ႏို္င္ငံ၀န္ထမ္းေတြအတြက္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ကိစၥ ဆုိင္းငံ့ထားဟု သမၼတရုံးေျပာ

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္၊ ဇန္နဝါရီ ၃၁

ႏိုင္ငံ၀န္ထမ္း ျပည္သူ႔၀န္ထမ္းေတြ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဆုိင္းင့ံထားတယ္လို႔ ႏိုင္ငံေတာ္သမၼတရုံး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒီကေန႔ ဇန္န၀ါရီလ ၃၁ ရက္ေန႔မွာ သမၼတ အိမ္ေတာ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ထည့္သြင္းေျပာၾကားခဲ့တာပါ။

“အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး မူလရည္႐ြယ္ခ်က္ကေတာ့ ဘာလဲဆိုေတာ့ အၿငိမ္းစားသြားေတာ့မယ့္ ႏိုင္ငံ့ဝန္ထမ္းေတြေပါ့ေနာ္။ ပင္စင္သြားခါနီး ဝန္ထမ္းေတြေပါ့ေနာ္။ အထူးသျဖင့္ သူတို႔ကိုရည္႐ြယ္ၿပီးေတာ့ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ေလာေလာဆယ္ စီးပြားကူးသန္းကလည္း ထုတ္ျပန္ထားတဲ့ဟာေတြေပါ့။ ေလာေလာဆယ္ ဆိုင္းငံ့ထားဖို႔ ၫြန္ၾကားထားၿပီး ျဖစ္ပါတယ္။ ၿပီးရင္ လူႀကီးလည္း ျပန္ၿပီးေတာ့ သုံးသပ္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုပုံစံမ်ိဳးနဲ႔ သြားမလဲေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ ႏိုင္ငံ့ဝန္ထမ္းေတြ ျပည္သူ႔ဝန္ထမ္းေတြ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္နဲ႔ ပတ္သက္ၿပီး ဆိုင္းငံ့ထားပါတယ္” လို႔ သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ျပည္သူ႔ဝန္ထမ္းေတြနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြကုိ ေမာ္ေတာ္ယာဥ္ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ စီးပြားေရး ႏွင့္ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနအေနနဲ႔ ပထမအဆင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ အထက္ အဆင့္ ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္းေတြကို ေဆာင္႐ြက္ေပးသြား မွာျဖစ္ပါတယ္ ။ဒါအ့ျပင္ ဒုတိယ အဆင့္ အေနနဲ႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ လုပ္သက္ ၂၅ ႏွစ္ ျပည့္ၿပီး ႏိုင္ငံ့ ဝန္ထမ္းေကာင္း တံဆိပ္ရရွိသူဝန္ထမ္းေတြ ကိုေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လုိ႔ ေၾကညာထားတာ ျဖစ္ပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
နိုင်ငံဝန်ထမ်းတွေအတွက် မော်တော်ယာဉ်တင်သွင်းခွင့်ကိစ္စ ဆိုင်းငံ့ထားဟု သမ္မတရုံးပြော

နေပြည်တော်၊ ဇန်နဝါရီ ၃၁


နိုင်ငံဝန်ထမ်း ပြည်သူ့ဝန်ထမ်းတွေ မော်တော်ယာဉ် တင်သွင်းခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့တာပါ။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မူလရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ အငြိမ်းစားသွားတော့မယ့် နိုင်ငံ့ဝန်ထမ်းတွေပေါ့နော်။ ပင်စင်သွားခါနီး ဝန်ထမ်းတွေပေါ့နော်။ အထူးသဖြင့် သူတို့ကိုရည်ရွယ်ပြီးတော့ ဖြစ်ပါတယ်။ သို့သော်လည်း လောလောဆယ် စီးပွားကူးသန်းကလည်း ထုတ်ပြန်ထားတဲ့ဟာတွေပေါ့။ လောလောဆယ် ဆိုင်းငံ့ထားဖို့ ညွန်ကြားထားပြီး ဖြစ်ပါတယ်။ ပြီးရင် လူကြီးလည်း ပြန်ပြီးတော့ သုံးသပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲပေါ့နော်။ လောလောဆယ်တော့ နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေ မော်တော်ယာဉ် တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားပါတယ်” လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မော်တော်ယာဉ် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပထမအဆင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက် အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ် ။ဒါအ့ပြင် ဒုတိယ အဆင့် အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ ဝန်ထမ်းကောင်း တံဆိပ်ရရှိသူဝန်ထမ်းတွေ ကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ႏို္င္ငံ၀န္ထမ္းေတြအတြက္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ကိစၥ ဆုိင္းငံ့ထားဟု သမၼတရုံးေျပာ ႏို္င္ငံ၀န္ထမ္းေတြအတြက္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ကိစၥ ဆုိင္းငံ့ထားဟု သမၼတရုံးေျပာ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.