ေဘဘီေလး နဲ႔ ကဖင္း

(Zawgyi)⤵⤵⤵
ေဘဘီေလးက ေရေႏြးၾကမ္း ေသာက္ရင္လည္း ပါးစပ္ျပင္ေနတယ္၊ ေကာ္ဖီေသာက္ေသာက္ လက္ဖက္ရည္ေသာက္ေသာက္ ေသာက္ခ်င္တဲ့ပုံေပါက္ေနတယ္။ လက္ဖက္သုပ္ဆိုလည္း စားခ်င္ေနသလိုပဲ။ ေကြၽးလို႔ရမလား။ ေရေႏြးၾကမ္းေလာက္ေတာ့ တိုက္လို႔ရမယ္ ထင္တယ္ေနာ္ဆိုတဲ့ ေမေမေဖေဖေတြ ရွိလား။ ဒါဆိုရင္ေတာ့ ေဘဘီေလးကို ကဖင္းပါတာေတြ မေကြၽးခင္မွာ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါ။

ေဘဘီေလးက ကဖင္းနဲ႔မတည့္ဘူးလား

ကဖင္းက စိတ္ကို လန္းဆန္းေစတာမွန္ေပမယ့္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဖြံ႕ၿဖိဳးဖို႔ အရွိန္ယူေနတဲ့ ေဘဘီေလးအတြက္ေတာ့ မသင့္ေတာ္ပါဘူး။ ကဖင္းက အရမ္းမ်ားလာရင္ ကေလးမေျပာနဲ႔ လူႀကီးေတြကိုေတာင္ ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို က်န္းမာၿပီး ဉာဏ္ရည္ ထက္ျမက္စြာ ႀကီးျပင္းလာေစခ်င္တယ္ဆိုရင္ အသက္ ၁၂ ႏွစ္မျပည့္မခ်င္း ေကာ္ဖီအပါအဝင္ ကဖင္းပါတဲ့ ေသာက္စရာေတြကို မတိုက္သင့္ပါဘူး။

ကဖင္းပါတဲ့အရာေတြက ဘာေတြမ်ားလဲ

ကဖင္းပါတဲ့အရာေတြက အမ်ားႀကီးရွိႏိုင္ပါတယ္။

•    လက္ဖက္ရည္
•    ေကာ္ဖီ
•    ေရေႏြးၾကမ္း
•    ေခ်ာကလက္
•    အားျဖည့္အခ်ိဳရည္
•    ကိုလာ
•    လက္ဖက္သုပ္ စတာေတြမွာ ကဖင္းပါပါတယ္။

ကဖင္းက လန္းဆန္းေစတာ မဟုတ္ဘူးလား

ကဖင္းက အာ႐ုံေၾကာေတြကို လႈံ႕ေဆာ္ေပးႏိုင္တာေၾကာင့္ တက္ႂကြလန္းဆန္းေစတာမွန္ေပမယ့္ တန္ေဆးလြန္ေဘးပါ။ လူႀကီးေတြမွာေရာ ကေလးေတြပါ ကဖင္းမ်ားတဲ့အခါ အရမ္းငယ္ေသးတဲ့ ေဘဘီေလးေတြကို ကဖင္း နဲ႔ မိတ္ဆက္ေပးလိုက္မိတဲ့အခါမ်ိဳးမွာ
•    ကတုန္ကယင္ျဖစ္မယ္
•    အာ႐ုံစူးစိုက္ရခက္မယ္
•    ေခါင္းကိုက္မယ္
•    စိတ္ရႈပ္ေထြးမယ္
•    အိပ္မေပ်ာ္တာမ်ိဳးျဖစ္မယ္
•    ေသြးတိုးမယ္ စတဲ့ လကၡဏာေတြခံစားရႏိုင္ပါတယ္။ ကေလးေတြမွာေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ ဖြံ႕ၿဖိဳးမႈကို ထိခိုက္လာေစႏိုင္ပါတယ္။

ေဘဘီေလးေတြကို ကဖင္းမတိုက္သင့္တဲ့ အေၾကာင္းအရင္း

ေဘဘီေလးကို ကဖင္း တိုက္မိတဲ့အခါ

•    ေဘဘီေလးေတြကို ခ်စ္လို႔ဆိုၿပီး ေကာ္ဖီခြံ႕တာ၊ လက္ဖက္ရည္ခြံ႕တာမ်ိဳးမလုပ္ပါနဲ႔။ ဒါေတြအျပင္ ကေလးကို အခ်ိဳရည္တိုက္တာကလည္း မသင့္ေတာ္ပါဘူး။ အေၾကာင္းက အခ်ိဳရည္ေတြထဲမွာလည္း ကဖင္း ပါေနႏိုင္တာေၾကာင့္ပါ။ ဒီလိုတိုက္ေကြၽးမႈက ကေလးကို အဝလြန္ေစႏိုင္ပါတယ္။

•    ကဖင္းက ကယ္လ္လိုရီပါဝင္မႈမရွိသလို ခႏၶာကိုယ္ က်န္းမာဖို႔လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြလည္း မပါပါဘူး။ ဒါ့အျပင္ ကဖင္းက အ႐ိုး နဲ႔ သြားေတြ ႀကံ့ခိုင္က်န္းမာေစႏိုင္မယ့္ ကယ္လ္စီယမ္စုပ္ယူမႈကိုလည္း အဟန္႔အတားျဖစ္ေစႏိုင္ပါတယ္။

•    ေကာ္ဖီ၊ လက္ဖက္ရည္တို႔မွာ အခ်ိဳဓာတ္ကပါေနၿပီးသားပါ။ ဒီအခ်ိဳဓာတ္မ်ား တာက သြားႂကြေလႊာေတြကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး သြားနဲ႔ခံတြင္း က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

•    ကဖင္းပါတဲ့ ေသာက္စရာေတြက ဆီးခဏခဏသြားေစႏိုင္တာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္ဆုံးရႈံးမႈျဖစ္ေစႏိုင္ပါတယ္။

•    ဦးေႏွာက္ကို ထိခိုက္ေစႏိုင္တယ္။ ကဖင္းက အာ႐ုံစူးစိုက္မႈကို ခက္ခဲေစၿပီး ကေလးရဲ႕ မွတ္ဉာဏ္တည္ေဆာက္မႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ေဘဘီေလးကို ႏို႔တိုက္ေနရတဲ့ ေမေမေတြအေနနဲ႔ ေကာ္ဖီအပါအဝင္ ကဖင္းပါတဲ့ အစားအေသာက္ေတြကို ေရွာင္သင့္ပါတယ္။ ေဘဘီေလးက ေကာ္ေကာ္လို႔ ေျပာေနရင္ေတာင္မွ မတိုက္ပါနဲ႔။ အသက္ ၁၂ ႏွစ္ျပည့္ၿပီးမွတိုက္ပါ။ ဒါေတာင္မွ တစ္ေန႔ကို တစ္ခြက္ေလာက္ပဲတိုက္ေပးပါ။ ကဖင္းက အတန္အသင့္ဆိုရင္ စိတ္ကို လန္းဆန္းေစေပမယ့္ အရမ္းမ်ားရင္ေတာ့ ထိခိုက္မႈေတြရွိလာႏိုင္တာေၾကာင့္ ေဘဘီေလးကို ကဖင္းနဲ႔ မမိတ္ဆက္ေပးဖို႔ တိုက္တြန္းလိုက္ပါရေစ။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------
(Unicode)⤵⤵⤵
ဘေဘီလေးက ရေနွေးကြမ်း သောက်ရင်လည်း ပါးစပ်ပြင်နေတယ်၊ ကော်ဖီသောက်သောက် လက်ဖက်ရည်သောက်သောက် သောက်ချင်တဲ့ပုံပေါက်နေတယ်။ လက်ဖက်သုပ်ဆိုလည်း စားချင်နေသလိုပဲ။ ကျွေးလို့ရမလား။ ရေနွေးကြမ်းလောက်တော့ တိုက်လို့ရမယ် ထင်တယ်နော်ဆိုတဲ့ မေမေဖေဖေတွေ ရှိလား။ ဒါဆိုရင်တော့ ဘေဘီလေးကို ကဖင်းပါတာတွေ မကျွေးခင်မှာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေးက ကဖင်းနဲ့မတည့်ဘူးလား

ကဖင်းက စိတ်ကို လန်းဆန်းစေတာမှန်ပေမယ့် ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက်တော့ မသင့်တော်ပါဘူး။ ကဖင်းက အရမ်းများလာရင် ကလေးမပြောနဲ့ လူကြီးတွေကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ဉာဏ်ရည် ထက်မြက်စွာ ကြီးပြင်းလာစေချင်တယ်ဆိုရင် အသက် ၁၂ နှစ်မပြည့်မချင်း ကော်ဖီအပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေကို မတိုက်သင့်ပါဘူး။

ကဖင်းပါတဲ့အရာတွေက ဘာတွေများလဲ

ကဖင်းပါတဲ့အရာတွေက အများကြီးရှိနိုင်ပါတယ်။

•    လက်ဖက်ရည်
•    ကော်ဖီ
•    ရေနွေးကြမ်း
•    ချောကလက်
•    အားဖြည့်အချိုရည်
•    ကိုလာ
•    လက်ဖက်သုပ် စတာတွေမှာ ကဖင်းပါပါတယ်။

ကဖင်းက လန်းဆန်းစေတာ မဟုတ်ဘူးလား

ကဖင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးပါ။ လူကြီးတွေမှာရော ကလေးတွေပါ ကဖင်းများတဲ့အခါ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကို ကဖင်း နဲ့ မိတ်ဆက်ပေးလိုက်မိတဲ့အခါမျိုးမှာ
•    ကတုန်ကယင်ဖြစ်မယ်
•    အာရုံစူးစိုက်ရခက်မယ်
•    ခေါင်းကိုက်မယ်
•    စိတ်ရှုပ်ထွေးမယ်
•    အိပ်မပျော်တာမျိုးဖြစ်မယ်
•    သွေးတိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကလေးတွေမှာတော့ ဦးနှောက်နဲ့ အာရုံကြောတွေ ဖွံ့ဖြိုးမှုကို ထိခိုက်လာစေနိုင်ပါတယ်။

ဘေဘီလေးတွေကို ကဖင်းမတိုက်သင့်တဲ့ အကြောင်းအရင်း

ဘေဘီလေးကို ကဖင်း တိုက်မိတဲ့အခါ

•    ဘေဘီလေးတွေကို ချစ်လို့ဆိုပြီး ကော်ဖီခွံ့တာ၊ လက်ဖက်ရည်ခွံ့တာမျိုးမလုပ်ပါနဲ့။ ဒါတွေအပြင် ကလေးကို အချိုရည်တိုက်တာကလည်း မသင့်တော်ပါဘူး။ အကြောင်းက အချိုရည်တွေထဲမှာလည်း ကဖင်း ပါနေနိုင်တာကြောင့်ပါ။ ဒီလိုတိုက်ကျွေးမှုက ကလေးကို အဝလွန်စေနိုင်ပါတယ်။

•    ကဖင်းက ကယ်လ်လိုရီပါဝင်မှုမရှိသလို ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း မပါပါဘူး။ ဒါ့အပြင် ကဖင်းက အရိုး နဲ့ သွားတွေ ကြံ့ခိုင်ကျန်းမာစေနိုင်မယ့် ကယ်လ်စီယမ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

•    ကော်ဖီ၊ လက်ဖက်ရည်တို့မှာ အချိုဓာတ်ကပါနေပြီးသားပါ။ ဒီအချိုဓာတ်များ တာက သွားကြွလွှောတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

•    ကဖင်းပါတဲ့ သောက်စရာတွေက ဆီးခဏခဏသွားစေနိုင်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။

•    ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ ကဖင်းက အာရုံစူးစိုက်မှုကို ခက်ခဲစေပြီး ကလေးရဲ့ မှတ်ဉာဏ်တည်ဆောက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရတဲ့ မေမေတွေအနေနဲ့ ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ဘေဘီလေးက ကော်ကော်လို့ ပြောနေရင်တောင်မှ မတိုက်ပါနဲ့။ အသက် ၁၂ နှစ်ပြည့်ပြီးမှတိုက်ပါ။ ဒါတောင်မှ တစ်နေ့ကို တစ်ခွက်လောက်ပဲတိုက်ပေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် စိတ်ကို လန်းဆန်းစေပေမယ့် အရမ်းများရင်တော့ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ဘေဘီလေးကို ကဖင်းနဲ့ မမိတ်ဆက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေဘဘီေလး နဲ႔ ကဖင္း  ေဘဘီေလး နဲ႔ ကဖင္း Reviewed by THITHTOOLWIN on 23:56 Rating: 5
Powered by Blogger.