ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ျမန္မာခရီးသြားေတြနဲ႔ လုပ္ငန္းရွင္ေတြ အခက္ႀကံဳ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံကစတင္လိုက္တဲ့ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ေၾကာင့္ ခရီးသြားလာမႈေတြကို ႏိုင္ငံအေတာ္မ်ားမ်ားက ကန္႔သတ္လိုက္တဲ့ အတြက္ ျမန္မာခရီးသြားေတြနဲ႔ လုပ္ငန္းရွင္ေတြ အခက္ႀကဳံေနရပါတယ္။

ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းရတာ ဆိုင္းငံ့ရတာေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ အေျခစိုက္တဲ့ ျမန္မာခရီးသြားလုပ္ငန္းရွင္ေတြ ဝင္ေငြထိခိုက္လာသလို၊ စီစဥ္ထားတဲ့အတိုင္း ခရီးမထြက္ႏိုင္တဲ့ ျမန္မာခရီးသြားေတြလည္း ရွိေနပါတယ္။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာျဖစ္ပါတယ္။

ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမွာ စုိးရိမ္ေနတာေၾကာင့္ တ႐ုတ္ႏိုင္ငံကို ဦးတည္ပ်ံသန္းမယ့္ ေလေၾကာင္းလိုင္းေတြ၊ တ႐ုတ္ႏိုင္ငံထဲက တခ်ဳိ႕ ၿမဳိ့ႀကီးေတြမွာ ခရီးတေထာက္နားၿပီး ျမန္မာႏိုင္ငံကို ခရီးဆက္မယ့္ ေလေၾကာင္းလိုင္းေတြဟာလည္း စီးမယ့္သူ မရွိသေလာက္ျဖစ္သြားပါတယ္ ဒါေၾကာင့္လည္း မတ္လအကုန္ထိ ခရီးစဥ္ေတြ ဖ်က္သိမ္းထားတယ္လို႔ အေမရိကန္အေရွ႕ျခမ္း ဗာဂ်ီးနီးယားျပည္နယ္က FK World ႏိုင္ငံတကာ ေလယာဥ္လက္မွတ္ကုမၸဏီ အာရွတာဝန္ခံ ေဒၚေမေမသန္းက ရွင္းျပပါတယ္။

“ China Airline ေတြေပါ့၊ ခ်ဳိင္းနားအဲလိုင္းက Air China, Southern China, Eastern China ေပါ့ေနာ္၊ သူက ျပည္မ mainland China နဲ႔ပတ္သက္တယ္ဆိုေတာ့ အဲဒီဟာက လုံးဝႀကီးကို ေရာင္းအားက်သြားတယ္။ ေနာက္ပိုင္းမွာ ေဟာင္ေကာင္မွာျဖစ္လာတယ္ ဆိုတဲ့ခါက်မွ Cathay Pacific ကိုလည္း႐ိုက္ခတ္လာပါတယ္။ က်မတုိ႔ဆီကိုေတာ့ Cathay Pacific ေလေၾကာင္းလုိင္းက အျမဲတမ္း Email ေတြပို႔ပါတယ္။ သူတို႔ မသြားႏိုင္ဘူး ဆိုတာေတြကို။ ဟုိ ေဖေဖၚဝါရီ ၉ ရက္ေန မတ္လကုန္အထိ တ႐ုတ္ျပည္မႀကီးဘက္ သြားမယ့္ခရီးစဥ္ေတြ အဓိက ဖ်က္ပစ္ပါတယ္။ ”

အဓိကအားျဖင့္ တ႐ုတ္ေလေၾကာင္းလိုင္းေတြသုံးၿပီး အေမရိကန္ျပည္ေထာင္စု ေဘာ့စတြန္၊ နယူးေယာက္၊ ဝါရွင္တန္ဒီစီ ေလဆိပ္ေတြကေန တ႐ုတ္ႏိုင္ငံ ေဘဂ်င္းနဲ႔ ေဟာင္ေကာင္ေလဆိပ္ေတြမွာ ခရီးတေထာက္နားၿပီး ရန္ကုန္ႏိုင္ငံတကာေလဆိပ္ကို သြားၾကမယ့္ ခရီးစဥ္အားလုံး ေလာေလာဆယ္ ဖ်က္သိမ္းထားတာပါ။ ခုလို ခရီးစဥ္ဖ်က္သိမ္းေပမယ့္ ေလယာဥ္လက္မွတ္ႀကဳိတင္ ဝယ္ယူထားသူေတြကိုေတာ့ လက္မွတ္ရဲ့ မူလတန္ဖိုးအတုိင္း ျပန္အမ္းေပးေနတယ္လို႔ ဆိုပါတယ္။

ဝါရွင္တန္ဒီစီမွာသာမက ျမန္မာအမ်ားစုရွိရာ နယူးေယာက္ၿမဳိ့မွာလည္း တ႐ုတ္ေလေၾကာင္းလုိင္းနဲ႔ ပတ္သက္တဲ့ ျမန္မာအပါအဝင္ အာရွ ခရီးစဥ္ေတြ အားလုံးနီးပါး အေရာင္းက်ကုန္ၿပီး စီးပြားေရးအရ ထိခိုက္ေနတယ္လို႔ နယူးေယာက္က L 2 Travel ေလယာဥ္လက္မွတ္ အေရာင္းဌာနပုိင္ရွင္ ကိုလာရီက ေျပာပါတယ္။

“ အခု အာရွဘက္သြားတဲ့လူေတြ မရွိေတာ့ဘူး။ အကုန္ေရာင္းအားက်တာပဲ၊ ၇၀% ေလာက္ က်သြားတယ္။ အဲဒီ ဗိုင္းရပ္စ္ေၾကာင့္ေပါ့ လူေတြက ေၾကာက္ၿပီးေတာ့ မသြားရဲၾကဘူးေလ။ သူတို႔ခရီးသြားဖို႔ စီစဥ္ထားတာေတြ အကုန္ဖ်က္လိုက္ၾကတာ။ အခု ေလယာဥ္ပ်ံ လက္မွတ္ကို လူေတြလာမဝယ္ေတာ့ဘူးဗ်။ China Airline တို႔ Cathay Pacific လိုင္းတုိ႔ အကုန္လုံး စီးပြားေရးက်သြားၿပီ။”

အခုလို ခရီးစဥ္ဖ်က္သိမ္းမႈေတြေၾကာင့္ လာမယ့္ဧၿပီလထဲမွာ တ႐ုတ္ေလေၾကာင္းလိုင္းစီးၿပီး မိသားစုနဲ႔ ျမန္မာျပည္ျပန္ဖို႔ စီစဥ္ထားတဲ့ ခရီးစဥ္ ဟာလည္း မေရမရာ ျဖစ္သြားၿပီလို႔ ဗာဂ်ီးနီးယားမွာေနထိုင္တဲ့ ကိုငယ္က ေျပာပါတယ္။

“ က်ေနာ္က က်ေနာ့္သမီး ၂ေယာက္နဲ႔ Spring Break ေႏြဦးရာသီေက်ာင္းပိတ္ရက္မွာ ျမန္မာျပည္ကိုသြားဖို႔ အကုန္လုံးစီစဥ္ထားတာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက။ ဧၿပီ ၅ ရက္ေန႔မွာ ကေလးေတြ ေက်ာင္းကလည္း ပိတ္တယ္ဆိုေတာ့ေလ၊ အဲဒါ ျမန္မာျပည္ကိုသြားၿပီး သူတို႔ အဖိုးအဖြားေတြနဲ႔ ေတြ႔ေပးဖို႔ စီစဥ္ထားတာ။ အဲဒါ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေလယာဥ္ခရီးစဥ္ေတြ ေရႊ႕ဆိုင္းတယ္ဆိုၿပီးေတာ့ ျမန္မာျပည္ကို Air China ေတြ သြားလုိ႔မရေတာ့ဘူးဆုိၿပီးေတာ့ ၾကားတာေပါ့ေနာ္။ အဲဒီအတြက္ကို အစီအစဥ္ေတြက အကုန္ ပ်က္ကုန္ၿပီးေတာ့ ကေလးေတြလည္း ဒုကၡေရာက္တာေပါ့။ ”

မတ္လကုန္အထိ တ႐ုတ္ေလေၾကာင္းလိုင္းေတြ ေျပးဆြဲမႈ ယာယီရပ္ထားေပမဲ့ ဧၿပီလထဲမွာ ျပန္စႏိုင္မလားဆိုတာကေတာ့ မေသခ်ာေသး ပါဘူး။ ဒါေပမဲ့လည္း ဧၿပီလ ခရီးစဥ္ေတြအတြက္ အာရွခရီးစဥ္လက္မွတ္ေတြ ေရာင္းေနရတယ္လို႔ ေဒၚေမေမသန္းက ေျပာပါတယ္။

“အခု ဧၿပီမွာေတာ့ ေရာင္းေနရတဲ့ ေရာင္းအားေတြ ရွိတယ္ဆိုေတာ့ ဒီ(တ႐ုတ္)လိုင္းကို မသုံးရင္လည္း အျခားလိုင္းေတြ သုံးလို႔ ရေနတယ္ ေလ။ ဆိုေတာ့ ကိုရီးယားတို႔ အေရွ႕အလယ္ပိုင္း ႏုိင္ငံက ေလေၾကာင္းလိုင္းေတြကလည္း အမ်ားႀကီးရွိတာဆိုေတာ့ ဒီက(အေမရိကန္) ကေလးေတြ ေက်ာင္းပိတ္ရက္ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လေတြမွာလည္းပဲ သြားဖို႔လို႔ ျပင္ဆင္ေနၾကပါၿပီ။ လက္မွတ္ ျပန္ေတာ့ ေရာင္းရမွာပါ။ ေရာင္းအားေတြ ျပန္တက္လာဖို႔ေတာ့ အေျခအေန ရွိပါတယ္။”

ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ေၾကာင့္ အေမရိကန္ရဲ႕ခရီးသြားလုပ္ငန္းမွာ ၄ ႏွစ္အတြင္း ေဒၚလာ(၁၀)ဘီလ်ံေလာက္ ထိခုိက္ႏိုင္ၿပီး တဝက္ေလာက္ဟာ ဒီႏွစ္ ၂၀၂၀ ထဲမွာျဖစ္မယ္လို႔ စီးပြားေရး ကၽြမ္းက်င္သူတခ်ဳိ႕က ခန္႔မွန္းေနၾကပါတယ္။ ထိခိုက္မႈေတြကေန သက္သာရာ ရေအာင္ အေမရိကန္ေလေၾကာင္းလိုင္းေတြက ႀကဳိးပမ္းေနၾကေပမဲ့လည္း ခရီးသြားလုပ္ငန္းေတြနဲ႔ ဆက္ႏႊယ္ေနတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ မွာေတာ့ အထိနာႏိုင္တယ္လုိ႔လည္း သတိေပးေနၾကတာပါ။

နာမည္ေက်ာ္ Hilton ဟိုတယ္လုပ္ငန္း အမႈေဆာင္အရာ႐ွိခ်ဳပ္ Chris Nassetta ကလည္း ကုိ႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္မႈဟာ အနည္းဆုံး ၆ လကေန တႏွစ္ေလာက္အထိ ႐ိုက္ခတ္ႏိုင္တယ္လို႔ ခန္႔မွန္းထားေၾကာင္း မၾကာေသးခင္တုန္းကပဲ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို သတိေပး ေျပာဆိုထားပါတယ္။

.....................

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအခက်ကြုံ

(Unicode)

တရုတ်နိုင်ငံကစတင်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ခရီးသွားလာမှုတွေကို နိုင်ငံအတော်များများက ကန့်သတ်လိုက်တဲ့ အတွက် မြန်မာခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရပါတယ်။ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းရတာ ဆိုင်းငံ့ရတာတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ မြန်မာခရီးသွားလုပ်ငန်းရှင်တွေ ဝင်ငွေထိခိုက်လာသလို၊ စီစဉ်ထားတဲ့အတိုင်း ခရီးမထွက်နိုင်တဲ့ မြန်မာခရီးသွားတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်နေတာကြောင့် တရုတ်နိုင်ငံကို ဦးတည်ပျံသန်းမယ့် လေကြောင်းလိုင်းတွေ၊ တရုတ်နိုင်ငံထဲက တချို့ မြို့ကြီးတွေမှာ ခရီးတထောက်နားပြီး မြန်မာနိုင်ငံကို ခရီးဆက်မယ့် လေကြောင်းလိုင်းတွေဟာလည်း စီးမယ့်သူ မရှိသလောက်ဖြစ်သွားပါတယ် ဒါကြောင့်လည်း မတ်လအကုန်ထိ ခရီးစဉ်တွေ ဖျက်သိမ်းထားတယ်လို့ အမေရိကန်အရှေ့ခြမ်း ဗာဂျီးနီးယားပြည်နယ်က FK World နိုင်ငံတကာ လေယာဉ်လက်မှတ်ကုမ္ပဏီ အာရှတာဝန်ခံ ဒေါ်မေမေသန်းက ရှင်းပြပါတယ်။

“ China Airline တွေပေါ့၊ ချိုင်းနားအဲလိုင်းက Air China, Southern China, Eastern China ပေါ့နော်၊ သူက ပြည်မ mainland China နဲ့ပတ်သက်တယ်ဆိုတော့ အဲဒီဟာက လုံးဝကြီးကို ရောင်းအားကျသွားတယ်။ နောက်ပိုင်းမှာ ဟောင်ကောင်မှာဖြစ်လာတယ် ဆိုတဲ့ခါကျမှ Cathay Pacific ကိုလည်းရိုက်ခတ်လာပါတယ်။ ကျမတို့ဆီကိုတော့ Cathay Pacific လေကြောင်းလိုင်းက အမြဲတမ်း Email တွေပို့ပါတယ်။ သူတို့ မသွားနိုင်ဘူး ဆိုတာတွေကို။ ဟို ဖေဖေါ်ဝါရီ ၉ ရက်နေ မတ်လကုန်အထိ တရုတ်ပြည်မကြီးဘက် သွားမယ့်ခရီးစဉ်တွေ အဓိက ဖျက်ပစ်ပါတယ်။ ”

အဓိကအားဖြင့် တရုတ်လေကြောင်းလိုင်းတွေသုံးပြီး အမေရိကန်ပြည်ထောင်စု ဘော့စတွန်၊ နယူးယောက်၊ ဝါရှင်တန်ဒီစီ လေဆိပ်တွေကနေ တရုတ်နိုင်ငံ ဘေဂျင်းနဲ့ ဟောင်ကောင်လေဆိပ်တွေမှာ ခရီးတထောက်နားပြီး ရန်ကုန်နိုင်ငံတကာလေဆိပ်ကို သွားကြမယ့် ခရီးစဉ်အားလုံး လောလောဆယ် ဖျက်သိမ်းထားတာပါ။ ခုလို ခရီးစဉ်ဖျက်သိမ်းပေမယ့် လေယာဉ်လက်မှတ်ကြိုတင် ဝယ်ယူထားသူတွေကိုတော့ လက်မှတ်ရဲ့ မူလတန်ဖိုးအတိုင်း ပြန်အမ်းပေးနေတယ်လို့ ဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာသာမက မြန်မာအများစုရှိရာ နယူးယောက်မြို့မှာလည်း တရုတ်လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ မြန်မာအပါအဝင် အာရှ ခရီးစဉ်တွေ အားလုံးနီးပါး အရောင်းကျကုန်ပြီး စီးပွားရေးအရ ထိခိုက်နေတယ်လို့ နယူးယောက်က L 2 Travel လေယာဉ်လက်မှတ် အရောင်းဌာနပိုင်ရှင် ကိုလာရီက ပြောပါတယ်။

“ အခု အာရှဘက်သွားတဲ့လူတွေ မရှိတော့ဘူး။ အကုန်ရောင်းအားကျတာပဲ၊ ၇၀% လောက် ကျသွားတယ်။ အဲဒီ ဗိုင်းရပ်စ်ကြောင့်ပေါ့ လူတွေက ကြောက်ပြီးတော့ မသွားရဲကြဘူးလေ။ သူတို့ခရီးသွားဖို့ စီစဉ်ထားတာတွေ အကုန်ဖျက်လိုက်ကြတာ။ အခု လေယာဉ်ပျံ လက်မှတ်ကို လူတွေလာမဝယ်တော့ဘူးဗျ။ China Airline တို့ Cathay Pacific လိုင်းတို့ အကုန်လုံး စီးပွားရေးကျသွားပြီ။”

အခုလို ခရီးစဉ်ဖျက်သိမ်းမှုတွေကြောင့် လာမယ့်ဧပြီလထဲမှာ တရုတ်လေကြောင်းလိုင်းစီးပြီး မိသားစုနဲ့ မြန်မာပြည်ပြန်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ် ဟာလည်း မရေမရာ ဖြစ်သွားပြီလို့ ဗာဂျီးနီးယားမှာနေထိုင်တဲ့ ကိုငယ်က ပြောပါတယ်။

“ ကျနော်က ကျနော့်သမီး ၂ယောက်နဲ့ Spring Break နွေဦးရာသီကျောင်းပိတ်ရက်မှာ မြန်မာပြည်ကိုသွားဖို့ အကုန်လုံးစီစဉ်ထားတာ ပြီးခဲ့တဲ့ နှစ်ကတည်းက။ ဧပြီ ၅ ရက်နေ့မှာ ကလေးတွေ ကျောင်းကလည်း ပိတ်တယ်ဆိုတော့လေ၊ အဲဒါ မြန်မာပြည်ကိုသွားပြီး သူတို့ အဖိုးအဖွားတွေနဲ့ တွေ့ပေးဖို့ စီစဉ်ထားတာ။ အဲဒါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းတယ်ဆိုပြီးတော့ မြန်မာပြည်ကို Air China တွေ သွားလို့မရတော့ဘူးဆိုပြီးတော့ ကြားတာပေါ့နော်။ အဲဒီအတွက်ကို အစီအစဉ်တွေက အကုန် ပျက်ကုန်ပြီးတော့ ကလေးတွေလည်း ဒုက္ခရောက်တာပေါ့။ ”

မတ်လကုန်အထိ တရုတ်လေကြောင်းလိုင်းတွေ ပြေးဆွဲမှု ယာယီရပ်ထားပေမဲ့ ဧပြီလထဲမှာ ပြန်စနိုင်မလားဆိုတာကတော့ မသေချာသေး ပါဘူး။ ဒါပေမဲ့လည်း ဧပြီလ ခရီးစဉ်တွေအတွက် အာရှခရီးစဉ်လက်မှတ်တွေ ရောင်းနေရတယ်လို့ ဒေါ်မေမေသန်းက ပြောပါတယ်။

“အခု ဧပြီမှာတော့ ရောင်းနေရတဲ့ ရောင်းအားတွေ ရှိတယ်ဆိုတော့ ဒီ(တရုတ်)လိုင်းကို မသုံးရင်လည်း အခြားလိုင်းတွေ သုံးလို့ ရနေတယ် လေ။ ဆိုတော့ ကိုရီးယားတို့ အရှေ့အလယ်ပိုင်း နိုင်ငံက လေကြောင်းလိုင်းတွေကလည်း အများကြီးရှိတာဆိုတော့ ဒီက(အမေရိကန်) ကလေးတွေ ကျောင်းပိတ်ရက် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာလည်းပဲ သွားဖို့လို့ ပြင်ဆင်နေကြပါပြီ။ လက်မှတ် ပြန်တော့ ရောင်းရမှာပါ။ ရောင်းအားတွေ ပြန်တက်လာဖို့တော့ အခြေအနေ ရှိပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် အမေရိကန်ရဲ့ခရီးသွားလုပ်ငန်းမှာ ၄ နှစ်အတွင်း ဒေါ်လာ(၁၀)ဘီလျံလောက် ထိခိုက်နိုင်ပြီး တဝက်လောက်ဟာ ဒီနှစ် ၂၀၂၀ ထဲမှာဖြစ်မယ်လို့ စီးပွားရေး ကျွမ်းကျင်သူတချို့က ခန့်မှန်းနေကြပါတယ်။ ထိခိုက်မှုတွေကနေ သက်သာရာ ရအောင် အမေရိကန်လေကြောင်းလိုင်းတွေက ကြိုးပမ်းနေကြပေမဲ့လည်း ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ မှာတော့ အထိနာနိုင်တယ်လို့လည်း သတိပေးနေကြတာပါ။

နာမည်ကျော် Hilton ဟိုတယ်လုပ်ငန်း အမှုဆောင်အရာရှိချုပ် Chris Nassetta ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုဟာ အနည်းဆုံး ၆ လကနေ တနှစ်လောက်အထိ ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း မကြာသေးခင်တုန်းကပဲ ရင်းနှီးမြှုပ်နှံသူတွေကို သတိပေး ပြောဆိုထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ျမန္မာခရီးသြားေတြနဲ႔ လုပ္ငန္းရွင္ေတြ အခက္ႀကံဳ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ျမန္မာခရီးသြားေတြနဲ႔ လုပ္ငန္းရွင္ေတြ အခက္ႀကံဳ Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.