
(Zawgyi)⤵⤵⤵




-------------
(Unicode)⤵⤵⤵
ဝူဟန် အသေမြန်ရောဂါ ဆေးကုသပေးနေသည့် ဆရာဝန် ရုတ်တရက် လဲကျသေဆုံး

February 4,2020

တရုတ်နိုင်ငံ ဟူနန် ပြည်နယ် က ဆေးဘက်ဆိုင်ရာ ဆရာဝန် Song Yingjie ဆောင်ယင်ကြည် အသက်( ၂၈) နှစ်ဟာ Hengyang ဆေးရုံမှာ အလုပ်ပင်ပန်းတဲ့ ဒဏ်ကြောင့် ရုတ်တရက် လဲကျသေဆုံးရတာဖြစ်တယ်လို့ ပြည်နယ် ပါတီ ပြန်ကြားရေးဌာန က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန် မြို့ ကစခဲ့တဲ့ အဆုတ်ဖျက်ပိုး ရောဂါ ကူးဆက်နေတဲ့လူနာတွေကို ကုသပေးနေတဲ့ ဆေးဖက်ဆိုင်ရာ ဆရာဝန်အဖွဲ့ ဒုခေါင်းဆောင် ဆောင်ယင်ကြည်ဟာ Maji Health Center မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

သူဟာ ၂၀၁၆ မှာ ပြည်နယ်ဆေးဘက်ဆိုင်ရာတာဝန်တွေ ကို စတင်ထမ်းဆောင်ခဲ့သူပါ၊ ဝူဟန် ရောဂါကပ်ဆိုး ကာလမှာ ာဇန်နဝါရီလ ၂၅ ရက်နေ့ကစပြီး Yuelin အဝေးပြေး လမ်းမ ဆေးစစ်အဖွဲ့ ခေါင်းဆောင် တာဝန်နဲ့ ဆေးဝါး ပို့ဆောင်ရေး လုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေခဲ့ရာက ဖေဖေါ်ဝါရီ(၃) ရက်နေ့ နေ့လည်၁၂ နာရီ အလုပ်နားချိန်မှာ မှာ လဲကျသေဆုံးခဲ့တာပါ။

သူသေဆုံးရာတာနဲ့ပါတ်သက်ပြီး ရောဂါပိုးကြောင့် မဟုတ်ဘူးလို့ပြည်နယ် ကျန်းမာရေးဌာနက ငြင်းဆိုထားပါတယ်။ တရုတ်နိုင်ငံမှာနောက်ဆုံးထုတ်ပြန်ချက်အရ ရောဂါ ကူးဆက်သူ ၂၀၆၉၆ ဦး သေဆုံသူ ၄၂၇ ဦးနဲ့ ပြန်ကေ ာင်းသူ ၇၃၀ ရှိပြီလို့ သိရပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312/
ဝူဟန် အသေမြန်ရောဂါ ဆေးကုသပေးနေသည့် ဆရာဝန် ရုတ်တရက် လဲကျသေဆုံး ၀ူဟန် အသေမြန်ရောဂါ ဆေးကုသပေးနေသည့် ဆရာဝန် ရုတ်တရက် လဲကျသေဆုံး Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.