တပ္ကတရားစြဲထားတဲ့ ေရွ႕ေနႀကီးဦးႀကီးျမင့္တို႔ အမႈပလပ္ေပးဖို႔ ဆက္ရင္ဆိုင္မယ္

ေရွ႕ေနႀကီးဦးႀကီးျမင့္တို႔ အမႈအာမခံရၿပီး (ဓါတ္ပံု- ေရွ႕ေနႀကီးဦးႀကီးျမင့္ facebook )

(Zawgyi/Unicode)

ဖြဲ႔စည္းပံုျပင္ဆင္ေရး ေဟာေျပာမႈေတြထဲ စစ္တပ္ကိုထိပါးတယ္ဆိုတဲ့စြဲခ်က္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ တပ္မေတာ္ရဲ႕ တရားစြဲခံထားရတဲ့ တရားလႊတ္ေတာ္ေရွ႕ေနၾကီး ဦးၾကီးျမင့္နဲ႔ ကဗ်ာဆရာေစာေဝတို႔ကေတာ့ အမႈကို လံုးဝပလပ္ေပးဖို႔ တရားဥပေဒေၾကာင္းအရ ဆက္လက္ရင္ဆိုင္သြားၾကဖို႔ ျပင္ဆင္ေနပါတယ္။

မေန႔က ေကာ့ေသာင္းၿမိဳ႕နယ္တရား႐ံုးကေန သူတို႔ကို က်ပ္သိန္း ၅၀စီနဲ႔ အာမခံေပးလိုက္တာပါ။ လြတ္လပ္စြာေျပာဆိုမႈေတြအေပၚ တပ္မေတာ္ရဲ႕တရားစြဲဆိုမႈေတြ မ်ားလာတဲ့ အေျခအေနဟာ အရပ္သားအစိုးရလက္ထက္ ႏုိင္ငံရဲ႕ ဒီမိုကေရစီစံႏႈန္းေတြအေပၚ ေမးခြန္းထုတ္စရာျဖစ္လာေနတဲ့ အေနအထားျဖစ္တယ္လို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အသံက သံုးသပ္ပါတယ္။ မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က တနသၤာရီတုိင္း ေကာ့ေသာင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီ ေထာက္ခံပြဲက ေဟာေျပာခ်က္ေတြဟာ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္နဲ႔ ကဗ်ာဆရာ ဦးေစာေဝ ၊ ဗိုလ္ၾကီးေဟာင္းေနမ်ိဳးဇင္တို႔ကို စစ္တပ္က နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ ေကာ့ေသာင္းတ႐ား႐ံုးမွာ တရားစြဲဆိုခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၃ရက္ေန႔ မေန႔ကေတာ့ ေကာ့ေသာင္းတရား႐ံုးမွာ တရားလာရင္ဆိုင္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနၾကီး ဦးႀကီးျမင့္နဲ႔ ကဗ်ာဆရာ ဦးေစာေဝ တို႔ႏွစ္ဦးကို ျမန္မာက်ပ္ေငြသိန္း ၅၀ စီနဲ႔ အာမခံေပးလိုက္ၿပီး အင္းစိန္ကေန လက္ရွိေထာင္ဒဏ္က်ခံေနရတဲ့ ဗိုလ္ၾကီးေဟာင္း ေနမ်ိဳးဇင္ကေတာ့ ေကာ့ေသာင္းေထာင္ကို ေထာင္ေျပာင္းေရႊ႕ထားၿပီး တရားဆက္လက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔မွာေတာ့ တရားစြဲဆိုထားတဲ့တပ္မေတာ္ဘက္က တရားလိုေတြကို စတင္စစ္ေဆးသြားမယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနၾကီး ဦးၾကီးျမင့္က ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။

“၁၇ရက္ေန႔မွာေတာ့ တရားလိုကို စၿပီးစစ္မွာေပါ့။ ဒုဗိုလ္မွဴးႀကီး အၿငိမ္းစား ေဇာ္ေဇာ္ကို စစ္မယ္။ တရားလိုကို စၿပီးစစ္မယ္ ၿပီးရင္ တရားလိုျပသက္ေသေတြကို စစ္မယ္။ ဒုဗိုလ္မွဴးႀကီး ေဇာ္ေဇာ္ကေတာ့ မေန႔တုန္းကေတာ့ မေန႔က တပ္က ထြက္သြားၿပီ ။ ရိုးရိုးအရပ္၀တ္နဲ႔ပဲ လာတယ္။ က်န္တဲ့ တရားလိုျပသက္ေသေတြျဖစ္တဲ့ ဗိုလ္မွဴးတေယာက္နဲ႔ ဗိုလ္ႀကီး ၅ ေယာက္ ကေတာ့ ယူနီေဖာင္းေတြနဲ႔ လာတယ္။ ဒါေပမယ့္ က်ေနာ္တို႔ တရားသူႀကီးက ေျပာင္းေတာ့မွာ ဆိုေတာ့ ေနာက္တရားသူႀကီးလက္ထဲကို လႊဲထားခဲ့တယ္။ ေနာက္တရားသူႀကီးလက္ထဲက်မွ စၿပီးစစ္ရမွာေပါ့။

ေမး။ ။ မေန႔က ဆရာနဲ႔ ဦးေစာေ၀နဲ႔ကို သိန္း ၅၀ စီနဲ႔ အာမခံေပးလိုက္တယ္ေပါ့ေနာ္။ အဲဒီအေျခအေနေလးလည္း နည္းနည္းေျပာျပေပးပါ။

ေျဖ။ ။ အဲဒါက ဒီလို က်ေနာ္တို႔က ေဆးကုေနတာကို တင္ျပတယ္ေပါ့ တင္ျပတဲ့အခါမွာ အစိုးရဘက္က ဥပေဒအရာရွိက က်ေနာ္တို႔ ကို မေပးသင့္ပါဘူးေပါ့။ ဆရာ၀န္ေတြကေတာ့ ေပးသင့္ပါတယ္ ေလွ်ာက္ထားတယ္ေပါ့။ က်ေနာ္တို႔ဘက္က လည္း အဲလို ေလွ်ာက္မယ္မွန္းသိလို႔ က်ေနာ္တို႔ကလည္း ေကာ့ေသာင္းကဆရာ၀န္တေယာက္ကို အဆင္သင့္ေပါ့ေလ ေဆးလက္မွတ္ေတြလည္း ယူထားပါတယ္။ အဲဒါနဲ႔ အဲဒီဆရာ၀န္ကို ေခၚစစ္လိုက္တဲ့အခါက်ေတာ့ ရန္ကုန္က အထူးကုဆရာ၀န္ႀကီးေတြရဲ႕ ေဆးလက္မွတ္ေတြရယ္၊ ေကာ့ေသာင္းကဆရာ၀န္ရဲ႕ ေဆးလက္မွတ္ေတြရယ္ ေပါင္းစပ္ၿပီးေတာ့ က်ေနာ္တိုိ႔ကို ေဆးအာမခံေပးလိုက္တာပါ။”
သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနသည့္ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲခံထားရသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္
အခုလိုမ်ိဳး ႏိုင္ငံအတြက္ အေရးၾကီးတဲ့ ဖြဲ႔စည္းပံုျပင္ဆင္ေရး ျပည္သူအမ်ားသိရွိေအာင္ ေဟာေျပာတင္ျပခဲ့ၾကတဲ့ ဥပေဒပညာရွင္ေတြ ဒီမိုကေရစီအင္အားစုေတြကို တပ္မေတာ္ဘက္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့စြဲခ်က္နဲ႔ တရားစြဲဆိုမႈေတြကေတာ့ လြတ္လပ္စြာေျပာဆိုခြင့္ ဒီမိုကေရစီစံႏႈန္းေတြကို ထိခိုက္ေစတဲ့လုပ္ရပ္ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနၾကီးဦးၾကီးျမင့္က ေျပာပါတယ္။

“လြတ္လပ္စြာေျပာဆိုခြင့္ freedom of expression ကို အႀကီးအက်ယ္ထိခိုက္တာေပါ့ေနာ္။ ဒီ အာဏာရပါတီအစိုးရက လုပ္တဲ့ ေျခဥျပင္ေဆးေရး ေကာ္မတီ ေထာက္ခံပြဲဟာ ၿငိမ္းစုစီ ဥပေဒ ပုဒ္မ ၄ အရ က်ေနာ္တို႔ ျမိဳ႕မိၿမိဳ႕ဖေတြကေနၿပီးေတာ့ တင္ၿပီးေတာ့လုပ္တဲ့ ေဟာေျပာပြဲေပါ့။အဲဒါကို တပ္မေတာ္က ၀င္ၿပီးေတာ့ တရားစြဲတာေပါ့ေနာ္။ တလကို ၂ ေခါက္သြားရမယ့္ဟာ၊ လမ္းစရိတ္ကလည္း သိပ္ႀကီးတယ္ ။ ဒါ က်ေနာ္တို႔ကို တမင္ဆင္ၿပီးေတာ့ စြဲခဲ့တာေလ။ က်ေနာ္တို႔လည္း မေျပာပဲနဲ႔ က်ေနာ္တို႔ တကယ္လို႔ ေျပာခဲ့တဲ့အျပည့္အစံုမဟုတ္ပဲနဲ႔ လိုတာေလးေတြ ထုတ္ၿပီးေတာ့ စြဲတာကိုေတာ့ မခံဘူးေပါ့ေနာ္ freedom of expression ကို ထိခိုက္တယ္။ ဒါေၾကာင့္ ျပန္လည္ရုပ္သိမ္းေပးသင့္တယ္လို႔ ယူဆတယ္။ ေတာင္းလည္း ေတာင္းဆိုပါတယ္။”

လက္ရွိ NLD အစိုးရသက္တမ္း ၄၅ လထဲမွာ တပ္မေတာ္အေနနဲ႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ခ်ိဳးေဖာက္တဲ့ တရားစြဲဆိုတာ သတင္းသမားေတြ ဥပေဒပညာရွင္ေတြ တက္ၾကြလႈပ္ရွားသူ ၉၀ေက်ာ္ ကို ပုဒ္မမ်ိဳးစံုနဲ႔ တရားစြဲဆိုခဲ့တဲ့ အမႈ အနည္းဆုံး ၅၀နီးပါး ရွိခဲ့တယ္လို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ အသံအဖြဲ႕က ဇန္နဝါရီလက ထုတ္ျပန္ခဲ့ပါတယ္။

ဒီမိုကေရစီစနစ္ေဖာ္ေဆာင္မယ္ဆိုတဲ့ အရပ္သားအစိုးရဘက္ကလည္း ႏုိင္ငံသားေတြအေပၚ အခုလိုဒီမိုကေရစီစံပ်က္ေစမယ့္တရားစြဲဆိုမႈေတြ လုပ္ေနတာကို လ်စ္လ်ဴရႈ႕မထားသင့္ဘူးလို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အသံရဲ႕ သုေတသနမွဴး ကိုရဲေဝၿဖိဳးေအာင္က ေျပာပါတယ္။

“စစ္တပ္ရဲ႕ တရားစြဲဆိုမႈေတြက လက္ရွိအစိုးရ သက္တမ္းၾကာလာေလေလ သူတို႔ရဲ႕ တရားစြဲဆိုမႈႏႈန္း ပိုျမင့္လာေလေလေတြ႔ရတယ္။ ၂၀၁၈ ေနာက္ပိုင္းမွာဆိုရင္ ICJ ကိစၥလို ျပႆနာေတြေပၚလာတယ္။ ၿပီးတဲ့အခါမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရးလို ျပႆနာေတြ ေပၚလာတယ္။ အျခားေသာ ႏိုင္ငံေရးျပႆနာေတြ ေပၚလာတယ္။ အဲလိုမ်ိဳး ႏိုင္ငံေရးအက်ပ္အတည္းေတြ ေပၚလာတိုင္း စစ္တပ္ကို ေ၀ဖန္ေျပာဆိုတဲ့ ျပည္သူေတြ ၊ လူ႕အခြင့္အေရးတက္ၾကြလႈပ္ရွားသူေတြကို ျပန္ၿပီးေတာ့ တရားစြဲတာကို ေတြ႔ရတာေပါ့ေနာ္။ ဥပမာ- ေဒါင္းတို႔မ်ိဳးဆက္တို႔၊ ဆရာဦးႀကီးျမင့္တို႔ ကဗ်ာဆရာေစာေ၀တို႔ သူတို႔ေတြက ဖြဲ႔စည္းပံု ျပင္ဆင္ေရးကိုပဲ ေျပာတဲ့အတြက္ တရားစြဲဆိုခံရတာလို႔ ေျပာလို႔ ရတယ္။”

အခုလက္ရွိမွာေတာ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေပါင္း ၆၃၁ ဦးအထိ ရွိေနၿပီး အက်ဥ္းခ်ခံေနရသူေပါင္း ၇၄ ဦး၊ ေထာင္တြင္းခ်ဳပ္ေႏွာင္ထားၿပီး လက္ရွိ တရားရင္ဆိုင္ေနရသူ ၁၇၂ ဦးနဲ႔ ျပင္ပကေန တရားရင္ဆိုင္ေနရသူေပါင္းက ၃၈၅ ဦးအထိ ရွိေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလရဲ႕ ေနာက္ဆံုးစာရင္းေကာက္ခံမႈ စာရင္းမွာ ေဖာ္ျပထားပါတယ္။

........................

တပ်ကတရားစွဲထားတဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ အမှုပလပ်ပေးဖို့ ဆက်ရင်ဆိုင်မယ်

(Unicode)

ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောမှုတွေထဲ စစ်တပ်ကိုထိပါးတယ်ဆိုတဲ့စွဲချက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တပ်မတော်ရဲ့ တရားစွဲခံထားရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကတော့ အမှုကို လုံးဝပလပ်ပေးဖို့ တရားဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားကြဖို့ ပြင်ဆင်နေပါတယ်။ မနေ့က ကော့သောင်းမြို့နယ်တရားရုံးကနေ သူတို့ကို ကျပ်သိန်း ၅၀စီနဲ့ အာမခံပေးလိုက်တာပါ။ လွတ်လပ်စွာပြောဆိုမှုတွေအပေါ် တပ်မတော်ရဲ့တရားစွဲဆိုမှုတွေ များလာတဲ့ အခြေအနေဟာ အရပ်သားအစိုးရလက်ထက် နိုင်ငံရဲ့ ဒီမိုကရေစီစံနှုန်းတွေအပေါ် မေးခွန်းထုတ်စရာဖြစ်လာနေတဲ့ အနေအထားဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံက သုံးသပ်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ ထောက်ခံပွဲက ဟောပြောချက်တွေဟာ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ ဦးစောဝေ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ကော့သောင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၃ရက်နေ့ မနေ့ကတော့ ကော့သောင်းတရားရုံးမှာ တရားလာရင်ဆိုင်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ကဗျာဆရာ ဦးစောဝေ တို့နှစ်ဦးကို မြန်မာကျပ်ငွေသိန်း ၅၀ စီနဲ့ အာမခံပေးလိုက်ပြီး အင်းစိန်ကနေ လက်ရှိထောင်ဒဏ်ကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ ကော့သောင်းထောင်ကို ထောင်ပြောင်းရွှေ့ထားပြီး တရားဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာတော့ တရားစွဲဆိုထားတဲ့တပ်မတော်ဘက်က တရားလိုတွေကို စတင်စစ်ဆေးသွားမယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“၁၇ရက်နေ့မှာတော့ တရားလိုကို စပြီးစစ်မှာပေါ့။ ဒုဗိုလ်မှူးကြီး အငြိမ်းစား ဇော်ဇော်ကို စစ်မယ်။ တရားလိုကို စပြီးစစ်မယ် ပြီးရင် တရားလိုပြသက်သေတွေကို စစ်မယ်။ ဒုဗိုလ်မှူးကြီး ဇော်ဇော်ကတော့ မနေ့တုန်းကတော့ မနေ့က တပ်က ထွက်သွားပြီ ။ ရိုးရိုးအရပ်ဝတ်နဲ့ပဲ လာတယ်။ ကျန်တဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီး ၅ ယောက် ကတော့ ယူနီဖောင်းတွေနဲ့ လာတယ်။ ဒါပေမယ့် ကျနော်တို့ တရားသူကြီးက ပြောင်းတော့မှာ ဆိုတော့ နောက်တရားသူကြီးလက်ထဲကို လွှဲထားခဲ့တယ်။ နောက်တရားသူကြီးလက်ထဲကျမှ စပြီးစစ်ရမှာပေါ့။

မေး။ ။ မနေ့က ဆရာနဲ့ ဦးစောဝေနဲ့ကို သိန်း ၅၀ စီနဲ့ အာမခံပေးလိုက်တယ်ပေါ့နော်။ အဲဒီအခြေအနေလေးလည်း နည်းနည်းပြောပြပေးပါ။

ဖြေ။ ။ အဲဒါက ဒီလို ကျနော်တို့က ဆေးကုနေတာကို တင်ပြတယ်ပေါ့ တင်ပြတဲ့အခါမှာ အစိုးရဘက်က ဥပဒေအရာရှိက ကျနော်တို့ ကို မပေးသင့်ပါဘူးပေါ့။ ဆရာဝန်တွေကတော့ ပေးသင့်ပါတယ် လျှောက်ထားတယ်ပေါ့။ ကျနော်တို့ဘက်က လည်း အဲလို လျှောက်မယ်မှန်းသိလို့ ကျနော်တို့ကလည်း ကော့သောင်းကဆရာဝန်တယောက်ကို အဆင်သင့်ပေါ့လေ ဆေးလက်မှတ်တွေလည်း ယူထားပါတယ်။ အဲဒါနဲ့ အဲဒီဆရာဝန်ကို ခေါ်စစ်လိုက်တဲ့အခါကျတော့ ရန်ကုန်က အထူးကုဆရာဝန်ကြီးတွေရဲ့ ဆေးလက်မှတ်တွေရယ်၊ ကော့သောင်းကဆရာဝန်ရဲ့ ဆေးလက်မှတ်တွေရယ် ပေါင်းစပ်ပြီးတော့ ကျနော်တို့ကို ဆေးအာမခံပေးလိုက်တာပါ။”

အခုလိုမျိုး နိုင်ငံအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူအများသိရှိအောင် ဟောပြောတင်ပြခဲ့ကြတဲ့ ဥပဒေပညာရှင်တွေ ဒီမိုကရေစီအင်အားစုတွေကို တပ်မတော်ဘက်က နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုတဲ့စွဲချက်နဲ့ တရားစွဲဆိုမှုတွေကတော့ လွတ်လပ်စွာပြောဆိုခွင့် ဒီမိုကရေစီစံနှုန်းတွေကို ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်က ပြောပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့် freedom of expression ကို အကြီးအကျယ်ထိခိုက်တာပေါ့နော်။ ဒီ အာဏာရပါတီအစိုးရက လုပ်တဲ့ ခြေဥပြင်ဆေးရေး ကော်မတီ ထောက်ခံပွဲဟာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၄ အရ ကျနော်တို့ မြို့မိမြို့ဖတွေကနေပြီးတော့ တင်ပြီးတော့လုပ်တဲ့ ဟောပြောပွဲပေါ့။အဲဒါကို တပ်မတော်က ဝင်ပြီးတော့ တရားစွဲတာပေါ့နော်။ တလကို ၂ ခေါက်သွားရမယ့်ဟာ၊ လမ်းစရိတ်ကလည်း သိပ်ကြီးတယ် ။ ဒါ ကျနော်တို့ကို တမင်ဆင်ပြီးတော့ စွဲခဲ့တာလေ။ ကျနော်တို့လည်း မပြောပဲနဲ့ ကျနော်တို့ တကယ်လို့ ပြောခဲ့တဲ့အပြည့်အစုံမဟုတ်ပဲနဲ့ လိုတာလေးတွေ ထုတ်ပြီးတော့ စွဲတာကိုတော့ မခံဘူးပေါ့နော် freedom of expression ကို ထိခိုက်တယ်။ ဒါကြောင့် ပြန်လည်ရုပ်သိမ်းပေးသင့်တယ်လို့ ယူဆတယ်။ တောင်းလည်း တောင်းဆိုပါတယ်။”

လက်ရှိ NLD အစိုးရသက်တမ်း ၄၅ လထဲမှာ တပ်မတော်အနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ တရားစွဲဆိုတာ သတင်းသမားတွေ ဥပဒေပညာရှင်တွေ တက်ကြွလှုပ်ရှားသူ ၉၀ကျော် ကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခဲ့တဲ့ အမှု အနည်းဆုံး ၅၀နီးပါး ရှိခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့က ဇန်နဝါရီလက ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရဘက်ကလည်း နိုင်ငံသားတွေအပေါ် အခုလိုဒီမိုကရေစီစံပျက်စေမယ့်တရားစွဲဆိုမှုတွေ လုပ်နေတာကို လျစ်လျူရှု့မထားသင့်ဘူးလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံရဲ့ သုတေသနမှူး ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

“စစ်တပ်ရဲ့ တရားစွဲဆိုမှုတွေက လက်ရှိအစိုးရ သက်တမ်းကြာလာလေလေ သူတို့ရဲ့ တရားစွဲဆိုမှုနှုန်း ပိုမြင့်လာလေလေတွေ့ရတယ်။ ၂၀၁၈ နောက်ပိုင်းမှာဆိုရင် ICJ ကိစ္စလို ပြဿနာတွေပေါ်လာတယ်။ ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလို ပြဿနာတွေ ပေါ်လာတယ်။ အခြားသော နိုင်ငံရေးပြဿနာတွေ ပေါ်လာတယ်။ အဲလိုမျိုး နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်လာတိုင်း စစ်တပ်ကို ဝေဖန်ပြောဆိုတဲ့ ပြည်သူတွေ ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ပြန်ပြီးတော့ တရားစွဲတာကို တွေ့ရတာပေါ့နော်။ ဥပမာ- ဒေါင်းတို့မျိုးဆက်တို့၊ ဆရာဦးကြီးမြင့်တို့ ကဗျာဆရာစောဝေတို့ သူတို့တွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပဲ ပြောတဲ့အတွက် တရားစွဲဆိုခံရတာလို့ ပြောလို့ ရတယ်။”

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၆၃၁ ဦးအထိ ရှိနေပြီး အကျဉ်းချခံနေရသူပေါင်း ၇၄ ဦး၊ ထောင်တွင်းချုပ်နှောင်ထားပြီး လက်ရှိ တရားရင်ဆိုင်နေရသူ ၁၇၂ ဦးနဲ့ ပြင်ပကနေ တရားရင်ဆိုင်နေရသူပေါင်းက ၃၈၅ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးစာရင်းကောက်ခံမှု စာရင်းမှာ ဖော်ပြထားပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
တပ္ကတရားစြဲထားတဲ့ ေရွ႕ေနႀကီးဦးႀကီးျမင့္တို႔ အမႈပလပ္ေပးဖို႔ ဆက္ရင္ဆိုင္မယ္ တပ္ကတရားစြဲထားတဲ့ ေရွ႕ေနႀကီးဦးႀကီးျမင့္တို႔ အမႈပလပ္ေပးဖို႔ ဆက္ရင္ဆိုင္မယ္ Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.