စကားေျပာစက္ကုိင္သည့္ရြာသားကုိ သွ်မ္းစစ္သားဟုဆုိကာ အစုိးရတပ္မေတာ္ဖမ္းဆီး

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၁ ရက္ ၂၀၂၀

သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္ ပင္လံုၿမိဳ႕ က ေဒသခံတဦးအား သွ်မ္းစစ္သား ဟုဆုိကာ အစုိးရတပ္မေတာ္၏ လွဳပ္ရွားစစ္ေၾကာင္းတခုက ၂ ရက္ၾကာဖမ္းဆီးသြားခဲ့သည္။

ေဖေဖာ္ဝါရီလ ၁၆ ရက္ မြန္းတည့္ခ်ိန္က ပင္လုံျမိဳ႕ ေနာင္လုိင္ေက်းရြာအုပ္စု ဖတ္ဖိတ္ ရြာသား အသက္ ၅၂ ႏွစ္ အရြယ္ လံုးစိႏၱာ မွ ရြာျပင္ရွိေရစင္အားသြားေရာက္ျပဳျပင္စဥ္ တပ္မေတာ္စစ္ေၾကာင္းႏွင့္တုိးမိျခင္းျဖစ္သည္။

တပ္မေတာ္စစ္ေၾကာင္းက လုံးစိႏၱာအား စစ္ေဆးေမးျမန္းေနစဥ္ ၄င္းအိတ္ထဲမွ စကားေျပာစက္ က အသံထြက္လာသျဖင့္ သွ်မ္းစစ္သားမ်ား၏သတင္းေပးသူ ဟုစြပ္စြဲကာ စစ္ေၾကာင္းနွင့္အတူ ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း ဖတ္ဖိတ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး စိုင္းေအာင္ခမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ လုံးစိႏၱာ က ရြာျပင္မွာ ခရီးသြားေတြေသာက္တဲ့ ေရအိုးစင္ပ်က္ေနတာကုိ သြားျပင္တာ။ စစ္ေၾကာင္းနဲ႔ ေတြ႔ၿပီး စကားေျပာစက္ပါေတြ႔သြားေတာ့ ဖမ္းသြားတာပါ။ သူကရြာသားတေယာက္ပါ ။ ဘယ္အဖြဲ့နဲ့မွ မဆုိင္ပါဘူး။ ရြာမွာဖုန္းလုိင္းမရွိလုိ့ရြာသားေတြ စကားေျပာစက္ကုိင္ၾကရတာျဖစ္ပါတယ္ ” ဟု စိုင္းေအာင္ခမ္း က ေျပာသည္။

ထိုဖမ္းဆီးမႈေၾကာင့္ ေဖေဖာ္ဝါရီ ၁၇ ရက္က လုံးစိႏၱာ ၏ ေဆြမ်ိဳး မိသားစုဝင္မ်ားက အဆုိပါစစ္ေၾကာင္းစခန္းခ်သည့္ေနရာသုိ့ သြားေရာက္ ကာ ျပန္လႊတ္ေပးရန္ေတာင္းဆုိေသာ္လည္း အဆင္မေျပခဲ့ေပ။

ထို႔ေၾကာင့္ ေဖေဖာ္ဝါရီ ၁၈ ရက္ တြင္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး၊ သွ်မ္းတုိင္းရင္းသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ (SNLD) အဖြဲ႔ ႏွင့္ အတူ ရပ္ရြာသူၾကီးတုိ့စုေပါင္းကာ အဆုိပါစစ္ေၾကာင္းစခန္းခ်သည့္ ၀မ့္ယိမ္းသုိ့ ထပ္မံလုိက္သြားရာ လုံးစိႏၱာသည္မည္သည့္ လက္နက္ကိုင္ တပ္ဖြဲ႔ ႏွင့္ မွ ဆက္သြယ္ျခင္းမရွိေၾကာင္း ေထာက္ခံေျပာဆုိရာမွ ျပန္လည္ လႊတ္ေပးခဲ့ေၾကာင္း စိုင္းေအာင္ခမ္း က ေျပာျပသည္။
“က်ေနာ္တုိ႔ ျမင္ေတာ့ သူ႕ဘယ္မ်က္လံုး ေရာင္ေနတယ္။ စစ္ေဆးတာခံရတယ္ထင္တယ္” ဟု စိုင္းေအာင္ခမ္း က ဆုိသည္။

ဖတ္ဖိတ္ရြာသားအား ဖမ္းဆီးေခၚေဆာင္သြားသည့္ တပ္မေတာ္သည္ သွ်မ္းျပည္ေတာင္ပိုင္း လင္းေခး၊ မိုင္းပန္ ဘက္တြင္ လႈပ္ရွားေနသည့္ စစ္ေၾကာင္းျဖစ္ေၾကာင္းသိရသည္။ သုိ့ေသာ္ တပ္ရင္းအမွတ္ေတာ့မသိရေပ။

ေဖေဖာ္ဝါရီ ၁၅ ရက္က ပင္လုံၿမိဳ႕ ေနာင္လိုင္ေက်းရြာ အုပ္စု ဘက္တြင္ ေသနတ္သံ ထြက္ၿပီးေနာက္ပိုင္း ေက်းရြာအတြင္း အစုိးရစစ္ေၾကာင္းက စစ္ေဆးေမးျမန္းမႈမ်ား ရွိလာေၾကာင္း ေနာင္လုိင္ရြာသားတဦးက သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အရင္က အစိုးရစစ္ေၾကာင္းေတြ ရြာကုိျဖတ္သန္းသြားလာတာ ေအးေဆးပဲ။ ၁၅ ရက္တုန္းက ေသနတ္သံၾကားေတာ့ ေမးျမန္းမွဳေတြရွိလာတယ္။ အဓိက စကားေျပာစက္ရွိလားလုိ့ေမးတယ္” ဟု ၎ အမ်ိဳးသား က ေျပာသည္။

သွ်မ္းျပည္ေတာင္ပုိင္းတြင္ တႏိုင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရး (NCA) လက္မွတ္ေရးထုိးထားသည့္ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ RCSS/SSA လႈပ္ရွားသည့္ နယ္ေျမျဖစ္သည္။

ေနာင္လိုင္ေက်းရြာအုပ္စု ဖတ္ဖိတ္ေက်းရြာသည္ ပင္လံုၿမိဳ႕ ႏွင့္ ၄ မိုင္ေက်ာ္ ကြာေဝးသည္။

အဆုိပါကိစၥႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး ကို သွ်မ္းသံေတာ္ဆင့္မွ ဆက္သြယ္ေမးျမန္းေသာ္လည္း ဆက္သြယ္၍မရခဲ့ေပ။

Panglong(Burmese)
https://www.facebook.com/shannewsburmese/
--------
(Unicode)⤵⤵⤵
စကားပြောစက်ကိုင်သည့်ရွာသားကို သျှမ်းစစ်သားဟုဆိုကာ အစိုးရတပ်မတော်ဖမ်းဆီး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
ဖေဖော်ဝါရီ ၂၁ ရက် ၂၀၂၀

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ က ဒေသခံတဦးအား သျှမ်းစစ်သား ဟုဆိုကာ အစိုးရတပ်မတော်၏ လှုပ်ရှားစစ်ကြောင်းတခုက ၂ ရက်ကြာဖမ်းဆီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ ရက် မွန်းတည့်ချိန်က ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ် ရွာသား အသက် ၅၂ နှစ် အရွယ် လုံးစိန္တာ မှ ရွာပြင်ရှိရေစင်အားသွားရောက်ပြုပြင်စဉ် တပ်မတော်စစ်ကြောင်းနှင့်တိုးမိခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းက လုံးစိန္တာအား စစ်ဆေးမေးမြန်းနေစဉ် ၎င်းအိတ်ထဲမှ စကားပြောစက် က အသံထွက်လာသဖြင့် သျှမ်းစစ်သားများ၏သတင်းပေးသူ ဟုစွပ်စွဲကာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖတ်ဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအောင်ခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လုံးစိန္တာ က ရွာပြင်မှာ ခရီးသွားတွေသောက်တဲ့ ရေအိုးစင်ပျက်နေတာကို သွားပြင်တာ။ စစ်ကြောင်းနဲ့ တွေ့ပြီး စကားပြောစက်ပါတွေ့သွားတော့ ဖမ်းသွားတာပါ။ သူကရွာသားတယောက်ပါ ။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ပါဘူး။ ရွာမှာဖုန်းလိုင်းမရှိလို့ရွာသားတွေ စကားပြောစက်ကိုင်ကြရတာဖြစ်ပါတယ် ” ဟု စိုင်းအောင်ခမ်း က ပြောသည်။

ထိုဖမ်းဆီးမှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်က လုံးစိန္တာ ၏ ဆွေမျိုး မိသားစုဝင်များက အဆိုပါစစ်ကြောင်းစခန်းချသည့်နေရာသို့ သွားရောက် ကာ ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း အဆင်မပြေခဲ့ပေ။

ထို့ကြောင့် ဖေဖော်ဝါရီ ၁၈ ရက် တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ နှင့် အတူ ရပ်ရွာသူကြီးတို့စုပေါင်းကာ အဆိုပါစစ်ကြောင်းစခန်းချသည့် ဝမ့်ယိမ်းသို့ ထပ်မံလိုက်သွားရာ လုံးစိန္တာသည်မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ နှင့် မှ ဆက်သွယ်ခြင်းမရှိကြောင်း ထောက်ခံပြောဆိုရာမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း စိုင်းအောင်ခမ်း က ပြောပြသည်။
“ကျနော်တို့ မြင်တော့ သူ့ဘယ်မျက်လုံး ရောင်နေတယ်။ စစ်ဆေးတာခံရတယ်ထင်တယ်” ဟု စိုင်းအောင်ခမ်း က ဆိုသည်။

ဖတ်ဖိတ်ရွာသားအား ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းပန် ဘက်တွင် လှုပ်ရှားနေသည့် စစ်ကြောင်းဖြစ်ကြောင်းသိရသည်။ သို့သော် တပ်ရင်းအမှတ်တော့မသိရပေ။

ဖေဖော်ဝါရီ ၁၅ ရက်က ပင်လုံမြို့ နောင်လိုင်ကျေးရွာ အုပ်စု ဘက်တွင် သေနတ်သံ ထွက်ပြီးနောက်ပိုင်း ကျေးရွာအတွင်း အစိုးရစစ်ကြောင်းက စစ်ဆေးမေးမြန်းမှုများ ရှိလာကြောင်း နောင်လိုင်ရွာသားတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်က အစိုးရစစ်ကြောင်းတွေ ရွာကိုဖြတ်သန်းသွားလာတာ အေးဆေးပဲ။ ၁၅ ရက်တုန်းက သေနတ်သံကြားတော့ မေးမြန်းမှုတွေရှိလာတယ်။ အဓိက စကားပြောစက်ရှိလားလို့မေးတယ်” ဟု ၎င်း အမျိုးသား က ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ်ကျေးရွာသည် ပင်လုံမြို့ နှင့် ၄ မိုင်ကျော် ကွာဝေးသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Panglong(Burmese)
https://www.facebook.com/shannewsburmese/
စကားေျပာစက္ကုိင္သည့္ရြာသားကုိ သွ်မ္းစစ္သားဟုဆုိကာ အစုိးရတပ္မေတာ္ဖမ္းဆီး စကားေျပာစက္ကုိင္သည့္ရြာသားကုိ သွ်မ္းစစ္သားဟုဆုိကာ အစုိးရတပ္မေတာ္ဖမ္းဆီး Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.