပေါ့နော်၊ ဥပမာ လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူနဲ့ဆက်ဆံရေး အဲဒီဟာတွေမှာတော့ မူဝါဒဆိုင်ရာ အပြောင်းအလဲရှိမယ်လို့မထင်ဘူး၊ အဓိက ကျနော်တို့လိုချင်တာ မူဝါဒဆိုင်ရာ အပြောင်းအလဲပဲ"

ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးဌာနအတွက် ရာထူးခန့်အပ်တာ၊ အနားပေးတာတွေကို တိုက်ရိုက်ပြုလုပ်ပါတယ်။ နိုင်ငံတော်သမ္မတက အတည်ပြုတာမျိုးပဲ လုပ်ပေးခွင့်ရှိတာပါ။

ပြည်ထဲရေးဝန်ကြီးရာထူးက အနားပေးခံခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ မကြာခဏလိုက်ပါလေ့ရှိပြီး၊ နှစ်ဦးအတူ ရီမောနေတဲ့ ပုံတွေ လည်း Facebook လှုမှုကွန်ရက်ပေါ်မှာ တွေ့ရတတ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ မနှစ်တုန်းက အသက် ၆၀ ပြည်ခဲ့သူပါ။ ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်က သူ့ထက် တစ်နှစ်ပဲငယ်ပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကြောင့် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို အနားပေးလိုက်တာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါဆို ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကို ဘာကြောင့် အနားပေးလိုက်ရတာပါလဲ။

နေပြည်တော်နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ အခု နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာတာကြောင့် အခုလို ရာထူးကနေ ဖယ်ရှားခံရတာလို့ ‌မှတ်ချက်ပေးပြောဆိုကြပါတယ်။

မကြာခင် ဝန်ကြီးသစ်ဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကတော့ သဘောထားတင်းမာသူဖြစ်တာမို့ NLD အစိုးရအနေနဲ့ ဆက်ဆံရေးခက်ခဲလိမ့်မယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ အောင်မျိုး က ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ဝန်ကြီးသစ် ဖြစ်လာမယ့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့အကြား ကွာခြားမှုကို အခုလို ရှင်းပြပါတယ်။

"လူတွေထင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးဝန်ကြီးက သဘောကောင်းရင် ပိုကောင်းမယ်လို့ ထင်တာပေါ့၊ မဟုတ်ပါဘူး တကယ့်တကယ်ကျတော့ ပြည်ထဲရေးဝန်ကြီးက ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ကတော့ သေသေချာချာ ပြောနိုင်တယ်လေ၊ အရင်ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ အရမ်းရင်းနှီးတယ်ပေါ့ ဒီလိုမျိုးရင်းနှီးတဲ့ ပြန်လည်တည်ဆောက်ဖို့ ဆိုတာကတော့ မလွယ်တဲ့အတွက်ကြောင့် အဲလောက်တော့ ရင်းနှီးမှုရနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်"

အခုပြည်ထဲရေးဝန်ကြီးသစ်အဖြစ် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ရုရှား၊ဂျပန်၊ အိန္ဒိယ၊ တရုတ် စတဲ့ပြည်ပခရီးစဉ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ လိုက်ပါခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ျပည္ထဲေရးဝန္ႀကီးျဖစ္လာမယ့္ စစ္ေထာက္လွမ္းေရးခ်ဳပ္ ျပည္ထဲေရးဝန္ႀကီးျဖစ္လာမယ့္ စစ္ေထာက္လွမ္းေရးခ်ဳပ္ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.