ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း ထိခိုက္ႏိုင္


(Zawgyi/Unicode)

တ႐ုတ္ျပည္တြင္း Covid 19 ကို႐ိုနာဗိုင္းရပ္ ကူးစက္ႏႈန္းဆက္ၿပီး တိုးေနသလို တ႐ုတ္နဲ႔ စီးပြားေရးအရ ပတ္သက္မႈရွိတဲ့ ျမန္မာႏိုင္ငံလို ေဒသတြင္း ႏိုင္ငံေတြရဲ႕ စီးပြားေရးကိုလည္း ႐ိုက္ခတ္လာပါတယ္။ ျမန္မာ့ခရီးသြားလုပ္ငန္းက်ႏိုင္သလို ဆက္စပ္လုပ္ငန္းအေပၚလည္း သက္ေရာက္ႏိုင္လို႔ ဒီကိစၥကို သက္ဆိုင္ရာအစိုးရဌာနေတြ ပူးေပါင္းေျဖရွင္းႏိုင္ဖို႔ လုပ္ငန္းရွင္ေတြကအႀကံျပဳေနပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္း ေပးပို႔ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ကာကြယ္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံက ေဖေဖာ္ဝါရီလ ၁ရက္ကစၿပီး တ႐ုတ္ႏိုင္ငံသားေတြကို ဆိုက္ေရာက္ဗီဇာ ယာယီရပ္နားလိုက္ပါတယ္။ တ႐ုတ္ျပည္သြားတဲ့ ေလေၾကာင္းခရီးစဥ္ ေတြကိုလည္း ဖ်က္သိမ္းထားပါတယ္။ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚအေျခအေနထုတ္ျပန္ထား တာေၾကာင့္ ေဒသတြင္း ခရီးသြားလုပ္ငန္းလည္း က်ဆင္းသြားပါတယ္။

ဒီလိုအေျခအေနအတိုင္း ဆက္သြားမယ္ဆိုရင္ ခရီးသြားလုပ္ငန္း အတြက္ အေျခေန ဆိုးလာ ႏိုင္တယ္လို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေမာင္ေမာင္ေက်ာ္က ေျပာပါတယ္။

“ အခုလိုျဖစ္တဲ့ အေနအထားကေတာ့ က်မွာပဲေလ၊ ဘယ္ေလာက္က်သြားလဲ၊ ဘာလဲ က်ေနာ္တို႔လည္း သက္ဆိုင္တဲ့ ကုမၸဏီ အသင္းအဖြဲ႕ေတြနဲ႔ ေမးတာျမန္းတာ လုပ္ပါမယ္။ လတ္တေလာေတာ့ ဘယ္ေလာက္က်မလဲ ေျပာလို႔မရပါဘူး။ တႏိုင္ငံလုံးအတိုင္းအတာအရ tourism sector မွမဟုတ္ဘူး အားလုံးက က်မွာဆိုေတာ့ေလ။”

ျပည္တြင္းကို လာၾကတဲ့ တ႐ုတ္ခရီးသြားေတြ ရာႏႈန္းျပည့္က်သြားသလို အေနာက္ႏိုင္ငံက ခရီးသြားေတြလည္း တျဖည္းျဖည္း က်လာေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္း နာယက ဦးသက္လြင္တိုးက ေျပာပါတယ္။

“ တ႐ုတ္ကို အားကိုးတဲ့ ကားကုမၸဏီေတြ၊ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြဆို အကုန္လုံးက ၈၀% ေလာက္ထိသြာၿပီေလ။ တ႐ုတ္လုပ္တဲ့ ကုမၸဏီေတြက အကုန္ ငုတ္တုပ္ထိုင္သြားၿပီ။ အေနာက္ႏိုင္ငံေတြကိုင္တဲ့ market ေတြကေတာ့ ခ်က္ခ်င္းႀကီးမၿပိဳေသးဘူးေပါ့၊ cancelation ေတြေတာ့ဝင္ေနၿပီ။ ခန႔္မွန္း ၂၀- ၃၀ % ေလာက္ေတာ့ က်ေနာ္တို႔ ကုမၸဏီအေနနဲ႔ cancelation ထိတယ္။ ဒါေပမဲ့ ရွိေတာ့ရွိေနေသးတယ္ေပါ့။

ျပည္တြင္းမွာ အစိုးရရဲ႕ ေရာဂါတားဆီးေရး အစီအစဥ္ စနစ္တက် လုပ္ေဆာင္ ေနတာနဲ႔ ကူးစက္သူ မေတြ႔ရ ေသးတာေၾကာင့္လည္း တခ်ိဳ႕အေနာက္ႏိုင္ငံသားေတြက သူတုိ႔ရဲ့ ခရီးစဥ္ ေတြကို ဖ်က္မပစ္ဘဲ လာေနတာ ေတြ႔ရ တယ္ လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္ အခုလိုအေျခအေနမ်ိဳးမွာ ခရီးသြားလုပ္ငန္းနဲ႔ ဆက္စပ္တဲ့ အစိုးရဌာနေတြ၊ ပုဂၢလိက အဖြဲ႕အစည္းေတြ အားလံုး စီမံခ်က္ခ်ၿပီး ပူးေပါင္း ေဆာင္႐ြက္ သင့္တယ္လို႔လည္း ဦးသက္လြင္တိုးက ေျပာပါတယ္။

“ ကိုယ့္ဆီလာတဲ့သူေတြကို လာရဲေအာင္ ဘယ္လိုေလးေတြ စီမံထားပါတယ္ဆိုတာမ်ိဳး က်ယ္က်ယ္ျပန႔္ျပန႔္ေျပာရမယ္။ ဒါမွပဲ ဧည့္သည္ေတြက လာၾကမွာေလ။ အခုလိုဆို လူေတြက ဒုကၡေရာက္လာေတာ့မယ္ေလ စီးပြားေရးအရ က်ဆင္းလာေတာ့မယ္။ ဒါေတြကို safe လုပ္ရေတာ့မယ္ေလ အစိုးရဘက္က။ အဲဒါမ်ိဳးေတြကို စီမံခ်က္တခုအေနနဲ႔ ပူေပါင္းေဆာင္႐ြက္သင့္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ထင္တယ္။”

တ႐ုတ္ယူနန္ျပည္နယ္ ယူနန္ ေက်ာက္ေစ်းကြက္ကို အခုထိ ပိတ္ထားလို႔ သူနဲ႔ ခ်ိတ္ဆက္လုပ္ကိုင္ေနတဲ့ မႏၲေလး ေက်ာက္ေစ်းကြက္လည္း ပိတ္ထားရပါတယ္။ ေက်ာက္ အေရာင္းအဝယ္ အျပင္ တျခားကုန္ပစၥည္း ေတြ အမ်ားအျပား ကူးသန္းေရာင္းဝယ္တဲ့ မူဆယ္နယ္စပ္ကုန္သြယ္ေရးကလည္း ရာႏႈန္းျပည့္ရပ္တန႔္သြားေၾကာင္း မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္အသင္းဝင္ ဦးမင္းသိန္းက ေျပာပါတယ္။

“ အခုလည္းၾကာမယ္ ထပ္ၿပီးလည္းၾကာမယ္ဆိုရင္ေတာ့ အမ်ားႀကီးထိခိုက္မွာေပါ့။ ပုံမွန္လည္ပတ္ေနတဲ့ ကုန္သြယ္ေရး ယႏၲရားဟာ ၉၅% ေလာက္ ရပ္သြားၿပီ။ ဟိုင္းေဝးလမ္းေတြတ႐ုတ္က မဖြင့္ေသးဘူး၊ ဘဏ္ေတြပိတ္ထားတယ္၊ ေက်ာင္းေတြပိတ္ထားတယ္၊ ၂၃ ရက္ထိပိတ္ထားမယ္၊ ၂၄ေလာက္မွ ျပန္ဖြင့္မယ္ၾကားတယ္။”

အလုပ္သမားလူဝန္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန အခ်က္အလက္အရဆိုရင္ တရားဝင္ဗီဇာနဲ႔ ဝင္ေရာက္ႏိုင္ငံျခားသားအေရအတြက္ဟာ ၂၀၁၉ တႏွစ္လုံးမွာ ၂ သန္းနီးပါး ( ၁, ၉၃၀, ၄၂၅ ေယာက္) ရွိပါတယ္။ ဒါက ၂၀၁၈ ထက္ ၃၈% တိုးလာတာပါ။ဒီစာရင္းထဲမွာ တ႐ုတ္ႏိုင္ငံသား အမ်ားဆုံးျဖစ္ၿပီး ၇သိန္းနီးပါးေလာက္ ( ၇၄၉, ၇၁၉) ရွိပါတယ္။ ဒုတိယအမ်ားဆုံး ကေတာ့ ထိုင္းကလာတဲ့ ဧည့္သည္ေတြပါ။

တ႐ုတ္ႏိုင္ငံဝူဟမ္ၿမိဳ႕ကေန စတင္ကူးစက္ခဲ့တဲ့ Covid 19 ကို႐ိုနာ ဗိုင္းရပ္ပိုးဟာ အခုဆိုရင္ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံကို ကူးစက္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကူးစက္ခံရသူ အမ်ားဆုံးျဖစ္ၿပီး ေဖေဖၚဝါရီ ၁၃ရက္ မနက္ပိုင္းအထိ လူေပါင္း ၆၀၀၀၀ ေက်ာ္ကူးစက္ခံခဲ့ရပါတယ္။ ေသဆုံးသူက တ႐ုတ္ႏိုင္ငံမွာ ၁၃၆၇ ေယာက္ရွိၿပီး၊ ေဟာင္ေကာင္နဲ႔ ဖိလစ္ပိုင္မွာ တေယာက္စီ ေသဆုံးခဲ့ပါတယ္။

...................

ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

(Unicode)

တရုတ်ပြည်တွင်း Covid 19 ကိုရိုနာဗိုင်းရပ် ကူးစက်နှုန်းဆက်ပြီး တိုးနေသလို တရုတ်နဲ့ စီးပွားရေးအရ ပတ်သက်မှုရှိတဲ့ မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း ရိုက်ခတ်လာပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းကျနိုင်သလို ဆက်စပ်လုပ်ငန်းအပေါ်လည်း သက်ရောက်နိုင်လို့ ဒီကိစ္စကို သက်ဆိုင်ရာအစိုးရဌာနတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့ လုပ်ငန်းရှင်တွေကအကြံပြုနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်း ပေးပို့ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံက ဖေဖော်ဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ယာယီရပ်နားလိုက်ပါတယ်။ တရုတ်ပြည်သွားတဲ့ လေကြောင်းခရီးစဉ် တွေကိုလည်း ဖျက်သိမ်းထားပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အခြေအနေထုတ်ပြန်ထား တာကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းလည်း ကျဆင်းသွားပါတယ်။

ဒီလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ခရီးသွားလုပ်ငန်း အတွက် အခြေနေ ဆိုးလာ နိုင်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောပါတယ်။

“ အခုလိုဖြစ်တဲ့ အနေအထားကတော့ ကျမှာပဲလေ၊ ဘယ်လောက်ကျသွားလဲ၊ ဘာလဲ ကျနော်တို့လည်း သက်ဆိုင်တဲ့ ကုမ္ပဏီ အသင်းအဖွဲ့တွေနဲ့ မေးတာမြန်းတာ လုပ်ပါမယ်။ လတ်တလောတော့ ဘယ်လောက်ကျမလဲ ပြောလို့မရပါဘူး။ တနိုင်ငံလုံးအတိုင်းအတာအရ tourism sector မှမဟုတ်ဘူး အားလုံးက ကျမှာဆိုတော့လေ။”

ပြည်တွင်းကို လာကြတဲ့ တရုတ်ခရီးသွားတွေ ရာနှုန်းပြည့်ကျသွားသလို အနောက်နိုင်ငံက ခရီးသွားတွေလည်း တဖြည်းဖြည်း ကျလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း နာယက ဦးသက်လွင်တိုးက ပြောပါတယ်။

“ တရုတ်ကို အားကိုးတဲ့ ကားကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေဆို အကုန်လုံးက ၈၀% လောက်ထိသွာပြီလေ။ တရုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကုန် ငုတ်တုပ်ထိုင်သွားပြီ။ အနောက်နိုင်ငံတွေကိုင်တဲ့ market တွေကတော့ ချက်ချင်းကြီးမပြိုသေးဘူးပေါ့၊ cancelation တွေတော့ဝင်နေပြီ။ ခန့်မှန်း ၂၀- ၃၀ % လောက်တော့ ကျနော်တို့ ကုမ္ပဏီအနေနဲ့ cancelation ထိတယ်။ ဒါပေမဲ့ ရှိတော့ရှိနေသေးတယ်ပေါ့။

ပြည်တွင်းမှာ အစိုးရရဲ့ ရောဂါတားဆီးရေး အစီအစဉ် စံနစ်တကျ လုပ်ဆောင် နေတာနဲ့ ကူးစက်သူ မတွေ့ရ သေးတာကြောင့်လည်း တချို့အနောက်နိုင်ငံသားတွေက သူတို့ရဲ့ ခရီးစဉ် တွေကို ဖျက်မပစ်ဘဲ လာနေတာ တွေ့ရ တယ် လို့လည်း ပြောပါတယ်။ ဒါကြောင့် အခုလိုအခြေအနေမျိုးမှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အစိုးရဌာနတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အားလုံး စီမံချက်ချပြီး ပူးပေါင်း ဆောင်ရွက် သင့်တယ်လို့လည်း ဦးသက်လွင်တိုးက ပြောပါတယ်။

“ ကိုယ့်ဆီလာတဲ့သူတွေကို လာရဲအောင် ဘယ်လိုလေးတွေ စီမံထားပါတယ်ဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်။ ဒါမှပဲ ဧည့်သည်တွေက လာကြမှာလေ။ အခုလိုဆို လူတွေက ဒုက္ခရောက်လာတော့မယ်လေ စီးပွားရေးအရ ကျဆင်းလာတော့မယ်။ ဒါတွေကို safe လုပ်ရတော့မယ်လေ အစိုးရဘက်က။ အဲဒါမျိုးတွေကို စီမံချက်တခုအနေနဲ့ ပူပေါင်းဆောင်ရွက်သင့်ဖို့ အချိန်ရောက်ပြီလို့ထင်တယ်။”

တရုတ်ယူနန်ပြည်နယ် ယူနန် ကျောက်ဈေးကွက်ကို အခုထိ ပိတ်ထားလို့ သူနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မန္တလေး ကျောက်ဈေးကွက်လည်း ပိတ်ထားရပါတယ်။ ကျောက် အရောင်းအဝယ် အပြင် တခြားကုန်ပစ္စည်း တွေ အများအပြား ကူးသန်းရောင်းဝယ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကလည်း ရာနှုန်းပြည့်ရပ်တန့်သွားကြောင်း မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းဝင် ဦးမင်းသိန်းက ပြောပါတယ်။

“ အခုလည်းကြာမယ် ထပ်ပြီးလည်းကြာမယ်ဆိုရင်တော့ အများကြီးထိခိုက်မှာပေါ့။ ပုံမှန်လည်ပတ်နေတဲ့ ကုန်သွယ်ရေး ယန္တရားဟာ ၉၅% လောက် ရပ်သွားပြီ။ ဟိုင်းဝေးလမ်းတွေတရုတ်က မဖွင့်သေးဘူး၊ ဘဏ်တွေပိတ်ထားတယ်၊ ကျောင်းတွေပိတ်ထားတယ်၊ ၂၃ ရက်ထိပိတ်ထားမယ်၊ ၂၄လောက်မှ ပြန်ဖွင့်မယ်ကြားတယ်။”

အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အချက်အလက်အရဆိုရင် တရားဝင်ဗီဇာနဲ့ ဝင်ရောက်နိုင်ငံခြားသားအရေအတွက်ဟာ ၂၀၁၉ တနှစ်လုံးမှာ ၂ သန်းနီးပါး ( ၁, ၉၃၀, ၄၂၅ ယောက်) ရှိပါတယ်။ ဒါက ၂၀၁၈ ထက် ၃၈% တိုးလာတာပါ။ဒီစာရင်းထဲမှာ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး ၇သိန်းနီးပါးလောက် ( ၇၄၉, ၇၁၉) ရှိပါတယ်။ ဒုတိယအများဆုံး ကတော့ ထိုင်းကလာတဲ့ ဧည့်သည်တွေပါ။

တရုတ်နိုင်ငံဝူဟမ်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ Covid 19 ကိုရိုနာ ဗိုင်းရပ်ပိုးဟာ အခုဆိုရင်နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကူးစက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၃ရက် မနက်ပိုင်းအထိ လူပေါင်း ၆၀၀၀၀ ကျော်ကူးစက်ခံခဲ့ရပါတယ်။ သေဆုံးသူက တရုတ်နိုင်ငံမှာ ၁၃၆၇ ယောက်ရှိပြီး၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာ တယောက်စီ သေဆုံးခဲ့ပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း ထိခိုက္ႏိုင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း ထိခိုက္ႏိုင္ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.