ကို႐ိုနာပိုး ျပန္႔ပြားမႈေၾကာင့္ အီတလီ စီးရီးေအ ေဘာလံုးပြဲေတြ ရက္ေရႊ႕


(Zawgyi / Unicode)

ကမာၻတ၀ွမ္းက ႏုိင္ငံေပါင္း ၄၀ ေက်ာ္မွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ေရာဂါပိုးေၾကာင့္ ဒီတပတ္မွာကစားမယ့္ စီးရီးေအ ေဘာလုံးပဲြစဥ္တခ်ိဳ႕ကို ေရႊ႕ဆုိင္းလိုက္ပါတယ္။

အီတလီႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ နာမည္ႀကီး ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တုိ႔ပဲြ အပါအ၀င္ ပဲြစဥ္ ၅ ပဲြကို ေရႊ႕ဆုိင္းလိုက္ဖို႔ အီတလီေဘာလုံးအဖဲြ႔ခ်ဳပ္က ဒီကေန႔ပဲ ဆုံးျဖတ္လုိက္တာ ျဖစ္ပါတယ္။

အေစာပိုင္းတုန္းကေတာ့ ဒီပဲြေတြကို ပရိသတ္မပါဘဲ ကစားဖို႔ လုပ္ထားေပမယ့္ ေနာက္ဆုံးမွာေတာ့ ပဲြစဥ္ေတြကို ေရႊ႕ဖုိ႔ ဆုံးျဖတ္လုိက္တာ ျဖစ္ပါတယ္။

ေရႊ႕ဆုိင္းလုိက္တဲ့ပဲြေတြကေတာ့ အူဒီးနိနဲ႔ ဖီအိုရင္တီးနား၊ ေအစီမီလန္နဲ႔ ဂ်ီႏုိအာ၊ ပါးမားနဲ႔ SPAL၊ ဆက္ဆူအူလိုနဲ႔ ဘရက္ရွား ပဲြစဥ္ေတြ ျဖစ္ပါတယ္။ ဒီပဲြစဥ္ေတြ အားလုံးကိုေတာ့ ေမလ ၁၃ ရက္ေန႔မွာ ကစားမယ္လို႔ ဆုိပါတယ္။

အခုလို အမွတ္ေပးပဲြေတြကို ေရႊ႕လိုက္တဲ့အတြက္ မူလက ေမ ၁၃ ရက္ေန႔မွာ က်င္းပဖို႔ လုပ္ထားတဲ့ အီတလီ႐ႈံးထြက္ဖလား ဖုိင္နယ္ကိုေတာ့ ေမလ ၂၀ ရက္ေန႔မွာ ကစားဖို႔ ေရႊ႕ဆုိင္းလိုက္တယ္လို႔ အီတလီေဘာလုံးအဖဲြ႔ခ်ဳပ္က ေၾကညာလိုက္ပါတယ္။

အီတလီႏုိင္ငံေျမာက္ပိုင္းမွာ လူေပါင္း ၃၀၀ ေလာက္ ကို႐ိုနာဗို္င္းရပ္စ္ ကူးစက္ခံရၿပီး အဲဒီထဲက ၁၂ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ အီတလီႏုိင္ငံေျမာက္ပိုင္းက ၿမိဳ႕ေတြကို အ၀င္အထြက္ေတြ ပိတ္ထားလိုက္ပါတယ္။

--------------------------------------

(Unicode)

ကိုရိုနာပိုး ပြန့်ပွားမှုကြောင့် အီတလီ စီးရီးအေ ဘောလုံးပွဲတွေ ရက်ရွှေ့

ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဒီတပတ်မှာကစားမယ့် စီးရီးအေ ဘောလုံးပွဲစဉ်တချို့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နာမည်ကြီး ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ပွဲ အပါအဝင် ပွဲစဉ် ၅ ပွဲကို ရွှေ့ဆိုင်းလိုက်ဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဒီပွဲတွေကို ပရိသတ်မပါဘဲ ကစားဖို့ လုပ်ထားပေမယ့် နောက်ဆုံးမှာတော့ ပွဲစဉ်တွေကို ရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရွှေ့ဆိုင်းလိုက်တဲ့ပွဲတွေကတော့ အူဒီးနိနဲ့ ဖီအိုရင်တီးနား၊ အေစီမီလန်နဲ့ ဂျီနိုအာ၊ ပါးမားနဲ့ SPAL၊ ဆက်ဆူအူလိုနဲ့ ဘရက်ရှား ပွဲစဉ်တွေ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေ အားလုံးကိုတော့ မေလ ၁၃ ရက်နေ့မှာ ကစားမယ်လို့ ဆိုပါတယ်။

အခုလို အမှတ်ပေးပွဲတွေကို ရွှေ့လိုက်တဲ့အတွက် မူလက မေ ၁၃ ရက်နေ့မှာ ကျင်းပဖို့ လုပ်ထားတဲ့ အီတလီရှုံးထွက်ဖလား ဖိုင်နယ်ကိုတော့ မေလ ၂၀ ရက်နေ့မှာ ကစားဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

အီတလီနိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၃၀၀ လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အဲဒီထဲက ၁၂ ယောက် သေဆုံးခဲ့တာကြောင့် အီတလီနိုင်ငံမြောက်ပိုင်းက မြို့တွေကို အဝင်အထွက်တွေ ပိတ်ထားလိုက်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာပိုး ျပန္႔ပြားမႈေၾကာင့္ အီတလီ စီးရီးေအ ေဘာလံုးပြဲေတြ ရက္ေရႊ႕ ကို႐ိုနာပိုး ျပန္႔ပြားမႈေၾကာင့္ အီတလီ စီးရီးေအ ေဘာလံုးပြဲေတြ ရက္ေရႊ႕ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.