ေအာ္တစ္ဇင္ကေလးငယ္ ႏွိပ္စက္ခံရမႈ ၃လၾကာၿပီးေနာက္ ေျမာက္ဒဂုံတရား႐ုံးမွာ တရားစြဲမႈစတင္

 ေအာက္တိုဘာ ၃၀ ရက္ေန႔ စီစီတီဗီ မွတ္တမ္းမွာ ကေလးငယ္႐ိုက္ႏွက္ခံရပုံကို ျမင္ရစဥ္
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕က အထူး‌ေစာင့္‌ေရွာက္မႈ လိုအပ္‌တဲ့က‌ေလးမ်ား ပုဂၢလိက ေလ့က်င့္ေရး ေက်ာင္းတစ္ေက်ာင္းမွာ စကားမေျပာႏိုင္တဲ့ ၁၀ ႏွစ္အ႐ြယ္ ေအာ္တစ္ဇင္ ကေလးငယ္တစ္ဦးကို ႐ိုက္ႏွက္ႏွိပ္စက္မႈနဲ႔ အဲဒီ့ ေက်ာင္းက ဆရာ ႏွစ္ေယာက္ကို ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) တရား႐ုံးမွာ ဒီကေန႔ ဇန္နဝါရီ ၄ရက္ေန႔မွာ တရားစြဲတင္မႈစေတာ့မယ္လို႔ သိရေၾကာင္း ကေလးမိခင္ ေဒၚခန႔္ခန႔္ဝင္းေ႐ႊကဘီဘီစီကိုေျပာပါတယ္။

' ' ဒီေန႔ကေတာ့ ကေလးကို႐ိုက္ႏွက္တဲ့ ဆရာ ၂ေယာက္ကို တရား႐ုံးမွာ စတင္မွာလို႔သိရတယ္။ ကြၽန္မ တို႔ကိုေတာ့မေခၚေသးဘူး။ ထုံးစံအရ တရားလို မလိုဘူးလို႔လည္း သိရတယ္။ ကြၽန္မတို႔ သြားဖို႔လိုတဲ့ အပတ္က်မွ တရား႐ုံးက စာနဲ႔အေၾကာင္းၾကားမယ္လို႔ထင္ပါတယ္။''လို႔ ေဒၚခန႔္ခန႔္ဝင္းေ႐ႊကေျပာပါတယ္။

ကေလးကို ႐ိုက္ႏွက္ထိုးႀကိတ္မႈဟာ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ စတင္ျဖစ္ပြားခဲ့ၿပီးေက်ာင္းက အျပန္ မ်က္လုံးတစ္ဝိုက္မွာ ညိဳမည္း ဒဏ္ရာ ရလာတာေၾကာင့္ သိရွိခဲ့ၿပီး ေနာက္တေန႔ မွာ စီစီတီဗီကို ျပန္ၾကည့္ ရာကေန ေတြ႕ခဲ့တာလို႔လည္း ကေလးရဲ႕မိခင္ ကေျပာျပပါတယ္။

'' ျဖစ္စကတည္းကေန တစ္လစာ စီစီတီဗီ မွတ္တမ္းၾကည့္ဖို႔ ေက်ာင္းကို စာတင္ၿပီးေတာင္းထားတာ အခုထိ မရေသးဘူး။ တစ္ရက္စာကိုပဲ ၾကည့္ခဲ့ရတာ ။ အခုထိလည္း ေက်ာင္းက ဆက္သြယ္လာတာ မရွိဘူး'' လို႔ လည္း သူမကေျပာျပပါတယ္။

အႏိုင္က်င့္မႈဟာ အခုမွ ျဖစ္တဲ့ပုံမဟုတ္ဘဲ အရင္ကတည္းက ျဖစ္ေနတယ္လို႔ ကေလးမိခင္က ယူဆမႈ ေတြရွိလို႔ စီစီတီဗီ မွတ္တမ္း တစ္လစာကို စာနဲ႔တင္ျပၿပီး ေတာင္းတာ ျဖစ္တယ္လို႔လည္း သူကရွင္းျပ ပါတယ္။

႐ိုက္ႏွက္ ႏွိပ္စက္ခံခဲ့ရတဲ့ကေလးငယ္ဟာ အဆိုပါ ပုဂၢိလေလ့က်င့္ေရးသင္တန္းေက်ာင္းမွာ ၂၀၁၂ ကေန ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလအထိ တက္ေရာက္ခဲ့တာျဖစ္ၿပီး ေက်ာင္းမထြက္ခင္အထိ ကေလးငယ္ရဲ႕ ေက်ာင္းလခဟာ တစ္လကို ႏွစ္သိန္း ရွစ္ေသာင္း က်ပ္ ဝန္းက်င္ ေပးရတယ္လို႔ သူမက ေျပာပါတယ္။

'' ကြၽန္မကေတာ့ ပုဒ္မ ၁၀၃ (က)နဲ႔အမႈဖြင့္ထားတာ။ တရား႐ုံးမွာ ဘယ္ပုဒ္မနဲ႔စြဲတင္မလဲဆိုတာေတာ့ မသိရေသးဘူး။'' လို႔ တရားစြဲဆိုထားတဲ့အေျခအေနအေပၚ ကေလးမိခင္ ေဒၚခန႔္ခန႔္ဝင္းေ႐ႊကေျပာပါတယ္။

ကေလးငယ္ဟာ အဆိုပါျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ပိုင္း စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြရွိခဲ့တဲ့အတြက္ မိခင္ကိုယ္တိုင္ အလုပ္ကေန လနဲ႔ခ်ီ ခြင့္ယူခဲ့ရၿပီး ျပန္လည္ ကုသေပးေနရတယ္လို႔လည္း သိရပါတယ္။

'' အခုထိပဲ အလုပ္ကေန လစာမဲ့ခြင့္ယူထားရတာ။ ကေလးနဲ႔ေနေပး သူ႔ကို ပိုဂ႐ုစိုက္ေပးလုပ္ေနရတယ္။ ေက်ာင္းကိုေတာ့ မပို႔ေတာ့ဘူး။ အိမ္မွာပဲ ဆရာမေလးတစ္ေယာက္ေခၚၿပီး ျပန္ေလ့က်င့္ေပးေနတယ္။''လို႔ ေဒၚခန႔္ခန႔္ဝင္းေ႐ႊက ဇန္နဝါရီ ၄ရက္ေန႔ကေျပာျပပါတယ္။

အခုအမႈဖြင့္ထားတဲ့ပုဒ္မ ၁၀၃ ဟာ မသန္စြမ္းကေလးငယ္ေတြကို ႏိုင္ထက္စီးနင္း အလြဲသုံးျခင္း၊ အၾကမ္း ဖက္ျခင္း တို႔နဲ႔စြဲဆိုတာျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ အနည္းဆုံး ေထာင္ဒဏ္ရွစ္လကေန ၅ႏွစ္အထိ က်ခံရႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အော်တစ်ဇင်ကလေးငယ် နှိပ်စက်ခံရမှု ၃လကြာပြီးနောက် မြောက်ဒဂုံတရားရုံးမှာ တရားစွဲမှုစတင်

ဓာတ်ပုံ မူပိုင် DAW KHANT KHANT WIN SHWE
Image caption အောက်တိုဘာ ၃၀ ရက်နေ့ စီစီတီဗီ မှတ်တမ်းမှာ ကလေးငယ်ရိုက်နှက်ခံရပုံကို မြင်ရစဉ်

ရန်ကုန်မြို့က အထူး‌စောင့်‌ရှောက်မှု လိုအပ်‌တဲ့က‌လေးများ ပုဂ္ဂလိက လေ့ကျင့်ရေး ကျောင်းတစ်ကျောင်းမှာ စကားမပြောနိုင်တဲ့ ၁၀ နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးကို ရိုက်နှက်နှိပ်စက်မှုနဲ့ အဲဒီ့ ကျောင်းက ဆရာ နှစ်ယောက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) တရားရုံးမှာ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့မှာ တရားစွဲတင်မှုစတော့မယ်လို့ သိရကြောင်း ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကဘီဘီစီကိုပြောပါတယ်။

' ' ဒီနေ့ကတော့ ကလေးကိုရိုက်နှက်တဲ့ ဆရာ ၂ယောက်ကို တရားရုံးမှာ စတင်မှာလို့သိရတယ်။ ကျွန်မ တို့ကိုတော့မခေါ်သေးဘူး။ ထုံးစံအရ တရားလို မလိုဘူးလို့လည်း သိရတယ်။ ကျွန်မတို့ သွားဖို့လိုတဲ့ အပတ်ကျမှ တရားရုံးက စာနဲ့အကြောင်းကြားမယ်လို့ထင်ပါတယ်။''လို့ ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။

ကလေးကို ရိုက်နှက်ထိုးကြိတ်မှုဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီးကျောင်းက အပြန် မျက်လုံးတစ်ဝိုက်မှာ ညိုမည်း ဒဏ်ရာ ရလာတာကြောင့် သိရှိခဲ့ပြီး နောက်တနေ့ မှာ စီစီတီဗီကို ပြန်ကြည့် ရာကနေ တွေ့ခဲ့တာလို့လည်း ကလေးရဲ့မိခင် ကပြောပြပါတယ်။

'' ဖြစ်စကတည်းကနေ တစ်လစာ စီစီတီဗီ မှတ်တမ်းကြည့်ဖို့ ကျောင်းကို စာတင်ပြီးတောင်းထားတာ အခုထိ မရသေးဘူး။ တစ်ရက်စာကိုပဲ ကြည့်ခဲ့ရတာ ။ အခုထိလည်း ကျောင်းက ဆက်သွယ်လာတာ မရှိဘူး'' လို့ လည်း သူမကပြောပြပါတယ်။

အနိုင်ကျင့်မှုဟာ အခုမှ ဖြစ်တဲ့ပုံမဟုတ်ဘဲ အရင်ကတည်းက ဖြစ်နေတယ်လို့ ကလေးမိခင်က ယူဆမှု တွေရှိလို့ စီစီတီဗီ မှတ်တမ်း တစ်လစာကို စာနဲ့တင်ပြပြီး တောင်းတာ ဖြစ်တယ်လို့လည်း သူကရှင်းပြ ပါတယ်။

ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့ကလေးငယ်ဟာ အဆိုပါ ပုဂ္ဂိလလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အောက်တိုဘာလအထိ တက်ရောက်ခဲ့တာဖြစ်ပြီး ကျောင်းမထွက်ခင်အထိ ကလေးငယ်ရဲ့ ကျောင်းလခဟာ တစ်လကို နှစ်သိန်း ရှစ်သောင်း ကျပ် ဝန်းကျင် ပေးရတယ်လို့ သူမက ပြောပါတယ်။

'' ကျွန်မကတော့ ပုဒ်မ ၁၀၃ (က)နဲ့အမှုဖွင့်ထားတာ။ တရားရုံးမှာ ဘယ်ပုဒ်မနဲ့စွဲတင်မလဲဆိုတာတော့ မသိရသေးဘူး။'' လို့ တရားစွဲဆိုထားတဲ့အခြေအနေအပေါ် ကလေးမိခင် ဒေါ်ခန့်ခန့်ဝင်းရွှေကပြောပါတယ်။

ကလေးငယ်ဟာ အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် မိခင်ကိုယ်တိုင် အလုပ်ကနေ လနဲ့ချီ ခွင့်ယူခဲ့ရပြီး ပြန်လည် ကုသပေးနေရတယ်လို့လည်း သိရပါတယ်။

'' အခုထိပဲ အလုပ်ကနေ လစာမဲ့ခွင့်ယူထားရတာ။ ကလေးနဲ့နေပေး သူ့ကို ပိုဂရုစိုက်ပေးလုပ်နေရတယ်။ ကျောင်းကိုတော့ မပို့တော့ဘူး။ အိမ်မှာပဲ ဆရာမလေးတစ်ယောက်ခေါ်ပြီး ပြန်လေ့ကျင့်ပေးနေတယ်။''လို့ ဒေါ်ခန့်ခန့်ဝင်းရွှေက ဇန်နဝါရီ ၄ရက်နေ့ကပြောပြပါတယ်။

အခုအမှုဖွင့်ထားတဲ့ပုဒ်မ ၁၀၃ ဟာ မသန်စွမ်းကလေးငယ်တွေကို နိုင်ထက်စီးနင်း အလွဲသုံးခြင်း၊ အကြမ်း ဖက်ခြင်း တို့နဲ့စွဲဆိုတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်ရှစ်လကနေ ၅နှစ်အထိ ကျခံရနိုင်ပါတယ်။

BBC Burmese
https://www.bbc.com
ေအာ္တစ္ဇင္ကေလးငယ္ ႏွိပ္စက္ခံရမႈ ၃လၾကာၿပီးေနာက္ ေျမာက္ဒဂုံတရား႐ုံးမွာ တရားစြဲမႈစတင္ ေအာ္တစ္ဇင္ကေလးငယ္ ႏွိပ္စက္ခံရမႈ ၃လၾကာၿပီးေနာက္ ေျမာက္ဒဂုံတရား႐ုံးမွာ တရားစြဲမႈစတင္ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.