နမ့္ေပါင္တြင္ ျပာက်ေနသည့္ အေလာင္း ၂ေလာင္း စစ္ေဆးေနဆဲ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၅၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕ နမ့္ေပါင္ၿမိဳ႕နယ္ အတြင္း မီးရႈိ႕ခံရ သည့္ အေလာင္း ၂ေလာင္းေတြ႔ရွိေၾကာင္း သတင္းရရွိသည္။

ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က နမ့္ေပါင္ၿမိဳ႕နယ္အတြင္း ေတာင္ယာ အကြက္တြင္ အမည္မသိ အမ်ိဳးသမီးငယ္အေလာင္းတေလာင္းႏွင့္ ျပာက်ေနျပီျဖစ္ေသာ အေလာင္း တေလာင္းေတြ႔ရွိကာ သက္ဆိုင္ရာမွ ယမန္ေန႔ ေဖေဖာ္ဝါရီ ၂၄ က လားရႈိးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ကာ စစ္ေဆးမွဳျပဳေနေၾကာင္း နမ့္ေပါင္ ေဒသခံ စိုင္းေထြး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အေလာင္း တေလာင္းကေတာ့အမ်ိဳးသမီး အေလာင္းပါ။ အသားစေတြျမင္ရေသးတယ္။ အသက္ကေတာ့ ငယ္ေသးတယ္။ ေနာက္တေယာက္ က ျပာက်သြားျပီ။ အမ်ိဳးသားလား အမ်ိဳးသမီး လားဆိုတာ မသိဘူး” ဟု စိုင္းေထြး က ေျပာျပသည္။

အဆုိပါ မီးရႈွိ႕ ခံရသည့္ အေလာင္း ၂ေလာင္း သည္ နမ့္ေပါင္အနီးတ၀ုိက္တြင္ ေနထိုင္ သူမ်ားမျဖစ္ႏုိင္ေၾကာင္း၊ ထိုမီးရႈိ႕ခံရသည့္ေနရာသည္ နမ့္ေပါင္ ေဒသခံမ်ား သြားလာေလ့မရွိသည့္ေနရာျဖစ္ေၾကာင္းလည္း နမ့္ေပါင္ ေဒသခံမ်ား ကေျပာသည္။

“ နမ့္ေပါင္ နဲ့အနီးတ၀ုိက္က လူေတြ မျဖစ္ႏုိင္ဘူး။ တကယ္လို႔နမ့္ေပါင္က ဘယ္သူေပ်ာက္လဲဆုိတာသိနုိင္တယ္ေလ။ အခုက ဘာအသံမွ မၾကားရ ဘူး။ သက္ဆုိင္ရာကေတာ့ စစ္ေဆးေနတယ္” ဟု နမ့္ေပါင္ ေဒသခံ စိုင္းလွ က ေျပာသည္။

ထုိသုိ့မီးရွဳိ႕လုိက္ျခင္းမွာ အေလာင္းေဖ်ာက္ခ်င္သည့္သေဘာျဖစ္ေၾကာင္း၊ လက္ရွိမွာ ထို မီးရႈိ႕ခံရသည့္အေလာင္းသည္ ပိုင္ရွင္ မေပၚေသးေၾကာင္းလည္း စိုင္းလွ က ေျပာသည္။

ျပာက်သည့္ အေလာင္းႏွင့္ ပတ္သက္ၿပီး နမ့္ေပါင္ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ျပန္လည္ေျဖၾကားျခင္းမရွိေပ။

နမ့္ေပါင္သည္ လားရႈိးၿမိဳ႕ အေရွ႕ေတာင္ဘက္ ၂၀မိုင္ခန္႔ ေဝးကြာ ပါသည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese
--------------
(Unicode)⤵⤵⤵
နမ့်ပေါင်တွင် ပြာကျနေသည့် အလောင်း ၂လောင်း စစ်ဆေးနေဆဲ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၂၅၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ နမ့်ပေါင်မြို့နယ် အတွင်း မီးရှို့ခံရ သည့် အလောင်း ၂လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က နမ့်ပေါင်မြို့နယ်အတွင်း တောင်ယာ အကွက်တွင် အမည်မသိ အမျိုးသမီးငယ်အလောင်းတလောင်းနှင့် ပြာကျနေပြီဖြစ်သော အလောင်း တလောင်းတွေ့ရှိကာ သက်ဆိုင်ရာမှ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ က လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးမှုပြုနေကြောင်း နမ့်ပေါင် ဒေသခံ စိုင်းထွေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အလောင်း တလောင်းကတော့အမျိုးသမီး အလောင်းပါ။ အသားစတွေမြင်ရသေးတယ်။ အသက်ကတော့ ငယ်သေးတယ်။ နောက်တယောက် က ပြာကျသွားပြီ။ အမျိုးသားလား အမျိုးသမီး လားဆိုတာ မသိဘူး” ဟု စိုင်းထွေး က ပြောပြသည်။

အဆိုပါ မီးရှုှိ့ ခံရသည့် အလောင်း ၂လောင်း သည် နမ့်ပေါင်အနီးတဝိုက်တွင် နေထိုင် သူများမဖြစ်နိုင်ကြောင်း၊ ထိုမီးရှို့ခံရသည့်နေရာသည် နမ့်ပေါင် ဒေသခံများ သွားလာလေ့မရှိသည့်နေရာဖြစ်ကြောင်းလည်း နမ့်ပေါင် ဒေသခံများ ကပြောသည်။

“ နမ့်ပေါင် နဲ့အနီးတဝိုက်က လူတွေ မဖြစ်နိုင်ဘူး။ တကယ်လို့နမ့်ပေါင်က ဘယ်သူပျောက်လဲဆိုတာသိနိုင်တယ်လေ။ အခုက ဘာအသံမှ မကြားရ ဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေတယ်” ဟု နမ့်ပေါင် ဒေသခံ စိုင်းလှ က ပြောသည်။

ထိုသို့မီးရှို့လိုက်ခြင်းမှာ အလောင်းဖျောက်ချင်သည့်သဘောဖြစ်ကြောင်း၊ လက်ရှိမှာ ထို မီးရှို့ခံရသည့်အလောင်းသည် ပိုင်ရှင် မပေါ်သေးကြောင်းလည်း စိုင်းလှ က ပြောသည်။

ပြာကျသည့် အလောင်းနှင့် ပတ်သက်ပြီး နမ့်ပေါင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

နမ့်ပေါင်သည် လားရှိုးမြို့ အရှေ့တောင်ဘက် ၂၀မိုင်ခန့် ဝေးကွာ ပါသည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese
နမ့္ေပါင္တြင္ ျပာက်ေနသည့္ အေလာင္း ၂ေလာင္း စစ္ေဆးေနဆဲ နမ့္ေပါင္တြင္ ျပာက်ေနသည့္ အေလာင္း ၂ေလာင္း စစ္ေဆးေနဆဲ Reviewed by THITHTOOLWIN on 00:33 Rating: 5
Powered by Blogger.