ကို႐ိုနာဗိုင္းရပ္စ္ စုိးရိမ္မႈ အစုရွယ္ယာေစ်းေတြ အဆိုးဆံုးက်ဆင္း


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြ စတင္ေတြ႔ရွိလာေနတဲ့အတြက္ ခုိင္မာေနတဲ့ အေမရိကန္စီးပြားေရးအေပၚ ၿခိမ္းေျခာက္မႈေတြ ျဖစ္လာေနၿပီး ဒီဗုိင္းရပ္စ္ပိုး ကူးစက္မႈက သမၼတ Trump အစိုးရအတြက္ေတာ့ ႏုိင္ငံေရးအရ အႀကီးမားဆုံး စိန္ေခၚမႈေတြထဲက တခု ျဖစ္လာေနပါတယ္။

COVID - 19 လို႔ေခၚတဲ့ ႏုိဘယ္လ္ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈရဲ႕ ျဖစ္လာႏုိင္တဲ့ စိုးရိမ္စရာ အေျခအေနကိုေတာ့ သမၼတ Trump က တုပ္ေကြးအဖ်ားေရာဂါ တမ်ိဳးေလာက္သာျဖစ္ၿပီး သိပ္ၿပီးေတာ့ အေရးမပါတဲ့ပုံမ်ိဳးနဲ႔ ေျပာၾကားလိုက္ၿပီး အေမရိကန္ မီဒီယာေတြနဲ႔ ဒီမုိကရက္ေတြဟာ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ႏုိင္ငံေရးအရ အျမတ္ထုတ္ေနတာ ျဖစ္တယ္လို႔ ေတာင္ကယ္႐ုိလုိင္းနားျပည္နယ္မွာ ျပဳလုပ္တဲ့ လူထုေတြ႔ဆုံပဲြမွာ ေျပာၾကားလိုက္ပါတယ္။

ဒါေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြကေတာ့ ဒါကို လွည့္ကြက္တခုအေနနဲ႔ မသတ္မွတ္ပါဘူး။ ၂၀၀၈ ခုႏွစ္ ဘ႑ာေရး အက်ပ္အတည္းႀကီး ျဖစ္ခ်ိန္ကစၿပီး အေမရိကန္ရဲ႕ အစုရွယ္ယာေစ်းကြက္ေတြဟာ မေန႔ ေသာၾကာေန႔က အဆုိးဆုံးအေျခအေနထိကို က်ဆင္းခဲ့ပါတယ္။ အခုလို က်ဆင္းခဲ့ရတဲ့ အဓိက အေၾကာင္းတခုကေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြဟာ တကမာၻလုံးမွာ ျဖစ္ေနတာေၾကာင့္ အဲဒီရဲ႕ ဂယက္႐ုိက္ခတ္မႈေတြက အေမရိကန္ကိုပါ ထိခုိက္လာမွာကို စိုးရိမ္ေနတဲ့အတြက္ ျဖစ္ပါတယ္။

ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အျပည့္အ၀ ျပင္ဆင္ထားၿပီး မီဒီယာေတြဟာ လူေတြကို စိတ္ေခ်ာက္ခ်ားေအာင္ လုပ္ေနၿပီး CNN သတင္းဌာနဟာ လူေတြကို ေၾကာက္ေအာင္လုပ္ေနတယ္လို႔ ေ၀ဖန္လိုက္ပါတယ္။

---------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှု အစုရှယ်ယာဈေးတွေ အဆိုးဆုံးကျဆင်း

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာနေတဲ့အတွက် ခိုင်မာနေတဲ့ အမေရိကန်စီးပွားရေးအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပြီး ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုက သမ္မတ Trump အစိုးရအတွက်တော့ နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်လာနေပါတယ်။


COVID - 19 လို့ခေါ်တဲ့ နိုဘယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ဖြစ်လာနိုင်တဲ့ စိုးရိမ်စရာ အခြေအနေကိုတော့ သမ္မတ Trump က တုပ်ကွေးအဖျားရောဂါ တမျိုးလောက်သာဖြစ်ပြီး သိပ်ပြီးတော့ အရေးမပါတဲ့ပုံမျိုးနဲ့ ပြောကြားလိုက်ပြီး အမေရိကန် မီဒီယာတွေနဲ့ ဒီမိုကရက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒါကို လှည့်ကွက်တခုအနေနဲ့ မသတ်မှတ်ပါဘူး။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ချိန်ကစပြီး အမေရိကန်ရဲ့ အစုရှယ်ယာဈေးကွက်တွေဟာ မနေ့ သောကြာနေ့က အဆိုးဆုံးအခြေအနေထိကို ကျဆင်းခဲ့ပါတယ်။ အခုလို ကျဆင်းခဲ့ရတဲ့ အဓိက အကြောင်းတခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တကမ္ဘာလုံးမှာ ဖြစ်နေတာကြောင့် အဲဒီရဲ့ ဂယက်ရိုက်ခတ်မှုတွေက အမေရိကန်ကိုပါ ထိခိုက်လာမှာကို စိုးရိမ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အ၀ ပြင်ဆင်ထားပြီး မီဒီယာတွေဟာ လူတွေကို စိတ်ချောက်ချားအောင် လုပ်နေပြီး CNN သတင်းဌာနဟာ လူတွေကို ကြောက်အောင်လုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ စုိးရိမ္မႈ အစုရွယ္ယာေစ်းေတြ အဆိုးဆံုးက်ဆင္း ကို႐ိုနာဗိုင္းရပ္စ္ စုိးရိမ္မႈ အစုရွယ္ယာေစ်းေတြ အဆိုးဆံုးက်ဆင္း Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.