ဝူဟန္က ျမန္မာေက်ာင္းသားေတြ မႏၲေလးေရာက္ၿပီ

ေက်ာင္းသားမ်ားေနရန္ စီစဥ္ထားသည့္ မႏၲေလး၊ ကန္ေတာ္နဒီေဆး႐ံုတြင္း ျမင္ကြင္းတခု။ (ဓာတ္ပံု - မႏၲေလးၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္ေဖ့စ္ဘုတ္) (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စေနညဘက္က ျပန္ေခၚလာတဲ့ ျမန္မာေက်ာင္းသားေတြဟာ ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြေန႔မနက္ အေစာႀကီး ၄ နာရီ ပတ္ဝန္းက်င္က မႏၲေလးၿမိဳ႕ကို ေရာက္သြားၾကပါၿပီ။

ေက်ာင္းသားေတြကို ျမန္မာအမ်ဳိးသားေလေၾကာင္းလိုင္း (MNA) ေလယာဥ္နဲ႔ ဝူဟန္ကေန ျပန္ေခၚလာတာ ျဖစ္ပါတယ္။

သူတို႔ကုို မႏၲေလးက ကန္ေတာ္နဒီေဆး႐ံုမွာ သီတင္းႏွစ္ပတ္ၾကာ သီးျခားခြဲထားၿပီးေတာ့ ေစာင့္ၾကည့္မယ့္အေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ကူးစက္ခံထားရတယ္ ဆုိရင္ေတာင္မွ သီတင္းႏွစ္ပတ္အတြင္း ေရာဂါလကၡဏာေတြ မျပတဲ့အတြက္ အခုလို ႏွစ္ပတ္ၾကာ သီးျခားခြဲ ေစာင့္ၾကည့္ရတာ ျဖစ္ပါတယ္။

ကန္ေတာ္နဒီေဆး႐ံု ပတ္ဝန္းက်င္မွာ လံုၿခံဳေရး အထူးတင္းက်ပ္ထားၿပီး အၿမဲတမ္းတာဝန္က် ဆရာဝန္၊ ဆရာမနဲ႔ တျခားဝန္ထမ္းႏွစ္ဦးပဲ ရွိမွာျဖစ္ၿပီးေတာ့ အျပင္လူေတြ လံုးဝအဝင္မခံဘူးလို႔လည္း ဦးရဲလြင္က ေရးထားပါတယ္။

အခုလို သီးျခားခြဲထားတာကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း လုပ္ရတာျဖစ္ၿပီး အျပင္လူ ေတြ႔ခြင့္မေပးတဲ့ၾကားထဲက အတင္းဝင္လာသူေတြ ရွိတယ္ဆိုရင္ လံုၿခံဳေရးတပ္ဖြဲ႔ေတြအေနနဲ႔ ေလးခြ၊ ရာဘာက်ည္တို႔နဲ႔ ပစ္ခြင့္ေပးထားတယ္လုိ႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေရးထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ပိုး ကူးစက္ျပန္႔ပြားတဲ့ လူအေရအတြက္နဲ႔ ေသဆံုးသူအေရအတြက္ ပိုပိုၿပီး တိုးလာေနတာေၾကာင့္ ျမန္မာႏုိင္ငံမွာလည္း စမ္းသပ္္စစ္ေဆးတာနဲ႔ ကာကြယ္တာေတြကို အရွိန္ျမႇင့္ လုပ္ေဆာင္ေနတယ္လုိ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒါေပမယ့္လည္း လူထုၾကားမွာ ဗိုင္းရပ္စ္ကို ဘယ္လိုကာကြယ္ရမယ္္ဆိုတဲ့ က်န္းမာေရးအသိ နည္းေနေသးတယ္လို႔ ေထာက္ျပၿပီး ဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ က်န္းမာေရးအသိ ပိုရွိလာေအာင္ အစိုးရက လုပ္ေပးေစခ်င္ၾကပါတယ္။

----------------------------------------

(Unicode)

ဝူဟန်က မြန်မာကျောင်းသားတွေ မန္တလေးရောက်ပြီ

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စနေညဘက်က ပြန်ခေါ်လာတဲ့ မြန်မာကျောင်းသားတွေဟာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် အစောကြီး ၄ နာရီ ပတ်ဝန်းကျင်က မန္တလေးမြို့ကို ရောက်သွားကြပါပြီ။

ကျောင်းသားတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်နဲ့ ဝူဟန်ကနေ ပြန်ခေါ်လာတာ ဖြစ်ပါတယ်။

သူတို့ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားပြီးတော့ စောင့်ကြည့်မယ့်အကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံထားရတယ် ဆိုရင်တောင်မှ သီတင်းနှစ်ပတ်အတွင်း ရောဂါလက္ခဏာတွေ မပြတဲ့အတွက် အခုလို နှစ်ပတ်ကြာ သီးခြားခွဲ စောင့်ကြည့်ရတာ ဖြစ်ပါတယ်။

ကန်တော်နဒီဆေးရုံ ပတ်ဝန်းကျင်မှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး အမြဲတမ်းတာဝန်ကျ ဆရာဝန်၊ ဆရာမနဲ့ တခြားဝန်ထမ်းနှစ်ဦးပဲ ရှိမှာဖြစ်ပြီးတော့ အပြင်လူတွေ လုံးဝအဝင်မခံဘူးလို့လည်း ဦးရဲလွင်က ရေးထားပါတယ်။

အခုလို သီးခြားခွဲထားတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ရတာဖြစ်ပြီး အပြင်လူ တွေ့ခွင့်မပေးတဲ့ကြားထဲက အတင်းဝင်လာသူတွေ ရှိတယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လေးခွ၊ ရာဘာကျည်တို့နဲ့ ပစ်ခွင့်ပေးထားတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ရေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားတဲ့ လူအရေအတွက်နဲ့ သေဆုံးသူအရေအတွက် ပိုပိုပြီး တိုးလာနေတာကြောင့် မြန်မာနိုင်ငံမှာလည်း စမ်းသပ်စစ်ဆေးတာနဲ့ ကာကွယ်တာတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း လူထုကြားမှာ ဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ ကျန်းမာရေးအသိ နည်းနေသေးတယ်လို့ ထောက်ပြပြီး ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကျန်းမာရေးအသိ ပိုရှိလာအောင် အစိုးရက လုပ်ပေးစေချင်ကြပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဝူဟန္က ျမန္မာေက်ာင္းသားေတြ မႏၲေလးေရာက္ၿပီ ဝူဟန္က ျမန္မာေက်ာင္းသားေတြ မႏၲေလးေရာက္ၿပီ Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.