ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာႏိုင္ေျခ အေမရိကန္ ျပင္ဆင္ထား

အေမရိကန္သမၼတ ေဒၚနယ္ဒ္လ္ ထရမ့္ပ္ (ေဖေဖာ္၀ါရီ၊ ၂၆၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္လာမယ့္အေရးကို ေရွာင္ႏိုင္မွာမဟုတ္ဘူးလို႔ သူမထင္တဲ့အေၾကာင္း သမၼတ ေဒၚနယ္ဒ္လ္ ထရမ့္ပ္ကေျပာေပမဲ့ သူ႔အစိုးရအေနနဲ႔ တုံ႔ျပန္လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိေနတယ္ဆိုတာ ယံုၾကည္စိတ္ခ်တယ္လို႔ ေျပာပါတယ္။

“မလြဲမေသြျဖစ္လာလိမ့္မယ္လို႔ က်ေနာ္မထင္ပါဘူး။ ျဖစ္ေကာင္းျဖစ္လာပါမယ္၊ ျဖစ္ခ်င္လည္း ျဖစ္လာပါမယ္။ အနည္းအက်ဥ္းပဲ ျဖစ္ႏိုင္သလို အမ်ားအျပားလည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္လာျဖစ္လာ က်ေနာ္တို႔ လံုးဝ အသင့္ ျပင္ဆင္ထားၿပီးသားပါ။” လို႔ ဗုဒၶဟူးေန႔က အိမ္ျဖဴေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း သမၼတထရမ့္ပ္က ေျပာသြားပါတယ္။

အေမရိကန္လူထုၾကားမွာ ေရာဂါပိုး ကူးစက္ပ်ံ႕ႏံွ႔ႏုိင္ေျခ အႏၲရာယ္ အလားအလာက သိပ္နည္းပါတယ္လုိ႔လည္း ဆုိပါတယ္။

အေမရိကန္မွာ ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔လာမွာလားဆိုတာ ေမးခြန္းထုတ္စရာ မရွိေတာ့ဘဲ ဘယ္အခ်ိန္မွာ လူဘယ္ႏွေယာက္ကို ကူးစက္လာမွာလည္းဆိုတဲ့ ေမးခြန္းပဲ ရွိေတာ့တယ္လို႔ ေရာဂါပိုးထိန္းခ်ဳဳပ္ကာကြယ္ေရးဌာန CDC တာဝန္ရွိသူေတြကေျပာ အၿပီး ေနာက္တရက္မွာ သမၼတထရမ့္ပ္က အခုလုိေျပာတာပါ။ အခုလက္ရွိအခ်ိန္ထိဆိုရင္ အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားသူ အေယာက္ ၆၀ ရွိေနပါၿပီ။

က်န္းမာေရးတာဝန္ရွိသူေတြ အဓိကစိုးရိမ္ေနတာကေတာ့ ဘယ္အခ်ိန္မွာ ဘယ္လို ကူးလာမွန္းမသိဘဲ ပ်ံ႕ႏွံ႔ကူးစက္တာမ်ဳိးပဲ ျဖစ္ပါတယ္။ အဲဒီလိုျဖစ္ႏုိင္ေျခအလားအလာ ျဖစ္ရပ္တခုကို CDC က ဗုဒၶဟူးေန႔မွာပဲ ေၾကညာခဲ့တာပါ။

ကာလီဖိုးနီးယားျပည္နယ္က လူတေယာက္ဟာ ဗုိင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ ေဒသေတြဆီကို ခရီးသြားခဲ့တာလည္းမဟုတ္ ဗိုင္းရပ္စ္ပိုး ကူးစက္ထားသူနဲ႔ အနီးကပ္ရွိခဲ့တာလည္း မဟုတ္ဘဲနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ထားတယ္ဆုိတာ စမ္းသပ္ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။


[Unicode Version]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာနိုင်ခြေ အမေရိကန် ပြင်ဆင်ထား

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာမယ့်အရေးကို ရှောင်နိုင်မှာမဟုတ်ဘူးလို့ သူမထင်တဲ့အကြောင်း သမ္မတ ဒေါ်နယ်ဒ်လ် ထရမ့်ပ်ကပြောပေမဲ့ သူ့အစိုးရအနေနဲ့ တုံ့ပြန်လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ယုံကြည်စိတ်ချတယ်လို့ ပြောပါတယ်။

“မလွဲမသွေဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ဖြစ်ကောင်းဖြစ်လာပါမယ်၊ ဖြစ်ချင်လည်း ဖြစ်လာပါမယ်။ အနည်းအကျဉ်းပဲ ဖြစ်နိုင်သလို အများအပြားလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်လာဖြစ်လာ ကျနော်တို့ လုံးဝ အသင့် ပြင်ဆင်ထားပြီးသားပါ။” လို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

Covid-19 ကမ္ဘာမှာပျံ့နှံ့မှု တရုတ်နဲ့ ဆက်စပ်နေဆိုတဲ့ အကြောင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

အမေရိကန်လူထုကြားမှာ ရောဂါပိုး ကူးစက်ပျံ့နံှ့နိုင်ခြေ အန္တရာယ် အလားအလာက သိပ်နည်းပါတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်မှာ ရောဂါပိုး ကူးစက်ပျံ့နှံ့လာမှာလားဆိုတာ မေးခွန်းထုတ်စရာ မရှိတော့ဘဲ ဘယ်အချိန်မှာ လူဘယ်နှယောက်ကို ကူးစက်လာမှာလည်းဆိုတဲ့ မေးခွန်းပဲ ရှိတော့တယ်လို့ ရောဂါပိုးထိန်းချုုပ်ကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေကပြော အပြီး နောက်တရက်မှာ သမ္မတထရမ့်ပ်က အခုလိုပြောတာပါ။ အခုလက်ရှိအချိန်ထိဆိုရင် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူ အယောက် ၆၀ ရှိနေပါပြီ။

ကျန်းမာရေးတာဝန်ရှိသူတွေ အဓိကစိုးရိမ်နေတာကတော့ ဘယ်အချိန်မှာ ဘယ်လို ကူးလာမှန်းမသိဘဲ ပျံ့နှံ့ကူးစက်တာမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နိုင်ခြေအလားအလာ ဖြစ်ရပ်တခုကို CDC က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။

ကာလီဖိုးနီးယားပြည်နယ်က လူတယောက်ဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်နေတဲ့ ဒေသတွေဆီကို ခရီးသွားခဲ့တာလည်းမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ထားသူနဲ့ အနီးကပ်ရှိခဲ့တာလည်း မဟုတ်ဘဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတယ်ဆိုတာ စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာႏိုင္ေျခ အေမရိကန္ ျပင္ဆင္ထား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာႏိုင္ေျခ အေမရိကန္ ျပင္ဆင္ထား Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.