
(Zawgyi)⤵⤵⤵
ကာမိုင်း ဖေဖော်ဝါရီ ၇




ဇွဲသူရအောင် (ပြန်/ဆက်)
Myanmaalinn
----------
(Unicode)⤵⤵⤵
ကာမိုင်းမြို့၌ ခရီးသည်တင်ကားနှင့်နွားတိုက်မိ၍ ခရီးသည်တစ်ဦးသေဆုံး

ကာမိုင်း ဖေဖော်ဝါရီ ၇

ဖားကန့်မြို့နယ် ကာမိုင်းမြို့ လဝါးကျေးရွာအုပ်စု မဂေါင်းတောင် ကျေးရွာ၌ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခွဲက ခရီးသည်တင်ကားနှင့် နွားတိုက်မိ၍ ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကာမိုင်းမှ မိုးကောင်းသို့မောင်းနှင်လာသည့် ယာဉ်မောင်း ဦးခင်အောင်ဇော်(၄၇)နှစ်၏ ယာဉ်အမှတ် 7G/------ Pro Box ယာဉ်သည် မဂေါင်း တောင်ကျေးရွာ ကီလိုမီတာအမှတ် (၂)နှင့် (၂.၅)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ နွားအားဝင်တိုက်မိ၍ ကားလမ်း၏ အရှေ့ဘက်သို့ ထိုးကျကာ တံတားအုတ်ဘောင်နှင့်တိုက်မိပြီး ယာဉ်မောင်းဦးခင်အောင် ဇော်တွင် ဝဲပါးဘက်ပေါက်ပြဲဒဏ်ရာရရှိကာ ၎င်းကားတွင် စီးနင်း လိုက်ပါလာသော ခရီးသည် ဦးတင်ထွန်း၊ ဈေးကုန်းရပ်ကွက်၊ မိုးကောင်း မြို့နေသူသည် နဖူးပေါက်ပြဲဒဏ်ရာရရှိ၍ အခင်းဖြစ်ပွား သည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းဦးခင်အောင်ဇော်ကို ကာမိုင်းနယ်မြေ ရဲစခန်းက ယာဉ်မ ဆင်မခြင်မောင်းနှင်မှုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

ဇွဲသူရအောင် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကာမိုင်းမြို့၌ ခရီးသည်တင်ကားနှင့်နွားတိုက်မိ၍ ခရီးသည်တစ်ဦးသေဆုံး ကာမိုင်းမြို့၌ ခရီးသည်တင်ကားနှင့်နွားတိုက်မိ၍ ခရီးသည်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.